ပန်းချီဆရာ ကိုသူရိန်မြိုင်(မကွေး) ၏ အနုပညာလက်ရာများ

ရေဆေးပန်းချီကားများ (တစ်)ချပ်ကို ဒေါ်လာ(၁၀၀) ဆီဆေး၊ နှင့် အခဲလ်လစ်ဆေး ပန်းချီကားများ (တစ်)ချပ်ကို ဒေါ်လာ(၃၀၀) ဈေးနှုန်းများဖြင့် ရောင်းချပေးပါမည်။ ဤပန်းချီအနုပညာကားများ အား ပြည်တွင်း၊ပြည်ပ မှ ၀ယ်ယူလိုသူများကို (မကွေး-ကြေးမုံ)ပန်းချီပြခန်း ဘလော့သို့ဆက်သွယ်နိုင်ကြပါသည်။ မူရင်းပန်းချှီကား နှင့်အတူ ပန်းချီဆရာနှင့် တိုက်ရိုက်တွေ့ဆုံ၍ စိတ်တိုင်းကျ ရောင်းချ၊ဆောင်ရွက်ပေးပါမည်…။

ပန်းချီပညာကို မြတ်နိုး၍ တန်ဘိုးထားပြီး ၀ယ်ယူစုဆောင်းကြသော ပညာရှင်၊သူဌေးမင်းများ အား လေးစားစွာဖြင့် ကြိုဆိုဖိတ်ကြားအပ်ပါသည်။























 

ဘ၀အတွက် ရယ်စရာ..မောစရာ..ဟာသများ


























ဂျက်ပစီဘလော့မှ တဆင့်ကူးယူဖေါ်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၂၄)ရက်၊ည(၁၁)နာရီ၊ကူးယူပါသည်။
 

မိုးသိပါစေနှင့် အခြားဝထ္ထုတိုများ နေခြည်(မကွေး)


မိုးသိပါစေနှင့် အခြားဝထ္ထုတိုများ

နေခြည်(မကွေး)

မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ဝထ္ထုတိုများနှင့် ပြိုင်ပွဲဆုရ၀ထ္ထုတိုများစုစုပေါင်း(၁၈)ပုဒ်ကို စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။
မိုးသိပါစေ၊ မကျေနပ်ဘူးအချစ်ရယ် တစ်ကပြန်စမယ်၊ ကြိုးနှစ်ချောင်းနှင့်စွန်..လို့ အမည် ပေးထားတဲ့ အချစ်ဝထ္ထုတိုများ၊ ခင်လေးနားလည်နိုင်ပါစေ၊ သင်္ကြန်တစ္ဆေ၊ တာဝန်သမားမို့ နားလည်ပါ၊ ငါးချဉ်၊ ဟိုလူကံဆိုးပါတယ်…လို့ အမည်ပေးထားတဲ့ မှုခင်း ၀ထ္ထုတိုများ၊ သိုက်ကြိုးဖြတ် ဘိုးဘိုး၊ ကျပ်တန်အသစ် ကော့တက်တာလေးကိုများ၊ ရိုက်စား ဗေဒင်၊ တစ်ချက်ခုတ် သုံးချက်ပြတ်၊ သိဒ္ဓိရှင် ဆရာရှိန်း၊ အနာအဆာပါတဲ့ ကျောက်၊ လို့..အမည် ပေးထားတဲ့ သရော်စာဝထ္ထုတိုများ၊ အိမ်ပြန်ချိန်အလွမ်း၊ ပေးဆပ်ခြင်းဖြင့်သာ၊ ထစ်ချုန်းမဲ့မိုး ဆက်ထုံးမဲ့ကြိုး၊ ပြည်သူတွေတီးတဲ့ လက်ခုတ်သံ၊ လို့..အမည်ပေးထားတဲ့ မေတ္တာဖွဲ့ရသ ၀ထ္ထုတိုများ ပါရှိပါတယ်။

လောကဇာတ်ခုံပေါ်တွင် တွေ့မြင်ကြားသိနေရသော ရယ်မောသံ၊ ငိုကြွေးသံ၊ သက်ပြင်း ချသံ ရင်ခုန်သံများကို မျက်ရည်၊ ကရုဏာ၊ သံဝေဂများ ရောစွက်ကာ လွမ်းမောဖွယ်၊ ပျော်ရွှင်ဖွယ် ဖြစ်ရပ်မှန်များအပေါ် အခြေပြုရေးဖွဲ့ထားတဲ့ ရသ၀ထ္ထုတိုများဖြစ်ပါတယ်။

ဝထ္ထုတိုကောင်းလေးများ ရှားပါးနေချိန်တွင် ဖတ်ချင်ဖွယ်ဝထ္ထုတိုလေးတွေများ ဖြစ်နေ မလား ဆိုတာကိုတော့ စာဖတ်သူများက ဆုံးဖြတ်ကြရမှာပါ။ ဘာပဲဖြစ်ဖြစ် စာပေလောက အတွက် လိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်စွက်ရင်း ရသစုံခံစားချင်သူ စာဖတ် ပရိသတ်ဆီ သို့ တန်ဘိုး(၁၅၀၀)ကျပ်ဖြင့် မျိုးဆက်သစ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိ ပေးအပ်လိုက်ပါပြီ….။

ဝေဖန်အကြံပြုစာများကို ပေးပို့နိုင်ပါသည်။

နေခြည်(မကွေး)
အမှတ်(၁၇၃)၊ (၁၆)လမ်း၊ ရွာသစ် ပွဲကြိုရပ်ကွက်
မကွေးမြို့။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၂၄)ရက်။နေ့လည်(၁း၂၀)နာရီတွင် ရေးတင်ပါသည်။
 

မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲ



မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာ
အမှတ်စဉ်(၁) ပညာဒါန သတင်းတန်းဆင်းပွဲအလှူ

(၁၂-၁၁-၂၀၀၉)မှ (၁၉-၁၂-၂၀၀၉)ရက်အထိ သတင်းပတ်(၆)ပတ် အတွင်း ရက်ပေါင်း(၁၈)ရက်၊ နာရီပေါင်း (၇၂)နာရီ အချိန်ယူသင်ကြားခဲ့ကြပါသည်။

မကွေးမြို့ စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါး တက်ရောက် ပညာအလှူခံသင်ကြား၍ တတ်မြောက်အောင်မြင်ခဲ့ကြ၏။

သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့် မန္တလေးမြို့ မြင်းဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသ တို့နှစ်ပါးသင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက် ဆရာတော်နှစ်ပါးအားမန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှ ကျပ်ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်းကြားသိရ၏။ ယင်းဆရာတော်နှစ်ပါးအား မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က၏ ပညာစက္ကာရာမကျောင်းတွင် ဧည့်ခံသတင်းသုံးနေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင် ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့်ပါက်သက်သော နည်းပညာများတိပိဋက အဘိဓာန် ဆော့ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ ကွန်ပျူတာ အသုံးပြုနိုင်ရန် အထိ လေ့ကျင့်သင်တန်းပို့ချပေးခဲ့ပြီး (၉၀%)နှုန်းသင်တန်းအောင်မြင်ကြောင်းကြားသိ မြင်တွေ့ခဲ့ရပါသည်။

၁၉-၁၂-၂၀၀၉ ၊နေ့၊နေ့လည်(၁)နာရီတွင်ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့် မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင် ရွှေလမ်းငွေလမ်းဝင်းကြည်၊ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅) ဟိန္ဒူဆိုင်တိုက်တန်း၊ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင် သင်တန်းနည်းပြဆရာတော်များ၊သင်းတန်းသားဆရာတော်များနှင့် ဦးဝင်းကြည်+ဒေါ်ခင်စီမိသားစုတို့က အမှတ်စဉ်(၁) သင်တန်းပညာရေးဒါန၏ အလှူရှင်များအားလုံးကိုယ်စား ရေစက်သွန်းချပြီး အမျှဝေ၊သာဓုအနုမောဒနာ(၃)ကြိမ်ခေါ်ဆို ၍ကျင်းပပြီးစီး အောင်မြင်ခဲ့ ကြပါသည်။

သင်တန်းအမှတ်စဉ်(၂) အား နွေရာသီ စာချတန်းများ အားလပ်ချိန်တွင် ဆက်လက်ပို့ချသင်ကြားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပညာဒါနသင်တန်းအား ကုသိုလ်ယူလိုသူ အလှူရှင်များ၊ သင်တန်းတက်ရောက်လိုကြသော သံဃာတော်များနှင့် သီလရှင်များ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

ဆက်သွယ်ရန် ။ ။ ပညာစက္ကာရာမစာသင်တိုက်ကျောင်း၊ ဦးမာနိတ ဖုန်း ၀၆၃-၂၆၉၇၀
ဦးကောဝိဒ ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊
ဦးဝင်းကြည် ၀၆၃-၂၅၁၉၇ သို့ဆက်သွယ်နိုင်ကြပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၂၁)ရက်၊ညနေ(၅)နာရီ၊ ရေး၏။