မကွေးခရိုင်၊မြို့သစ်မြို့နယ်ဆူးတပ်ကြီးကျေးရွာတွင် ၂၆၊၂၊၂၀၁၈ညနေ၆း၃၀ခန့်ကမီးလောင်မှုဖြစ်ပွား

  မြို့သစ် ဖေဖော်ဝါရီ ၂၆
        မကွေးခရိုင်၊မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာ
ကျေးရွာတွင်အိမ်ရှင်ဒေါ်ကြည်ဝင်း
အိမ်တွင်သား
ကိုထက်နှင့်သမီးမသင်းမောင်နှစ်မနှစ်ဦး(စိတ်မနှံ့)
တိုမှဟင်းအိုးတယ်ပြီးမီးဖိုမှကျန်ရှိသောမီးကြွင်း
မီးကျန်မှတဆင့်အနီးတွင်ရှိသောကောက်ရိုးပုံကိုမီးကူးဆက်ရာမှတဆင့် စတင်လောင်ကျွမ်းခဲ့ရာညနေ
(၅း၃၀)ခန့်မှန်းသိရှိရ၍မြို့နယ်အုပ်ချုပ်ရေးမှုးပါ
၎ဦး မြို့နယ်ရဲတပ်ဖွဲ့ရဲမှုး နှင့်တပ်ဖွဲ့ဝင်များမီးသတ်တပ်
ဖွဲ့ဦးဝင်ဇင်ဖြိုးနှင့်တပ်ဖွဲ့ဝင်များနှင့်မီးသတ်ယာဉ်
(၄)စီး၊နတ်မောက်၊တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်လေးတိုင်စင်ကျေးရွာအုပ်စုတို့မှ
မီးသတ်ယာဉ်များနှင့်မီးသတိ
်တပ်ဖဲံွ့ဝင်များဒေသခံ
ပြည်သူများကမီးဆက်လက်ကူးဆက်လောင်ကျွမ်းမှု
မရှိစေရေးအတွက်ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သည်။
      အဆိုပါမီးလောင်းကျွမ်းမှုကြောင့် လူနေအိမ်
၂၇လုံး၊ဝက်(၃)ကောင်၊ဆိုင်ကယ်(၁)စီး၊ခန့်မှန်း
တန်ဖိုး၁၀၂၃၄၅၀၀ိ/-ကျပ်ခန့်ဆုံးရုံးခဲ့ကြောင်း
သိရသည်။
                              ဇော်ဇော်(မြို့သစ်)
 

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၄)၊ အထူးထုတ် ၂၀၁၈ ၊ မတ်လ(၁-၁၅)ရက်ထွက် ဂျာနယ်ကို ဖေဖော်ဝါရီ (၂၈)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။




မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၄)၊ အထူးထုတ်
၂၀၁၈ ၊ မတ်လ(၁-၁၅)ရက်ထွက် ဂျာနယ်ကို
ဖေဖော်ဝါရီ (၂၈)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
၂၀၁၈၊ ဇန်န၀ါရီ ၁၅ ရက်နေ့က မြေလတ်ဂျာနယ် သက်တမ်း သုံးနှစ်ပြည့်ခဲ့ပါသည်။
အတွဲ-၁၊ အတွဲ-၂ နှင့် အတွဲ- ၃ အကြိမ် (၂၄) မှာ သုံးနှစ်တင်းတင်းပြည့်ပါ၏။ သုံးနှစ်မွေးနေ့ ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အတွဲ(၃)၊ အမှတ်(၂၄)၊ ၂၀၁၈ မတ်လ ၁ ရက်နေ့ထုတ်ဂျာနယ်ကို သုံးနှစ်ပြည့်အထူးထုတ်ဝေပါသည်။ စာမျက်နှာတိုးထားသော်လည်း ယခင်ဈေးနှုန်းအတိုင်းသာဖြန့်ချိပေးပါမည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : uwin kyi / myaylat Journal
Pages : Myaylatt daily / မြေလတ်မီဒီယာစင်တာ
 

မန်းရွှေစက်တော်ဘုရား၌ မီးလောင်မှုဖြစ်ပွား




မင်းဘူး        ဖေဖော်ဝါရီ    ၁၉
           ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ (၃း၀၅)အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ် မန်းရွှေစက်တော် ဂေါပကရုံးတောင်ဘက် မန်းချောင်း တဘက်ခြမ်းရှိ မန်းရွှေစက်တော် ဘုရားပိုင် ပုသိမ်-မုံရွာတိုက်တန်း ၄၀'×၃၀' ပေ အုတ်ညှပ် တစ်ထပ်တိုက် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ဂေါပကအဖွဲ့ပိုင် ၎င်းအဆောက်အဦအား ဘုရားဖူးများ ငှားရမ်းခွင့်ပြုနိုင်ရန် တင်ဒါခေါ်ယူရာတွင် ဖေဖော်ဝါရီလ ၁၈ရက်နေ့ (၃း၃၀) အချိန်တွင် ဦးဝင်းစိုး(၈/မဘန (နိုင်) ၁၀၄၄၈၂) စကုအမှတ်(၂) ရပ်ကွက် နေထိုင်သူမှာ တင်ဒါရရှိပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်၍ လုပ်ပိုင်ခွင့် ပေးခဲ့ပြီး အဆောက်အဦမှာ တံခါးများ မရှိ၍ ဘုရားဖူးများမှ ၀င်ရောက်အိပ်စက်ခဲ့ပြီး ခုတင်ပေါ် ဆေးလိပ်မီးထားရှိခဲ့ရာမှ အိပ်ရာခုတင်အောက် မီးစတင်လောင်ကျွမ်းပြီး အဆောက်အဦ အတွင်းရှိ မျက်နှာကျက်၊ ထုပ်၊ ဒိုင်များနှင့် ကုတင်(၁၀)လုံး၊ Air Con (၄)လုံး၊ ရေခဲသေတ္တာ(၁) လုံး မီးလောင်ဆုံးရှုံးပြီး ဆုံးရှုံးမှုတန်ဖိုးမှာ အဆောက်အဦအတွင်းပိုင်း ၇၅၀၀၀၀/ိ-၊ ခုတင် (၁၀)လုံးနှင့် မွေ့ယာ ၁၅၀၀၀၀/ိ-၊ ရေခဲသေတ္တာ(၁)လုံး ၁၀၀၀၀၀/ိ- နှင့် Air Con (၄) လုံး ၄၀၀၀၀၀/ိ-၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၁၄၀၀၀၀၀/ိ- ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ သေဆုံးမှုမရှိခဲ့ပါကြောင်းနှင့် မီးငြိမ်းသတ် ရေဂါလံ ၄၀၀၀ ခန့် အသုံးပြုခဲ့ပါကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ရုံးမှတဆင့် သိရှိရပါသည်။
          အဆိုပါ မီးလောင်ရာနေရာသို့ ရွှေစက်တော် ယာယီမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထွန်းမြင့်ဦးနှင့်  ဦးမျိုးဆန်းတို့ ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် ၄စီး၊ ရေစုပ်စက် ၅လုံး၊သန္ဓေ ၁၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၃း၂၀) တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး (၃း၃၀) တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ သိုဖြစ်ရာ မီးလောင်မှုနှင့် ပတ်သတ်၍ ဦးဝင်းစိုး(၃၅)နှစ် (ဘ) ဦးတင်လှ အား (ပ၂၃/၂၀၁၈) ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)
 

မင်းဘူးမြို့ စည်ပင်သာယာဈေးအနီး ကံ့ကော်လမ်းအား ရာသီမရွေး သွားလာမှုအဆင်ပြေစေရေး ပြုပြင်ဆောင်ရွက်ပေး




မင်းဘူး   ဖေဖော်ဝါရီ   ၁၉
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မင်းဘူးမြို့ စည်ပင်သာယာဈေးအနီး ကံ့ကော်လမ်းအား ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၈၆၀၀၀၀၀)ဖြင့် လမ်းအရှည်ပေ(၇၇၅)ပေအား လမ်းဘေး(ဝဲ၊ ယာ) တစ်ဖက်လျှင် အကျယ်(၃)ပေချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၀ ရက်နေ့က စတင် ဆောင်ရွက်ပေးခဲ့ ရာ ယခု ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြုပြင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
          အဆိုပါ မင်းဘူးမြို့၊ စည်ပင်သာယာဈေးအနီးရှိ ကံ့ကော်လမ်းမှာ ယခင်က ပျက်စီးနေ၍ မိုးရာသီကာလများတွင် ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ သွားလာအသုံးပြုရာ၌ အဆင်မပြေမှုများ ကြုံတွေ့နေရလေ့ရှိကြောင်း သိရ သည်။ ထိုသို့ လမ်းများပျက်စီးနေသည့်အတွက် ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ နေ့စဉ်သွားလာအသုံးပြုနေ ရသည့် မင်းဘူးမြို့၊ စည်ပင်သာယာဈေးအနီး ကံ့ကော်လမ်းအား ယခု ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈၆၀၀၀၀၀)ဖြင့် လမ်းအရှည်ပေ(၇၇၅)ပေအား ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် လမ်းဘေး (ဝဲ၊ ယာ)တစ်ဖက်လျှင် (၃)ပေစီ တိုးချဲ့ပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ကံ့ကော်လမ်းတစ်လျှောက်တွင် ယခင် လုပ်ငန်းအပိုင်း(၁)အနေဖြင့် လမ်းအရှည် ၆၆၀ ပေအား ခွင့်ပြုငွေကျပ် (၁၅၇၀၀၀၀၀)ဖြင့် လမ်းဘေး(ဝဲ၊ ယာ)တစ်ဖက်လျှင် (၃)ပေစီချဲ့ထွင်ပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း နှင့်  မြေနိမ့်သည့်နေရာ လမ်းအရည်(၄၅၀)ပေအား ခွင့်ပြုငွေကျပ် (၁၉၂၀၀၀၀၀)ဖြင့် လမ်းအကျယ် (၁၈)ပေ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍  ယခုအခါ အဆိုပါ မင်းဘူးမြို့၊ စည်ပင်သာယာဈေး အနီး ကံ့ကော်လမ်းအား လမ်းပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သဖြင့် ရပ်ကွက်နေပြည် သူများနှင့် ဈေးသူဈေးသားများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)

 

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၃)၊ ၂၀၁၈ ၊ ဖေဖော်ဝါရီလ(၁၆-၂၈)ရက်ထွက် ဂျာနယ်ကို ဖေဖော်ဝါရီ (၁၆)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၃)၊
၂၀၁၈ ၊ ဖေဖော်ဝါရီလ(၁၆-၂၈)ရက်ထွက် ဂျာနယ်ကို
ဖေဖော်ဝါရီ (၁၆)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်  နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့  အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့  အကြောင်းကြားပေးစေလိုပါသည်။


            ၂၀၁၈၊ ဇန်န၀ါရီ ၁၅ ရက်နေ့က မြေလတ်ဂျာနယ်  သက်တမ်း သုံးနှစ်ပြည့်ခဲ့ပါသည်။
 အတွဲ-၁၊ အတွဲ-၂ နှင့် အတွဲ- ၃ အကြိမ် (၂၄) မှာ သုံးနှစ်တင်းတင်းပြည့်ပါ၏။ သုံးနှစ်မွေးနေ့ ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အတွဲ(၃)၊ အမှတ်(၂၄)၊ ၂၀၁၈ မတ်လ ၁ ရက်နေ့ထုတ်ဂျာနယ်ကို   သုံးနှစ်ပြည့်အထူးထုတ်ဝေပါမည်။  သို့ပါ၍ စာမူများပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ စာမျက်နှာတိုးထားသော်လည်း ယခင်ဈေးနှုန်းအတိုင်းသာဖြန့်ချိပေးပါမည်။

                                          အယ်ဒီတာအဖွဲ့
 မြေလတ်ဂျာနယ်ရုံး            အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
                                                                          ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊
                                                              မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
                                                                                          Email:                              myaylatmedia@gmail.com
                                                                                          Website:                      www.myaylatmedia.com
www.winkyi.net
Facebook :     uwin kyi /  myaylat Journal
Pages :   Myaylatt daily /  မြေလတ်မီဒီယာစင်တာ


 

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲ ပွင့်ဖြူ(အ.ထ.က)တွင် ကျင်းပ ပွင့်ဖြူ ဖေဖော်ဝါရီ ၂



         
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၂ ရက်၊ ယနေ့နံနက် ၉ နာရီက (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းသားကျောင်းသူများမှ ကျောင်းတွင်း အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          အာစရိယပူဇော်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းမှ ကျောင်းသားကျောင်းသူများက အပူဇော် ကန်တော့ခံ ဆရာ၊ ဆရာမ(၆၀)ဦးအား ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။ ထို့နောက် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ကျောင်းသားကျောင်းသူများအား ဩဝါဒစကား ပြောကြားရာတွင် ယခုလို နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူများမှ ဆရာကြီး၊ ဆရာမကြီးများကို အသိအမှတ်ပြုပြီး အာစရိယပူဇော်ပွဲ မပျက်မကွက် ကျင်းပ ပြုလုပ်ကြတဲ့ အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ကျောင်းသားကျောင်းသူများအနေဖြင့် လိမ္မာယဉ်ကျေးပြီး ဘက်စုံ ပညာရည် ထူးချွန်ထက်မြက်သော လူရည်မွန်ကောင်းများဖြစ်အောင် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ သည်။ ဆက်လက်၍ (ထက် ၊ လယ် ၊ မူ) ကျောင်းသားကျောင်းသူများက အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို တစ်ဦးချင်း အလိုက် လှူဖွယ်ပစ္စည်းများ ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
            အဆိုပါ ကျောင်းတွင်းပြုလုပ်သည့် အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပွင့်ဖြူ(အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော် နှင့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး(၆၀)ဦး၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် (ထက် ၊ လယ် ၊ မူ)အဆင့် ကျောင်းသားကျောင်းသူ (၁၈၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)