``မကွေးမြို့နယ်အတွင်းမှ ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး´´



ဇူလိုင် ၂၇၊ မကွေး ။

မိုးပွင့်အဆင့်(၆)စီမံချက်အရ မကွေးမြို့နယ် နတ်ကန်ကျေးရွာအုပ်စု နှင့် ကျစ်စုံပွေးကျေးရွာအုပ်စု အတွင်း ရှိ နိုင်ငံသားအရည်အချင်းပြည့်မီသူ (၁၄၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင် ၂၇ ရက်နေ့တွင် မကွေးမြို့နယ်(လ.၀.က)ဦးစီးမှူး နှင့်အဖွဲ့မှ ထုတ်ပေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          ``ကျွန်တော်တို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ မကွေးမြို့နယ်ရုံးအဖွဲ့က နတ်ကန်ကျေးရွာအုပ်စုနဲ့ ကျစ်စုံပွေးကျေးရွာအုပ်စုရှိ နိုင်ငံသားအရည်အချင်းပြည့်မီသူများအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ (၁၄၂)ကတ်ကို ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့၊ နတ်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ နတ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် နဲ့ ကျစ်စုံပွေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်ညွန့် တို့ထံ ပေးအပ်ခဲ့ပါတယ်။´´ဟု မကွေးမြို့နယ်ဦစီးမှူး ဦးဇော်ရာ က မဇ္ဈိမ ကို အတည်ပြုပြောကြားသည်။
           

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: