လက်ပန်းတန်းကိစ္စတွင် လူ့အခွင့်အရေးကောင်မရှင်၏ လုပ်ဆောင်ချက်များအပေါ် အားရမှုမရှိဟု ဝေဖန်ခံရ

- See more at: http://mizzimaburmese.com/article/7604#sthash.fUN3Xu1B.dpuf
ရန်ကုန်၊နိုဝင်ဘာ ၁၈ ။ ။ လက်ပန်းတန်းကျောင်းသားသပိတ်အရေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် အားရမှုမရှိကြောင်း FORUM-ASIA အဖွဲ့က နိုဝင်ဘာ၁၈ရက် နေ့လည်က ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ပန်းတန်းကျောင်းသားအရေးကိစ္စတွင် စုံစမ်းမှုသာ ပြုလုပ်ခဲ့ပြီး ကျောင်းသားများဖမ်းဆီးမှု နှင့် ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်မှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း FORUM-ASIA မှ Professor Kyong WhanAhnက ပြောသည်။
“၂၀၁၁ က စတည်ထောင်တယ် အခု၂၀၁၄ရောက်လာပြီ။ စုံစမ်းစစ်ဆေးမှုတွေကို သေသေချာချာမလုပ်ဘဲ ဟိုအစတုန်းကလိုအဖြစ်ပဲ လုပ်နေတဲ့အတွက် အသိပြုမှုခံရမှု တာဝန်ခံမှုတွေကို ပိုပြီးတော့မှ အားနည်းစေတယ်” ဟု FORUM-ASIA  မှ Country Programme Manager Ms Betty Tolandaက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှု အနေဖြင့် ရဲဝန်ထမ်းများက ဥပဒေနှင့်မညီဘဲ ရိုက်နှက်မှုများအတွက် ကော်မရှင်ကို တိုင်ကြားသော်လည်း အာဏာပိုင်အဖွဲ့အစည်းကို တရားစွဲဆို၍မရဘဲ သဝဏ်လွှာသာပေးပို့၍ ရသည်ဟု ပြန်လည်ဖြေကြားကြောင်း ဗကသ အဖွဲ့ဝင် ကျောင်းသား အောင်မင်းခိုင်က ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ပန်းတန်းကျောင်းသားသပိတ်ကို မတ်လ ၁၀ရက်က ရဲများက ဖြိုခွင်းခဲ့ပြီး ကျောင်းသားများ နှင့် ဝန်းရံသူများကို ရိုက်နှက် ဖမ်းဆီးခဲ့သည်။ 
ယင်းလုပ်ရပ်တွင် ရိုက်နှက်ဖမ်းဆီးမှုမှာ ရဲတပ်ဖွဲ့၏ လုပ်ထုံးအဆင့်များကို ကျော်လွန်ခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၁၂ရက်က ထုတ်ပြန်ထားသည်။ သို့သော် အရေးယူဆောင်ရွက်သည့် အပိုင်းကိုမူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်က တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိပေ။
ရဲတပ်ဖွဲ့၏ လုံခြုံရေးစီမံချက်၌ "သတိပေးတားမြစ်သော်လည်း လူစုမကွဲပါက အင်အားပိတ်ဆို့လူစုခွဲခြင်း၊ ရေလုံးဖြင့် လူစုခွဲခြင်း၊ အသံဖြင့်ခြောက်လှန့်၍ လူစုခွဲခြင်းတို့ဖြင့် ဆောင်ရွက်ရမည်" ဟုသာ ဖော်ပြထားကြောင်းသိရသည်။
- See more at: http://mizzimaburmese.com/article/7604#sthash.fUN3Xu1B.dpuf

ရန်ကုန်၊နိုဝင်ဘာ ၁၈ ။ ။ လက်ပန်းတန်းကျောင်းသားသပိတ်အရေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် အားရမှုမရှိကြောင်း FORUM-ASIA အဖွဲ့က နိုဝင်ဘာ၁၈ရက် နေ့လည်က ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ပန်းတန်းကျောင်းသားအရေးကိစ္စတွင် စုံစမ်းမှုသာ ပြုလုပ်ခဲ့ပြီး ကျောင်းသားများဖမ်းဆီးမှု နှင့် ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်မှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း FORUM-ASIA မှ Professor Kyong WhanAhnက ပြောသည်။
“၂၀၁၁ က စတည်ထောင်တယ် အခု၂၀၁၄ရောက်လာပြီ။ စုံစမ်းစစ်ဆေးမှုတွေကို သေသေချာချာမလုပ်ဘဲ ဟိုအစတုန်းကလိုအဖြစ်ပဲ လုပ်နေတဲ့အတွက် အသိပြုမှုခံရမှု တာဝန်ခံမှုတွေကို ပိုပြီးတော့မှ အားနည်းစေတယ်” ဟု FORUM-ASIA  မှ Country Programme Manager Ms Betty Tolandaက ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှု အနေဖြင့် ရဲဝန်ထမ်းများက ဥပဒေနှင့်မညီဘဲ ရိုက်နှက်မှုများအတွက် ကော်မရှင်ကို တိုင်ကြားသော်လည်း အာဏာပိုင်အဖွဲ့အစည်းကို တရားစွဲဆို၍မရဘဲ သဝဏ်လွှာသာပေးပို့၍ ရသည်ဟု ပြန်လည်ဖြေကြားကြောင်း ဗကသ အဖွဲ့ဝင် ကျောင်းသား အောင်မင်းခိုင်က ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ပန်းတန်းကျောင်းသားသပိတ်ကို မတ်လ ၁၀ရက်က ရဲများက ဖြိုခွင်းခဲ့ပြီး ကျောင်းသားများ နှင့် ဝန်းရံသူများကို ရိုက်နှက် ဖမ်းဆီးခဲ့သည်။
ယင်းလုပ်ရပ်တွင် ရိုက်နှက်ဖမ်းဆီးမှုမှာ ရဲတပ်ဖွဲ့၏ လုပ်ထုံးအဆင့်များကို ကျော်လွန်ခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၁၂ရက်က ထုတ်ပြန်ထားသည်။ သို့သော် အရေးယူဆောင်ရွက်သည့် အပိုင်းကိုမူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်က တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိပေ။
ရဲတပ်ဖွဲ့၏ လုံခြုံရေးစီမံချက်၌ "သတိပေးတားမြစ်သော်လည်း လူစုမကွဲပါက အင်အားပိတ်ဆို့လူစုခွဲခြင်း၊ ရေလုံးဖြင့် လူစုခွဲခြင်း၊ အသံဖြင့်ခြောက်လှန့်၍ လူစုခွဲခြင်းတို့ဖြင့် ဆောင်ရွက်ရမည်" ဟုသာ ဖော်ပြထားကြောင်းသိရသည်။
- See more at: http://mizzimaburmese.com/article/7604#sthash.fUN3Xu1B.dpuf
 

လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို တိုင်ကြားသည့်အမှု ရဲစခန်းက တရားဝင်လက်ခံလိုက်ပြီ


- See more at: http://mizzimaburmese.com/article/7603#sthash.yLLzpDYd.dpuf

ဒက္ခိဏသီရိမြို့နယ်က ဝင်ပြိုင်ခဲ့သည့် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်။ (ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ)
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။ ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်အား တိုင်ကြားသည့်အမှုကို ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့က တရားဝင်လက်ခံခဲ့သည်ဟု တိုင်ကြားသူ ဦးသန့်ဇင်ထွန်းက နိုဝင်ဘာ ၁၈ရက်တွင် မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။
ဦးမြင့်လှိုင်ကို ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း မလျော်သြဇာသုံးမဲဆွယ်ခြင်းနှင့် လာဘ်လာဘပေးကာ မဲဆွယ်မှုတို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သည့် ဦးသန့်ဇင်ထွန်းက အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်။
"မနေ့က ညပိုင်းမှာ ရဲကအမှုကိုလက်ခံပါမယ့်ဆိုပြီး ဖုန်းဆက်တယ်။ ဒီနေ့ ၁၈ရက် ၁၀နာရီလောက်မှာ အမှုသွားတင်တယ်။ နက်ဖြန် "ပ"နံပါတ်ရမယ်ပြောတယ်။ အရင် ၁၆ရက်နေ့ကရဲမှာသွားတိုင်တော့ ရဲအရေးပိုင်တဲ့အမှု မဟုတ်ဘူးဆိုပြီး အဲဒီတုန်းကငြင်းလိုက်တာ။ ဒီနေ့မှတရားဝင်လက်ခံလိုက်တာ" ဟု ၎င်းကဆိုသည်။
တိုင်ကြားခံရသူ ဦးမြင့်လှိုင်သည် မဲဆွယ်စည်းရုံးရေးရက်မဟုတ်သည့် နိုဝင်ဘာ ၄ရက်တွင် မဲဆန္ဒရှင် ၄၂၅ဦးရှိသည့် သီရိမင်္ဂလာ ကျူးကျော်နေထိုင်သည်ဟု ယူဆရသော ရပ်ကွက်အတွင်း ၎င်းကို မဲပေးရေး ယင်းရပ်ကွက် ရပ်မိရပ်ဖများဖြင့်တွေ့ဆုံကာ မဲပေးပါက ရွာအမည်ပေါက်နှင့် လမ်း၊ မီးစသည်များရရှိရေး ဆောင်ရွက်ပေးမည်ဟု မဲဆွယ်စည်းရုံးခဲ့သည်ဟု ဦးသန့်ဇင်ထွန်းက စွပ်စွဲတိုင်ကြားထားသည်။
"ကျွန်တော့်ဆီမှာ အမှုနဲ့ပက်သက်တဲ့ ဗီဒီယိုဖိုင်တွေရှိတယ်၊ အထောက်အထားတွေလည်းရှိတယ်။ အဲဒီအမှုနဲ့ပက်သက်ပြီး ပုဒ်မတွေဘာတွေက၊ နက်ဖြန်၈နာရီမှာသိရမယ်လို့ ရဲစခန်းကဒီနေ့ပြောလိုက်တယ်။" ဟု ဦးသန့်ဇင်ထွန်းကဆိုသည်။
ယင်းအပြင် မဲဆွယ်စည်းရုံးကာလမဟုတ်သည့် စက်တင်ဘာ ၂၁ရက်တွင်လည်း သက်ကြီးပူဇော်ပွဲဟုဆိုကာ၊ ဘိုးဘွားများကို ရန်အောင်မြင်ရပ်ကွက်အတွင်း ခေါ်ယူပြီးတန်ဖိုးငါးသောင်းရှိ ပစ္စည်းများနှင့်အတူ၊ မဲဆွယ်သည့် လက်ကမ်းစာစောင်များ ကိုပေးအပ်ခဲ့သဖြင့် ဒက္ခိဏသီရိရဲစခန်းသို့ အမှုဖွင့်တိုင်ကြားသည်ဟုလည်း ဦးသန့်ဇင်ထွန်းက ပြောသည်။
"ကျွန်တော်တို့ကတော့ မတိုင်ထားဘူး။ ဒါပေမယ့်မဲရုံမှူးကတော့ ရဲကိုတိုင်ထားတယ်၊ မဲပေးတဲ့နေရာ၊ မဲဆန္ဒရှင်တွေမဲပေးမှုကို အနှောင့်အယှက်ပေးသလို ဖြစ်သွားတဲ့အတွက်ဆိုပြီးတိုင်ထားတာကြားတယ်။"  ဟု ဒက္ခိဏသီရိမြို့နယ်အတွင်း ပြိုင်ဖက်ပါတီနှစ်ခုမှ တရားစွဲတိုင်ကြားမှုများအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စု နယ်မြေအောင်နိုင်ရေးအဖွဲ့ဝင် ဦးခင်မောင်ဌေးက မဇ္ဈိမကိုဖြေကြားသည်။
ဦးသန့်ဇင်ထွန်းကိုလည်း မဲရုံမှူးကတိုင်ကြားသဖြင့် ဝတ္တရားနှောင့်ယှက်မှုအပြင်၊ မဲရုံအတွင်းမဲပေးသူများ စိတ်အနှောင့်အယှက်ဖြစ်စေမှု ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၀ ဖြင့်အမှုဖွင့်ထားသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နှင့် NLD မှ ဦးသန့်ဇင်ထွန်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးသန့်ဇင်ထွန်းက ထောက်ခံမဲ ၉၄၂၁မဲဖြင့်အနိုင်ရရှိခဲ့သည်။
Tags: 
- See more at: http://mizzimaburmese.com/article/7603#sthash.yLLzpDYd.dpuf

 

ဒေါ်အောင်ဆန်းစုကြည်ဟာသမ္မတရဲ့အထက်မှာရှိနေမယ်ဆိုတဲ့အချက်အပေါ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိဘူးဆိုပြီးတခြားပါတီတွေကပြောဆိုမှုတွေကိုအာရုံနောက်လွန်းလို့ဦးကိုနီဖြေထားတာလေးကိုကူးယူဖော်ပြပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာသမ္မတရဲ့အထက်မှာရှိနေမယ်ဆိုတဲ့အချက်အပေါ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုမရှိဘူးဆိုပြီးတခြားပါတီတွေကပြောဆိုမှုတွေကိုအာရုံနောက်လွန်းလို့ဦးကိုနီဖြေထားတာလေးကိုကူးယူဖော်ပြပေးလိုက်ပါတယ်။
//////////::::::::::////////;;;;;;;;///////////:::::::////////:::::::;;;
တကယ်တော့ကျွန်တော်တို့ရဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာအစစ်အမှန်သမ္မတအုပ်ချုပ်ရေးစနစ်မဟုတ်ဘူး
သမ္မတအုပ်ချုပ်ရေးအစစ်အမှန်ဆိုတာကသမ္မတကိုပြည်သူလူထုကတိုက်ရိုက်ရွေးကောက်တင်မြောက်ပြီးအုပ်ချုပ်ရေးနဲ့ဆိုင်သမျှအာဏာအားလုံးကိုအပြီးအပြတ်အပ်ရတယ်
အဲဒီကျတော့သမ္မတဟာသူအထက်မှာဘယ်သူမှမရှိတော့ဘူး
အုပ်ချုပ်ရေးမှာသူဟာအကြီးဆုံးဘဲ
သူ့ကိုတစ်ယောက်ယောက်ကလည်းညွှန်ကြားလို့မရဘူး
ဒါကသမ္မတအုပ်ချုပ်ရေးစနစ်အစစ်အမှန်ဆိုရင်တော့မှန်တယ်။
သို့သော်လက်ရှိကျွန်တော်တို့ရဲ့သမ္မတအုပ်ချုပ်တဲ့စနစ်ကသမ္မတကိုပြည်သူလူထုကတိုက်ရိုက်မရွေးဘူး
ပြည်သူလူထုကပြည်သူ့လွှတ်တော်ကိုရွေးတယ်
အမျိုးသားလွှတ်တော်ကိုရွေးတယ်
လွှတ်တော်၂ရပ်ပေါင်းလိုက်တဲ့အခါကျတော့ပြည်ထောင်စုလွှတ်တော်ဆိုတာဖြစ်လာတယ်
အဲတော့ပြည်သူလူထုရွေးကောက်တင်မြောက်ထားတဲ့အမတ်မင်းတွေကနေပြီးတော့နိုင်ငံတော်သမ္မတကိုရွေးချယ်ပြီးတော့တာဝန်ပေးတာဖြစ်တယ်
အဲဒီတော့နာမည်သာသမ္မတဖြစ်ပေမယ်လို့သူ့ကိုရွေးချယ်ထားတာပါလီမန်ကနေရွေးချယ်ထားတာ...
လွှတ်တော်ကနေရွေးပြီးတော့ခန့်ထားတဲ့သမ္မတဖြစ်တဲ့အတွက်သူဟာလွှတ်တော်ရဲ့အောက်မှာရှိနေတယ်
ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၃မှာ-
'နိုင်ငံတော်သမ္မတသည်ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံရမည်'လို့ရှင်းရှင်းလင်းလင်းကိုရေးထားတယ်
ဒီအဓိပ္ပါယ်ကသမ္မတဟာလုပ်ချင်ရာကိုလုပ်လို့မရဘူး၊သမ္မတကိုပြည်ထောင်စုလွှတ်တော်ကခန့်ထားတာဖြစ်တဲ့အတွက်သမ္မတသည်ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံပြီးအလုပ်လုပ်ရမယ်ဆိုတဲ့အဓိပ္ပါယ်ဘဲ
ကောင်းပြီ...ဒီစကားလုံးကိုဘဲကောက်ပြီးပြန်စဉ်းစားလိုက်ရင်ပြည်ထောင်စုလွှတ်တော်ဆိုတာပြည်သူလူထုကရွေးကောက်တင်မြောက်ထားတာ၊ပါတီအနေနဲ့ပြောရရင်ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေထဲကနေပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပြည်သူလူထုကနေအများဆုံးအမတ်တွေကိုရွေးပြီးတော့မှလွှတ်တော်ကိုပို့လိုက်တယ်
တနည်းအားဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးချယ်တဲ့သမ္မတဖြစ်တဲ့အတွက်ဒီသမ္မတဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကချမှတ်ထားတဲ့မူဝါဒနဲ့လုပ်ငန်းစဉ်တွေကိုအကောင်အထည်ဖော်ရမဲ့ပုဂ္ဂိုလ်သာဖြစ်တယ်
လွှတ်တော်ဆိုတာပါတီကနေပေါ်လာတာဖြစ်တဲ့အတွက်ပါတီရဲ့ခေါင်းဆောင်သည်အမြဲတမ်းအရေးကြီးတဲ့နေရာမှာရှိနေမယ်
ဘာဖြစ်လို့တုန်းဒီမေးခွန်းကအရေးကြီးပါတယ်
ပါတီခေါင်းဆောင်ဟာတိုင်းပြည်ကိုသူကတာဝန်ခံရမဲ့သူဖြစ်နေတယ်၊ဒီမိုကရေစီကိုဖော်ဆောင်မယ်၊တကယ့်ပြည်သူလူထုကိုအေးချမ်းသာယာတဲ့အနေအထားတစ်ခုကိုထားရှိမယ်ဆိုတဲ့ကတိကဝတ်နဲ့တက်လာတာ၊ဒီကတိကဝတ်ကိုပေးတာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပေးတာ၊ဒီကတိကိုသူတာဝန်ခံရတော့မယ်ပြည်သူလူထုအပေါ်မှာ၊ဒီလိုဆိုရင်သူ့ကိုကျွန်တော်တို့ကလုပ်ပိုင်ခွင့်တွေတိုးပေးရတော့မယ်၊ပြည်သူလူထုအပေါ်မှာတာဝန်ခံရမဲ့ဒေါ်အောင်ဆန်းစုကြည်ဟာသူတို့ရွေးချယ်တင်မြောက်လိုက်တဲ့သမ္မတကိုလိုအပ်သလိုသူကညွှန်ကြားတာတို့၊ထိန်းကျောင်းပေးတာတို့၊ဒါတွေရှိမှာဘဲ_
ဒါကြောင့်မိုလို့သမ္မတအထက်မှာဒေါ်အောင်ဆန်းစုကြည်ရှိနေမယ်ဆိုတဲ့အချက်ဟာဥပဒေနဲ့ဆန့်ကျင်တဲ့ပြောစကားမဟုတ်ပါဘူး၊အင်မတန်ကိုမှန်တယ်၊သူဟာပကတိအမှန်တရားကိုပြောလိုက်တာ၊၊

ဦးကိုနီအင်တာဗျူးမှထုတ်နှုတ်ဖော်ပြပါသည်။
ခိုင်ဝိုင်း
 

မြိုင်မြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့် ဒေသခံ တစ်သိန်းနီးပါးက ဆိုင်ကယ်အစီးရေ နှစ်ထောင်၊ ကားအစီးရေ သုံးရာခန့်ဖြင့် ယနေ့ (နိုဝင်ဘာ၆ရက်) မဲဆွယ်စည်းရုံးရေးဆင်း

Eleven Media Group added 9 new photos. မှ ကူးယူဖော်ပြသည်။
3 hrs · Edited ·
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့် ဒေသခံ တစ်သိန်းနီးပါးက ဆိုင်ကယ်အစီးရေ နှစ်ထောင်၊ ကားအစီးရေ သုံးရာခန့်ဖြင့် ယနေ့ (နိုဝင်ဘာ၆ရက်) မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်တွင် အောင်နိုင်ရေး လှည့်လည်လျက်ရှိကြောင်း သိရသည်။
Photo Credit - သက်ထိန်ဝင်း
 

#‎တောင်တွင်းကြီး မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါတီစည်းရုံးလှုံ့ဆော်

Bopyae Taungdwingyi added 11 new photos. မှ ကူးယူဖော်ပြသည်။
26 mins ·
‪#‎တောင်တွင်းကြီး မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါတီစည်းရုံးလှုံ့ဆော်‬
ယနေ့ နိုဝင်ဘာ(၆)ရက် မွန်းလွဲအချိန်က မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်စည်းရုံးလှုံ့ဆော်ရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်...
 

ဒေါင်းကတဲ့နေ့ မောင်စိန်ဝင်း(ပုတီးကုန်း )့

ဒေါင်းကတဲ့နေ့
မောင်စိန်ဝင်း(ပုတီးကုန်း )့
ဘယ်တောမှာ နေနေ
ဘယ်ရေကို ပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်းပါဘူး
ရှေးဒေါင်းတို့ရဲ့ သမိုင်းအစဉ်……

တိုင်းပြည်နဲ့ လူမျိုး
ပြည်သူ့အကျိုးဆို အကြောင်းမရွေး
ဒေါင်းသွေးနီ ရဲရဲခွပ်
ညီညွှတ်ခဲ့ ရာဇဝင်……
ပြည်သူတွေနဲ့ ထာဝရမခွဲ
ပြည်သူထဲ အတူနေ
အပူဝေ အတူမျှ
ဒုက္ခအထွေထွေက လွတ်ကြောင်း
ခွပ်ဒေါင်းဟေ့ မာန်ဝင်
ရန်မြင်သမျှ ရင်ဆိုင်တွေ့……
စမ်းကလေးတွေ အေး
ပန်းကလေးတွေ မွှေး
ငှက်ကလေးတွေ တေးဆို
ငြိမ်းချမ်းရေးကို သူတို့ကြိုတော့
မြိုင်ယံညို…ဟိုး…ရိုးအခြေက
အိုးဝေ……အိုးဝေ………
မင်္ဂလာသံ အပေါင်း……ခ……ရအောင်
ဒေါင်း ကတဲ့ နေ့…………့
 

စေတုတ္တရာမြို့ နိုင်ငံတော်သမ္မတကြီး ခရီးစဉ်

Jhon Sai added 5 new photos — with Ko Dee and 7 others. မှ ကူးယူဖော်ပြသည်။
စေတုတ္တရာမြို့ နိုင်ငံတော်သမ္မတကြီး ခရီးစဉ်
 

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသို့ ဖြေကြားချက်များထဲမှအချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။)

Ko Thit Nyein shared The Voice Weekly's photo. မှ ကူးယူဖော်ပြပါသည်။
21 hrs ·
" ကြံ့ခိုင်ရေးပါတီနဲ့ အုပ်ချုပ်ရေးအစိုးရနဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးတွေက နေပြီး ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို သတင်းတွေရတယ်။ သက်သေအထောက်အထားအတော်ကို လုံလောက်ပါတယ်"
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသို့ ဖြေကြားချက်များထဲမှအချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။)
The Voice Weekly
" ကြံ့ခိုင်ရေးပါတီနဲ့ အုပ်ချုပ်ရေးအစိုးရနဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးတွေက နေပြီး ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို သတင်းတွေရတယ်။ သက်သေအထောက်အထားအတော်ကို လုံလောက်ပါတယ်"
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာသို့ ဖြေကြားချက်များထဲမှအချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။)
၁၉၉၀နဲ့ ၂၀၁၅ ကလည်း မတူပါဘူး
------------------------------------
"အရင်တုန်းက အတိုင်းဖြစ်လာမယ်လို့ ကျွန်မ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၉၀နဲ့ ၂၀၁၅ ကလည်း မတူပါဘူး။ ဥပမာ ဆိုလို့ရှိရင် ၂၀၁၀နဲ့တောင် မတူပါဘူး ။ အခုကြိုတင်မဲတွေ ကိစ္စဟာ ၂၀၁၀တုန်းက ဆိုးဆိုးဝါးဝါးကြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမဲ့လည်း ဘယ်သူကမှ ဘာမှမလုပ်ပါဘူး ။အခုကျတော့ ဒီဟာတွေကို ကန့်ကွက်မယ့်သူတွေရှိတယ်။ ပြည်သူတွေကလည်း ပြောရဲဆိုရဲလာတယ်။ အဲ့ဒါကြောင့် အခြေအနေတွေက လုံးဝမတူတော့ပါဘူး။ ဒါကြောင့်မို့ ၁၉၉၀အတိုင်း ဖြစ်မယ်လို့ မထင်ပါဘူး ။ ဒါပေမဲ့ အရေးကြီးတာက ဒီရွေးကောက်ပွဲ မတိုင်ခင်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ရှိဖို့ ။ဒီရွေးကောက်ပွဲမသမာမှုတွေကို တရားဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ကတော့ အရေးကြီးပါတယ်"
ငြိမ်းချမ်းရေးလမ်း လက်ခံသင့်တာလက်ခံမှာ
--------------------------------------------
"ကျွန်မတို့က အရင်အစိုးရ လုပ်ခဲ့တဲ့ ကိစ္စမို့လို့ လက်မခံဘူးဆိုတာ မရှိပါဘူး။ အရင်တုန်းက သွားခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ လက်ခံသင့်တဲ့အရာဆို လက်ခံမှာပါ။ ပြောင်းလဲရမယ့် အပိုင်းတွေကို ပြောင်းမှာပါ။ အရင်အစိုးရက လုပ်ခဲ့တာမို့ ကိုယ့်အစိုးရလက်ထက်ကျရင် အားလုံးပြောင်းရမယ် ဆိုတာ ဒါမလိုအပ်တဲ့ အာဃာတ စိတ်ထားတွေပါ။ ဒီလိုစိတ်တွေ မရှိပါဘူး။ ငြိမ်းချမ်းရေးမှာလည်း ဒီအတိုင်းပါပဲ ကောင်းတဲ့ ဟာတွေကို ယူမယ်။ မကောင်းဘူးထင်တဲ့ဟာကို ပြင်မယ်။ ပိုပြီးတော့ ကောင်းအောင် ကျွန်မတို့ ကြိုးစားမယ်။"
စောင့်ကြည့်ပြီးမှ ပြောမယ်
--------------------------
"ဘယ်လောက်အထိ အမှားအယွင်းတွေရှိတယ်။ ဘယ်လိုပုံစံနဲ့ လုပ်တယ်ဆိုတာ စောင့်ကြည့်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာ ပြောလို့ရမှာပါ။ အခုအချိန်မှာ ဘယ်လောက်ထိမှားမယ် ဘယ်လိုလုပ်မယ် ဆိုတာ ပြောလို့မရပါဘူး။ ကြိုတင်မဲတွေနဲ့ ပတ်သက်ရင် ဝင်လာတဲ့ သတင်းတွေအထိတော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ကြံ့ခိုင်ရေးပါတီနဲ့ အုပ်ချုပ်ရေးအစိုးရနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေက နေပြီး ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို သတင်းတွေရတယ်။ သက်သေအထောက်အထား အတော်ကို လုံလောက်ပါတယ်။ ဒီကိစ္စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကိုယ်တွယ်သွားချင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပြည်သူလူထုနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းပါပဲ။ ဒီရွေးကောက်ပွဲကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်စေချင်တယ်။ ဒီရွေးကောက်ပွဲ တွေဖြစ်မြောက်ပြီးမှ ဘယ်လောက်အထိ လက်ခံနိုင်စရာ ရှိလဲ၊ မရှိလဲ ဆိုတာကို ကျွန်မတို့ အားလုံးသိမှာပါ။"
အဂတိတရားကင်းတဲ့အစိုးရထူထောင်မယ်
-------------------------------------------
"ခရိုနီဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဘယ်သူကမှ တိတိကျကျ အဓိပ္ပာယ် မဖွင့်ကြသေးဘူး။ ကျွန်မတို့ကတော့ အဂတိတရား ကင်းစင်တဲ့ အစိုးရကို ထူထောင်မယ်လို့ ပြောထားပြီးသားပါ။ စီပွားရေး ဘက်ကပဲဖြစ်ဖြစ် ၊ နိုင်ငံရေး ဘက်ကပဲဖြစ်ဖြစ် အဂတိတရား ရှိနေရင်တော့ ကျွန်မတို့ လက်ခံမှာ မဟုတ်ပါဘူး။ စီးပွားရေး နဲ့ ပတ်သက်ရင်လည်း ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ အထူးသတိထားဖို့ လိုပါတယ်။ အဂတိ လိုက်စားမှုဆိုတာ အဲ့ဒီက စတာပဲ။ အစိုးရက အဂတိလိုက်စား မှုရှိနေရင် စီးပွားရေး ကလည်း အဂတိ လိုက်စားမှု ကင်းနိုင်မှာ မဟုတ်ပါဘူး။ အဲ့တော့ သန့်ရှင်းတဲ့ အစိုးရနဲ့စပြီးတော့ သန့်ရှင်းတဲ့ အစိုးရအသိုင်းအဝိုင်း ဖြစ်အောင် ကျွန်မတို့က ထူထောင်သွားဖို့ ရှိပါတယ်"
အဓိကရတနာဟာ ပြည်သူ
---------------------------
"ဒါကတော့ ရခိုင်ပြည်နယ် တစ်ခုတည်းမှ မဟုတ်ပါဘူး။ ဒီပြဿနာက မြန်မာနိုင်ငံ တစ်ခုလုံးမှာ ရှိပါတယ် ။ ကျွန်မတို့ အမြဲတမ်းပြောပါတယ် ကျွန်မတို့နိုင်ငံဟာ သဘာဝ သယံဇာတတွေပေါ ကြွယ်ဝပြီး နိုင်ငံက ဆင်းရဲတဲ နိုင်ငံဖြစ်နေပါတယ်။ အဲ့ဒါဟာ စနစ်ကြောင့်ပဲ ဒီစနစ်ကို ပြုပြင်နိုင်မှ ဖြစ်မှာပါ။ အဲ့တော့ ကျွန်မတို့က တိုင်းတစ်ခု ပြည်နယ်တစ်ခု ကို ကြည့်ပြီး လုပ်လို့ မရပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သဘာဝ သယံဇာတ တွေဟာ ကျွန်မတို့ရဲ ပြည်သူလူထုကို အကျိုးပြုရုံတင် မကဘူး။ အကျိုးမယုတ်စေအောင် ကျွန်မတို့ လုပ်ရမှာပါ။ အခုဆိုရင် သဘာဝသယံဇာတ ကျိန်စာ ဆိုပြီးရှိပါတယ်။ အဲ့ဒါကို သိပ်ပြီးအားကိုးရင်လည်း ကျွန်မတို့ နိုင်ငံက တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အဓိက ရတနာဟာ ပြည်သူလူထုပါ။ ပြည်သူ လူထုရဲ့ အရည်အချင်းကို အဓိက ထားရမယ်။ သဘာဝ သယံဇာတ ပစ္စည်းကို သုံးစွဲတဲ့ နေရာမှာ လည်း မျှမျှတတ မှန်မှန်ကန်ကန် ဖြစ်ရမယ်။ အဲ့ဒီနှစ်ခုကို ဒွန်တွဲပြီး လုပ်သွားမှ ကျွန်မတို့ နိုင်ငံဟာ ချမ်းသာ နိုင်မှာ ဖြစ်ပါတယ်"
နိုင်ငံကို ရေရှည်အကျိုးပြုတဲ့ ဥပဒေ
-----------------------------------
"ကျွန်မတို့ ဥပဒေတွေ အားလုံးကို တရားမျှမျှတတ ဖြေရှင်းရမှာပေါ့။ ဖြေရှင်းကိုင်တွယ်တယ်ဆိုတာ ဥပဒေတွေဆိုတာက နိုင်ငံကို ရေရှည် အကျိုးပြုတဲ့ ဥပဒေတွေဖြစ်ရပါမယ်။ တစ်လ၊နှစ်လ ၊သုံးလနဲ့ တချို့တွေက တောင်းဆိုလို့ သဘောကျအောင် ချွေးသိပ်တဲ့ သဘောနဲ့ ထုတ်တဲ့ ဥပဒေမျိုးလုံးဝမဖြစ်ရဘူး။ နိုင်ငံအတွက် အနာဂါတ်တွက် သင့်တော်တဲ့ ဥပဒေတွေ ဖြစ်အောင်လုပ်မှာပါ။ ဒါက ပညာရေး ကိစ္စနဲ့ ပတ်သက်လို့ ပဲဖြစ်ဖြစ် အခြားကိစ္စ`တွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် အခြေခံမူနဲ့ပဲ ဥပဒေတွေ ပြဌာန်းရမှာဖြစ်ပါတယ်"
၂၅ ရာခိုင်နှုန်းဆိုတာဟာ ဒီမိုကရေစီနည်းမကျ
-----------------------------------------------
"၂၅ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်မှာ တင်ထားပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲတဲ့နေရာမှာ ဒီ၂၅ ရာခိုင်နှုန်းဆိုတာဟာ ဒီမိုကရေစီနည်းမကျလို့ ဒါဟာ မရှိသင့်ဘူး။ ဒါပေမယ့် လည်း အမျိုးသား ရင်ကြားစေ့ရေးနဲ့ တည်ငြိမ်ရေးကို ရှေးရှုပြီးတော့ ဖြည်းဖြည်းချင်းညှိ သွားမယ်ဆိုပြီးတော့ မူအနေနဲ့ လွှတ်တော်မှာ တရားဝင်တင်ပြထားပြီးသား ဖြစ်ပါတယ်။"
လျှို့ဝှက်ပြီးတော့ ပြည်သူမသိအောင် လုပ်လို့မဖြစ်
--------------------------------------------------
"တပ်မတော်နဲ့ ညီညွတ်ရေးလုပ်တဲ့ အခါမှာ အရင်ဆုံးလုပ်ရမှာကတော့ အဖွဲ့ချုပ်အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တကယ့် စိတ်ရင်းစေတနာနဲ့ လုပ်ဖို့အရေးကြီးပါတယ်။ ဘာကိုမှ လျှို့ဝှက်ပြီးတော့ ပြည်သူမသိအောင် လုပ်လို့ မဖြစ်ပါဘူး။ ပွင့်လင်းမြင်သာမှုကို အခြေခံပြီးတော့ တပ်မတော်သားတွေကိုကော ပြည်သူလူထုကော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့တပ်မတော်နဲ့ပတ်သက်ပြီး ရပ်တည်ချက်ကို သိဖို့ဆိုတာဟာ ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။"
မြစ်ဆုံစီမံကိန်း ဘယ်လိုစာချုပ်ထားသလဲ
-----------------------------------------
"မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ရင် ဘယ်လိုစာချုပ်တွေ ချုပ်ထားမှန်းလည်း ကျွန်မတို့မသိဘူး။ ဘယ်လို သဘောတူညီမှုတွေ ရှိထားမှန်းလည်းမသိဘူး။ တခြားစီမံကိန်းတွေလည်း ဒီအတိုင်းပဲ ကျွန်မတို့ အနေနဲ့ ဘာတွေပါမှန်း ဘာတွေသဘောတူထားမှန်းမသိဘဲနဲ့ ဘာလိုဖြစ်မယ်ဆိုတာ ပြောရင် အင်မတန် တာဝန်မဲ့ပါလိမ့်မယ်။ ပထမဦးဆုံးအနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ သဘောတူညီချက် စာချုပ်ထဲမှာ ဘာတွေ ပါလဲဆိုတာ သိဖို့လိုတယ်။ ပြည်သူကိုလည်း သိအောင် လုပ်ပေးရမယ်။ ပြီးတော့ မှ နောက်တစ်ဆင့် ထပ်စဉ်းစားရမှာပေါ့"
ပွင့်လင်းမြင်သာမှုက အဓိက
-----------------------------
"တရုတ်မြန်မာ ဆက်ဆံရေး (ဒီဆက်ဆံရေး မကောင်းတဲ့ ဇစ်မြစ်ကတော့ ပွင့်လင်းမြင်သာမှုမရှိတာပဲ။ ပွင့်လင်းမြင်သာ မှု မရှိတော့ ဘာတွေ ဖြစ်နေတယ်ဆိုတာ ပြည်သူတွေက မသိဘူး။ နောက်တော့မှ ဖြစ်ပြီးတော့မှ သိတယ်။ မကျေနပ်မှုတွေ ဖြစ်တယ်။ ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က စောစောတုန်းက မြစ်ဆုံနဲ့ ပတ်သက်တဲ့ မေးခွန်းမှာလည်း ပြောပြီးပြီ။ ပွင့်လင်းမြင်သာမှုက အဓိကပဲ ။ဘယ်လိုသဘောတူညီ ချက်တွေ ယူထားတယ် ဆိုတာ ပြည်သူလူထုက သိရမယ်။ သိပြီးမှ ပြည်သူလူထုကလည်း ကိုယ့်ရဲ့ဆန္ဒကို သေသေချာချာ အစိုးရလုပ်တဲ့သူတွေ ၊သဘောတူညီမှု ယူထားတဲ့ သူတွေသိအောင် ထုတ်ပြနိုင်မယ်။ အဲ့ဒီလို နည်းနဲ့သွား မယ်ဆိုရင် အဖုအထစ်တွေ တော်တော်များများကို ချောအောင်လုပ်လို့ ရပါတယ်"
 

(နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် ပခုက္ကူ ဒေသခံများက NLD ပါတီအား ထောက်ခံကြောင်း လှည့်လည်ပွဲ ပြုလုပ်

Eleven Media Group added 20 new photos. မှ ကူးယူဖော်ပြသည်။
4 hrs ·
ပခုက္ကူ ဒေသခံများက NLD ပါတီအား ထောက်ခံကြောင်း လှည့်လည်ပွဲ ပြုလုပ်
ပခုက္ကူ ဒေသခံများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသည့် လှည့်လည်ပွဲအား ယနေ့ (နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် စတင်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အင်အားပြလှည့်လည် ပွဲအတွက် ပခုက္ကူမြို့ခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ ခွင့်ပြုချက်တင်ခဲ့ရာ ပါတီတစ်ခုကို ထောက်ခံသည့် အင်အားပြ လှည့်လည်မှု ဖြစ်နေခြင်းကြောင့် လှည့်လည်ပွဲအား ခွင့်မပြုသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပူးပေါင်းပြီး ပခုက္ကူမြို့ခံများက အင်အားပြလှည့်လည်ခဲ့ရခြင်း ဖြစ်ကြောင်း ပခုက္ကူ မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် (၂) NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်းက ပြောကြားပါသည်။
"ပခုက္ကူမြို့ခံတွေက NLD နဲ့ အမြဲတသားတည်း ရှိနေကြောင်း ပြဖို့အတွက် ဒီထောက်ခံအင်းအားပြပွဲပြုလုပ်တာပါ။ ညနေ ၃ နာရီအထိ လှည့်လည်သွားပါမယ်" ဟု ဦးဆောင်သူ ဦးပြည့်ဖြိုးကျော်က ပြောကြားခဲ့သည်။
 

ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး အင်းအားပြပွဲပြုလုပ်

ထင်ပေါ်(ပုဂံသူရဲကောင်း)
6-10-2015
ချောက်မြို့ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး
အင်းအားပြပွဲပြုလုပ်ခဲ့ခြင်းအောင်နိုင်ရေး
အင်အားပြပွဲပြုလုပ်ခဲ့ရာတွင်ချောက်မြို့ ပေါ်
ရှိလှိုင်းကားများ ဆိုင်ကယ်များဖြင့်မိုလာရွာမှ
ချောက်မြို့ ပေါ်လည့်လှယ်အင်အားပြခဲ့ရာ
လူပေါင်းလေးထောင်ကျော်လောက်ရှိသည်
ဟုခန့် မှန်းရသည်သို့ ရာတွင်အင်အားပြသူ
များအားဆိုင်ကယ်သမား တဦး၁၀၀၀၀ိကျပ်
နှင့်အင်အားပြသူတဦး၇၀၀၀ိကျပ်တို့ ပေးဆောင်
မည်ဟုအင်အားပြဆိုင်ကယ်သမားများထံမှ
ယခုလိုသိရသည်
 

မဲစာရင်းရေတွက်ချိန်တွင် မီဒီယာများ ဝင်ရောက်၍ကြည့်ခွင့်ရမည် မဲရုံအတွင်းသို့ ဝင်ရောက် ဓာတ်ပုံ ရိုက်ကူးခွင့် ရရှိမည်မဟုတ်

ရွေးကောက်ပွဲနေ့ မဲစာရင်းများရေတွက်ချိန်တွင် မဲရုံအတွင်းသို့ သတင်းမီဒီယာသမားများ ဝင်ရောက် စောင့်ကြည့်ခွင့် ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်း ရရှိသည်။
ရွေးကောက်ပွဲတွင် သတင်း ယူမည့် သတင်းသမားများအနေဖြင့် မဲဆန္ဒရှင်များ မဲပေးသည့်အချိန်တွင် မဲရုံအတွင်းသို့ဝင်ရောက် သတင်းရယူခွင့်မရှိသော်လည်း မဲပေးချိန်ပြီးစီး၍ မဲများရေတွက်ချိန် တွင်မူ စောင့်ကြည့်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦး ဝင်းကြည်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် အချို့နေရာများ၌ သတင်း သမားများကို မဲရေတွက်ချိန်၌ ဝင်ရောက်လေ့လာခွင့်မရရှိဘဲ အချို့နေရာများတွင်သာ ရရှိကြောင်း အဆိုပါရွေးကောက်ပွဲ များ၌ သတင်းယူခဲ့သည့် သတင်းသမားများက ပြောသည်။
မဲစာရင်းရေတွက်ချိန်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လောင်းများက တာဝန်ပေး ထားသည့် မဲရုံကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာသူများနှင့် အများ ယုံကြည်ရသူ ရပ်မိရပ်ဖ ၁၀ ဦးတို့က အနီးကပ်လေ့လာခွင့်ရ ည်ဖြစ်ကြောင်း၊ မီဒီယာသမား များအတွက် သီးသန့်သတင်းယူနိုင်သည့် နေရာသတ်မှတ်ပေးထား ခြင်းမရှိသော်လည်း ဝင်ရောက် လေ့လာနိုင်မည်ဖြစ်ကြောင်း ရန် ကုန်တောင်ပိုင်းခရိုင် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးက ပြောသည်။
ရွေးကောက်ပွဲနေ့တွင် သ တင်းဌာနတစ်ခုက ခရိုင်တစ်ခုလျှင် သတင်းသမား သုံးဦးနှုန်းဖြင့် ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၌ သတင်းယူခွင့်လျှောက်ထားပြီး မဲရုံပရိဝုဏ်အတွင်း သတင်းရယူ နိုင်မည်ဖြစ်ကြောင်း၊ ကော်မရှင်သို့ လျှောက်မထားသည့် အခြားသတင်းသမားများမှာ မဲရုံပရဝုဏ် အပြင်တွင် အကန့်အသတ်မရှိ သတင်းယူခွင့်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။  
သို့သော် နိုဝင်ဘာ ၄ရက်က ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့သည့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ပြန်ကြားရေးဌာနမှ နိုင်ငံတော်မှတ်တမ်းများ ရိုက်ကူး ရန် မဲရုံအတွင်း ၀င်ရောက်ဓာတ်ပုံရိုက်ကူးခွင့်ပြုရန် မြို့နယ်ကော်မရှင်သို့ စာဖြင့် တရားဝင် တင်ပြ ထားခြင်းအပေါ် ခွင့်ပြုပေးရန် သင့်၊ မသင့်သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်း ရေးမှူး ဦးကျော်သူက မေးမြန်းခဲ့ရာတွင် မည်သည့် မီဒီယာမဆို မဲရုံအတွင်း ၀င်ရောက် ဓာတ်ပုံ ရိုက်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ပါက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၄၈(ခ) နှင့် ငြိစွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းကိုက ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲနည်းဥပဒေ  ၄၈အပုဒ်(ခ)အရ မဲရုံအတွင်းဝင် ရောက်ခွင့်ရှိသူ ခုနစ်မျိုးသတ်မှတ် ထားပြီး ထိုခုနစ်မျိုးထဲတွင်လည်း မီဒီယာမပါဝင်ဟုဆိုသည်။ ထိုနည်း အတူ ၀င်ရောက်ခွင့်ရှိသူများ သည်လည်း  မဲရုံအတွင်းဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခွင့်မရှိကြောင်း ဦးဝင်းကိုကပြောသည်။

7 Day Daily
 

အမှတ်တံဆိပ် များထဲတွင်ကား နှင့် ဆိုက်ကားပေါ်ရှိ အလံ နှင့် စတစ်ကာလည်း အကျုံးဝင် နိုဝင်ဘာ (၆)ရက် အပြီးဖြုတ်သိမ်းရမည့် ပါတီစည်းရုံးရေး

နိုဝင်ဘာ ၆ ရက် အပြီးဖြုတ်သိမ်းရမည့် ပါတီစည်းရုံးရေးဆိုင်ရာ အမှတ်တံဆိပ်များထဲတွင် ကားနှင့်ဆိုက်ကားများတွင် တပ်ဆင် ထားသော အလံနှင့် စတစ်ကာများ လည်း အကျုံးဝင်ကြောင်းသိရသည်။
''ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြုလုပ်ထားတဲ့ လက္ခဏာရှိတဲ့ အရာတွေအားလုံး အကျုံး ဝင်တယ်။ ပါတီစည်းရုံးရန်အလို့ငှာ အကုန်အကျုံးဝင်တယ်။ အလံ၊ အင်္ကျီ၊ တံဆိပ် စတဲ့ အရာ တွေကို စည်းရုံးရေးကာလမှာ စည်းရုံးရန်လုပ်ထားတဲ့အရာတွေဖြစ်လို့ ပါဝင်ပါတယ်။ တစ်ခုတော့ ရှိတယ်။ မဲဆွယ်စည်းရုံးရေးမတိုင်ခင်က ရှိတဲ့အရာမျိုးတွေ၊ ဥပမာ ပါတီဆိုင်းဘုတ်၊ ပါတီအလံ၊ ဒါတွေကတော့ မပါဘူးလေ။ ဒါကကြည့်ရင် လူတိုင်းသိပါတယ်။ စည်းရုံးရေးကာလမှာ လုပ်တဲ့ အရာလား၊ နဂို ကတည်းက ရှိတဲ့အရာလားဆိုတာ'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အရာရှိ ဦးခင်ဇော်ထွန်း ကပြောကြား သည်။
နိုဝင်ဘာ ၆ ရက်တွင် အပြီးသတ် ဖြုတ်သိမ်းရမည်ဖြစ်သော ပါတီအလံ၊ စတစ်ကာများ၊ ပါတီနှင့် သက်ဆိုင်သည့်အရာများကို ပါတီထောက်ခံသူများ ဆက်လက် အသုံးပြုပါက မိမိထောက်ခံအားပေးသော ပါတီအား ထိခိုက်နိုင်သောကြောင့် ကိုယ်ပိုင်အသိဖြင့် ထိန်းသိမ်းကြရန်လိုကြောင်း နိုင်ငံရေးပါတီများမှ သိရသည်။
http://www.usdp.org.mm/index.php/2014-12-04-08-40-21/5533-2015-11-05-08-10-23