``မကွေးဇုန် တက္ကသိုလ်/ ဒီဂရီကောလိပ် ဘောလုံးပြိုင်ပွဲကျင်းပ´´



ဇူလိုင် ၂၄၊ မကွေး။
 မကွေးမြို့ စိုးကောမင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းထောင့်ရှိ မကွေးခရိုင်အားကစားကွင်း၌ ၂၀၁၄ ၊ ဇူလိုင် ၂၄ ရက်နေ့ နေ့လည် ၃း၃၀ နာရီအချိန်တွင် မကွေးဇုန် တက္ကသိုလ်/ ဒီဂရီကောလိပ် ဘောလုံးပြိုင်ပွဲကျင်းပရန် ကွင်းဖွင့် ပွဲ ပြုလုပ်ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။ 

          ၎င်းကွင်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း နှင့် မကွေးတိုင်း ဒေသကြီးဥပဒေချုပ် ဦးဇေယျ ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာအေးကျော် နှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ဆရာကြီးများ နှင့် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ပရိပ်သတ်များ ပွဲကြည့်စင်များအပြည့် တက်ရောက်ကြောင်း သိရသည်။


``မင်းတို့က အသက်အားဖြင့်ငယ်တယ်၊ ပညာလည်းတတ်တယ်၊တက်ကြွတယ်၊ တစ်တွာပြရင် တစ်တောင်မြင် တတ်တယ်၊ ဒါကြောင့်မင်းတို့ကို အားကိုးတယ်။ အနိုင်အရှုံးကအဓီက မဟုတ်ဘူး၊ အားကစားစိတ်ဓာတ် ရှိဖို့က အဓီကလိုပါတယ်..။´´ ဟု အားကစားသမားများကို မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော် က ပြောသည်။


          မကွေးဇုန် တက္ကသိုလ်/ ဒီဂရီကောလိပ် ဘောလုံးပြိုင်ပွဲကျင်းပရန်အသင်းများမှာ ၁/ မကွေးတက္ကသိုလ်၊ ၂/ ရေနံချောင်း ဒီဂရီကောလိပ်၊ ၃/ ပခုက္ကူတက္ကသိုလ် စုစုပေါင် အသင်း သုံးသင်းဖြစ်ကြောင်း၊ နေ့စဉ် ညနေ ၄ နာရီ အချိန်တွင်ဘောလုံးပြိုင်ပွဲများစတင်မည်ဖြစ်ကြောင်း၊ မူလစီမံချက်အရ ပွဲစဉ်များမှာ ပွဲစဉ်(၁) ဇူလိုင် ၂၄ ရက်နေ့ တွင် မကွေးတက္က သိုလ်အသင်း နှင့် ရေနံချောင်း ဒီဂရီကောလိပ် ။ ပွဲစဉ်(၂) ဇူလိုင် ၂၅ ရက်နေ့ တွင် ပွဲစဉ် ၁ မှ နိုင်သောအသင်း နှင့် ပခုက္ကူတက္ကသိုလ် အသင်း။ ပွဲစဉ်(၃) ဇူလိုင် ၂၆ နေ့တွင် ပွဲစဉ် ၁ ရှုံးသောအသင်း နှင့် ပခုက္ကူတက္ကသိုလ် အသင်း။ ဇူလိုင် ၂၈ ရက်နေ့တွင် ဗိုလ်လုပွဲ အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ဘောလုံးပွဲကျင်း ပရေး ကော်မတီဝင် တစ်ဦးက မဇ္ဈိမ ကိုပြောသည်။ 


        
  ပွဲစဉ်(၁)ဇူလိုင် ၂၄ ရက်နေ့ ဘောလုံးပွဲတွင် မကွေးတက္ကသိုလ်အသင်း မှ (၁)ဂိုး၊ ရေနံချောင်း ဒီဂရီ ကောလိပ် အသင်းမှ (၁)ဂိုး ဖြင့် သရေကျပြီး ညနေ ၆ နာရီအချိန်မှာ ဘောလုံးပွဲပြီးကြောင်း၊ ပွဲစဉ် (၁)တွင် တစ်ဂိုးစီဖြင့် သရေကျ၍ မူလစီမံချက်ကိုပြင်ဆင်ပြီး အမှတ်ပေးစနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ဘောလုံးပွဲကျင်းပရေး ကော်မတီဝင် တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)



Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: