ခရီးသွား သတင်းသမား(၁)


(၂၅-၁၀-၀၉) နေ့က မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ရဲ့ (၂၄၉)ကြိမ် ကျပ်သိန်း(၁၀၀၀)ဆု တတိယအကြိမ် ကံထူးရှင် ဒေါ်တင်ရ (အမရပူရမြို့နယ်) ကို အပိုဆုကျပ်သိန်း(၅၀၀) ဂုဏ်ပြုပွဲကို တက်ခဲ့ပါတယ်။ မန္တလေးမြို့၊ ၂၆ လမ်း၊ စွမ်းဟော်တယ် မျက်ခင်းပြင်မှာကျင်းပကြပါတယ်။ အဖိုးတန်တဲ့ မိုယံထီဆိုင်ရဲ့ အစဉ်အလာ အတိုင်း ကြီးကြယ် ခန်းနားစွာ ကျင်းပပါတယ်။ အောင်ဘာလေထီလောကမှာ ကျပ်သိန်း(၁၀၀၀)ကံထူးရှင် (၃) ဦးတိတိကို ဆက်ခါဆက်ခါ ဆွတ်ခူးခဲ့ပါတယ်။ (၂၄၆)ကြိမ်မှာ ကျပ်သိန်း(၁၀၀၀)ကံထူးရှင် ဒေါ်နွဲ့နွဲ့ (ဖြူးမြို့) က ပထမအကြိမ်။ (၂၄၇)ကြိမ် မှာ ကျပ်သိန်း(၁၀၀၀)ကံထူးရှင် ဒေါ်နော်စတယ်လာ (ကလေးဝ မြို့)က ဒုတိယအကြိမ် (၂)လဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (အဲဒီလက မန္တလေးမြို့ မန္တလေးဟော်တယ် မှာကျင်းပပြီး ကံထူးရှင်များကို မြို့တွင်းသို့ လှဲ့လည်ပြသသောသတင်း တင်ပြပြီး)။

ယခု ကျပ်သိန်း(၁၀၀၀)ကံထူးရှင်ဂုဏ်ပွနှင့် အတူ ၂၀၀၉ ခုနှစ် မိုးယံ၏ အထက်မြန်မာပြည် အလှမယ်ရွေးချယ်ပွဲကြီးပါ ကျင်းပနိုင်ခဲ့ပါတယ်။ အလှမယ် မော်ဒယ်များ(၃၀)ဦးလုံးကို မိုးယံမှမိတ်ကပ်၊ ဒီဇိုင်း၊ အ၀တ်အစား၊ လက်ဝတ်ရတနာများအစုံအလင် အကုန် အကျခံ ပြင်ဆင်ပေးကြောင်း ကြားသိရပါတယ်။ အထက်မြန်မာပြည်မှ ဆန်ကာတင် အလှမယ်(၃၀) ဦးမှ (၁၀)ဦးကို ကြွရောက်လာကြတဲ့ ပရိသတ်များက မဲပေးရွေးချယ်ပေးခဲ့ကြပါတယ်။ ယခုရွေးချယ်လိုက်တဲ့(၁၀) ဦးမှာ ရန်ကုန်မြို့တွင်ဆက်လက်ကျင်းပမဲ့ မိုးယံ၏ အလှမယ်ရွေးချယ်ပွဲကြီးကို ထပ်မံ ယှဉ်ပြိုင်ကြရပါဦးမည်..။













မိုးယံ အလှမယ် စကာတင် Top (10)

Top 1 ရှိုင်းသူသူမောင်

Top 2 ယဉ်လဲ့ဖြူ

Top 3 ချမ်းမို့မို့

Top 4 ဂျာနန်

Top 5 ချစ်စုဟန်နီ

Top 6 လင်းလက်ကျော်အောင်

Top 7 ထိုက်ဆုဝင်း

Top 8 နန်းအိမ်ချယ်ရီမောင်

Top 9 ခမ်းအိအိမွန်

Top 10 သျှင်သုဝေ (ခ) သက်ထားအောင်

မိုးယံ အလှမယ် စကာတင်ရွေးချယ်ထားသောမော်ဒယ်(၁၀) ယောက် စာရင်းဖြစ်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ အောက်တိုဘာလ(၂၈)ရက်၊ည(၁၀)နာရီတွင် ရေး၏။
 

ဆရာတော်ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများ

http://ashinnyanadipa.blogspot.com/ အရှင်ဉာဏဒီပ (ဓမ္မရတနာ)


လယ်တီဆရာတော်ဘုရားကြီး၏
ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့၊ မြို့ကွင်းကျောင်းဘုန်းကြီး တပည့်ဦးသူရိန္ဒကို သတိပေး ဆုံးမအပ်သော
သြ၀ါဒတေးထပ်

- မျက်မြင်မှာ ဉာဏ်တွဲလို့၊ အနဲနဲရှုပါ၊
- ငရဲနှင့် လူ့ရွာမှာ၊ ခုအခါ မခြား၊
- မီးသုံးရပ် ဗလောင်ဆူ၊ အကောင်ပူ သင်းတို့ ဖြစ်လား၊
- စိတ်ရတက် အညစ်ထူ၊ အပြစ်မူထွေပြား၊
- တတွေတွေ သေလို့သွားရင်လ၊ တဖွားဖွားအောက်မှာ၊
- ယမနယ် ဘုံအနှုန်း၊ အကုန်လုံး စုကြမည်သာ၊
- သို့ကလောက် လူ့ငြမ်းဟာကို၊ ရှုစမ်းပါညီလှရဲ့၊
- မှီသမျှ ဉာဏ်ကုန်မျှော်နော်၊ ရောလို့ မတော်၊
- အလိုလိုက်လို့ အငိုက်ချော်လျှင်၊
- တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။

သံဝေဂ၀တ္ထု (၈) ပါး...

- နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
- ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
- ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
- ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
- ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
- ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
- ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
- ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။
(လယ်တီဆရာတော်ဘုရားကြီး)

မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာ ကြရမည်။
(မဟာစည်ဆရာတော်ဘုရားကြီး)

ရွှေရှိတယ် ပြောပြော၊ ငွေရှိတယ် ပြောပြော…
ပစ္စုပ္ပန်မှာ အေးချမ်းတည်ငြိမ် ရင့်ကျက်စွာနဲ့ မနေတတ်ဘူးဆိုရင်
လူ့ဘ၀ဟာ ဘာကိုမှ အဓိပ္ပာယ် မရှိပါ။
(ယောဆရာတော်)


“ကိုယ့်အကျိုး မထိခိုက်တဲ့ သူတစ်ပါး အကျိုး သယ်ပိုးရမယ်” ဆိုတာက “အကုသိုလ်အလုပ် မလုပ်ဖို့” ပြောတာပါ။
“သူတစ်ပါးအကျိုး မထိခိုက်တဲ့ ကိုယ့်အကျိုး သယ်ပိုးရမယ်” ဆိုတာက “ကုသိုလ်အလုပ် လုပ်ဖို့” ပြောတာပါ။
(အရှင်ဆန္ဒာဓိက)

“ဒါနကလည်း မပြောင်၊ သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ဆောင်”
အဲဒီလို မဖြစ်စေနဲ့...
(လယ်တီဆရာတော်ဘုရားကြီး)

တဏှာခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
အ၀ိဇ္ဇာတဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
ဒကာ၊ ဒကာမတွေ ကျွန်သဘောက် ပီပီ တဏှာခိုင်းတိုင်း လုပ်နေတာပဲ။
တဏှာခိုင်းတိုင်း လုပ်နေရင် သေရင် အပါယ်ရောက်ပြီ။
တဏှာအဖော် မလုပ်ပါနဲ့။ ဉာဏ်အဖော် လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)

သူတော်ကောင်း ဆိုတာ
သူတော်အောင် ကိုယ်က ကောင်းပေးရတာပဲ။
သူတော်မှ ကိုယ်ကောင်းနိုင်မယ် ဆိုရင်
သူတော်ကောင်းအစစ် မဟုတ်နိုင်တော့ဘူး...
(ယောဆရာတော်)

ဟန်ကျအောင်...
ကိုယ့်ကိုယ်ကို ဟန်မကျတာ
ဟန်မကျမှန်းသိမှ
ဟန်ကျမယ်။
ဟန်မကျဘဲနဲ့ ဟန်ကျတယ်
ထင်နေရင်
နည်းနည်းလေးမှ
ဟန်မကျသေးဘူး။
(ဝေဘူဆရာတော်ဘုရားကြီး)


လယ်တီဆရာတော် သံဝေဂတေးထပ်...
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့မခန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း၊
နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောက်အသစ် တကယ်ပြင်လျင်၊ ကောင်းဖို့ အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား....
(တပည့်မောင်သြဇာကို ဆုံးမသော ဆရာတော်ဘုရားကြီး၏ သံဝေဂတေးထပ်)

အသာခံလမ်းစဉ်နှင့် အနာခံလမ်းစဉ်...
အရှင်ဒေ၀ဒတ်သည် အရာရာ၌ အသာချည်း စံခဲ့သည်။ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သော အရှင်ဒေ၀ဒတ်သည် ယခုအခါ အ၀ီစိ ငရဲသို့ ကျရောက်နေရပြီ ဖြစ်၏။ ထို့အတူ အသာစံခြင်း ၀ါဒကို တည်ထောင်ခဲ့သူ မှန်သမျှသည် အရှင်ဒေ၀ဒတ် နောက်သို့ လိုက်ကြရမည် ဖြစ်၏။
ဗုဒ္ဒသည် အရာရာ၌ အနာခံခဲ့သည်။ အနာခံခြင်း ၀ါဒကို တည်ထောင်ခဲ့သော ဗုဒ္ဓသည် ယခုအခါ နိဗ္ဗာန်သို့ ရောက်နေပြီ ဖြစ်၏။ ထို့အတူ အနာခံခြင်း ၀ါဒကို ကျင့်သုံးသူ မှန်သမျှသည် ဗုဒ္ဓနောက်သို့ လိုက်ကြရမည် ဖြစ်၏။
သစ္စာစကားဖြင့် ပြောလျှင် အသာစံခြင်းသည် “သမုဒယသစ္စာ” ခေါ် တဏှာကို သိမ်းပိုက်ထားခြင်း ဖြစ်၏။ အနာခံခြင်းသည် သမုဒယသစ္စာ ခေါ် တဏှာကို စာတွေ့မဟုတ်ဘဲ ငါတွေ့အလုပ်ဖြင့် ပယ်သတ်ခြင်း ဖြစ်၏။
ထို့ကြောင့် နိဗ္ဗာန်ကို ရယူလိုသူ မှန်သမျှ အနာခံခြင်း ၀ါဒကို ကျင့်သုံးရမည် ဖြစ်သည်...
[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]


သူများအကျိုး ပျက်စီးရာကို ဘယ်အခါမှ မပြောနှင့်၊ မလုပ်နှင့်၊ မကြံနှင့်။
ကြမ်းထမ်းသော စကားကို မဆိုနှင့်။
မေတ္တာနှင့်ယှဉ်သော စိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော။
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် သုံးပါ။
(မင်းကွန်းဆရာတော်ဘုရားကြီး)


တရားစစ်နည်း...
အသိတစ်ခုကို သိရ၍ ကိလေသာများ လျော့ပါးမှု၊ ကုန်ခန်းမှု မရှိလျင်
ထိုအသိသည် သညာသိ၊ စာသိ၊ ဗဟုသုတသိ။
အသိတစ်ခုကို သိရ၍ ကိလေသာများ လျော့ပါးမှု၊ ကုန်ခန်းမှု ရှိလျင်
ထိုအသိသည် ပညာသိ၊ ခန္ဓာသိ၊ ပဋိဝေဓသိ။
ဤကား သောချာသော တရားစစ်နည်းတည်း...
[အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)]

စေတီထိုက်သော ခန္ဓာအိမ်...
ယောဂီတို့ ကိုယ့်ရှိပြီးသား ထွက်လေ၊ ၀င်လေ လေးကိုပဲ တစ်ရူတစ်ရှိုက် နှာသီးဖျား သတိလေးကပ်ပြီး ဘုရားဂုဏ်တော်တွေ၊ တရားဂုဏ်တော်တွေ၊ သံဃာ့ဂုဏ်တော်တွေ ထုံမွှမ်းပြီး မှတ်နေကြတော့။
ယောဂီတို့ရဲ့ ခန္ဓာအိမ်ကြီးက စေတီအိမ်ကြီးလိုပဲ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေရဲ့ ပူဇော်ခြင်းငှာ ထိုက်နေတော့တယ်။
ခန္ဓာကိုယ် တစ်ခုလုံး တရားတွေနဲ့ ပြည့်နေတော့ ယောဂီတို့ရဲ့ ခန္ဓာကိုယ်ကြီးက
နံ့သာတုန်းကြီး ဖြစ်မနေဘူးလား။
အကောင်းတုန်းကြီး ဖြစ်မနေဘူးလား။
အမွန်မြတ်တုန်းကြီး ဖြစ်မနေဘူးလား။
ဒီလို ဖြစ်ဖို့ မလွယ်ဘူး။
ကြိုးစားအားထုတ်ကြ.....
(မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး)

ကျင့်ကြံအားထုတ်ရန်...
- မိမိရဲ့ ရခဲ့တဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေနဲ့ မဖြုံးလိုက်ပါနဲ့။
- ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
- ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူ ပြေးနေတော့
မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် နီးသွားပြီဆိုတာသာ ယုံလိုက်ပါ။
- ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
- ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
- အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
- အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ် ဆိုရင် အသေစောသွားရင်
ကိုယ်ကျိုးနည်းလိမ့်မယ်။
- သာသနာနဲ့ ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
- ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တမ်းဝင်ရမယ့် ဘ၀ပဲလို့
ဆုံးဖြတ်ချက်ချပြီး အလုပ်သာ လုပ်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး)


ကိုယ်ကျိုးမနည်းဘူးလား...
အားမှလုပ်မယ်၊ အားမှလုပ်မယ် ဆိုပြီး
အားရက်စောင့်မယ် ဆိုလို့ရှိရင်
“ခေါင်း” ထဲ ၀င်တဲ့ နေ့ပဲ။
ဒီလိုဖြစ်ရင် အားရက်ကို မစောင့်နဲ့တော့။
ဒီကနေ့သည် ကိုယ့်အတွက်။
မနက်ဖြန်သည် ကိုယ့်အတွက် မဟုတ်ဘူးလေ။
အနာဂါတ် ဆိုတာ မသေချာဘူးတဲ့။
ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် ဆိုသလို
ညသေသွားရင် ဘယ့်နှယ်လုပ်မလဲ။
ကိုယ်ကျိုးမနည်းဘူးလား....
(အောင်ဆန်းဆရာတော်)


လူကောင်း၊ လူမိုက် ဖြစ်ရခြင်း...
လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို
လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။
ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်
လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး
ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့်
လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်.....
(ဖားအောက်ဆရာတော်)


ငါ...
“ငါ” မရှိမှ သိကြလိမ့်မယ်တဲ့။
အဲဒီ ငါကရော
ရေရေရာရာ
ဘတွေကို သိထားပြီးပြီလဲ...
(အရှင်ဆေကိန္ဒ)

ဆွဲအားနှစ်ခု စိတ်ကိုလု...
ခန္ဓာစုက မြေကျွေးရ၊ ဒုက္ခအပူ တိုးပွားစေ။
ဘောင်ကျော်လွန်က အပါယ်ကျ၊ ဒုက္ခပင်လယ်ဝေ။
သဒ္ဓါစွဲက စွမ်းအားရ၊ မုချ ချမ်းသာပေ။
တရားစုမှ ကိုယ်ပိုင်ရ၊ မုချ စိတ်အေးစေ။
ဆွဲအားနှစ်ခု စိတ်ကိုလု၊ ကောင်းမှု နိုင်ပါစေ...
(ယောဆရာတော်)


အိုဘယ့်ငါ...
ငါသည် ဘယ်လိုငါ ဖြစ်ထိုက်သနည်း။
ငါသည် ငါအကြည်ညိုခံရသောငါ ဖြစ်ထိုက်သည်။
သူတစ်ပါးကို ညာဝါးလို့ ရသည်။
ငါ့ကိုယ်ငါ ညာဝါးလို့ မရ။
မည်သူမဆို မိမိကိုယ်ကို မိမိ ကြည်ညိုခံရသောသူဖြစ်အောင် ကြိုးစားရမယ်...
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)


အားမှသေမှာလား၊ သေမှအားမှာလား...
ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ လူတွေ မရေမတွက်နိုင်လောက်အောင် သေနေကြတာ အားလို့ သေတဲ့မသာ တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ ကြားက သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင် အားတဲ့သူကိုလည်း ခေါ်မှာပါ။ မအားတဲ့သူ ကိုလည်း ခေါ်မှာပါ။
သေမင်းမှာ တပည့်မွေးပြီး လူရွေးတဲ့မူ မရှိပါဘူး။
ဒီတော့ မအားတဲ့ကြားထဲက သေမင်းလာခေါ်ရင် အချိန်မရွေး လိုက်သွားရမှာပဲ ဆိုတာကို ကြိုတင်ပြီးတာ့ နှလုံးသွင်း ဆင်ခြင်ထားမယ် ဆိုရင် မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဓမ္မကို မျက်နှာလွှဲတဲ့ အဖြစ်ကို ရောက်မှာ မဟုတ်တော့ဘူး...
(အရှင်ဆန္ဒာဓိက - ရွှေပါရမီတောရ)


အချောကိုင်နည်း...
တရားအားထုတ်တယ်ဆိုတာ အဓိက ကတော့ ပြဿနာကို ဖြေရှင်းတာပါပဲ။ ဘယ်သူ့ပြဿနာလဲ ဆိုတော့ မိမိ ပြဿနာပါပဲ။ မိမိပြဿနာကို မိမိဖြေရှင်းမှ အေးတာကိုး။
တန်ချိန်ဖွဲ့လို့ မရနိုင်တဲ့ ဒုက္ခပြဿနာတွေ ၀ိုင်းအုံပြည့်နက်နေတဲ့ ဘ၀မှာ လေကဓံ လှိုင်းလုံးကြီးတွေ ဆူးငြောင့်ခလုပ်တွေ ဘုတွေထစ်တွေ အတိုက်အခိုက်တွေ အထိုးနှက်တွေ ဘယ်လောက်များများ နောက်ဆုံး တရားသဘောနဲ့ အချောကိုင်လိုက်နိုင်ရင် ပြီးပြေချောမော သွားကြတော့တာချည်းပါပဲ...
(ဘဒ္ဒန္တဇာဂရာဘိဝံသ - နာဂလှိုင်ဂူ)


သာသနာပြုပုဂ္ဂိုလ်ဆိုတာ...
သာသနာပြုပုဂ္ဂိုလ်ဆိုတာ
လူတွေရဲ့ ရင်ထဲကို
သီလ၊ သမာဓိ၊ ပညာ
သိက္ခာသုံးပါး တည်အောင်
လုပ်ပေးတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။
[အရှင်ဇ၀န-မေတ္တာရှင် (ရွှေပြည်သာ)]


ချမ်းသာချင်ရင်...
မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်...
(မဟာစည်ဆရာတော်ဘုရားကြီး)



http://ashinnyanadipa.blogspot.com/ အရှင်ဉာဏဒီပ (ဓမ္မရတနာ) ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ...


လေးစားရိုသေစွာဖြင့်
ဖိုးသား

ကိုဖိုးသား ပေးပို့ထားသော မေးလ်အား ပြန်လည်ဖော်ပြလိုက်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၃၀)ရက်၊နံနက်(၈း၃၀)နာရီ ကူးယူတင်၏။
 

သီတဂူဆရာတော်၏ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ

http://www.manatphyan.com/ ဘုန်းဘုန်း ဦးနာယကာလင်္ကာရ (မနက်ဖြန်) ဘလော့မှ ဓမ္မဒါနအဖြစ် ကူးယူဖော်ပြ လိုက်ပါတယ် ခင်ဗျာ...
pyaesoneaung2007@gmail.com
သီတဂူဆရာတော်၏ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ

မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင်ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။


ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။

ရသေ့ ရဟန်း ယောဂီ သမဏဗြဟ္မဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြားတော်မူသည်။

ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မပြတ်ကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက် မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာတစ်ဟုန်ထိုး တိုးတက်ထွန်းကားလာသော ယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာသည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ် မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူလောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သော်လည်း အစာအိမ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုး ထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။

ဘာသာရေးတိုင်သည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင် အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလ ရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။

(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်းပြုခဲ့ပါသနည်း)

အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။

(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)

မင်းကြီးကဆိုပါသည်။

(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော်သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)

တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှ မပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

အရှင်ရဌပါလာ၏အဖြေမှာ-----

၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။

သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။

အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-

အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟုပြောနေကြသော်လည်း နှစ်ပေါင်းတစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှု အားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြသော်လည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။

သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြှိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။


သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
စစ်ကိုင်း
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
http://www.manatphyan.com/ ဘုန်းဘုန်း ဦးနာယကာလင်္ကာရ (မနက်ဖြန်) ဘလော့မှ ဓမ္မဒါနအဖြစ် ကူးယူဖော်ပြ လိုက်ပါတယ် ခင်ဗျာ...

ဓမ္မမိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ် မြဲပါစေ။

လေးစားစွာဖြင့်
ကိုဖိုးသား ပေးပို့သော မေးလ်အား တဆင့်ဖေါ်ပြပေးပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၂၁)ရက်၊နံနက်(၁)နာရီ ကူးယူဖေါ်ပြပါသည်။
 

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


အင်း… ဒီကိစ္စ ဒီအကြောင်းလေးကို မရေးချင်ပေမဲ့ ဘလော့မိတ်ဆွေ http://anam308.blogspot.com
အနမ်းရဲ့ ၀မ်းနည်းကြောင်းလေးကို ဖတ်ရလို့ ဇာတ်လမ်းတစ်ပုဒ် အဖြစ် ရွေးထုတ်တင်ပြလိုက်မိပါ တယ်ကွယ်။ ကျမ်းမာရေးအတွက် လူတိုင်းအထူး သံဝေဂယူကြစေချင်ပါတယ်။


ကျွန်တော့်ရဲ့ ညီလေးက လည်ချောင်းကင်ဆာနဲ့ အဆုတ်ရောဂါနှစ်မျိုး ခံစား နေရတာပါ။ ပထမအကြိမ် အဆုတ်ရောဂါက တစ်နှစ်တိတိဆေးထိုး၊ ဆေးစားနဲ့ ကုသလို့ ပျောက်ကင်းခဲ့ပါတယ်။ လည်ချောင်းကင်ဆာကိုတော့ မသေခင်(၂)လ အလိုကမှ သိခဲ့ရပါတယ်။ မစားနိုင်တာကတော့(၆)လလောက် ခံစားခဲ့ရပါတယ်။ ကင်ဆာလို့ ဆေးစစ်သိရချိန်မှာ ယခင်က အဆုတ်ရောဂါပါ ပြန်လည်တွေ့ရှိရပါတယ်။

နယ်မှာ ကုမရတော့ ဆရာဝန်ကြီးများညွှန်ကြားစာနဲ့ ပထမအကြိမ် မန္တလေးဆေးရုံကြီးကို သွားရောက်ကုသပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြင်ပအထူးကုဆေးခန်းမှာဆိုတော့ အဲဒီဆေးခန်းကို သွားရောက်ပြသရပါတယ်။ လည်ချောင်းက အစာ၊ရေ လုံးဝမမြိုနိုင်တော့ ဗိုက်ခွဲပြီး ပိုက်တပ်ရမယ်၊ အစာသွင်းရမယ်၊ အားပြည့်လာရင် လည်ချောင်းကို ချဲ့မယ်။ပြီးရင် ဓာတ်ကင်ကြမယ် လို့ပြောပါတယ်။ ဒီပြင်ပအထူးကုဆေးခန်းမှာ စုစုပေါင်း ကုန်ကျငွေ(၆)သိန်း ကုန်ပါမည်။ (စားစရိတ်၊ကားခများမပါသေးပါ)။ ကုန်စရာငွေ မတတ်နိုင်ကြောင်း ရင်ဖွင့် ပြောရပါတယ်။ ဒါကြောင့် အဲဒီဆရာဝန်ကြီးက မန္တလေးတိုင်းဆေးရုံကြီးကို တက်ရန် လက်မှတ်ရေးထိုးပေးပါတယ်။ ငွေမတတ်နိုင်ကြောင်း ပြောလို့ တိုင်းဆေးရုံမှ စိုက်ထုတ် ကုသပေးရန် ပြောပါတယ်။ ဒါပေမဲ့ ဗိုက်ခွဲခါနီးမှာ ကျွန်တော့ညီက မခွဲရဲတော့ပါ။ ကြောက်တာရယ်၊ ခွဲပြီး(၂)လ (၃)လ နေရရင် မဖြစ်ဘူး ဆိုပြီး ပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးတိုင်းရင်းဆေးရုံကြီးကို ပြောင်း၍ တက်ရောက်ကုသပါတယ်။ အနည်းငယ် သက်သာလာ ခဲ့ပါတယ်။ သက်သာလို့ နယ်အိမ်ကိုပြန်ဆင်းလာခဲ့ပါတယ်။ အစာက ဆန်ပြုပ် ခပ်ကျဲကျဲ ကိုသောက်နိုင်လာပါတယ်။မန်းမှာ (၂၅)ရက်လောက်ကြာခဲ့ ပါတယ်။

အိမ်ပြန်ရောက်တော့ တစ်ပါတ်လောက်နေပါတယ်။ ရောဂါများ မသက်သာပြန်လို့ ရန်ကုန်မြို့ကိုဆင်းကုကြပြန်တယ်။ ပြသမဲ့ဆရာဝန်ကြီးက ပြင်ပ အထူးကုဆေးခန်းမှာဆိုတော့ သူရှိရာကို လိုက်လံပြသခဲ့ပါတယ်။ ဆရာဝန်ကြီးက ဒီပြင်ပဆေးခန်းမှာ လုပ်ရင် ငွေကုန်ကြေးကျများမယ်၊ ငွေ(၁၀)သိန်းလောက်ကုန်လိမ့်မယ်သိရပါတယ်။ ဒါကြောင့် ရန်ကုန် ဆေးရုံကြီးကို တင်ပေးလိုက်ပါတယ်။ အထူးကူညီပေးရန်စာလည်း ရေးပေး လိုက်ပါတယ်။ ငွေကုန်ကြေးကျလည်း တော်တော်သက်သာပါတယ်။ ဗိုက်ခွဲ၍ ပိုက်တပ်ပြီး အစာ၊ဆေးများကို သွင်းပေးပါတယ်။ တစ်ပါတ်လောက်ကြာတော့ ဆေးရုံကဆင်းပေးပါတယ်။ (၂၃)ရက်နေ့ ပြန်ပြသရန်ပြောပါတယ်။ မသက်သာရင် ရန်ကုန်(သို့မဟုတ်) တောင်ကြီးကို ပို့ပြီးကုပေးမယ် ပြောပါတယ်။ ဒါကြောင့် နယ်က အိမ်ကိုပဲပြန်လာပါတယ်။

အိမ်ပြန်ရောက်တော့ တီဘီဆေးကို ပိုက်ကပဲ နံနက်(၅)နာရီအချိန်မှန် နေ့စဉ်သွင်းပေးပါတယ်။ အစာကို တစ်ရက်(၄)ကြိမ် ပိုက်ကပဲ သွင်းပေးရပါတယ်။ (၄)(၅)ရက်အတွင်း လူကတော်တော်လေး မာလာပါတယ်။ ပြောနိုင်၊ဆိုနိုင်၊သွားနိုင်၊လာနိုင်ကြီးပါ။ အဲ တစ်ညနေမှာ ဗိုက်ဖေါက်တပ်ထားတဲ့ ပိုက်က ကျွတ်ထွက်လာပါတော့တယ်။ အစာတွေ အပေါက်က ပန်းထွက်လာပါတယ်။ အရေးပေါ် မော်တော်ဆိုင်ကယ်နောက်က တင်စီးပြီး မြို့ထဲက မိသားစုဆရာဝန်ဆေးခန်းကို သွားပါတယ်။ ဆေးခန်းကပိတ်ထားတာကို တွေ့ရပါတော့တယ်။ ဒါနဲ့ အဲဒီဆေးခန်းနဲ့ကပ်လျှက်(……..) နာမည်သုံးလုံးပါတဲ့ ပြင်ပအထူးကုဆေးခန်းကြီးကို အားကိုး တကြီးနဲ့ ၀င်လိုက်မိပါတော့တယ်။ ဆေးခန်းနာမည်ကိုတော့ မပြောလိုတော့ပါဗျာ..။

ဆရာဝန်ကို သွားခေါ်နေတာက တစ်နာရီလောက်ကြာမယ်။ ရောက်လာပြန်တော့ ဟိုလူငေါက်၊ ဒီလူငေါက်နဲ့ပါ။ ကဲလာ ခွဲရမယ်..ပြောပါတယ်။ လူနာ ဆေးခန်းကိုရောက်တာက ညနေ(၆)နာရီပါ။ ကုန်ကျငွေကို သိပါရစေ ဆိုတော့ (၃)(၄)သိန်းကျမယ်။ လုပ်မှာလား၊ မလုပ်ဘူးလား၊ မလုပ်ရင် တိုင်းဆေးရုံကြီးကိုသွား။ လာမဲ့အပါတ် အင်္ဂါနေ့မှ ခွဲရမယ်။ (၅)ရက်စောင့်နေရမယ်ဟု ပြောနေပါတယ်။ ဒါနဲ့ ငွေကိုရအောင်ရှာရမှာပဲ လူက အရေးကြီးပါတယ်။ ခွဲပါဆရာရယ် လို့တောင်းပန်ပြီးအပ်လိုက်ပါတယ်။ ဒါတောင် သူ့ရှေ့မှာ တစ်ယောက်ရှိနေသေးတယ်။ စောင့်ရပါဦးမယ်ပြောလို့ စောင့်နေရပါတယ်။ ည(၁၁)နာရီမှာ ကျွန်တော့်ညီကို ခွဲစိတ်ခန်းထဲကထွက်လာရပါတယ်။

လူနာမှာ အစာမစားနိုင်တာရယ်၊ အရင်ရန်ကုန်ဆေးရုံကြီးမှ ခွဲတဲ့ချုပ်ရိုးဖြီထားရတော့ အသား မကျက်သေးပါ။ အဲဒီဘေးက ဓါးတစ်ကြောင်းရာ ထပ်ခွဲရတာဆိုတော့ တော်တော်လေးကို ခံစားနေရပါတော့တယ်။ မျော့မျော့လေးသာ နေရပါတော့တယ်။ (အော် ..လူနာရဲ့ ခံနိုင်ရည်အားကို မကြည့်ပဲ သူတို့ ငွေရရေးကိုသာ အထူးအလေးထားကြတာကိုး) ဟု စဉ်းစားမိပါတော့တယ်ဗျာ..။ လူနာ မေ့ဆေးပြေတော့ သူတို့ဗိုက်ခွဲပြီးတပ်ပေးတဲ့ပိုက်ကနေ ဆေးသွင်းပါတယ်။ မရတော့ပါ။ ခဲရာခဲစစ် နာရီဝက် တစ်ခါသွင်းပါမှ နည်းနည်းသာ ၀င်ပါတော့တယ်။တာဝန်ခံဆရာမကိုသွားပြောတော့(ကျမတို့ဆေးခန်းမှာ ဒါမျိုးကေ့စ်မလုပ်ဘူးပါတဲ့။ ဗိုက်ကိုထပ်ခွဲပြီး အထဲကပိုက်ကိုပြန်ပြင်ရမည်ဟု ပြောပါတယ်။ မလုပ်ပါနဲ့ဗျာ..ငွေထပ်မကုန်သော်လဲ လူနာက ယဲ့ယဲ့လေးသာကျန်ပါတော့တယ်..ထပ်တော့ မခွဲပါရစေနဲ့လို့တောင်းပန်ရပါတော့တယ်..။)။ ခွဲပေးသော ဆရာဝန်ကြီးကလည်း တစ်ရက် တစ်ခေါက်လာကြည့်သော်လည်း လူနာကို လုံးဝကိုင်မကြည့်ပဲ ဆရာဝန်ကြေးငွေ(၂၀၀၀) ကျပ်ပေးရပါတယ်။ ပြောသွားတဲ့ စကားကလည်း (ကျူပ်တာဝန်က ခွဲပြီးပြီ.. ကျန်တာကို သမားတော် လာကြည့်လိမ့်မယ်…။) တဲ့ဗျာ….။ တစ်ရက်ထက် တစ်ရက် လူနာက အစာမ၀င်တော့ ပိုဆိုးလာပါတော့တယ်..။ အကြောင်းမထူးတော့ပါ။ အထူးကုဆေးခန်းက မလိုအပ်ပဲ ၀ယ်ထားရတဲ့ဆေးတွေနဲ့ ငွေတောင်းတဲ့ ဘောက်ချာစာရွက်တွေကသာ လူနာကို တစ်ကိုယ်လုံး လုံအောင် ခြုံလို့ပေးရင်ရပါတော့မည်….။အထူးကုဆေးခန်းက ဆေးဝယ်ရတဲ့ ဈေးနှုန်းတွေကလည်း အပြင်ဆေးဆိုင်တွေထက် တစ်ဝက်ပိုများနေပါတယ်။ (၃)ရက်မြောက်နေ့မှာ အခြေအနေ မကောင်းတော့ လူနာကို ဆေးရုံပေါ်ကအတင်းဆင်းခိုင်းလိုက်ပါတယ်..။ နေ့(၃)နာရီမှဆေးရုံကဆင်းပြီး အိမ်ရောက် တော့ ညနေ(၆း၃၀)နာရီမှာ ကျွန်တော့ညီလေး သေဆုံးသွားပါတော့တယ်…..။

ကျွန်တော် ဘယ်သူ့ကိုမှတော့ အပြစ်မဆိုချင်တော့ပါ။ ညီလေးရဲ့ ကံတရား..အကျိုးပေးကိုက ကိုယ်ချင်းစာစိတ်မရှိ၊(ငွေရရှိရေးကိုသာ အဓိကထားကြတဲ့) ဗြဟ္မာစိုရ်တရားခေါင်းပါးသူတွေ လောကမှ အမြန် လွတ်ထွက်သွားပြီ.. ဟုသာခံစားတင်ပြလိုက်ရပါသတည်း။


လူတိုင်း၊လူတိုင်း ကျမ်းမာနေစဉ် အသေတတ်၊ အနေတတ်စေမဲ့ တရားတွေဖြင့် နာယူ၊ ကျင့်ကြံ နိုင်ကြပါစေ….။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၁၉)ရက်၊နေ့(၁း၄၀)နာရီတွင် ရေးပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၆)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၆)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

အရင်းအတိုင်း ရှိသည်

အိပ်မက်လောကထဲ၌ မျောပါလျက်ရှိသော လူသည် အလိုကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ ကြည်နူးနှစ်သိမ့်ခြင်းဖြစ်၍ အလိုမကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ မကျေမချမ်းဖြစ်ရ၏။ အထက်ပါဝန်ကြီးသည် အမျိုးသမီးများ ပန်းစည်းဆက်ခြင်းအကြောင်းကို “စားမြုံ့ ပြန်” သောအခါ ရွှင်မြူးကြည်နူး၍ ပမာမခန့် ရေးသားသော အယ်ဒီတာအကြောင်းကို စိတ်ကူးမိသောအခါ နှလုံးမသာယာမှု ဖြစ်ရတော့သည်။ ရွှင်မြူးကြည်နူးခြင်းသည် လည်းကောင်း၊ နှလုံးမသာယာခြင်းသည် လည်းကောင်း၊ သံသရာရှည်စေဖို့  အထုံးအဖွဲ့ များပင် ဖြစ်သည်။ တဖန် “ဒိဋ္ဌလောက” ထဲသို့  ပြောင်းရွှေ့ လိုက်သည့်အခါ အဆင်းသက်သက်၊ အသံသက်သက်၊ အနံ့ သက်သက်၊ အတွေ့ သက်သက် စသည်ဖြင့် တွေ့ ရမည်ဖြစ်၍ နှစ်သက်တပ်မက်စရာလည်း မဟုတ်၊ ဒေါသဖြစ်လောက်အောင် မုန်းတီးစရာလည်း မဟုတ်သည့်အဖြစ်ကို တဖြည်းဖြည်း ထိုးထွင်းသိမြင်လာဖို့  ရှိပေသည်။ ထို့ ကြောင့် “အိပ်မက်လောက” သည် အရှုံးအမြတ်ထွက်သော (အများအားဖြင့်) အရှုံးထွက်သော လောကဖြစ်၍ “ဒိဋ္ဌလောက” သည် အရှုံးအမြတ်မရှိ “အရင်းအတိုင်း” နေသော လောကဖြစ်သောကြောင့် အကြင်ယောဂီ၏ စိတ်သည် ငြိမ်သက်ကြည်လင်စွာ တည်နေနိုင်ခြင်း ဖြစ်လေသည်။

အပြန်အလှန် ပိုင်ခြင်း

ထိုမှတပါးလည်း “စိတ်” ၏ သဘာဝကို သိမြင်သည်ထက် သိမြင်လာသောအခါတွင် ပစ္စည်းဥစ္စာပိုင်ဆိုင်ရခြင်း၏ ၀န်လေးသောအဖြစ်ကို ရိပ်မိလာတတ်သည်။ ဥပမာ နွားကို ကြိုးဖြင့် ကိုင်ဖမ်းထားသော လူက “ငါသည် ဤနွားကို ချုပ်ကိုင်ထားမိပြီ။ ဤနွားကား ဘယ်မှထွက်မပြေးနိုင်တော့” ဟု မှတ်ထင်ပေလိမ့်မည်။ သို့ ရာတွင် နွားသာလျင် ထွက်မပြေးနိုင်သည်မဟုတ်၊ လူမှာလည်း ကြိုးစကို ဆုပ်ကိုင်ထားရသောကြောင့် နွားကလည်း လူကိုပိုင်လျက်ရှိသည်။ ထိုနည်းအတူ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မိသော လူများမှာလည်း ပစ္စည်းအတွက်ကြောင့် သွားချင်ရာမသွားရ၊ လာချင်ရာ မလာရ ရှိတတ်ပေရာ လူကသာပိုင်သည်မဟုတ်၊ ပစ္စည်းကလည်း လူကို အပြန်အလှန် ပိုင်လျက်ရှိတော့သည်။ သို့ သော် ပကတိလူများသည် ဤအချက်ကို မသိမြင်ဘဲ၊ မျက်စိလည်လျက်ရှိပေရာ “ဒိဋ္ဌလောက” ထဲ၌နေဖို့  အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်သာလျင် တဖြည်းဖြည်း တရွေ့ ရွေ့  သဘောပေါက်ပြီး နောက်ဆုံးတွင် မျက်စိလည် ပျောက်နိုင်ပေသည်။

ထိုးထွင်းနိုင်အောင် အစဖော်ခြင်း

မာလုကျပုတ္တနှင့် ဘာဟိရသုတ်များတွင် ဗုဒ္ဓသည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” အစရှိသော သြ၀ါဒကို ပေးတော်မူရာ၌ သင်သည် တစ်ကြိမ်တစ်ခါမျှ မမြင်ဘူး၊ မကြားဘူး၊ အာရုံမပြုဘူးသော အခြင်းအရာတစ်ခုနှင့်ပတ်သက်၍ တပ်မက်နှစ်သက်ခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ (ချစ်ခြင်း၊ မုန်းခြင်း) ဖြစ်နိုင်ပါမည်လောဟု မေးတော်မူသည်။ ဤစကားမှာ ရိုးရိုးရှင်းရှင်းမျှသာ ထင်ရသော်လည်း၊ (ဒိဋ္ဌေဒိဋ္ဌမတ္တံ) ဟူသော သြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သူအဖို့ မှာ လွန်စွာ အရေးကြီး၍ “ကွဲ” စေလိုသောနေရာတွင် “အက်ကြောင်း” ပေးလိုက်ခြင်းပင်ဖြစ်သည်။ ၄င်းသြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် “စိတ်” သဘာဝကို တဖြည်းဖြည်းသဘောပေါက်လာ၍ လောက၌ အဟုတ်တကယ်ရှိသည်ဟု မိမိမှတ်ထင်လာခဲ့သော အခြင်းအရာဟူသမျှသည် အခံဓါတ်နှင့် အတိုက်ဓါတ် ဆုံစည်းမိသည့် အခိုက်အတန့် ကလေးမျှတွင် အသိစိတ်ကလေး ပေါ်လာခြင်းမျှသာ ဖြစ်ချေပြီတကား။ မတိုက်မိ၍ မဖြစ်ခဲ့လျှင် တပ်မက်စွဲလမ်းစရာဟူ၍ လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ် ဟူ၍လည်းကောင်း၊ (ချစ်စရာ မုန်းစရာ) မရှိချေပြီတကား ဟူသော သဘာဝအစစ်အမှန်ကို မျက်ဝါးထင်ထင် ထိုးထွင်းသိမြင်နိုင်လိမ့်မည် ဖြစ်ပါသတည်း။


ဆက်လက်ဖေါ်ပြပေးပါမည်

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၁၅)ရက်၊ည(၉း၁၂)နာရီကူးယူတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၅)

ဝိမုတ္တိရသ (http://www.vimuttirasa.com)
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၅)
အနတ္တသဘောတရား

ကောင်းပါပြီ။ ကြံစည်ချင်ရာ ကြံစည်တတ်သော စိတ်ကလေးကိုပင် ပိုင်ဆိုင်သူမရှိဟု ဆိုပါလျင် ဖြစ်ချင်ရာဖြစ်၊ ပစ်ထားရတော့မည်လော။ ၄င်းကို ချုပ်ကိုင်ကြိုးကိုင်ခြင်း မပြုရတော့ပြီလော။ အဘယ်သို့ သော အခြင်းအရာဖြင့် ၄င်းကို ထိန်းသိမ်းအုပ်ချုပ်ပါမည်နည်း ဟူသောမေးခွန်းများ ပေါ်ပေါက်လာရတော့မည်။ ဟုတ်ပေသည်။ တရားအားထုတ်ခြင်းဟူသည်မှာ စိတ်ကို အထိုက်အလျောက် ကြိုးကိုင်နိုင်စေရန်၊ သို့ မဟုတ် ကြိုးကိုင်နည်းတွေ့ ရှိရန် ဖြစ်ပေသည်။ စိတ်ကို ပိုင်ဆိုင်သူရှိမရှိ အပထား၍ စိတ်၏သဘာဝသည် တောင်ခုန် မြောက်ခုန် ပြေးလွှား၍သာ နေချင်တတ်သည်။ တစ်နေရာထဲ၌ ကြာရှည်စွာမနေတတ်ချေ။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း အလုပ်လုပ်သောအခါတွင်လည်း “အိပ်မက်လောက” ထဲသို့  ဖျတ်ခနဲ ဖျတ်ခနဲ ခုန်ဝင်သွားတတ်၏။ “ငါ” က မခုန်ပါနှင့် ဆိုသော်လည်း မရ၊ ခုန်မြဲတိုင်း ခုန်ပြေးတတ်၏။ ဤတွင် “ငါ” အနေနှင့် အမိန့် ပေး၍မရ။ “သတိ” ၏ အကူအညီတောင်းမှ ဖြစ်တော့မည်ဟု သဘောပေါက်လာတော့သည်။ “သတိ” သည် “ငါ” မဟုတ်ကြောင်းလည်း မြင်လာသည်။ “သတိ” စောင့်လျက်ရှိသောအခါ၌ “အိပ်မက်လောက” ထဲသို့  မ၀င်တော့။ သို့ သော် လစ်သည်နှင့် တပြိုင်နက် “ဒိဋ္ဌလောက” ထဲမှ ထွက်ပြေးသည်ကို တွေ့ ရသည်။ ဤတွင် “ငါ”က ဘာမျှမတတ်နိုင်သည် မဟုတ်။ သတိစေတသိက်က ကြိုးကိုင်၍ သူတို့ အချင်းချင်း ထိန်းသိမ်းခြင်းမျှသာ ဖြစ်သည်။ အစိုးမရသော အနတ္တတရားကြီးပေတကားဟု သဘောကျမိပါတော့သည်။

စောင့်ကြည့်ခြင်းနှင့် တွေးတောခြင်း

“ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းလမ်း၏ တန်ဖိုးရှိသောအဖြစ်ကို တနည်းအားဖြင့် ဖော်ပြလိုသေး၏။ စိတ်သည် “အိပ်မက်လောက” ထဲ၌ မျောပါလျက်ရှိစဉ်၊ “ငါ” တည်းဟူသော ဒိဋ္ဌိသဘောသည် ထပ်ကြပ်မကွာ ပါလျက်ရှိ၏။ ၀န်ကြီးဥပမာ၌ အမျိုးသမီးကလေးများက ငါ့ကို ပန်းစည်းဆက်ကြသည်။ တစ်မြို့ လုံးက ငါ့ကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ မည်သည့်အယ်ဒီတာက ငါ့ကို ပမာမခန့် ရေးသည် စသည်ဖြင့် တငါတည်း “ငါ”လျက်ရှိတော့သည်။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက”ကို ဖျက်သိမ်း၍ ဆိုဖာပေါ်၌ ထိုင်လျက်ရှိစဉ် “ဒိဋ္ဌလောက” ထဲသို့  ၀င်လိုက်သည် ဆိုကြပါစို့ ။ ကားသံနှင့် ဟွန်းသံကြားခြင်းကို သိမည်။ နှင်းဆီပန်းမွှေးခြင်းကို သိမည်။ ခွေးကလေးတက်လာခြင်းကို မြင်သည်ဟု သိမည်။ ဆိုဖာ၏ တအိအိနူးညံ့သော အတွေ့ ကို သိမည်။ ထိုဝန်ကြီးက နာမ်ရုပ်တို့ ၏ သဘာဝကို စောင့်ကြည့်လျက် ရှိသည်ဟူ၍ (ပထမတွင်) သဘောမပေါက်သေးသော်လည်း သူသည် မိမိ၏နာမ်ကို သူတစ်ပါးအနေဖြင့် (objectively) အပြင်မှ စောင့်ကြည့်သကဲ့သို့  ဖြစ်နေတော့သည်။ ရင့်ကျက်လာသောအခါတွင် ရုပ်၏သဘော၊ သို့ မဟုတ် စိတ်၏သဘောကို ရိပ်မိလာ၍ ၄င်းတို့  အနိစ္စလက္ခဏာ၊ သို့ မဟုတ် ဒုက္ခလက္ခဏာ၊ သို့ မဟုတ် အနတ္တလက္ခဏာကို တစ်ကြိမ်တစ်ခါတွင် ထိုးထွင်းသိမြင်နိုင်ဖွယ်ရာ ရှိလေသည်။ (ဤသည်ကား စိတ်အကြောင်းကို ဉာဏ်ရှိတိုင်း တွေးတောကြံဆနေကြသော စိတ်ပညာဆရာကြီးတို့ ၏ အလုပ်နှင့် ခြားနားခြင်းကြီး တရပ်ပေတည်း။)

ဆက်လက်ဖေါ်ပြပေးပါမည်

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာ(၁၂)ရက်၊နံနက်(၉)နာရီ ကူးယူတင်ပါသည်။
 

အဖေအားမကိုးထိုက်ပေမဲ့ သားဆိုး သားမိုက်တော့မဟုတ်ပါအဖေရယ်…ဆိုသောစာရေးဆရာ….

အဖေအားမကိုးထိုက်ပေမဲ့ သားဆိုး သားမိုက်တော့မဟုတ်ပါအဖေရယ်…ဆိုသောစာရေးဆရာ….

ဘာသာရေး အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

သူ့ကိုသိခဲ့ရသည်မှာ(၅)နှစ်ခန့်လောက်ရှိမည်ထင်ပါသည်။ သူက လျှပ်စစ်အင်ဂျင်နီယာတစ်ဦးပါ။မှတ်မှတ်ရရ မကွေးလေယာဉ်ကွင်းအသစ်တည်ဆောက်အပြီး မိတ်ဆွေဖြစ်ခဲ့ရပါ၏။ အသက်(၅၂)ခန့်ရှိပေမည်။ လူက ပိန်ပိန်ပါးပါး။ နေရပ်လိပ်စာက တောင်ငူသားပါ။စာရေးဆရာမကွေးဝင်းမြင့်မှတဆင့် သူ့ကိုခင်မင်ရင်းနှီးခွင့်ရခဲ့ပါသည်။

“ကျွန်တော်က ဆရာမကွေးဝင်မြင့်တို့လို စာတွေရေးပြီး စာရေးဆရာဖြစ်ချင်တာပါခင်ဗျာ”

ထိုစဉ်အခါ..သူက ကျွန်တော်တို့ စာပေ၀ိုင်းကို ခပ်လျှိုလျှိုဖြင့် ပြောဆိုဝင်လာသူပါ။ ဒါပေမဲ့ ယနေ့ဘာသာရေးမဂ္ဂဇင်းများတွင် သူစာမူများအား လစဉ်ပါ၍ စာဖတ်ပရိသတ် လူကြိုက်များနေပေပြီ။ လစဉ်ပါနေကြမဂ္ဂဇင်းမှာ အပ္ပမာဒမဂ္ဂဇင်းဖြစ်၏။ ထေရ၀ါဒ အတွေးခေါ်ပါသော တကယ့်ဖြစ်ရပ်မှန် ဆောင်းပါး တရားဇာတ်လမ်းများ ကိုသာ သူရေးသားပါသည်။သူ့စာများအား ဖတ်ရသည်မှာ အလွန်အားရစရာသိပ့်ကောင်းပါ၏။ ဆိုလိုရင်းအား ဒိုးကနဲ ဒေါက်ကနဲ ပေါ်လွင်ထင်ရှားအောင်၊ရှင်းလင်းအောင် အထူးရေးသားနိုင်သူပါ။ ထေရ၀ါဒ ကိုသာ တစ်စိုက်မတ်မတ်သက်ဝင် ယုံကြည်ကိုးကွယ်သူဖြစ်သည်။ ဘုရား၊တရား၊သံဃာ၊ကံ၊ ကံ၏အကျိုး မှတစ်ပါး အားကိုးအားထားရာမရှိဟု ဆို၏။ အသိနှင့် အကျင့် တစ်ထပ်တည်းဖြစ်ရန် နေ့စဉ်အမြဲမပြတ် သတိကပ်ထားသည်ဟုလည်း သူဆိုပါသည်။ကျွန်တော်တို့ကိုပင် သူသိသမျှ ကျင့်သမျှ တရားထူးတရားမြတ်များအား နှုတ်တိုက် ပါဠိစာများဖြင့် ပူးတွဲရွတ်ဆို ဘာသာပြန်ပြီး ပြောဆိုရှင်းပြပေးနိုင်သူဖြစ်၏။ ၀ိပသနာ တရားသမား ဆိုသော်လည်း အလှူဒါနဘက်တွင် သူတို့မိသားစုတစ်ဦးတည်းဖြင့် ဘုန်းတော်ကြီးကျောင်းများ (၃)ကျောင်းဆောက်လုပ် လှူဒါန်းပူဇော်ခဲ့သူဖြစ်ပါသည်။ သံသယာရှည်မူကို ဆုမတောင်းပဲ နိဗ္ဗာန်ကိုသာဆုတောင်း လှူဒါန်းသည်ဟု သူဆိုပါ၏။
သူသည် ထေရ၀ါဒ ဗုဒ္ဓဘာသာလူမျိုးစစ်စစ်ကြီး ဖြစ်နေပေပြီ။ သူနှင့်အတူ ညီအကိုတော်စပ်သူ(၆)ဦးလုံးအားလည်း သူ၏အသိတရားများကို ပြောဆိုဖြန့်ဝေခဲ့ပါသည်။ သူသိသလို ကျင့်နေသလို ထေရ၀ါဒ ဗုဒ္ဓအယူကို သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်စေနိုင်ခဲ့ပါသည်။
ထိုသူ၏ ရင်ဖွင့်စကားများကြောင့် စာရေးသူကျွန်တော် သူတို့မိသားစုများအတွက် ၀မ်းနည်းပက်လက်ဖြစ်ခါ မျက်ရည်များလည်လာမိပါ၏။

“ ကျွန်တော့် အဖေက အသက်(၈၅)နှစ်၊ အမေက(၇၅)နှစ်တွေပါ။ ယခုအထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ မွေးချင်းမောင်နှမတွေက (၁၂)ယောက်ပါ။ ယောင်္ကျားလေး(၆)ယောက်၊ မိန်းကလေး(၆)ယောက်ပါ။အားလုံးသက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ညီအကိုတွေ(၆)ဦးလုံးက ထေရ၀ါဒ ဗုဒ္ဓဘာသာအယူကို ပြောင်းယူလိုက်ကြပါတယ်။ အဖေနဲ့ အမေ၊ အမ၊ညီမလေးတို့ကတော့…
ဒီဘ၀မှာ ဘယ်လိုမှ စည်းရုံးလို့မရတော့ပါဘူးဗျာ..။သူတို့အတွက် ကျွန်တော် တော်တော်လေးစိတ်မောရပါတယ်.။တရားနဲ့ပဲ နှစ်လုံးသွင်းရှုမှတ်ဖြေနေရပါတယ်လေ...။အော် သူတို့အားလုံး အယူမှား အယူလွဲနေကြပါပြီ…။ ဟိုတစ်နေ့က သူတို့နေ့ထူးနေ့မြတ်ရက်မှာ.. အဖေကဖုန်းဆက်ပါတယ်…”။

““ သား လူလေး..မမိုက်ချင်၊ မဆိုးချင်စမ်းပါနဲ့ကွယ်..။အဖေလဲ အသက်ကြီးလို့သေခါနီးနေပါပြီလူကလေးရယ်..။ အဖေ မသေခင် အဖေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေ့ဆီ်..အဖေတို့ ဘာသာကိုသာ.. ပြန်ဝင်လာပါတော့သားလေးရယ်..နော်..။ အဖေမသေခင် အဖေရဲ့စကားကို နားထောင်ပေးပါသားလေးရယ်….နော်…။““ ငိုသံဖြင့်ဖုန်းချ၍သွားပါသည်။

“အဖေ့ဆီက ဖုန်းသံကြောင့် ကျွန်တော်ရင်ဆို့သွားပါတယ်..။ဒါပေမဲ့ အဖေတို့ဘာသာကိုတော့ ဘယ်တော့မှပြန်မသွားတော့ပါ..။ အဖေနဲ့ အမေကိုတော့ သနားပါတယ်ဗျာ…..ဒါကြောင့် ညက အဖေတို့အမေတို့အတွက် စာတစ်ပုဒ်ရေးလိုက်ပါတယ်…..။ လာမဲ့လမှာ မဂ္ဂဇင်းမှာကျွန်တော့်ဒီစာမူကို ရွေးထားပါတယ်။ဖေါ်ပြပေးပါလိမ့်မယ်…။ခေါင်းစဉ်ကတော့..

အဖေအားမကိုးထိုက်ပေမဲ့ သားဆိုသားမိုက်တော့ မဟုတ်ပါအဖေရယ်……….။”


သူတို့အားအတုယူပြီး ကျွန်တော်တို့ တစ်တွေ မိရိုးဖလာဗုဒ္ဓဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ ကူးပြောင်းအားထုတ်ကြပါစို့..။


အထက်ပါ စာမူအား ကျွန်တော်လဲ မဖတ်ရသေးပါ။ စာရေးသူ၏အမည်နှင့် ယင်းဆောင်းပါးအား ခွင့်ပြုချက်ယူ၍ ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ အောက်တိုဘာလ(၇)ရက်၊ ည(၉း၄၅)နာရီ ရေးပါသည်။
 

စာအုပ်မိတ်ဆက်သတင်း




စာရေးသူ မောင်မွန်မြတ်(ကျေးလက်၊မကွေး) မှ အသစ်စက်စက် ၀ထ္ထုရှည် အစ၊အဆုံး
စာအုပ်ပါခင်ဗျား။ လွမ်းရိပ်ခင်းတဲ့ မြင်းမိုရ်တောင် အမည်နှင့် စာရေးသူ၏
(၁၁)အုပ်မြောက်လုံးခြင်းဝထ္ထုစာအုပ် ဖြစ်ကြောင်း သိရပါတယ်။ ဒီဝထ္ထုရှည်ကို
ဘ၀သရုပ်မှန်(Realism) နဲ့ရေးသားထားကြောင်း ဖတ်ရှုရပါတယ်။စာဖတ်သူများ
ဘ၀အတွက် ကောင်းကျိုးတစ်ခုခုကိုတော့ ရရှိပါလိမ့်မယ် ဆိုရင်
ပိုမည်လို့ထင်ကြပါလိမ့်မယ်။ ၀ထ္ထုရှည်ကို အစမှ အဆုံး မကျော်မလွှားဘဲ
ဖတ်ကြည့်မယ်ဆိုရင်…ကျွန်တော့်အဆိုကို……..အဖြေပေးနိုင်ကြလိမ့်မည်ထင်ပါတယ်ခင်ဗျား။

စာဖတ်သူများအား ခင်မင်လေးစားလျှက်

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၇)ရက်၊ည(၇း၇)နာရီ ရေးပါသည်။
 

ပြေး၍ လိုက်နေမိသော ကျွန်တော်....

ယနေ့ ဘာသတင်းတွေထူးနေပြီလဲ
သိချင်လိုက်တဲ့ကျွန်တော်..။

ယနေ့ ဘလော့မိတ်ဆွေတွေ ဘယ်သူတွေလာသလဲ
သိချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့ ဆရာ၊ဆရာဘလော့ဂါတွေ ရေးတဲ့စာတွေ၊ကဗျာတွေ
ဖတ်ချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့ ဟောမဲ့ဆရာတော်ကြီးတွေတရားတွေကိုလဲ
နာချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့ တိုးတက်နေတဲ့ နည်းပညာတွေကိုလဲ
တတ်ချင်လိုက်တဲ့ ကျွန်တော်..။

ယနေ့နောက်ဆုံးပေါ်ကားတွေ၊တိုက်တွေကိုလဲ
စီးချင်၊ရချင်နေတဲ့ ကျွန်တော်..။

ယနေ့ခေတ်စားနေတဲ့ လက်ဘက်ရည်တစ်ခွက် ငါးထောင်ကျပ်တန်ကိုလဲ
မြင်ချင်၊သောက်ချင်နေတဲ့ ကျွန်တော်..။

ယနေ့ သူများတွေပြောပြာနေကြတဲ့ အများအတွက် ပရဟိတကိုလဲ
ဆောင်ရွက်ချင်လိုက်တဲ့ ကျွန်တော်...။

ယနေ့သူများတွေပြောပြောနေကြတဲ့ မတရားဘူး၊ တရားပါတယ်ဆိုတဲ့
စကားတွေကိုလဲ ကြားချင်လို့ လဘက်ရည်ဆိုင်ကို နေ့တိုင်းသွားနေရတဲ့ ကျွန်တော်..။

အမြင်မှန် သစ္စာတရားကိုသိကြလို့တရားထူး၊တရားမြတ်ကို ကျင့်နေတဲ့မိတ်ဆွေတွေကိုလဲ
အားကျနေပြီး တရားထိုင်ချင်နေတဲ့ ကျွန်တော်....။

အင်း...မဖြစ်တော့ဘူး ငါ့အရေးအတွက် ဒီညတော့ တကယ်တရားထိုင်ပြီး
အမြဲမပြတ် ဖေါက်ပြန် ပျက်စီးနေတဲ့ ရုပ်တရား၊ နာမ်တရားတွေကို မြင်အောင်အားထုတ်တော့မယ်ဆိုတဲ့ ကျွန်တော်....။

ထီကားပေါ်...မြက်လုံးကြောင်တောင်အိပ်ပြီး စဉ်းစားရင်း ကဗျာရေးနေတဲ့ကျွန်တော်
နောက်ခန်းက သားအော်သံကိုကြား..(အဖေရေ..အိပ်ငိုက်မနေနဲ့ ထီလက်မှတ်တွေ သိန်း(၃၀)ဖိုးကျန်နေသေး သတဲ့....။

ကျွန်တော် ဓာတ်စက်ကိုအသံကုန်တင်ပြီး
မင်္ဂလာပါခင်ဗျား..ထီဝါသနာရှင်မိဘပြည်သူများ..နေ့စဉ်ဂဏန်းနှစ်လုံးကိုကြည့်လာရတာ ရိုးအီလာပြီထင်ပါတယ်..
ဟဲ..ဟဲ..မိမိတို့ရဲ့ ကံကြမ္မာ ကံဇာတာတွေ ဘယ်လောက်ကောင်းပြီဆိုတာကို သိရအောင်..ငွေအတွက်အခက်ကြုံနေသူများ..
ကြွေတစ်လှည့် ကြက်တခုံ ဘ၀ကိုချက်ခြင်းလက်ငင်းပြောင်းသွားအောင်..ကျွန်တော့်မော်တော်ယဉ်နောက်ခန်းမှ
အောင်ဘာလေထီ ပေါက်ဂဏန်းများကို လာရောက်ကံစမ်းတော်မူကြပါ....။ ရက်မကြာ မနက်ဖြန်သိန်းတစ်ထောင်ကံထူးရှင်ဖြစ်မှာ မလွဲဧကန်ပါ...။

ဘ၀အတွက် အမောပြေကဗျာလေးပါ...

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၆)ရက်၊နံနက်(၁း၅)နာရီ ရေးပါသည်။
 

ရွှေဥမင်တောရ ဆရာတော်ကြီး၏ သြ၀ါဒများ

ကိုအောင်ဦး ဘလော့မှကူးယူပါသည်။
www.dhammaratha.com


ရွှေဥမင်တောရ ဆရာတော်ကြီး၏ သြ၀ါဒများ

အအေးမြဆုံး အရိပ်ကို ခိုကြပါစို့ …

Z လူ့ပြည်ခန်းဝါ လူ့ရပ်ရွာတွင် စိမ်းဖြာညွန့်ရှင် စည်ပင်ရွက်စိပ် သစ်ပင်ရိပ်သည် အေးမြ၏။
Z ချစ်ကြည်နှစ်လို့ ဆွေးမျိုးတို့၏ အရိပ်လည်း အေးမြ၏။
Z အကျိုးလိုလား ချစ်သနားသည့် မိဘများ၏ အရိပ်လည်း အေးမြ၏။
Z မြင့်မိုရ်ပမာ ဉာဏ်ရောင်ဖြာသည့် ဆရာသခင် ကျေးဇူးရှင်တို့၏ အရိပ်လည်း အေးမြ၏။
Z တရားမယုတ် စိုးအုပ်ချုပ်သည့် မင်းလုပ်သူတို့၏ အရိပ်လည်း အေးမြ၏။
Z မဂ်ညှောင့်ပွင့်ရာ သာသနာတော် အရိပ်မူကား မည်သူမည်ဝါ မယှဉ်သာအောင် အအေးမြဆုံးသော
အရိပ်အာဝါသပေတည်း။
အားလုံး အားလုံး အအေးမြဆုံး အရိပ်ကို ခိုလှုံနိုင်ကြပါစေ…

ဘာသာရေးတွက် လူရေးထက်

ငယ်ရွယ်သူများ ဘာသာရေး လိုက်စားသင့်သလား?၊ လိုက်စားသင့်ပါသည်။
စောစောစီးစီး ဘာသာရေးလိုက်စားလျှင် ဘာသာရေးက ပေးမည့် အကျိုးစီးပွား
ကျေးဇူးများကို စောစောစီးစီး ရတာပေါ့။
ဘာတွေပေးမည်လဲ?
ပညာပေးမယ်၊ သတ္တိပေးမယ်၊ ယုံကြည်မှုပေးမယ်၊ ငြိမ်းချမ်းမှုပေးမယ်။

စေတနာကို မတွန့်တိုနဲ့

စေတနာသည် လူတိုင်းနဲ့ မတန်ပါလို့ စာတမ်းတွေ ကပ်ထားကြတာ အိမ် တချို့မှာ တွေ့ရတယ်။
အလကားရတဲ့ စေတနာကိုပဲ နှမြောတွန့်တိုရာ ရောက်နေရင် ကောင်းပါ့မလား? စဉ်းစားကြနော်။

စာများများဖတ်ပါ

Z လူသည် ဟင်းလျာနှင့်တူ၍ စာသည် ဆားနှင့်တူ၏။
Z ဆားမပါသော ဟင်းသည် ပေါ့ပျက်ပျက်ဖြစ်၏။ အရသာမရှိ။
Z စာမဖတ်သော လူသည်လည်း စံနှုန်းပြည့် လူမဖြစ် အရာရာ ပေါ့ပျက်ပျက်နိုင်၏။
Z စာဖတ်သော သူသည် စာမဖတ်သောသူကို ပေါင်းသင်းရသော် သဘောမတွေ့၊
ကွေး၍ သွားချင်၏။
Z ဆားမပါသောဟင်းကို သူတကာ မနှစ်မြှို့ဘိသကဲ့သို့ပင်၊
Z ယနေ့ခေတ်သည် စာပေခေတ် ဖြစ်၏။ တိုးတတ်၏။ အကြားအမြင်များကြ၏။
Z သင်တစ်ယောက်တည်း စာမဖတ်ပဲ နေခဲ့သော် သင် ခေတ်နောက်ကျသူ တစ်ဦးသာ
ဖြစ်ပေမည်။
Z ထို့ကြောင့် စာများများဖတ်ပါ။

သတိ သတိ သတိ

လောဘနဲ့ ဒေါသကို မောဟက ကြီးစိုးချယ်လှယ်တယ်။ သူတို့ကို နိုင်တာက “အပ္ပမာဒ” ဆိုတဲ့
သတိပဋ္ဌာန်တရားပဲ။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ခွဲလိုက်တော့ သီလ သမာဓိ ပညာ၊ သီလနဲ့ သမာဓိကြားက
“သတိ” ကပဲ ပဲ့ကိုင်အုပ်ချုပ်တယ်။ သမာဓိနဲ့ ပညာမှာလည်း “သတိ” ကပဲ ဦးဆောင်တယ်။ နိဗ္ဗာန်ပို့တဲ့ သီလ
သမာဓိ ပညာ ပွားများကြောင်းမှာ “သတိ” သာလျှင် အခရာ ဖြစ်တယ်။ သတိမပါရင် ဘာမျှ အရာမရောက်ဘူး။

ရန်သူလား? မိတ်ဆွေလား?

ကုသိုလ်ကောင်းမှုကို မမေ့တဲ့အတွက် ကိုယ်ဟာ ကိုယ့်မိတ်ဆွေ ဖြစ်သွားကြရပြီ။ မကောင်းမှုလုပ်တဲ့
လူတွေအဖို့ ကိုယ့်ကိုယ်ဟာ ကိုယ့်ရန်သူပဲ။ ရန်သူက ဒုက္ခပေးမယ်။ မိတ်ဆွေက ကူညီတယ်။ မိတ်ဆွေမဟုတ်ပဲ
ရန်သူဖြစ်နေရင် ဘယ်ကောင်းတော့မလဲနော်။

အကြိမ်ပေါင်း(၁၉၇၀)ကျော်

“အပ္ပမာဒတရား” ဆိုတာ မမေ့မလျော့၊ မပေါ့မဆ သတိရှိခြင်း၊ သတိပဋ္ဌာန်း တရားပွားများနေခြင်းပဲ။
မြတ်စွာဘုရားရှင်ဟာ အပ္ပမာဒတရား လက်ကိုင်ထားဖို့ အကြိမ်ပေါင်း(၁၉၇၀)ကျော် ဟောကြားသွားခဲ့တယ်။
ပရိနိဗ္ဗာန်စံဝင်လုဆဲဆဲအထိ “အပ္ပမာဒေန သမ္ပာဒေထ” မမေ့မလျော့ကြနဲ့လို့ နောက်ဆုံးစကား မှာကြားသွားပြီး
မှ ပရိနိဗ္ဗာန်ပြုခဲ့တာ။ ဒီနောက် ဘာစကားမျှ မပြောတော့ဘူး။ ဒါကို ထောက်ရင် သတိ ဘယ်လောက်အရေးကြီး
တယ် ဆိုတာ သိသာတယ်။

ဗဟုသုတ အလိမ္မာ

လူ၏အသက် သေသည့်တိုင်အောင် ဗဟုသုတ အလိမ္မာကို တစ်ကိုယ်တည်း၏ အတွေးဖြင့်
လုံလောက်စွာ မရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအလျင် အတွေ့အကြုံများသော လူပေါင်းများစွာတို့ ရေးသားခဲ့
သည့် စာများကို ဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာ ရနိုင်ပေသည်။

နှစ်သစ်

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ၊ အ၀တ်လျှော်ကြ လုပ်ကြတယ်။
စိတ်ကိုရော ဖြူစင်အောင် လျှော်ဖွပ်ကြရဲ့လား။ စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။
ကိလေသာ အညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှ စိတ်သန့်ရှင်းဖြူစင်တယ်။

ဆုတောင်းမှားနေကြတယ်

နှစ်ကူးတဲ့အခါ ငါးလွှတ်ဖူးကြတယ်။ ဆုတောင်းလေးကလည်း ကောင်းမှ ကောင်း။ နင့်တစ်ခါလွှတ်
ငါ့ဆယ်ခါ လွှတ်တဲ့။ ဈေးသည်တွေတင် အမြတ်ကြီး စားလားမှတ်တယ်။ အလှူရှင်တွေလည်း အမြတ်ကြီးစား
တာပဲ။ ကိုယ်ပါ ငါးဖြစ်ပြီး ဆယ်ခါအလွှတ်ခံရရင် မသက်သာဘူးနော်။ သူ့သေဘေးက လွှတ်ရသလို၊
ကိုယ်လည်း အိုနာသေဘေးက လွတ်ပါရစေ။ ဒီလိုဆုတောင်းရမှာ။

နိဗ္ဗာန်ဉာဏ်နဲ့သွား

သတိပဋ္ဌာန်တရား အားထုတ်တာဟာ ဉာဏ်ကုသိုလ်အလုပ် လုပ်တာပဲ၊ ကံကုသိုလ်က (၃၁)ဘုံ
ချမ်းသာပဲ ပေးနိုင်တယ်။ ဉာဏ်ကုသိုလ်ကြီးကတော့ မနှိုင်းဆနိုင်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို ရစေတယ်။

သူတော်ကောင်းဆိုတာ

Y သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့၊ သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ် ဆိုတဲ့
သဘောပေါ့နော်။
Y ဒါဆို အတော်ကို ကြောက်စရာကောင်းတာပဲ။
Y သူတော်ကောင်းဆိုတာ သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်ကတော့
အမြဲကောင်းနေရမယ်လေ။

ကြည်ညိုခြင်း

သူများကို လိုက်ကြည်ညိုမယ့်အစား ကိုယ့်ကိုကိုယ် ကြည်ညိုအောင် လုပ်ကြ။

စိတ်ဓာတ်သည် အရည်အချင်း

ဒီလိုနေရာ အများနဲ့ နေရတာ ကိုယ်အကြိုက်ချည်း မဖြစ်ပါဘူး။ အခုဒီမှာ သူတော်ကောင်း အချင်းချင်း
သည်းခံသလို အရပ်ထဲ လူပေါင်းစုံနဲ့ တွေ့တဲ့အခါမှာလည်း အခုလို အရှိန်ရထားမှ၊ သည်းခံနိုင်တဲ့
အလေ့အကျင့်တွေ ရှိထားမှ၊ အထုံဝါသနာတွေပါထားမှ သည်းခံနိုင်တယ်။
တရားအားထုတ်တာ… စိတ်ကောင်းတွေရှိအောင်၊ စိတ်ကောင်းတွေ တိုးတက်အောင် လေ့ကျင့်တာ။
သူတစ်ပါး ဆိုင်းဘုတ်တပ်ပေးရုံနဲ့ ရင့်ကျက်တယ်လို့ ပြောလို့မရဘူး။
ကိုယ့်စိတ်ဓာတ်က အဆင့်အတန်းမြင့်လာမှ ရင့်ကျက်တယ်လို့ ပြောလို့ရမယ်။ လူတိုင်း လူတိုင်းနော်…
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ရဲ့ စိတ်ကောင်းစေတနာနဲ့ အရည်အချင်းကို ဖော်ပြနေတာ
ဖြစ်ရမယ်။

သည်းခံခြင်း သစ္စာဓိဋ္ဌာန်ပြုနည်း

ငါသည် ဤဆယ်ရက်အတွင်း သူတစ်ပါးက ဘာပြောပြော ဘာလုပ်လုပ် ဖိနပ်အောက်က
ဖုံမှုန့်(ခြေသုပ်ခွေ)ကဲ့သို့ စိတ်မဆိုး အမျက်မထွက်အောင် သည်းခံမည်၊ စိတ်ဆိုးခဲ့သော် ဘေးကြီးသင့်၍
ဤနေရာမှ ချက်ချင်းထွက်သွားရပါစေ။ ဆယ်ရက်ပြည့်လျှင် နောက်ဆယ်ရက်ထပ်၍ အဓိဋ္ဌာန်ပြု၊ ယခင်လို
သစ္စာဓိဋ္ဌာန် ပြုထားသူများ အဖျက်ကြုံရတတ်သည် သတိထား။

ကြီးပွားကြောင်း

 အနေလည်းကောင်း စိတ်လည်းကောင်း၍၊
 ကောင်းကောင်းပညာ တတ်မှသာ ငါဟာ ကြီးပွားမည်၊
 အနေမကောင်း စိတ်မကောင်း၍၊
 ကောင်းကောင်းပညာ မတတ်ပါ ငါဟာ ဆုတ်ယုတ်မည်။

အမှားကင်းအောင် သတိဆောင်

တစ်ကြိမ်တစ်ခါ အမှားသည် တစ်သက်လုံး ၀မ်းနည်းစရာ ဖြစ်ရတတ်သည်၊ အပြစ်တင်ခံရလျှင်
အပြစ်ကင်းအောင် ကျင့်ဆောင်ပါ။ စိတ်ရှည် ဇွဲသန်သည်းညည်းခံလျှင် နိဗ္ဗာန်ပင်ရောက်နိုင်သည်။ ဆဲရေးပြစ်
တင် ငွေကုန်စင် လူပင်ပန်းလည်း သည်းခံမြဲ သည်းခံပါ။ ကိုယ့်အပြစ်ကို မမြင် သူများရဲ့ အပြစ်တင်
အဲဒါလူမိုက်ပင်။

ပကတိအေးအေး တည်ငြိမ်သူ ဖြစ်လိုလျှင်
မြတ်ဗုဒ္ဓ၏ တရားကို နှလုံးသွင်းပါ၊

စိတ်လှုပ်တိုင်း မမြဲဘူးဟု သုံးသပ်နေသော ပုဂ္ဂိုလ်အဖို့ စိတ်သည် လှုပ်ရှားခြင်းကင်းကာ ငြိမ်သက်ပိပြား
လာသည်၊ စိတ်ကို အလိုမလိုက်ပဲ ဉာဏ်ကွပ်ကဲလျှင် စိတ်သည် ဉာဏ်အောက်၌ အမိန့်နာခံ ရိုကျိုးကာ
ခေါင်းမထောင်နိုင်ပဲ လည်စင်းကာ အလျှော့ပေးလေ့ရှိသည်။
စိတ်ကို ဉာဏ်ဖြင့် ကွပ်ကဲခြင်းသည် စိတ္တာနုပဿနာ ကျင့်စဉ်ပင် ဖြစ်သည်။ ထိုကျင့်စဉ်အရ စိတ်ကို
နိုင်ရုံမျှမက စိတ်အကြောင်းကို မှန်မှန်ကန်ကန် ပိုမိုအသေးစိတ် နားလည်နိုင်သည်။ ချစ်သူတွေ့တွေ့ မုန်းသူ
တွေ့တွေ့ မတုန်လှုပ်စေရန် ဉာဏ်ဖြင့် ကိန်းနည်းသည် စိတ္တာနုပဿနာခေါ် ပေါ်စိတ် တုန်လှုပ်စိတ်ကို အပျက်
တရားဟု ရှုသတ်သော နည်းပင် ဖြစ်သည်။
နောက်ဆုံး သေခြင်းတရားကိုပင် ပြုံးပြုံးနှင့် မတုန်မလှုပ် ရင်ဆိုင်သွားနိုင်သည်။ ရုပ်နာမ်ကို
ယထာဘူတကျကျ သိသွားနိုင်သည်။ ကိုယ့်အကြောင်း သူ့အကြောင်း လူတွေအကြောင်းကို ကောင်းကောင်း
ကြီး သိသည်။
ငယ်ရွယ်သူများ မှတ်ဉာဏ်ကောင်းလိုသော် ဤနည်းကို ကျင့်ပါ။ စိတ်များ ကြည်လင်၍ မှတ်ဉာဏ်
ကောင်းလာမည်။
Z ဆရာတော်ဘုရားကြီး ခဏခဏမိန့်တယ်။ တို့နဲ့ ဆွေမျိုးတော်ချင်ရင် ညီအစ်ကို၊
မောင်နှမ၊ တူဝရီး၊ ဘာညာတော်တာ ဆွေမျိုး မခေါ်ဘူး။ တို့နဲ့ ဆွေးမျိုးတော်ချင်ရင်
ဘာလဲ၊ တရားရှိအောင်လုပ်၊ တရားရှိတဲ့သူသာ ဆွေမျိုးတော်မယ်။

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။

ဓမ္မဘေရီ ဆရာတော်ကြီး

မနုဿတ္တ ဒုလ္လဘလို့ ဘုရားရှင် ချီးမွမ်းတဲ့
လူ့ဘ၀ကြီးဟာ ဆာ၊ ရှာ၊ စား၊ အိပ် ဆိုတဲ့
တိရစ္ဆာန်နဲ့ မခြားနားတဲ့ ဖော်မြူလာဟောင်းကြီးအတိုင်း လည်ပတ်ပြီး
ပူဆွေး ငိုကြွေး သေဘေးနဲ့ နိဂုံးချုပ်ရတဲ့ ဘ၀မျိုး
မဖြစ်သင့်ဘူး။

ဓမ္မဘေရီ ဆရာတော်ကြီး

ဆရာတော်ကြီး၏ အဆုံးအမ သြ၀ါဒများကို လိုက်နာကြ၍ လောကီ လောကုတ် နှစ်ဖြာသော
ကောင်းကျိုး ချမ်းသာကို ရရှိနိုင်ကြပါစေ။

တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) မှာ ဘုရားရှင်ကို ကြည်ညိုကြသော၊ တရားတော်ကို
ကြည်ညိုကြသော၊ သံဃာတော်များကို ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များအားလုံးသို့ ဓမ္မဒါန အဖြစ်
ဖြန့်ဝေ၍ ဓမ္မဒါနပြုနိုင်ပါသည်။
အောင်ဦး
www.dhammaratha.com


၁၃၇၁ ခု၊သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ကို ကြည်ညိုကြသော၊ တရားတော်ကို
ကြည်ညိုကြသော၊ သံဃာတော်များကို ကြည်ညိုကြသော ဗုဒ္ဓဘာသာဝင်များအားလုံးသို့ ဓမ္မဒါန အဖြစ်
ဖြန့်ဝေ၍ ဓမ္မဒါနပြုလိုက်ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၃)ရက်၊ညနေ(၅)နာရီ ကူးယူပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၄)

ဝိမုတ္တိရသ (http://www.vimuttirasa.com)
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၄)
ယိုးဒယားကနည်းနှင့် တူခြင်း

“အိပ်မက်လောက” ထဲမှ တတုံ တတုံထွက်၍ “ဒိဋ္ဌလောက” ထဲ၌ စိတ်ကိုထားခြင်းအားဖြင့် တစ်ချက်တစ်ချက်တွင် သိမြင်ရသော အခြင်းအရာများမှာ တန်ဖိုးရှိလှသည်။ အတော်ကြီးကျင့်သားရလာသောအခါ “အိပ်မက်လောက” မှထွက်၍ ဒိဋ္ဌလောကသို့  ၀င်လိုက်ဆိုလျင်ပင် ယခင်က ပူပန်သောကရောက်ခြင်းများ၊ အလိုမကျသဖြင့် ဒေါသဖြစ်ခြင်း စသော နှလုံးမသာယာမှုများသည် မီးကို ရေနှင့် ငြိမ်းသတ်လိုက်ဘိသကဲ့သို့  ရုတ်ချည်း ပျောက်ကွက်သွားတတ်ပေသည်။

သတိလွတ်နေခြင်းကြောင့် ပူပန်စရာထင်၍ ပူပန်မိရာမှ ရုတ်တရက် သတိရ၍ ပူပန်စရာမဟုတ်ကြောင်း သိရသည်နှင့် တပြိုင်နက် အပူကင်းကွာသွားပုံကို ဥဒါဟရုဏ်ဆောင်၍ ပြရဦးမည်။

မင်းသမီးနှင့်မင်းသား ယိုးဒယားကဟန်ဖြင့် ထွက်လာခြင်းကို ပွဲထဲ၌ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ ကထွက်လာ၍ မင်းသမီးက နောက်မှကပ်ပါလာ၏။ နှစ်ယောက်စလုံးသည် ဆိုင်းချက်နှင့် ကလျက်ရှိကြသည်။ ကိုယ့်ဟန်နှင့်ကိုယ် ကလျက်ရှိရာမှ တစ်ချက်တစ်ချက်တွင် မင်းသားက နောက်သို့ လှည့်ကြည့်လိုက်တိုင်း မင်းသမီးသည် လက်အုပ်ချီလျက် ရှိခိုးနေခြင်းကို တွေ့ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ သို့ လှည့်လျက် ကသည့်အခါတိုင်း မင်းသမီးသည် ကချင်သလို ကလျက်ရှိသော်လည်း မင်းသားက နောက်သို့ လှည့်ကြည့်လိုက်သော အခါများတွင် မင်းသမီးမှာ လက်အုပ်ချီလျက်သာ တွေ့ ရသည်။

“ဒိဋ္ဌေဒိဋ္ဌ မတ္တံ” အလုပ်၌ ၀ါရင့်သောယောဂီ၏ စိတ်မှာလည်း သတိလွတ်ခိုက်တွင် ရောက်ချင်ရာ ရောက်နေစေကာမူ၊ သတိရ၍ လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ယိုးဒယားကသော မင်းသမီး၏ လက်အုပ်ချီခြင်းကဲ့သို့  ပြားပြားဝပ်လျက် ရှိနေသည်ကို တွေ့ ရတတ်ပေသည်။ သို့ ဆိုလျင် အတော်ဟန်ပြီဟု ၀မ်းမြောက်ထိုက်ပေပြီ။ မဂ်ဆိုက်ခြင်းမျိုးကား မဟုတ်သေးပေ။

ဘာကြောင့် “ငါ” ထင်ရသနည်း

ပုဂ္ဂိုလ်အမျိုးမျိုး ရှိသည့်အနက် ရုပ် (ကိုယ်) ကောင်ကြီးကို “ငါ” ထင်သူများလည်း ရှိ၏။ ကြံစည်စိတ်ကူးတတ်သော စိတ်ကလေးကို “ငါ” ထင်တတ်သူများလည်း ရှိ၏။ ကိုယ်နှင့် စိတ်တို့ ကို ပိုင်ဆိုင်သော ဥစ္စာရှင် “ငါ” ကောင်ကလေး (soul or atman) တသီးတခြားရှိသေးသည်ဟု ယူဆသူများလည်း ရှိကြ၏။ အနောက်တိုင်းပြည်များ၌ “ငါ” ရှိသည်ဟူသော အထောက်အထားကို ဒဲ့စ်ကာတီ (Descartes) ဟူသော ဂရိတ်ပညာရှိကြီး တင်ပြခဲ့ဖူးသည့်အတိုင်း သူငါကစ ပြောတတ်ကြသည်။ ၄င်းဆရာကြီးက (I think, therefore I am) “ငါစဉ်းစားသည်။ ထို့ ကြောင့် ငါရှိသည်။” ဟု ပြောခဲ့သည်။ အဓိပ္ပါယ်မှာ စဉ်းစားစိတ်ကူးတတ်သော ငါကောင်ကလေးရှိနေခြင်းကို ထောက်ခြင်းအားဖြင့် ငါရှိကြောင်းထင်ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှေးပညာရှိကြီး တစ်ဦးတစ်ယောက်က တင်ပြထားခဲ့သော အကိုးအကားဖြစ်သည်ဆို၍ အနောက်တိုင်းပြည်များတွင် အတော်အတန်လူများ မငြင်းဝံ့ဘဲ လက်ခံထားကြသည်။ စင်စစ်မှာလည်း စဉ်းစားစိတ်ကူးတတ်သော သဘာဝကဲ့သို့  “ငါ” နှင့်တူသော အခြင်းအရာသည် မရှိတော့ချေ။

ကျွန်ုပ်ကိုယ်တိုင် (တရားအားမထုတ်ရသေးမီက) ဤအတိုင်းပင် မျက်စိလည်ခဲ့ဖူးသည်။ ဤကိုယ်ကြီးသည် သေဆုံးသောအခါ၌ မြေကြီးထဲသို့ ရောက်ရမည်ဖြစ်သောကြောင့် “ငါ” မဟုတ်နိုင်။ သို့ သော် စဉ်းစားကြံစည်တတ်သော စိတ်ကလေးမူကား “ငါ” အဖြစ်နှင့် ဘ၀တပါးသို့  ကူးပြောင်းသွားမည် ဖြစ်သည်ဟု ယူဆခဲ့ဖူးလေသည်။ (စာထဲက ဘယ်လိုဆိုစေ၊ ကိုယ်တိုင်သဘောပေါက်မှ လက်ခံနိုင်သည်။) သို့ သော် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း လေ့ကျင့်၍ “အိပ်မက်လောက” ထဲမှထွက်ပြီး “ဒိဋ္ဌလောက” ထဲ၌ ခဏခဏ နေဖန်များလာသောအခါ စဉ်းစားကြံစည်တတ်သော သဘောတရားကလေးသည် “ငါလည်းမဟုတ်၊ ငါ့ပစ္စည်းလည်းမဟုတ်၊ ပိုင်ဆိုင်သော ဥစ္စာရှင်လည်း မရှိသည့်အဖြစ်ကို တစ်လထက် တစ်လ လက်တွေ့ သဘောကျလာပေတော့သည်။ “ငါ” သော်လည်းကောင်း၊ “ငါ့ပစ္စည်း” သော်လည်းကောင်း ဟုတ်ခဲ့ပါမူ၊ ငါထားသောနေရာ၌ နေမည်။ မကြံစည်ပါနှင့်ဟု အမိန့် ပေးလိုက်လျင် (ငါပိုင်ဆိုင်ရိုးမှန်ပါက) ငါ့စကားကို နားထောင်ရမည်။ သူသွားချင်ရာသွား၍ ကြံခဲ့ပြီး မောတော့မှ အိပ်သောဟာကလေးကို “ငါ” ဟူ၍ လည်းကောင်း၊ “ငါ့ပစ္စည်း” ဟူ၍ လည်းကောင်း ဘယ်နည်းနှင့် မှတ်ယူသင့်ပါသနည်းဟု သဘောကျမိသည်။

ဆက်လက်ဖေါ်ပြပေးပါမည်


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ အောက်တိုဘာလ(၃)ရက်၊နံနက်(၈း၄၀)နာရီ ကူးတင်ပါသည်။
(သီတင်းကျွတ် လပြည့်နေ့)
 

ကျန်းမာမှု အဖြာဖြာ သိကောင်းစရာ(မကွေးဝင်းမြင့်)

၅၁။ ကျန်းမာမှု အဖြာဖြာ သိကောင်းစရာ

ကိန္နရာနာ ပျောက်စေရာ

ဓာတ်ဆိုသည်မှာ ဆန်းတော့ အဆန်းသား။ မယုံ၍လည်း မဖြစ်။ မျက်မြင်လက်တွေ့ ဖြစ်နေသည်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဟု စဉ်းစားကြပြန်တော့လည်း ဥာဏ်မမီ၍ အမောသာ အဖတ်တင်သည်။
မကွေး ရေနံချောင်း ကားစခန်းမှာ ဦးနီဟူသော အလုပ်သမား တစ်ယောက်ရှိပါသည်။ တစ်နေ့တော့ ၀က်မွေးရန် အတွက် ၀က်ပေါက်စကလေး သုံးကောင် ၀ယ်လာသည်။ ၀က်ပေါက်စ ကလေး သုံးကောင်ကို ရင်ခွင်မှာ ပိုက်ပြီး သူနေတဲ့ သိင်္ဂါရပ်ကွက်ထဲက အိမ်ကို ပြန်ပို့ပါသည်။ ဦးနီ ညနေ အလုပ်သိမ်းလို့ အိမ်ပြန်ရောက်တော့ ရေချိုးရန် ပြင်လိုက်သည်။ ဦးနီ မိန်းမက “ ရေချိုးလို့ မဖြစ်သေးဘူးလေ၊ နေ့လယ်က တော်ပဲ ၀က်တွေ ပွေ့လာတာ မဟုတ်ဘူးလား”
ဦးနီကလဲ ထို အခါမှ သတိရကာ “ အေး ဟုတ်ပေသားပဲ၊ ဒါပေမယ့် ချွေးတွေနဲ့ ကိုယ်ရေကလေးတော့ သပ်လိုက်ဦးမှ ” ပြောပြောဆိုဆိုနှင့် ကိုယ်ရေသပ်၊ လက်ခြေ ရေဆေးလိုက်စဉ် ဦးနီ အိမ်အောက် မှ ၀က်ပေါက်ကလေး သုံးကောင် အတုံးအရုံး သေသွားပါတော့၏။
နောက်တစ်နေ့ ဦးနီနှင့်တွေ့တော့…
“ ပြော ..မပြောချင်ပါဘူး ဦးဝင်းမြင့်ရယ်၊ မနေ့က ၀က်ကလေး သုံးကောင် ကိစ္စ ချောရောဗျို့၊ ကျုပ်မိန်းမ က ရေမချိုးဖို့ သတိပေးသေးတယ်၊ ဒါကြောင့် ရေတောင် မချိုးပါဘူး၊ ကိုယ်ရေကလေးသပ်၊ ခြေကလေး ဆေးရုံနဲ့ ၀က်ကလေး သုံးကောင် သေတော့တာပဲ”
“ ဘယ်လို ဓာတ်သဘောပါလိမ့်”
“ ဘယ်လို ဓာတ်သဘောလဲ မသိပါဘူးဗျာ။ ၀က်ကို လူက ထမ်းဗျ၊ ထမ်းပြီး ၀က်ကို တစ်နေရာ ချထားပြီး လူရေချိုးကြည့်၊ ၀က် ချက်ချင်းသေတယ်ဗျာ၊ ဒါကြောင့် ၀က်မွေးတဲ့ လူတွေ ဒီကိစ္စ သိပ်သတိထားကြရတယ်”
သည်အကြောင်းနှင့် ပတ်သက်၍ မကွေးမြို့မှ မိတ်တွေ ဦးဖေသန်းနှင့် စကားစပ်မိကြတော့--
“ ဒါတွေ အဆန်းကျယ်သားပဲဗျ…ကျွန်တော်တို့ အုတ်ဖုတ်တဲ့နေရာမှာ အုတ်တွေ ကျက်အောင် ထင်းလုံးတွေ မီးမြိုက်ရတယ်မဟုတ်လား၊ အဲဒီထင်းထဲမှာ ဆီးဖြူသား မပါရအောင် သိပ်ဂရုစိုက်ရတယ်၊ ဆီးဖြူသား တစ်ချောင်းတစ်လေ ကြားညှပ်ပါသွားရင် ရှိသမျှ အုတ်တွေ အကုန်ကွဲတော့တာပဲ” ဟု ပြော၏။ အုတ်လုပ်သားကြီးများနှင့် တွေ့၍ မေးကြည့်လိုက်ပြန်သော်လည်း ..
“ မယုံလို့လား.. အုတ်ဖိုး ခံနိုင်ရင် စမ်းကြည့်လေ.. ဆီးဖြူသားကတော့ ကျုပ်တို့ အုတ်ဖုတ်တဲ့ လူတွေ သိပ်သတိထားရပါတယ်။ သူပါရင် အုတ်တွေ အကုန် ကွဲပြတ်ကုန်တာပါပဲ၊ ဆီးဖြူတစ်ချောင်း အုတ်တစ်သောင်းတဲ့ဗျ ” ဟူ၏။
တစ်နေ့ ရေနံချောင်းမြို့၊ သိမ်ဖြူဈေး ဆေးပညာဌာနမှ တာဝန်ခံ ဦးဇင်း ဦးမြဖူးနှင့် ဓာတ်သဘော ဆန်းကြယ်ကြောင်း စကားစပ်မိကြတော့ ဦးဇင်း ဦးမြဖူးက..
“ ဦးဝင်းမြင့်နှယ်၊ လောကမှာ ဆန်း ကြယ်တာတွေတော့ အများကြီးပဲ၊ ကမ္ဘာ့ရန်ဘက် ကြောင်နဲ့ ကြွက်ဗျ၊ ကြောင်နှုတ်ခမ်းမွေးနှင့် ကြွက်နှုတ်ခမ်းမွေး ၊ ( ယင်းစီရင်ပုံကို ပြောပြပါသည်၊ လွယ်လည်း လွယ်ပါသည်၊ ပညာဥာဏ် အမြော်အမြင်မရှိသူများ ကုသိုလ်ကံ ၊ အကုသိုလ်ကံ မသိသူများ အလွဲသုံးစားလုပ်က ဒုက္ခရောက်နိုင်၍ ထည့်သွင်း မဖေါ်ပြတော့ပါ)၊ ( စာရေး)၊ နောက်တစ်ခု ဆန်းတာက ကိန္နရာနာ ကုထုံးဗျ၊ ဓာတ်စာနှင့် ကုတာ ပျောက်တာ သုံးယောက်ရှိပြီ၊ သုံးယောက်ပျောက်တာနော်၊ သူက လူမှာ အဖြစ်နည်းတဲ့ အနာကို ကိန္နရာဆိုတာ ချိုင်းကြားထဲက အကျိတ်လုံးတွေ ပေါ်လာတာ ဘယ်ရော၊ ညာရော ၊ တစ်လုံးက နှစ်လုံ၊ နှစ်လုံးက သုံးလုံး ဆိုတာကို ဆက်တိုက်ပေါ်လာတော့ လက်နှစ်ဘက် ကိန္နရီ ကိန္နရာလို ၀ဲပျံတော့မလို မြှောက်ထားရတာပေါ့။ အဲဒီလို ကိန္နရာ အနာကို ဓာတ်စာနှင့်ကုသဗျ၊ ပထမဆုံး ဒကာ တစ်ယောက်ဗျ၊ ဒကာကြီး ဘာမှ လုပ်မနေနဲ့။ အကောင်းဆုံးကတော့ မုန့်လုံးရေပေါ် သုံးဆယ့်သုံးလုံးတိတိ တထိုင်တည်းနဲ့ အကုန် စားနိုင်ပါ့မလားလို့ မေးတော့ စားနိုင်တယ်တဲ့၊ ဘာနဲ့ စားဆိုပြီး ဓာတ်စာပေးလိုက်တယ်။ နှစ်ရက်ရှိတော့ ယူပစ်သလို ပျောက်တယ်ဗျို့။
“ တယ်ဟုတ်ပါ့လား၊ ကိုယ်တော်”
“ ဟုတ်ဆို၊ ဆေးဝါးဘက် လိုက်စားနေတော့ နည်းကောင်း လမ်းကောင်းလေးတွေ ကိုယ်တွေ့ကလေးတွေ ပြောကြသဗျ၊ ဒါနဲ့ ဦးဇင်းလည်း အံ့သြသွားတာပေါ့၊ တစ်ယောက်တော့ ပျောက်ပြီ ဆိုပြီး ၀မ်းသာနေတုန်း၊ နောက်တစ်ယောက် ရောက်လာပြန်တယ်။ အခုဟာက ဒကာမဗျ၊ ကိန္နရာနာပဲ၊ ချိုင်ကြားအနာဆိုတော့ လက်ကြီး မြှောက်လာရတာပေါ့၊ ဦးဇင်းက ပြောတာပေါ့၊ ဒကာမကြီး ကိန္နရာနာ အကောင်းဆုံးနည်းက မုန့်လုံးရေပေါ် သုံးဆယ့် သုံးလုံးတိတိ အ၀စားဗျာ၊ ပျောက်ရစေ့မယ် ပြောလိုက်တယ်၊ အဲဒီ ဒကာမကြီးလဲ၊ ဒီနည်းပဲ ပျောက်တယ်ဗျာ၊ ကျုပ်ဓာတ်စာနဲ့ ကုတာ ကိန္နရာနာတော့ ပျောက်တာ ချည်းပဲ” ဦးဇင်း ဦးမြဖူးက ၀မ်းသာအားရ မိန့်တော်မူပါသည်။
ထို့ကြောင့် စာရေးသူလည်း ကိန္နရာနာ ဓာတ်စာဆေးကုနည်း ရကတည်းက လက်တည့်စမ်း ကုချင်နေပါသည်။ အမှန်ကတော့ အနာဆင်းရဲဒုက္ခဖြစ်နေသူတွေကို ပျောက်ကင်း ချမ်းသာစေလိုသော ပင်ကိုယ်စိတ်ရင်းကြောင့် ဖြစ်ပါဝသည်။ လောလောဆယ် စာရေးသူ၏ အသိအကျွမ်းထဲက မည်သူမျှ မပေါက်ကြ၊ သွားရင်းဟန်လွှဲလည်း ပေါက်သူမတွေ့ဖြစ်နေပါသည်။
လွန်ခဲ့သော သီတင်းကျွတ်လက စာရေးသူတို့ ဇာတိ သမန်းတော ရွာသို့ အလည်တစ်ခေါက်ရောက်သွားပါသည်။ ဆွေမျိုးတွေအိမ် တစ်အိမ်တက်ဆင်း လည်ယာမှ အစ်ကို ၀မ်းကွဲတော်သူ ကိုကြီးပွေးအိမ် ရောက်သွားပါသည်။ ကိုကြီးပွေး မိန်းမ မဆန်းသည် သံဒယ်အိုးတစ်လုံးဖြင့် မြေပဲဆန် ကြော်နေပါသည်။
“ မဆန်း၊ ကိုကြီးပွေး ရောဗျ”
“ တော်တို့ ကိုကြီးပွေး ချိုင်းကြားမှာ ကိန္နရာ နာ ပေါက်လို့တော့၊ ညှော်ကြော်တာ ညှောင်နေမှာစိုးလို့ အနောက်ပိုင်း ညှော်ရှေုာင်သွားလေရဲ့”
ဟန်ကျ လိုက်လေခြင်း၊ ကိန္နရာနာ ကုချင်နေသူနှင့် ကိန္နရာနာ ပေါက်သူတို့ ယခုမှ တွေ့ရပြီ၊ ထို့ကြောင့် မြေပဲဆန်ကြော်နှင့် ရေနွေးကြမ်းသောက်ရင်း ကိုကြီးပွေး ပြန်အလာကို စောင့်နေရတော့၏။
မကြာမီ ကိုကြီးပွေး ရောက်လာသည်။ လက်နှစ်ဘက်ကို ၀ဲပျံတော့မတတ် မြှောက်လျှက်…
“ ကိုကြီးပွေး၊ ကိန္နရာနာ ဘယ်နှစ်ရက်ရှိပြီလဲ”
“ ကြာပြီ၊ တို့ရွာက ဆရာဦးဘိုးမင်းဆေး လိမ်းတာပဲ၊ ပေါက်လိုက် ပျောက်လိုက်ဆိုသလို မသက်သာပါဘူးကွာ၊ ခုလဲ မိဆန်း ညှော်ကြော်မယ်ဆိုလို့ ညှော်ရှောင်သွားနေတာ”
“ကိုကြီးပွေး ကိန္နရာနာ နှစ်ရက်အတွင်း ယူပစ်သလို ပျောက်စေရမယ်၊ ခင်ဗျား တစ်ထိုင်တည်းနဲ့ မုန့်လုံးရေပေါ် သုံးဆယ့်သုံးလုံးတိတိ ကုန်အောင် စားနိုင်ပါ့မလား”
“ အေးစားနိုင်တယ်”
“ ကောင်းပြီ၊ အဲဒီလို ဆိုရင် မဆန်း ညနေစောင်းမှာ မုန့်ထောင်းဗျာ၊ မုန်းလုံးရေးပေါ်လုပ်ဖို့၊ ညကျရင် ကျွန်တော်လာခဲ့မယ်”
စာရေးသူက ကျကျနန မှာခဲ့ပြီး ညနေစောင်းတော့ ကိုကြီးပွေးအိမ် တစ်ခေါက်ပြန်ရောက်ပါသည်။ အားလုံး အဆင်သင့် ဖြစ်နေပါပြီ၊ မုန့်လုံးရေပေါ် ပူပူနွေးနွေးကို ပန်းကန်ပြားထဲ သုံးဆယ့်သုံးလုံးတိတိ မမှားအောင် ရေထည့်လိုက်ပြီး…
“ ကဲ ကိုကြီး ပွေးစားတော့”
“ မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လားကွာ၊ မုန့်လုံးရေပေါ်ဆိုတာ ကောက်ညှင်းတွေနဲ့ လုပ်ရတာဆိုတော့ တော်တော်ကြာ ဓာတ်ချုပ်ပြီး ပိုဆိုးနေမှဖြင့်”
“ စားစမ်းပါဗျာ၊ လက်တွေ့ ကုထုံးပါဗျ၊ ဒီရွာမှာ ကျွန်တော်သုံးရက် နေဦးမှာ ၊ မပျောက်ဘူးဆိုရင် လည်ကို ဓားနဲ့ စဉ်းလှည့်”
ကိုကြီးပွေးသည် မုန့်လုံးရေပေါ် ကြိုက်သူပီပီ ခဏခြင်းနှင့် ကုန်အောင် ၀အောင် စားပစ်လိုက်သည်။ အံ့သြစရာပါပေ။ အနာနာ၍ လက်ကြီး မြှောက်ထားရသူ ကိုကြီးပွေးသည် မုန့်လုံးရေပေါ် စားလိုက်သည့် ညမှာပင် အနာသက်သာပြီး ကျွန်တော် မပြန်မီအတွင်း သူ့ကိန္နရာနာ ရှင်းရှင်းပျောက်ကင်းသွားပါသတည်း။ ထို့ကြောင့် ကိုကြီး ပွေးက…
“ တို့ဗမာ ဆေးနည်းတွေ ဓာတ်စာတွေက အံ့သြစရာပဲကွာ၊ မင်းဆေးနည်း ကောင်းသဟေ့” ဟု ၀မ်းမြောက်ဝမ်းသာဖြစ်လျှက် ကျွန်တော့် ရွာအပြန် ဆုံဆီ မွှေးမွှေး လက်ဆောင်ပေးလိုက်ပါ၏။
စာရေးသူသည် ကိုကြီးပွေးကို လက်တွေ့ကုပြီးနောက် နောက်တစ်ယောက် ကိန္နရာနာ ပေါက်သူ ကုရပါသေးသည်။
ထိုသူကား ဦးတောဖြစ်ပါသည်။ ဦးတောသည် မကွေးမြို့နယ်၊ အင်းတိုင်ကြီးရွာမှာ ထန်းသမား ဖြစ်ပါသည်။ ရှေရိုးရာ အတိုင်း ယောင်နှင့် ဖြစ်ပါသည်။
စာရေးသူနှင့် အကြောင်းတိုက်ဆိုင်ချင်တော့ စာရေးသူ မကွေးမှ ရေနံချောင်းသို့ အသွား ၊ ဒေါင်းနေရွာ ဆေးခန်း၌ ခေတ္တ နားရင်း ဦးတောနှင့် တွေ့ရပါတော့သည်။ စာရေးသူက စပ်စု မေးမြန်းပြီး ကိန္နရာနာ ပျောက်နည်း လမ်းညွှန်ပေးလိုက်ပါသည်။ တိုတိုနှင့် လိုရင်း ရေးရသော် မုန့်လုံးရေပေါ် သုံးဆယ့်သုံးလုံးတိတိ အ၀လုပ်စားပါဗျာဟု ပြောပါသည်။ စာရေးသူ အိမ်ပြန်ရောက်၍ တစ်ပတ်အကြာ ဦးတော ကိန္နရာနာ ကျွန်တော့် ဓာတ်စာဆေးကြောင့် ပျောက်ကင်းကြောင်း ဦးတောကိုယ်တိုင် လာရောက်၍ ကျေးဇူးတင် ၀မ်းမြောက်ဝမ်းသာ ပြောပြပါတော့သည်။
ကိန္နရာနာပေါက်၍ လက်တွေ့ပျောက်ကင်းကြောင်းကိုတော့ စာတွေ့မဟုတ်၊ လက်တွေ့။ ယနေ့အထိ နှစ်ဦးကု၊ နှစ်ဦး ပျောက်ကင်းပါသည်။ မုန့်လုံးရေပေါ် သုံးဆယ့် သုံးလုံး စားကာမျှနှင့် ချိုင်းကြားထဲက ကိန္နရာနာ ဘာကြောင့် ပျောက်ပါလိမ့် ဆိုတာကိုတော့ ယနေ့အထိ တွေးမရပါချေ၊ သြော် …ဓာတ်သဘောကား ဆန်းပြားပါဘိ။


၅၂။ မျက်နှာသစ်မှု သတိပြု


ဂရုမပြုကြလို့ပါ။ ကျန်းမာရေးအတွက် အစီအစဉ်ကျကျနန နေထိုင်ကျင့်သုံးသွားမယ်ဆိုရင် အာဂန္တုက ရောဂါတွေ မကပ်ရောက်နိုင်ဘူး။ ရောဂါဆိုတာကလည်း အသေးအမွှားကနေ အကြီးအမားဖြစ်လာတတ်တာကိုး။
လူ့ခန္ဓာကိုယ်မှာ အပူအပုပ်တွေရှိပါတယ်။ ရာသီဥတု အပူကြောင့် ညှော်ခိုး ညှော်နံ့ကြောင့်၊ အပူအစပ် အစားအစာတွေကြောင့်၊ ဒေါသခိုးကြောင့် အများအပြား နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေတာပါ။
ဒါကြောင့် ဒီအပူခိုးတွေ မလောင်ကျွမ်းရအောင် ဂျပန်က ရေ၀၀သောက်နည်း ညွှန်ပြာထားပါတယ်။ ဒီနည်းလည်း ကောင်းပါတယ်။ လူအတော်များများကလည်း လက်ခံကျင့်သုံးနေကြပါပြီ။
အပူကြောင့် အခိုးအငွေ့ဖြစ်ပါတယ်။ အခိုးအငွေ့ဟာ အပေါ်ကို တွန်းကန် ရွေ့လျားတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်များရင် အပေါ်ကို လျံတက်လာပါတယ်။ ဒီအခါ လူမှာ ဇက်ကြောတွေ တက်လာပါတယ်။ ခေါင်းတွေကိုက်၊ မျက်ရိုးတွေကိုက်၊ နှာရည်တွေထွက်၊ အာခေါင်တွေခြောက်၊ သွားတွေ နာလာတတ်ပါတယ်။
သွားနာပြီဆိုမှဖြင့် ထမင်းဆို ဝေလာဝေး၊ ရေသောက်ဖို့ပင် အတော်ကြိုးစားယူရပါတယ်။ သွားရောဂါဝေဒနာ ခံစားဖူးသူတိုင်း သိကြပါတယ်။ တလောက ဦးလေးအရွယ် မိတ်တွေတစ်ယောက်သွားတွေနာ၊ သွားဖုံးတွေ ရောင်ပြီး ၇ ရက်လောက် သွားဝေဒနာ ခံစားနေရပါတယ်။ အမျိုးမျိုး ဆေးတွေ လုပ်ပါတယ်။ အချည်းနှီးပါပဲ။ ဒါကြောင့် စာရေးသူက…
“ ဦးလေး သွားနာ ပျောက်ချင်သလား”
“ ဘယ်နှယ့်ပြောပါလိမ့်၊ ပျောက်ချင်တာပေါ့”
“ ဒါဖြင့် ကျွန်တော်ပြောတာ ယုံယုံကြည်ကြည် လုပ်မလား”
“ လုပ်မယ်၊ ပြော ဘာဆေးလဲ၊ အင်္ဂလိပ်ဆေးတွေ ဗမာဆေးတွေ စုံပြီနော်”
“ ဆေးဆိုတာ ခဏပါ ဦးလေးရယ်၊ တရားသေတော့ ပြောလို့မရဘူးပေါ့၊ ဒါပေမယ့် အခြေခံအကြောင်းရင်း ငြိမ်းအောင်လုပ်မှ ပျောက်တာပါ၊ သွားထဲ ဆေးပူတွေသိပ်၊ ဟိုဟာထည့်၊ ဒီဟာထည့် လုပ်တာဟာ ထုံကျဉ်ပြီး ခဏပန်း သက်သာတဲ့ သဘော ဆောင်တာပါ၊ မူရင်း ဖြစ်လာတဲ့ အကြောင်းရင်း ငြိမ်းအောင် လုပ်တဲ့နည်းက အခု ကျွန်တော် ပြောမယ့် နည်းပဲ”
“ ကဲ၊ ဒါဖြင့်ပြော ဘာလုပ်ရမလဲ”
“ ဦးလေး မနက်အိပ်ရာထတော့ မျက်နှာအရင်သစ်သလား၊ သွားအရင် တိုက်သလား”
“ သွားအရင် တိုက်တာပေါ့”
“ အဲဒါ မှားတယ်၊ ကဲ…မနက်ဖြန်ကစပြီး ဦးလေး မျက်နှာအရင်သစ်ပါ၊ ရေအေးအေးနဲ့ သစ်ပါ၊သစ်တဲ့အခါ ပါးစပ်ထဲ ရေမ၀င်စေရဘူးနော်”
“ မောင့်ဟာက အဆန်းပဲ”
“ မဆန်းပါဘူး ဦးလေးရယ်၊ ရှေးမြန်မာ သမားတော်ကြီးတွေရဲ့ လက်သုံး ဆေးနည်းနာတွေပါ၊ အိပ်ရာထ မျက်နှာသစ်အရင်ဆုံး သစ်ပြီးလို့ ဆယ်မိနစ်လောက်ရှိမှ သွားတိုက်ရမယ်”
“ မျက်နှာသစ်ြံပီး ချက်ချင်း မျက်နှာ မသုတ်ရဘူးလား”
“ သုတ်ပါ၊ ဖြစ်ပါတယ်၊ သုံးရက်လောက် လုပ်ကြည့် ပျောက်ရမယ်”
“ ဟုတ်ရဲ့လားဗျာ”
“ မယုံစမ်းကြည့်ပေါ့လေ”
သွားနာ ဦးလေး ပြန်သွားပြီးနောက် သုံးရက်မြောက်သောနေ့တွင် အိမ်သို့ ပေါက်ချလာပါသည်။
“ တယ်ကောင်းတဲ့ နည်းပဲ၊ ကျုပ်ဖြင့် အစက ဟုတ်မှ ဟုတ်ပါ့မလားလို့၊ အေးလေ ဒါလုပ်တာ အကျင့်ပါနေတာကိုး၊ ရှေ့နဲ့နောက် ပြောင်းပြန်လုပ်ရတာပါဆိုပြီး သတိတရ လုပ်တာ ဟုတ်သဗျို့၊ ပထမရက်နဲ့ကို သက်သာသွားသဗျ၊ အဲဒီနည်း ဘယ်ကရလဲ ပြောစမ်းပါဦး”
“ ရန်ကုန် မဟာစည်သာသနာ့ရိပ်သာ ညောင်ကန်အရှင် က္ကုန္ဒက ဆီက ရတာ၊ မဟာစည်ဆရာတော်ဘုရားကြီးက တပည့်သားမြေးတွေကို “ ဦးဇင်းတို့ အိပ်ရာထ မျက်နှာအရင်သစ်သလား၊ သွားအရင် တိုက်သလား” လို့ မေးတော်မူသတဲ့”
“ အင်းဆက်စမ်းပါဦး”
“ ဒါနဲ့ ညောင်ကန် အရှင်က္ကုန္ဒကတို့က သွားတိုက်ပြီးမှ မျက်နှာသစ်ကြောင်း လျှောက်ထားတော့ ဆရာတော် ဘုရားကြီးက “ ဦးဇင်းတို့ အဲဒါမှားနေတယ်၊ မျက်နှာကို အရင်သစ်ပြီးမှ တစ်အောင့်လောက်ကြာမှသွားတိုက် ပါးလုပ်ကျင်းကြ၊ နေ့တိုင်း သတိရှိရှိနဲ့ လုပ်သွားရင် သွားနာ သွားကိုက် တစ်သက်လုံး မဖြစ်ဘူး” လို့ မိန့်တော်မူသတဲ့”
ဒီနည်းဟာ အင်မတန်ကောင်းတဲ့ နည်းပါ။ နံနက် အိပ်ရာထမှ ခံတွင်းထဲ သွားဖုံးထဲ၊ မျက်နှာထဲမှာ အပူတွေ လှောင်ပြီး အောင်းနေပါတယ်၊ အပေါ်က မျက်နှာသစ်၊ ရေစင်အေးအေးကလေး ဖျန်းလိုက်တာနဲ့ အာခံတွင်းထဲက အခိုးတွေ အပြင်ထွက်လာပါတယ်။ “ အအေးရှိ အပူလာ” ဆိုတဲ့ နိယာမသဘောပါ။
သွားဖုံးထဲ၊ သွားထဲ၊ ခံတွင်းထဲက အပူအပုပ်တွေ မရှိတော့၊ သွားနာတယ်ဆိုတာ ဘယ်ဖြစ်တော့မလဲ၊ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး မန္တလေး သီပေါခေတ်က နန်းတွင်းအပျိုတော်ကြီးတွေနဲ့ အတူနေထိုင်တဲ့ ဒေါ်ရန်( အမျိုးသား ခေါင်းဆောင်ကြီး ကွယ်လွန်သူ အာဇာနည် ဆရာကြီး ဦးရာဇတ်၏ ညီအရင်း) နဲ့ စကားစပ်မိကြတော့ “ အမေရန်လဲ မျက်နှာကို အရင်ဆုံး သစ်ပြီးမှ သွားတိုက်တယ်ကွယ့်” လို့ ရယ်ရယ်မောမော ပြောပါတယ်။ အမေရန် ဆယ်နှစ်သမီး အရွယ်ကတိုင် ကျင့်လာခဲ့တဲ့ အကျင့်တဲ့၊ ယုံပါတယ်၊ အမေရန် သွားတွေ ခိုင်တုန်း၊ ပဲကြီးလှော် ၀ါးနိုင်တုန်း။
မကွေးမြို့နယ်၊ တရားသူကြီး ဦးကျော်လှဆိုတာလဲ ရှိပါတယ်။ သူနဲ့ စာရေးသူတို့ ညီရင်း အစ်ကိုလို ခင်မင်ပါတယ်။ ဒါကြောင့် မျက်နှာ သစ်နည်းပေးတော့….
“ င့ါကွာ …လည်ချောင်း ခဏ ခဏ နာသကွ၊ လျှာတွေ ဘာတွေပါ နာတတ်တယ်၊ ငါလဲ မင်းပြောတဲ့ နည်းအတိုင်း မျက်နှာအရင်သစ်တယ်၊ သုံးရက်လောက် လုပ်ကြည့်တော့ လည်ချောင်းနာတာတွေ၊ အာတွေ၊ လျှာတွေ နာတာတွေ မပေါ်လာတော့ဘူး” ဟု ပြောလာပါသည်။
ဒါကြောင့် နံနက် အိပ်ရာထတဲ့အခါ အထူးဂရုစိုက်ဖို့က ပါးစပ်ထဲ ရေမ၀င်မိဘို့၊ သွားအရင် မတိုက်မိဘို့၊ မျက်နှာ အရင်ဆုံးသစ်ပြီးလို့ အတန်ကြာမှ သွားတိုက်ဖို့ ဖြစ်ပါတယ်။ အတိုချုပ်ဆောင်ပုဒ်ကတော့ “ မျက်နှာသစ်မှု သတိပြု” ဟူ၍။


၅၃။ မေးဖျားတစ်လျှောက် ၀က်ခြံပေါက်

“ ဦးဝင်းမြင့်၊ ဒါ ကျွန်တော့်ညီမလေး ဖြူဖြူလေ၊ မနေ့ကမှ ပခုက္ကူက လိုက်လာတာ”
မကွေးကောလိပ် စာကြည့်တိုက် အ၀င်ဝတွင် သင်္ချာနည်းပြဆရာ ဦးချစ်လွင်က “ ဖြူဖြူ” ဟု အမည်နှင့်လိုက်အောင် ငန်းဖြူမလေးလို လှသော သူ့ညီမလေးနှင့် မိတ်ဆက်ပေးပါသည်။ သူ့ညီမလေး အသက်ဆယ့်ခုနှစ်နှစ်လောက်ရှိပါဦးမည်။
“ ဟုတ်ကဲ့ ခင်ဗျ၊ သိရတာ ၀မ်းသာပါတယ်၊ ဆရာတို့ မွေးချင်း ဘယ်နှစ်ယောက်ရှိတုန်း”
“ မွေးချင်းလား၊ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ပဲ ရှိပါတယ်၊ ညီမလေးက ဆယ်တန်း ပြီးခဲ့တဲ့နှစ်က အောင်တယ်၊ အဖေအမေနဲ့ မခွဲချင်လို့ ကျောင်းတောင် ဆက်မတက်ဘဲ အိမ်မှာနေတယ်၊ ခု ကျွန်တော့်ကို လွမ်းလို့ လိုက်လာတာ၊ သွားဦးမယ်ဗျို့၊ ညီမလေးရောက်ခိုက် မြို့ထဲ လိုက်ပြလိုက်ဦးမယ်နော်”
ဆရာ ဦးချစ်လွင်တို့ မောင်နှမနှစ်ယောက်သည် အသင့်ရပ်စောင့်နေသော မြင်းလှည်းပေါ်သို့ တက်၍ မြို့ထဲသို့ ထွက်သွားသည်။
“ တကယ်ချစ်တဲ့ မောင်နှမဟေ့” ပထ၀ီဌာနမှ သူငယ်ချင်း အောင်ကျော်မြင့်ကြီးက အနားမှ မှတ်ချက်ချ၏။ ဟုတ်လည်း ဟုတ်သည်။ သူတို့ မောင်နှမသည် ကျောင်းဝန်ျးင် ဈေးဆိုင်တွေ တစ်ဝိုက်မှာ ၊ ရုပ်ရှင်ရုံထဲမှာ၊ ဘုရားရင်ပြင်တော်မှာ အမြဲတတွဲတွဲ တွေ့ရသည်။
တစ်ပတ်ခန့်ကြာသောအခါ စာရေးသူသည် မကွေးကောလိပ် ကျောင်းဖက်သို့ ထွက်လာခဲ့မိသည်။ လမ်းတွင် သမိုးသုတေသနအရာရှိဟောင်း ဦးအောင်သန်းနှင့် တွေ့ရာ…
“ စိတ်မကောင်းစရာဘဲ၊ ဆရာ ဦးချစ်လွင် ညီမလေး ဒီနေ့မနက် ဆုံးသွားရှာတယ်”
“ ဗျာ၊ ဟုတ်ရဲ့လား၊ မနေ့ကတောင် မြသလွန် ဘုရား ရင်ပြင်တော်ပေါ် တွေ့လိုက်ပါသေး”
“ ဟုတ်ပါတယ်…မြန်ဆန်လိုက်တာဗျာ၊ မေးခိုင်ပိုးဝင်လို့ပဲ”
“ မေးခိုင်ပိုးဝင်ရအောင် ဒီကောင်မလေးဟာ ဘာရောဂါဖြစ်လို့လဲ”
“ မေးဖျား ၀က်ခြားပေါက်တာပေါ့၊ အဲဒါ ညှော်တွေမိ၊ မတည့်တာတွေ စားနဲ့ မေးကြီး ရောင်ကိုင်းလာပြီး ဒီနေ့မနက် မေးထူးခေါ်မရ ဖြစ်သွားတာပဲ”
“ ဖြစ်မှ ဖြစ်ရလေ၊ ဆေးခန်းကော မသွားဘူးလား”
“ သွားတာပေါ့၊ ဆေးနှစ်လုံးတောင် ထိုးသေးတာပဲ၊ မေးဖျားပေါက်တဲ့ ၀က်ခြံဖုဆိုတာ မပေါ့ရဘူးဗျ၊ အဲဒါ ၀က်ခြံစွယ်ဖြူလို့ခေါ်တယ်”
“ အေးဗျာ…သူတို့ကလဲ အဖုလေးဆိုတော့ မလေးစားတာ အရေးမထားတာလဲ ဖြစ်မှာပေါ့၊ သွားလိုက်အုံးမယ်လေ၊လိုတာ ကူညီရတာပေါ့”
စာရေးသူသည် ဆရာဦးချစ်လွင်အိမ်( မကေးကောလိပ်တွင် ဆရာများကို တိုက်အိမ်ကလေးတွေ ၀င်းနှင့်ခြံနှင့် သီးသန့်ထားရှိ၏) သို့ ရောက်သောအခါ ဆရာဦးချစ်လွင်၏ ညီမချောကလေး ဖြူဖြူသည် ခုတင်ထက်တွင် ပက်လက်ကလေး ။ သူချစ်သော အစ်ကို့ကို ခွဲခွာသွားပါပြီ။ ကျန်ရစ်သူ ဆရာ ဦးချစ်လွင်မှာတော့ “ ညီမလေးရေ…ညီမလေးရေ၊ အဖေနဲ့ အမေကို အစ်ကို ဘယ်လို ပြောရမှာလဲကွယ့်” နှုတ်မှ တဖွဖွပြောလိုက်၊ တက်သွားလိုက် သောကမီး တောက်လောင်နေရှာပါသည်။ လုပ်ဖော်ကိုင်ဖက် ဆရာများကလည်း ဆရာဦးချစ်လွင် ဖြစ်အင်ကို မကြည့်ရက်ကြ
စာရေးသူလည်း ကြာကြာကြည့်မနေရက်တော့ပါ။ အသုဘအတွက် စီမံစရာ ကိစ္စများကို စီမံရသည်။ ဘာပဲဖြစ်ဖြစ် တစိမ်းတရံမြိုရွာလာ၍ ကွယ်လွန်ရလေသူ ဖြူဖြူ အသုဘကို စည်စည်ကားကားလေးဖြစ်အောင် နီးစပ်ရာ အပေါင်းအသင်းများထံ၊ အထူးသဖြင့် ကိုယ်ပိုင်ကားရှိသူများထံ ချဉ်းကပ်ရပါသည်။ ကုသိုလ်ကံလည်း တစ်မျိုးကောင်းပါသည်။ ကြားရသူတိုင်း စုပ်တသပ်သပ် သနားနှမြောမဆုံး။ တောင်းဆိုသည့် အကူအညီကို ကိုယ်ရော စိတ်ပါ ပေးလာကြပါသည်။
ယင်းကဲ့သို့ အကူအညီပေးကြည့်သည့် ပုဂ္ဂိုလ်များထဲတွင် မကွေး၊ ရေနံချောင်း ဘတ်စ်လိုင်းပြေးဆွဲနေသော ကားပိုင်ရှင် ဦးဘသိုက်လည်းပါဝင်ပါသည်။ ဖြူဖြူ၏ အသုဘပို့ကို ဦးဘသိုက်ကားတွင် ကျွန်တော်နှင့် ကောလိပ်မှာ ဆရာဆရာမများ ပါဝင်ကြပါသည်။ ကားပိုင်ရှင် ဦးဘသိုက်က…
“ ရင်နာစရာ ကောင်းလိုက်တာဗျာ၊ ဒီလို မေးဖျားပေါက်တဲ့ ၀က်ခြံကို မပေါ့ရဘူးဗျ၊ အထူးသဖြင့် ညှော်ရှောင်ရတယ်၊ ဖန်ခါးစေ့ကို သွေးပြီး လိမ်းရင် ပျောက်တာပေါ့ဗျာ၊ ပြီးတော့ အမှုမဲ့ အမှတ်မဲ့နေရင်းက ညှော်မိရင် မေးခိုင်ပြီး သွားတွေ စေ့သွားနိုင်တာပေါ့၊ အဲဒီလို အခါမျိုးမှာ ရေနံစိမ်း အကောင်းဆုံးပဲဗျ”
“ ရေနံစိမ်းဟုတ်လား ဦးဘသိုက်၊ လုပ်စမ်းပါဦး၊ မေးခိုင်ရောဂါနော်၊ ရေနံစိမ်း ဘာလုပ်ရမှာတုန်း ပြောစမ်းပါဦး”
“ ဟာ … မေးခိုင်ရောဂါလို့ ပြောနေကြတာပါဗျာ၊ အမှန်က အနာ ၀င်တာပါ၊ ဒီမှာ ဆေးနည်းကောင်းရှိတယ်၊ ကျွန်တော် ကိုယ်တွေ့၊ အခု လိုပဲ ကျုပ်လဲ မေးဖျား ၀က်ခြံပေါက်ဖူးခဲ့တာပေါ့”
“ ဟုတ်ကဲ့ ၊ ပြောပါဦး”
“ ကျုပ်တကယ်ပေတာ၊ ကားက တစ်ဖက်ဆိုတော့ သိပ်ဂရုမစိုက်ဘူးပေါ့ဗျာ၊ ညှော်တွေ မိရုံတင် မကဘူး၊ ကြက်သားကြော်တွေ စားနဲ့၊ အို …မေးကနေ ပါးကြီးပါ ဖောင်းလာတာပေါ့၊ တိုတို ပြောရင် အနာဝင်ပါလေရော၊ အနာဝင်တယ်ဆိုတာက မေးကြီးခိုင်ပြီး သွားတွေ စေ့သွားတာပေါ့၊ အမေလုပ်သူကလည်း ခြေမကိုင်မိ၊ လက်မကိုင်မိပေါ့၊ ဘာလုပ်ရမှန်း မသိ ဖြစ်နေတုန်း၊ ကျုပ်တို့အဖွား သီလရှင်ကြီး ရောက်ချလာတယ်၊ ကျုပ်ဖြစ်အင်မြင်တော့ “ ဟဲ့..ဟဲ့ ၀က်ခြံစွယ်ဖြူ ပေါက်တာ မပေါ့ရဘူးဟဲ၊ ခု အနာဝင်သွားတာ၊ ရေနံယူစမ်း။ ဆားလဲ ယူခဲ့ပေါ့” အမေလဲ ဘွားသီလရှင်ကြီး ပြောတာတွေ သွားယူရတာပေါ့၊ ဒါနဲ့ ဘွားသီလရှင်ကြီးက ရေနံစိမ်း စားပွဲဇွန်း နှစ်ဇွန်းဗျ၊ ဆားက လက်ဖက်ရည် ဇွန်းကလေး တစ်ဇွန်း၊ ပန်းကန်လုံးထဲထည့်ပြီး ကျုပ်ပါးစပ်ကို အတင်း ဖြဲပြီး ခုနက ဖျော်ထားတာတွေ လောင်းချတော့တာပဲ၊ အိုလောင်းချပြီး ရေနွေးတစ်ခွက်တိုက် စောင်ခြုံထားခဲ့တယ်၊ ထွက်လာလိုက်တဲ့ ချွေးတွေဗျာ၊ ရေချိုးထားသလား မှတ်ရတယ်၊ ကျုပ်လဲ အဲဒီတော့မှ အကောင်းပကတိ ဖြစ်သွားတယ်၊ အမှန်ကတော့ မေးခိုင်တာဟာ အနာဝင်တာပါဗျာ၊ အနာဝင်လာပြီလားဆိုမှဖြင့် အသက်အရွယ်လိုက်ပြီးတော့ ရေနံစိမ်းဆား အကောင်းဆုံးပဲ”
ဦးဘသိုက်က အားပါးတရ ပြောပါသည်။ မည်သူ အနာဝင်၍ ထိုဆေးနည်းဖြင့် ပျောက်ကင်းကြောင်း သက်သေသက္ကာယဖြင့် ပြောပြပါသည်။ ထို့ကြောင့် စာရေးသူလည်း စာရေးသူတို့မြို့တွင် မြန်မာ ဆေးအကျော်အမော်ဖြစ်သော အသက် ၇၈ နှစ် သမားတော်ကြီးကို ချဉ်းကပ်မေးမြန်းကြည့်တော့…
“ အေး မေးခိုင်ပိုးတွေ ဘာတွေ ငါမသိဘူး၊ မေးဖျားပေါက်တဲ့ ၀က်ခြံဟာ လူသေနိုင်တယ်ကွ၊ မေးဖျားတစ်လျှောက် ၀က်ခြံပေါက် ၀မ်းမြောက်ဝမ်းသာ မရှိရာတဲ့-မှတ်ထား၊ မင်းတို့ ခေတ်ပညာတတ်တွေ ပြောရတာ လက်ဝင်သကွာ ၊ အဲ …မေးခိုင်တယ်၊ မေးထူး ခေါ်မရ ဖြစ်သွားတာဟာ ညှော်မိပြီး အနာဝင်တာကွ အနာဝင်တာကို အိမ်သုတ်တဲ့ ရေနံစိမ်းနဲ့ဆား အကောင်းဆုံးပဲ” ဟု မိန့်၏။
ထို့ကြောင့် အနာဖြစ်လျှင် ဂရုစိုက်ပါ၊ အထူးသဖြင့် မေးဖျား အနာပေါက်လျှင် ပို၍ ဂရုစိုက်ပါ၊ အကယ်၍ အညှော်မိပြီး အနာဝင်သော် ရေနံစိမ်းနဲ့ဆား အသက် အရွယ်အလိုက် တိုက်ပါ၊ မေးခိုင်းပိုးဝင် ပါပြီ၊ လက်လွှတ်ရတော့မည် ဟု ဆိုသော လူနာများကို ထိုဆေးမြီးတိုဖြင့် အသက်ကယ်ဖူးကြောင်း များပါပြီ။ မြန်မာတို့၏ ပင်ကိုယ်စိတ်ရင်း စေတနာ ကောင်းများကို မိမိတို့အိမ်တွင် ဟင်းလျာကောင်းလေးများရက ဟင်းခွက်ကမ်းဘိသကဲ့သို့ ဆေးမြီးတိုကောင်းကလေးဖြစ်ခြင်းကြောင့် အများသိအောင် ကမ်းလိုက်ရပါသတည်း။
သတ္တ၀ါများ ကျန်းမာ ချမ်းသာကြပါစေ။



၅၄။ ဆီးရောဂါဘေး ကင်းဝေးရေး

မိန်းမမှာ “မီး” ၊ ယောက်ျားမှာ “ ဆီး ” ဆိုဘဲသကဲ့သို့ ယောက်ျားတွေ အရေးကြီးဆုံး ဆီးပါ၊ ဆီးကို ဂရုစိုက်ရပါမည်။ ဆီးရောဂါကြောင့် ဆီးကျဉ်၊ ဆီးအောင့်၊ ဆီးတောင့်၊ ဆီးမဖြောင့်၊ ဆီးနီ၊ ဆီးဝါ၊ ဆီးနည်း၊ ဆီးခိုးမှုတ်၍ မျက်စိမှုန်ခြင်း၊ ခါးတောင့်ခြင်း ဖြစ်လာသည်။ အမျိုးသားများ ကျန်းမာစေရန် အတွက် ဆီးကို အဓိက ထားရာသည်။
ဆီးကောင်းနေမည် ဆိုပါက မျက်စိကြည်လင်ခြင်း၊ အသားအရေ စိုပြေခြင်း၊ အညောင်းအကိုက် ၊ ဒူလာပါဒရက် ဝေဒနာတွေ ကင်းဝေးနိုင်သည်။
ဆီးရောဂါ မဖြစ်စေရေးနှင့် ဆီးရောဂါ ရနေသူများကို စာရေးသူ နည်းကောင်းတစ်ခု ပေးချင်၏။ ထိုနည်းကောင်းကို ဦးလေး မင်္ဂလာ ဦးအောင်မြင့်ထံမှ ရ၏။ သူပြောတက “ ကျုပ် ဟိုတုန်းက သွားလေရာ ဆီးဆေးပုလင်း ကလေး ဆောင်သွားရတယ်၊ ဆီးက မနေနိုင် မထိုင်နိုင် အောင် အောင့်တာကိုး၊ ဒါနဲ့ တစ်နေ့တော့ မဟာစည်ဆရာတော်ဘုရားကြီးနဲ့ စကားစပ်မိကြတော့ ဆရာတော် ဘုရားကြီးက ပေးတဲ့ နည်းပဲဗျ၊ အဲဒီနည်းက ရေချိုးတော့မယ်ဆိုရင် ဆီးမသွားမိအောင် သတိထားဖို့ပဲ၊ ဆီးကို အောင့်ထားရမယ်၊ အောင့်ထားလို့ မရဘူးဆိုရင်လည်း ရေမချိုးနဲ့ဦး၊ ရေ၀၀တစ်ခွက် ထသောက်လိုက်ဦး၊ သောက်ပြီးပြီးချင်း ချက်ချင်းရေ မချိုးနဲ့ဦး၊ ၁၅ မိနစ်လောက်ကြာအောင် နေဦး၊ ဆီးအိမ်ထဲ ရေ ရောက်ပါစေဦး၊ဒီတော့မှ ရေချိုးဗျ၊ အဲဒီလိုကျင့်သုံးသွားမယ်ဆိုရင် ဆီးရောဂါ လုံးဝ ကင်းစင်သွားမယ် ကျုပ်တို့ မိဘများ ရှေးလူကြီးများ “ ဟဲ့ ..ရေချိုးမလို့လား၊ ရေချိုးတော့မယ်ဆိုရင် ရေ၀၀သောက်ချိုးဟဲ့” ဆုံးမလေ့ရှိတယ်၊ ရေ၀၀သောက်ချိုးဆိုတာ အလကား ပြောတာမှ မဟုတ်ဘဲဗျ၊ အဓိပ္ပါယ်နဲ့ ပြောတာပဲဟာ၊ ကဲဗျာ၊ ဆီးအိမ်ထဲမှာ ရေမရှိဘူး၊ ရေလောင်းချိုးလိုက်တော့ အအေးနဲ့ အပေါ်က လောင်းတော့ အပူက ငုပ်လျှိုးဆင်းသွားတာဗျ၊ ဆီးအိမ်ထဲမှာ ဆီးနည်းနေတော့ ရေနည်းနည်းကလေးသာရှိတဲ့ ဒယ်အိုးကင်းကို မီးမြှိုက်သလိုပေါ့၊ အိုးကင်းကပ် ဂျိုးဖြစ်ကုန်တောပေါ့၊ အဲဒီ ဂျိုးတွေကြောင့် ဆီးလမ်းတစ်လျှောက် မဖြောင့်တာတွေ ဆီးတောင့်တာတွေ ဆီးပူညောင်းကျတာတွေ ဖြစ်လာတာပေါ့၊ ဒါကြောင့် ရေချိုးတော့မယ်ဆိုရင် ရေ၀၀သောက်ချိုးပေါ့၊ ဆီးမသွားမိအောင် သတိထားပါ၊ ကျုပ်တော့ အဲဒီနည်းအတိုင်း ကျင့်သုံးလာခဲ့တာ သွားလေရာ ဆောင်ရတဲ့ ဆီးဆေးပုလင်း လက်လွှတ်ရတဲ့အထိ ဆီးရောဂါ ကင်းဝေးသွားတယ်” ဟူ၍ ဖြစ်သည်။
“မိန်းမတွေ မီးယပ် ဓမ္မတာ မထိန်ဖို့ သတိထားရသလို၊ ယောက်ျားတွေမှာလည်း ဆီးမကျင်၊ ဆီးမဖြောင့်၊ ဆီးရောဂါမရဘို့ အရေးကြီးသကိုး၊ ဒါကြောင့် ဆီးရောဂါရနေသူတွေ ဆီးရောဂါနေသူတွေ ဆီးရောဂါ မဖြစ်ရေး ကြိုတင် ကာကွယ်ချင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီနည်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ဆီးရောဂါဘေးမှ ကင်းဝေစေမယ့်ပေါ့ဗျာ၊ ပြီးတော့ ဆီးရောဂါဝေဒနာရှင်တွေ အပူအစပ် အစားအသောက်ကိုလည်း သတိထားဆင်ခြင်ရမယ်နော်”
ထိုကဲ့သို့ မင်္ဂလာ ဦအောင့်မြင့်က မိန့်၏။ ထို့ကြောင့် နီးစပ်ရာ မိတ်ဆွေများကိုလည်း ပြောကြားပါသည်။ အကျိုးထူး ခံစားကြရပါသည်။ ဆီးရောဂါ ဖြစ်နေသူတို့ ချမ်းသာမှု ရကြပါသည်။ ထို့ကြောင့် အများချမ်းသာမှု ရကြစေရန် တင်ပြလိုက်ရပါသတည်း။
ဆီးရောဂါဘေး ကင်းဝေးကြပါစေ။

အုန်းမှုတ်ခွက်နင်းရောဂါကင်း စာအုပ်ကို ဘလော့တင်ခွင့်ပြုသော ဆရာကြီး မကွေးဝင်းမြင့် အား အထူးကျေးဇူးတင်ပါသည်။

သတ်ပုံအမှားများပါရင် သီးခံတော်မူကြပါမိတ်ဆွေများခင်ဗျား...။ ကျမ်းမာချမ်းသာကြပါစေ..။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၂)ရက်၊ည(၁၀)နာရီ ကူးရေးတင်ပါသည်။