``တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကြီးကို မကွေးတိုင်းဒေသကြီးမှ အိပ်ရှင်အဖြစ်လက်ခံကျင်းပပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ချီးမြှင့်မည် သိရ´´



ဇူလိုင် ၂၈၊ မကွေး ၊
          
 မကွေးမြို့၊ စိုးကောမင်းရပ်ကွက်ရှိ လေလုံမိုးလုံ အားကစားရုံ၌ ၂၀၁၄ ခုနှစ် မကွေးတိုင်းဒေသကြီး၊ ၀န်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် ပန်ကြပ်ဆီလတ် ပြိုင်ပွဲကြီးကို သြဂုတ် ၉ ရက်မှ ၁၃ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

          ၎င်း ပန်ကြပ်ဆီလတ် ပြိုင်ပွဲကြီးနှင့် အတူ ဘောလုံး၊ ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း နှင့် မီနီမာရသွန်ပြိုင်ပွဲများ ကို ပူးတွဲကျင်းပသွားမည်သိရသည်။ ဘောလုံးပြိုင်ပွဲများကို မကွေးခရိုင်အားကစားကွင်း၌ သြဂုတ် ၂ ရက်မှ ၁၂ ရက်နေ့အထိလည်းကောင်း၊ ရိုးရာခြင်းခတ်ပြိုင်ပွဲကို မကွေးခရိုင်အားကစားကွင်းမှ တင်းနစ်ကွင်း၌ သြဂုတ် ၁၁ ရက်မှ ၁၃ ရက်နေ့အထိလည်းကောင်း၊ ပိုက်ကျော်ခြင်း သုံးယောက်တွဲ ပြိုင်ပွဲကို ၎င်းတင်းနစ်ကွင်း၌ သြဂုတ် ၁၀ ရက်မှ ၁၃ ရက်နေ့အထိလည်းကောင်း၊ မီနီမာရသွန် ကီလိုမီတာ(၂၀)တာဝေးအပြေး၊ အမျိုးသမီး၊ အမျိုးသား ပြိုင်ပွဲကို သြဂုတ် ၉ ရက်နေ့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း ၊ ၀ါသနာရှင် နှင့် စေတနာရှင်များ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ (၀၆၃-၂၃၂၀၉)သို့ဆက်သွယ်နိုင်ပါကြောင်း မကွေးတိုင်းဒေသကြီး ကာယပညာဦးစီး ဌာန မှ သတင်းထုတ်ပြန်သည်။

 သတင်းစဉ်
မြေလတ်မီဒီယာ
 
 

0 comments: