ဇူလိုင်(၂၆) ရက်နေ့၊ နံနက်
(၁၀နာရီမှ နေ့လည် ၂နာရီအချိန်)အထိ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင် မီးသတ်အဆောက်အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊
ဝယ်ယူနိုင်ရန် မကွေးတိုင်း မီးသတ်စခန်း၌ တင်ဒါခေါ်ယူကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
အဆိုပါ တင်ဒါပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့်
လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဇော် လင်းအောင်(ဥက္ကဋ္ဌ)
နှင့် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်
(အတွင်းရေးမှူး) နှင့်လေလံတင်ဒါစစ်ဆေးရေးအဖွဲ့ဝင်များ၊ တင်ဒါတင်သွင်းသော ကုမ္ပဏီများမှ
ပိုင်ရှင်များ၊ မန်နေဂျာများ စုစုပေါင်း(၁၀၀)ဦး ခန့် တက်ရောက်ကြသည်။
``ယနေ့တင်ဒါပေးသွင်းကြတဲ့
လော့နံပတ်အလိုက် ဈေးနှုန်းများကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် ဖော်ပြသော ဈေးနှုန်းများကို
ပွင့်လင်းမြင်သာစွာ ဖတ်ကြားပြခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ တင်ဒါစီစစ်ရေးအဖွဲ့က စစ်ဆေးပြီး
တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြရွေးချယ်ပေးမှာဖြစ်ပါတယ်။´´ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊
ဒုတိ ယ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် (အတွင်းရေးမှူး) က မဇ္ဈိမ ကိုပြောသည်။
တင်သွင်းရမည်လုပ်ငန်းများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့တွင် မီးသတ်အဆောက် အဦးများနှင့် စက်ပစ္စည်းများ ဆောက်လုပ်၊
ဝယ်ယူနိုင်ရန် လော့နံပတ် ဆယ်ခု ဖြစ်ကြောင်း၊ ပခုက္ကူမြို့အတွက် တင်ဒါအပြိုင် ကုမ္ပဏီ
၁၃ ခု ၊ မြိုင် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၀ ခု ၊ ပေါက် အတွက် တင်ဒါအပြိုင် ကုမ္ပဏီ
၁၃ ခု ၊ ထီးလင်း အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၇ ခု ၊ ဂန့်ဂေါ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ
၇ ခု ၊ ဆင်ပေါင်ဝဲ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၃ ခု ၊ မင်းတုန်း အတွက် တင်ဒါအပြိုင်
ကုမ္ပဏီ ၁၁ ခု ၊ စေတုတ္တရာ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၁၁ ခု ၊ နတ်မောက် အတွက် တင်ဒါအပြိုင်
ကုမ္ပဏီ ၁၄ ခု ၊ နှင့် ကံမ အတွက် တင်ဒါအပြိုင် ကုမ္ပဏီ ၉ ခု တို့မှ ဈေးပြိုင်အိပ်ပိတ်
တင်ဒါများ ပေးသွင်းကြကြောင်း၊ ၎င်းမြို့များ(၁၀)မြို့တို့၌ (၂)ထပ် မီးသတ် စခန်းအဆောက်အဦးများ
တည်ဆောက်ပေးရန် တင်ဒါခေါ်ယူကြောင်း၊ ၎င်းတင်ဒါ အောင်မြင်သူ ကုမ္ပဏီ အမည်စာရင်းများကို သြဂုတ်လအတွင်း
ကြေငြာပေးမည်ဖြစ်ကြောင်း တင်ဒါစီစစ်ရေးကော်မတီအဖွဲ့ထံမှ သတင်း ရရှိသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment