``မင်းဘူးမြို့ နှင့် မကွေးမြို့များတွင် အူရီးဒူးဆင်းကတ်များ အောက်လိုင်းဈေးဖြင့် မှတ်ပုံတင်မလို ရောင်းချ´´

ဇူလိုင် ၃၁၊ မင်းဘူး/မကွေး

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ ဈေးသစ်ရပ်ကွက်၊ အင်ကြင်းလမ်းရှိ ထိပ်တန်း မိုဘိုင်းနှင့် အီလက် ထောနစ်အရောင်းဆိုင်တွင် ဇူလိုင်(၃၁)ရက်၊ နေ့လည် ၂ နာရီမှစတင်ပြီး အူရီးဒူးဆင်းကတ်များကို ၁၅၀၀ ကျပ်ဖြင့် ကတ်(၂၀)ရောင်းချပြီးကြောင်း၊ ဟန်းဆက်  ဈေးအနည်းဆုံး ခုနှစ်သောင်းကျပ်တန် တစ်လုံးဝယ်ယူလျှင် ၎င်းဆင်းကတ်ကို အခမဲ့မေတ္တာလက်ဆောင်ပေးနေကြောင်း၊ အင်တာနက်လိုင်း သရီးဂျီပါ တပါးတည်း အသုံးပြုနိုင် အောင် လိုင်းချိန်ပေးထားကြောင်း၊ ပြောဆိုခအတွက် မီနစ် ၉၀ အခမဲ့အသုံးပြုရန်ငွေဖြည့်ထားပေးကြောင်း၊ ငွေဖြည့်ကတ်ကို သြဂုတ်(၂)ရက်နေ့လောက်မှ ငွေဖြည့်ကတ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ယခုလောလောဆယ် မန္တလေးဖြန့်ချိရေး မှ အစမ်းအသုံးပြုရန် ပေးပို့၍ ရောင်းချပေးနေကြောင်း၊ နောက်နေ့များမှာလည်း ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း အူရီးဒူးဆင်းကတ်(မင်းဘူးအရောင်းကိုယ်စားလှယ်) ထိပ်တန်း မိုဘိုင်းနှင့် အီလက် ထောနစ်အရောင်းဆိုင် ပိုင်ရှင် ဦးလှိုင်မင်းထွန်း က မဇ္ဈိမ ကိုပြောသည်။

`` ကျွန်မတို့ အူရီးဒူးဆင်းကတ် တစ်ကတ်ကို ၃၅၀၀ ကျပ်ပေးခဲ့ရပါတယ်၊ ဘာမှတ်ပုံတင်မှ မလိုပါဘူး၊ မင်းဘူး၊ မကွေးမြို့တွေလည်း သုံးလို့ရပါတယ်။´´ ဖုန်းဆင်းကတ်ဝယ်ယူလာသူ မဆွေဦး(ကွမ်းယာဆိုင်) က မဇ္ဈိမ ကိုပြောသည်။

          မကွေးမြို့၊ ပြည်တော်သာလမ်း၊ ဈေလယ်စိုးရပ်ရှိ ဟင်္သာညီနောင် (မေတ္တာမွန် ဆေးဆိုင်) စတိုးဆိုင်ကြီး တွင် ဇူလိုင်(၃၀)ရက်နေ့ မှစ၍ အူးရီးဒူးဆင်းကတ် တစ်ကတ်ကို (၁၀၀၀၀)တစ်သောင်းကျပ် ဖြင့် အောက်လိုင်း ဈေးဖြင့် မှတ်ပုံတင်မလိုဘဲ ရောင်းချပေးနေကြောင်း၊ တစ်ဦးလျှင် ကြိုက်သလောက်ဝယ်ယူနိုင်ကြောင်း ၎င်း ဟင်္သာညီနောင် စတိုးဆိုင်ကြီး မှ အရောင်းစာရေး တစ်ဦးက ဇူလိုင် ၃၁ရက်နေ့တွင် မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
                                                                                 မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 
``တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကြီးကို မကွေးတိုင်းဒေသကြီးမှ အိပ်ရှင်အဖြစ်လက်ခံကျင်းပပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ချီးမြှင့်မည် သိရ´´

ဇူလိုင် ၂၈၊ မကွေး ၊
          
 မကွေးမြို့၊ စိုးကောမင်းရပ်ကွက်ရှိ လေလုံမိုးလုံ အားကစားရုံ၌ ၂၀၁၄ ခုနှစ် မကွေးတိုင်းဒေသကြီး၊ ၀န်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် ပန်ကြပ်ဆီလတ် ပြိုင်ပွဲကြီးကို သြဂုတ် ၉ ရက်မှ ၁၃ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

          ၎င်း ပန်ကြပ်ဆီလတ် ပြိုင်ပွဲကြီးနှင့် အတူ ဘောလုံး၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း နှင့် မီနီမာရသွန်ပြိုင်ပွဲများ ကို ပူးတွဲကျင်းပသွားမည်သိရသည်။ ဘောလုံးပြိုင်ပွဲများကို မကွေးခရိုင်အားကစားကွင်း၌ သြဂုတ် ၂ ရက်မှ ၁၂ ရက်နေ့အထိလည်းကောင်း၊ ရိုးရာခြင်းခတ်ပြိုင်ပွဲကို မကွေးခရိုင်အားကစားကွင်းမှ တင်းနစ်ကွင်း၌ သြဂုတ် ၁၁ ရက်မှ ၁၃ ရက်နေ့အထိလည်းကောင်း၊ ပိုက်ကျော်ခြင်း သုံးယောက်တွဲ ပြိုင်ပွဲကို ၎င်းတင်းနစ်ကွင်း၌ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်နေ့အထိလည်းကောင်း၊ မီနီမာရသွန် ကီလိုမီတာ(၂၀)တာဝေးအပြေး၊ အမျိုးသမီး၊ အမျိုးသား ပြိုင်ပွဲကို သြဂုတ် ၉ ရက်နေ့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း ၊ ၀ါသနာရှင် နှင့် စေတနာရှင်များ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ (၀၆၃-၂၃၂၀၉)သို့ဆက်သွယ်နိုင်ပါကြောင်း မကွေးတိုင်းဒေသကြီး ကာယပညာဦးစီး ဌာန မှ သတင်းထုတ်ပြန်သည်။

 သတင်းစဉ်
မြေလတ်မီဒီယာ
 
``မကွေးမြို့နယ်အတွင်းမှ ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး´´

ဇူလိုင် ၂၇၊ မကွေး ။

မိုးပွင့်အဆင့်(၆)စီမံချက်အရ မကွေးမြို့နယ် နတ်ကန်ကျေးရွာအုပ်စု နှင့် ကျစ်စုံပွေးကျေးရွာအုပ်စု အတွင်း ရှိ နိုင်ငံသားအရည်အချင်းပြည့်မီသူ (၁၄၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင် ၂၇ ရက်နေ့တွင် မကွေးမြို့နယ်(လ.၀.က)ဦးစီးမှူး နှင့်အဖွဲ့မှ ထုတ်ပေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          ``ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ မကွေးမြို့နယ်ရုံးအဖွဲ့က နတ်ကန်ကျေးရွာအုပ်စုနဲ့ ကျစ်စုံပွေးကျေးရွာအုပ်စုရှိ နိုင်ငံသားအရည်အချင်းပြည့်မီသူများအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ (၁၄၂)ကတ်ကို ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့၊ နတ်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ နတ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် နဲ့ ကျစ်စုံပွေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ညွန့် တို့ထံ ပေးအပ်ခဲ့ပါတယ်။´´ဟု မကွေးမြို့နယ်ဦစီးမှူး ဦးဇော်ရာ က မဇ္ဈိမ ကို အတည်ပြုပြောကြားသည်။
           
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

``မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာအသင်း မှ ခြင်အန္တရာယ် နှင့် သွေးလွန်တုတ်ကွေးရောဂါကင်းရှင်ရေးအတွက် (ဖုံး သွန် လဲ စစ်) ပြုလုပ်´´

ဇူလိုင်(၂၆)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ ကန်သာရပ်ကွက် ဘီအုပ်စု အတွင်းရှိ လူနေအိမ်များသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်း ထွေးနှင့်အဖွဲ့၊ ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ကျန်းမာရေး၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ အင်အား (၁၀၀)ဦးခန့်ဖြင့်  ခြင်အန္တရာယ် ကင်းရှင်းရေး သွေးလွန်တုတ်ကွေးရောဂါ ကင်းရှင်ရေးအတွက် (ဖုံး သွန် လဲ စစ်) ပြုလုပ်ကြောင်း သတင်းရရှိသည်။

          ကန်သာရပ်ကွက် ဘီအုပ်စုအတွင်းရှိ လမ်းများ၊ နေအိမ်များသို့ တစ်အိမ်တက်ဆင်းဝင်ရောက်ပြီး ခြင်အန္တရာယ် ကင်းရှင်းရေး သွေးလွန်တုတ်ကွေးရောဂါ ကင်းရှင်ရေးအတွက် ရေလှောင်ကန်များ၊စဥ့်အိုးများ၊ ကျောက်စည်များ နှင့် ပန်းအိုးများကို(ဖုံး သွန် လဲ စစ်) ပြုလုပ်ကြကြောင်း၊ ခြင်များ မတိုးပွားရန် ဆေးများဖြင့် အိမ်ခန်းများနှင့် ရေမြောင်းများကို ပက်ဖြန်းကြောင်း၊
ထို့နောက် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းထွေး မှ ကလေးမိခင်တစ်ဦး ဒေါ်အေးအေးခိုင် (ကန်သာဘီအုပ်စု၊ ၆ လမ်း)ထံသို့ ခြင်ဆေးရည်စိမ် ခြင်ထောင်တစ်လုံးအား မေတ္တာလက်ဆောင် ပေးအပ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။