ရေနံချောင်းပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံး

ရေနံချောင်းပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေး ဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံး




 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမော်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းနှင့် ဦးဝင်းတင့်တို့ သည် နိုဝင်ဘာ (၂) ရက်နေ့ နံနက်ပိုင်းက မြို့ပေါ် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ ပါတီဝင်များလိုက်ပါလျက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများ၊ ဖျော်ဖြေရေးယာဉ်ဖြင့် ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ် စည်းရုံးခဲ့ကြ သည်။

ဖျော်ဖြေရေးယာဉ်တန်းသည် ရေနံချောင်းမြို့နယ်ပါတီရုံးရှေ့မှ အေးစေတီရပ်၊ ရွာသစ်ရပ်၊ မြို့မတောင်၊ မြို့မမြောက်ရပ်၊ ဆုံတိုက်ရပ်၊ ရွှေကြံငုံရပ်၊ မြေနီခင်ရပ်၊ တွင်းကုန်ရပ်၊ သူဌေးကုန်း ရပ်၊ သုံးဆယ်ခြောက်ကျေးရွာ စက်မှုဇုန်အထိ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း လှည့်လည် ဖျော်ဖြေ စည်းရုံးခဲ့ကြောင်း သိရသည်။
http://www.usdp.org.mm/index.php/2014-12-04-09-21-63/5496-2015-11-03-08-49-35
 

0 comments: