Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

မြန်မာတွေဘာကြောင့်မချမ်းသာ တာလဲ



Thursday, December 8, 2011
မြန်မာတွေဘာကြောင့်မချမ်းသာ တာလဲ


မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။
အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ
ကမ္ဘာမှာအချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ
ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့
ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။


မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ
၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -



၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။
ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့်
လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ
ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ
ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ
အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။
ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို
ရမ်းပြီး မလှူသင့်ဘူး။


၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ
မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့်
မိမိကိုယ်မိမိကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း
မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊
ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။

အချိန်တန်ဖိုးမသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန်
စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား
ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင်
နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး
အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း
စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့
အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့
အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့
ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး
လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့
အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို
နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ
လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ
နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈
နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့
ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်ငယ်ရွယ်သူလေး
ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း
မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ်
ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့
မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း
မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး
ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

~~~

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို
ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက်
ဝေမျှလိုက်တာပါ လို့.....။

http://july-dream.blogspot.com/2010/11/why-arent-we-rich.html မှာ
ဖော်ပြထားပါတယ်။

မြန်မာပြည်သား ဘလော့မှ တဆင့်ကူးယူဖော်ပြပေးပါသည်။
READMORE
 

မြရတနာရွာအား အလင်းရောင်ပေးလှူကြသူ ကုသိုလ်ရှင်များနှင့် စာရင်းရှင်းတမ်း





ဟိုနေ့က “ သာသနာ အလှူ ၊ အလင်းအလှူ ” ရဲ့ စာရင်းလေးကို တင်ပေးလိုက်ပါတယ်။ စာရင်းတွေကိုတော့ ကျွန်တော့်ဆီကို ဆရာတော် ဦးကောဝိဒ ပို့ပေးပါတယ်။ 





သာသနာအလှူ ၊ အလင်းအလှူ ပို့စ်မှာ တင်ထားတဲ့ လက်ခံ ရရှိစာရင်းမှာ တစ်ခုတော့ ပြောစရာ ရှိနေပါသည်။ ဘဏ်ကို ငွေမလွှဲဖူးတဲ့ ကျွန်တော်က လွှဲသလောက် ရောက်သွားမယ်ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် ကိုယ်လွှဲချင်တဲ့ ငွေအချိုးမှာ ငွေလွှဲတဲ့ဆီက ပြောသလောက်ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လွှဲလိုက်တဲ့ဆီက ဘဏ်ငွေလွှဲခ မကောက်လိုက်တာကို မသိလိုက်ပါဘူး။ ဒါကြောင့် ၇၀,၀၀၀ ကျပ် လွှဲလိုက်တာမှာ ၅၅၀ ကျပ် လျော့ပြီး ၆၉,၄၅၀ ကျပ် ပဲ ရောက်သွားပါတယ်။ ( တချို့ဆိုင်တွေက ကောက်တယ် ဆိုပဲ။ )





ဒါကို ကျွန်တော် နောက်ထပ် အလှူရှင် “ မိုးယံ ” ဆီက အလှူငွေ သွားရောက်လက်ခံယူပြီး ၊ လွှဲပြီးမှ သိရပါတယ်။ မိုးယံ ( လူသားအားလုံးအတွက် ) ဆီမှ အလှူငွေ ၆၃,၀၀၀ ကျပ် လက်ခံရရှိပြီး တစ်ခါတည်း ဦးကောဝိဒ ဆီကို လွှဲလိုက်ပါတယ်။ ဒီမှာလည်း ဘဏ်လွှဲခ ဆိုတာ ကျွန်တော် မသိသေးတဲ့ အတွက် ဒီအတိုင်းပဲ လွှဲလိုက်တာပါ။ အခန်းပြန်ရောက်မှ ဦးကောဝိဒနဲ့ တွေ့ပြီး ဘဏ်လွှဲခ ၅၅၀ ကျပ် လျော့တယ် ဆိုတာ သိရတာပါ။





အခု အကြိမ်တွေမှာ ဘာမှ မလုပ်နိုင်တော့ပေမဲ့ နောင်အကြိမ်တွေမှာ ပြင်ဆင်လို့ ရအောင် အားလုံးကိုလည်း သတိပေးရင်း “ သာသနာအလှူ ၊ အလင်းအလှူ ” မှ စာရင်းများကို ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း အောက်မှာ ဖော်ပြလိုက်ပါသည်။





































A B C D E F
1 စဉ် ပစ္စည်းအမျိုးအမည် အရေအတွက် နှုန်း ကုန်ကျငွေ တစ်ပါးလျှင်ကုန်ကျမှု
2 ပရိက္ခရာအစုံ ၅စုံ 2500 12500 2500
3 သင်္ကန်း ၁ ပါးလျှင် (၃) စုံနှုန်း ၁၅စုံ 5500 82500 16500
4 သပိတ်(တန့်ကြည်တောင်သံသပိတ်) ၅ လုံး 4500 22500 4500
5 နိုင်လွန်ခါးပန်းကြိုး ၅ စုံ 500 2500 500
6 ခေါင်းအုံး+ခေါင်းအုန်းစွပ် ၅ လုံး 2500 12500 2500
7 စောင် ၅ထည် 4000 20000 4000
8 မျက်နှာသစ်ရေခွက် ၅ခွက် 500 2500 500
9 ပန်းကန်ပြား 500 2500 500
10 ဇွန်း ၅ ချောင်း 200 1000 200
11 ၁၀ ဆပ်ပြာခွက် ၅ခွက် 300 1500 300
12 ၁၁ ဆပ်ပြာခဲ ၅ခဲ 220 1100 220
13 ၁၂ သွားတိုက်ဆေး ၅ ဗူး 600 3000 600
14 ၁၃ သွားတိုက်တံ ၅ချောင်း 250 1250 250
15 ၁၄ ဖိနပ် ၅ရံ 1500 7500 1500
16 ၁၅ မျက်နှာသုတ်ပါဝါ ၅ထည် 1500 7500 1500
17 ၁၆ လွယ်အိတ် ၅လုံး 2500 12500 2500
18 ၁၇ လက်သည်းညှပ် ၅ခု 900 4500 900
19 ၁၈ လက်သုတ်ပ၀ါ ၅ထည် 500 2500 500
20 ၁၇ သပိတ်လွယ် ၅စုံ 2000 10000 2000
21 ၁၈ အိပ်ယာခင်း ၅ထည် 3000 15000 3000
22 ၁၉ ဖျာ အကြီးတစ်ခု 12000 12000 44970
23 ၂၀ ခြင်ထောင် အကြီးတစ်ထည် 1800 18000
24  ၂၁ သင်္ကန်းတင်ရန်၊သပိတ်တင်ရန် စင် 20000 20000
25  ၂၁ မုန့်ဟင်းခါးကျွေးကုန်ကျမှု 8500 85000
26  ၂၂ ကိုရင်များနေ့ဆွမ်းကပ် 23-8-2010 10000 10000
27  ၂၃ သီလရှင် တစ်ပါးအတွက် ကုန်ကျမှု 50000
28  စုစုပေါင်းကုန်ကျမှု 419850
29








ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း ကူးယူဖော်ပြပါသည်။




လေးစားစွာဖြင့်


ကိုဇော်


.



--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

ကိုဖော် ပေးပို့ထားသော မေးလ်အား တဆင့်ကူးယူဖော်ပြအပ်ပါသည်။ ကိုဇော်အား အထူးကျေးဇူးတင်ပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁နာရီခွဲ)
READMORE
 

မြရတနာရွာအတွက် ဘ၀များစွာအား အလင်းရောင်ပေးလိုက်တဲ့အလှူတော်ကြီး




ဟိုတစ်နေ့က ကျွန်တော် “ ဆရာတော် ဦးကောဝိဒ ဆီမှ သြဝါဒ နှင့် အလှူ ”  ဆိုသော ပို့စ် တင်ခဲ့ပြီး ပါဝင်လှူဒါန်းလိုသော အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ပို့စ်တင်ပြီး ချက်ချင်း ဆိုသလို ကိုရီး { ကိုကြီး } က မြရတနာရွာအတွက် လိုအပ်နေသော ဒိုင်နမိုအတွက်ကို လာရောက်လှူဒါန်းကာ ဆရာတော် ဦးကောဝိဒဆီကို တိုက်ရိုက် အလှူငွေ ( ၄ ) သိန်းခွဲ ပေးပို့ လှူဒါန်းခဲ့ပါသည်။





ထို ဒိုင်နမို တပ်ဆင်လှူဒါန်းသော မှတ်တမ်း ဓါတ်ပုံများကို အောက်ပါ အတိုင်း မှတ်တမ်းတင်ထားပါသည်။








ဤသို့ တပ်ဆင်လှူဒါန်းခဲ့သည်။

































ထိုနောက် ကောင်းနိုးရာရာ နေရာများ၌ အလှူအတွက် ဆိုရင် အမြဲတမ်း တတ်ကြွလေ့ရှိသော ညီမ “ နိုးနိုးမောင် ” က ချို့တဲ့သူများကို သင်္ကန်းစည်းပေးသော အလှူလုပ်ချင်ကြောင်း ကျွန်တော့်ကို ပြောခဲ့ဖူးပါသည်။ ဒါကြောင့် ကျွန်တော်ကလည်း တကယ်လို့ ထိုကဲ့သို့ အလှူခံလိုသော ပုဂ္ဂိုလ်များ ရှိလာရင် ကျွန်တော်တို့ကို မြွတ်ကြားပေးပါရန် ဆရာတော် ဦးကောဝိဒကို ကျွန်တော်က လျှောက်ထားဖူးပါသည်။





ဒါကြောင့် မြရတနာမှ ချို့တဲ့သော အလှူခံ ပုဂ္ဂိုလ်များက ကိုရင်ဝတ်ရန် အလှူခံလာသော အခါမှာ မထင်မှတ်ပဲ မြန်မြန်ဆန်ဆန် ဖြစ်မြောက်ခဲ့ပါတော့သည်။ ဒါကြောင့် ကျွန်တော်လည်း သိသိချင်း ပို့စ်လည်း တင်ကာ နိုင်ငံ အရပ်ရပ်မှ အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ထို့အတူ မူလ အစီအစဉ်အတိုင်း ကျွန်တော်တို့ ခင်မင်နေသော မောင်နှမများကလည်း မူလအတိုင်း ဆရာတော် ဦးကောဝိဒ နဲ့ ဆက်သွယ် လှူဒါန် ခဲ့ပါသည်။ ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းလိုသူများကတော့ အောက်ပါ အတိုင်း တခြားသော မည်သည့် အကြောင်းကိစ္စ မဆို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။





ဦးကောဝိဒ


၉/ပဥလ ( သ ) ၀၀၀၅၂၆


Current Account D - 1 (ဦးကောဝိဒ)


မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ စစ်ကိုင်းမြို့။


Ph : 092110202
Email - kovida9@gmail.com





ဟိုအရင် တစ်ခါကတော့ ဘယ်သူ့ကိုမှ မပြောဖြစ်လိုက်ဘဲ မြရတနာသို့ သွားရာလမ်းမကြီး မြေဖို့ရန် ကားအစီး ( ၅၀ ) စာ လိုနေခဲ့ပါသည်။ ဒါကို ဆရာတော်က မာတီမှာ ပို့စ်တင်တော့ ကျွန်တော်လည်း ဘယ်သူနဲ့မှ မတိုင်ပင် ဖြစ်ပဲ ခြေမြန် လက်မြန် ကားအစီး ( ၅၀ ) လုံး လှူလိုက်ပါသည်။ ဒါကို လှူပြီးတော့မှ နောက်ဘာပဲ လှူလှူ သူတို့ကိုလည်း အသိပေးပါ ဆိုပြီး ပြောထားဖူးသော သူငယ်ချင်း ဖြိုးသီရိ ၊ ညီမ နိုးနိုးမောင် တို့ကိုလည်း အခု တစ်ခါတော့ အသိပေး ဖြစ်ခဲ့ပါသည်။ သူတို့ နှစ်ယောက်ကတော့ ဘယ်နေရာက ဘာအလှူပဲ ဖြစ်ဖြစ် အမြဲတမ်း ပါဝင်နေသူများပဲ ဖြစ်ပါသည်။








မြရတနာ လမ်းမ ပုံရိပ် တချို့



















အခု ကျွန်တော်တို့ သူငယ်ချင်း မောင်နှမများ စုပေါင်းပြီး အလှူငွေ ကောက်ခံ လှူဒါန်းရာမှာ ကျွန်တော်ကလည်း ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါသည် ဟု ဆိုကာ ကြော်ငြာခဲ့ပါသည်။ ဒါကြောင့် ကျွန်တော် တင်သော ပို့စ်ကို ဖတ်ပြီး ကျွန်တော် အမည် မသိသော မလေးရှားမှာ အလှူရှင် တစ်ယောက်က အလှူငွေ - ၅၉၅၁၀ ကျပ် ကို ဆရာတော် ဦးကောဝိဒမှ တိုက်ရိုက် အလှူခံ ရရှိပါသည်။ ထို အလှူရှင်ကို ကျွန်တော် မသိပါ။ ထိုအလှူရှင် အပါအဝင် အလှူငွေ ပါဝင်လှူဒါန်း သူများမှာ အောက်ပါ အတိုင်း စာရင်းပြုစုမိပါသည်။


အမည်မသိ မလေးရှားမှ အလှူရှင် -    ၅၉,၅၁၉ ကျပ်
နိုးနိုးမောင်                              -  ၁၅၀,၀၀၀ ကျပ်
နိုင်နိုင် ( နော်ဝေး )                   -  ၁၀၀, ၀၀၀ ကျပ်
နန်းထွေးစန္ဒာလွင် ( စင်ကာပူ )    -    ၅၀,၀၀၀ ကျပ်
ဖြိုးသီရိ                                 -    ၂၀,၀၀၀ ကျပ်
ကိုဇော်                                 -    ၅၀,၀၀၀ ကျပ်
------------------------------------------------------------
စုစုပေါင်း                               -    ၄၂၉၅၁၉  ကျပ်


( ဤ အလှူငွေ နှင့်ပတ်သတ်၍ မှားယွင်း လွဲချော်မှု တစ်စုံ တစ်ရာ ရှိပါက ကျွန်တော်၏ အမှားသာ ဖြစ်ပါသည်။ )



ကို လက်ခံ ရရှိသည်ဟု သိရပါသည်။ ထိုငွေများ ဖြင့် ကိုရင် ( ၅ ) ပါး ၊ သီလရှင်  ( ၁ ) ပါးကို တရားဘောင်သို့ သွတ်သွင်းရန် ဆရာတော်မှ အကြံပေးပါသည်။ ထိုအလှူပွဲသို့ ဆရာတော် ဦးဇဝန  မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော် နှင့် မြစင်္ကြာ ဆရာတော်ကြီး တစ်ပါး ကြွရောက်ကာ တရားတော် ချီးမြင့်မယ် လို့ သိရပါသည်။





ကျွန်တော်တို့ အလှူရှင်တွေနဲ့ အလှူခံ ပုဂ္ဂိုလ်တွေ တိုက်ရိုက် ထိတွေ့ခွင့် ရအောင် ဆရာတော် ဦးကောဝိဒမှ ဖုန်းဖြင့် အောက်ပါ အတိုင်း စီစဉ်ပေးပါသည်။ တကယ်ကို ရင်ထဲမှာ ဖော်မပြ တတ်လောက်အောင် ဝမ်းသာမိသည်။ သူတို့ ဆရာတော်က ဖုန်းပြောရမယ် ဆိုလို့သာ ပြောကြရတယ် ဖုန်းတောင်မှ သေချာ မပြောတတ်။ ဖုန်းထဲမှာ ကျွန်တော် ထင်နေသော ကိုယ်ဟန်မျိုး သူတို့မှာ ရှိနေသည်။ တစ်ခွန်းမေး တစ်ခွန်းဖြေဖြင့် ထစ်ငေါ့နေကြသည်။ မည်သို့ပင် ဖြစ်စေ ပီတိ စစ်စစ်တော့ ဖြစ်ခဲ့ပါသည်။







ဤသို့ ဤနှယ် သူတို့ ပြောကြသည်။
















ကိုရင်  ( ၅ ) ပါး ၊ သီလရှင် ( ၁ ) ပါး ကို စ၍ အောက်ပါ အတိုင်း ဆံချကာ ဆရာတော်ကြီးများက သင်္ကန်းစည်း ပေးကြပါသည်။ ဆံချ ၊ သင်္ကန်းတောင်း ၊ သင်္ကန်းစည်းကာ တရားဟောကြားပါသည်။ ထိုပုံများကတော့ အောက်ပါ အတိုင်း ဖြစ်ပါသည်။







ဤသို့ သင်္ကန်း စည်းခဲ့ကြသည်။




























































ထို့နောက် တစ်ရွာလုံးကို ဆရာတော် ဦးကောဝိဒ၏ အစီအစဉ် အရ မုန့်ဟင်းခါး ကျွေးဖြစ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ ယခုစာဖတ်သူများကိုလည်း မျှဝေ ပီတိ ဖြစ်စေချင်ပါသည်။ လာရောက် အလှူခံကာ စားသုံးသူများရဲ့ ပုံရိပ်တွေကို ကြည့်ကြည့်ပါ။ ပကာသန ဆိုတာ လုံးဝမပါသော အလှူခံ ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။ ဆရာတော် ဦးဇဝန မြွတ်ကြားခဲ့ဖူးသော တရားထဲကလို ပြောရရင် ဒါဟာ  “ ပါရမီထိုက်သော ဒါန ” တစ်ခုကို ပြုခဲ့မိတာပါပဲ။





ထိုတရားတော်ကို ကျွန်တော် အလွန် နှစ်သက်ပါသည်။ လိုချင်သူများ အတွက် ကျွန်တော် ကိုယ်တိုင် MP3 လုပ်ပြီး တင်ပေးထားတာ ရှိပါသည်။ ဤနေရာ တွင် ယူပါ။








ဤသို့ မုန့်ဟင်းခါး ကျွေးကာ ဒါနပြုခဲ့သည်။


































မပြုခင် နဲ့ ပြုပြီး ၊ မဖြစ်ခင် နဲ့ ဖြစ်ပြီး ဆိုသော ထိုအရာ နှစ်ခုကို ကျွန်တော် ယခုကဲ့သို ယှဉ်ကြည့်မိခဲ့ပါသည်။ ထိုအရာမှာ ကိုရင် ၊ သီလရှင် မဝတ်မှီနဲ့ ဝတ်ပြီး ဓါတ်ပုံများပါပဲ။







ဤသို့ ယှဉ်ကြည့်မိပါသည်။



























ရှင်ပြု အလှူလေး အောင်မြင်စွာ ကျင်းပနေတုန်း မထင်မှတ်ပဲ စိတ်မကောင်းစရာ တစ်ခု ကြုံခဲ့ရပါသည်။ သူများတွေ ကိုရင် ဝတ်တာကို ကြည့်ပြီး သူလည်း ကိုရင်ဝတ်ချင်လို့ ဆိုကာ ငိုယိုနေသော ကလေးတစ်ယောက်ပါ။ မိဘတွေက အဝေးမှာ ဖြစ်ပြီး အခုလောလောဆယ်တော့ ဦးလေးနဲ့ နေပါသည်။ ဆရာတော် ဦးကောဝိဒကို မလျှောက်ရဲလို့ ဆိုကာ တဆင့်စကားနဲ့ နောက်မှ ဆရာတော့်ဆီကို ရောက်ခဲ့ပါသည်။ ဒီနေ့ အဖို့တော့ ကိုရင်အတွက် အဆင်မပြေတော့ပြီ။ ဒါကြောင့် သူ့ကို မနက်ဖြန် ( ၂၄.၈.၂၀၁၀ ) မှာ ထပ်ပြီးတော့ ကိုရင် ဝတ်ပေးမယ်လို့ ကျွန်တော်တို့ တစ်ခါတည်းပဲ ဆုံးဖြတ် လိုက်ပါသည်။ သူ့ရဲ့ သူများတွေ ကိုရင်ဝတ်တာကို အားကျကာ မျက်ရည်စိုရွဲနေသော မှတ်တမ်းတင် ဓါတ်ပုံလေးပါ။









ယနေ့ ယခု ကျင်းပသော ရှင်ပြု အလှူလေးကတော့ အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ဒီအလှူလေးကို အကျဉ်းချုံးအားဖြင့် ပြန်လည်ကာ ဒီလို မှတ်တမ်းတင် ဖော်ပြပါ့မည်။


ယနေ့ ၁၃၇၂ ခု ၀ါခေါင်လဆန်း (၁၃)ရက် တနင်္လာနေ့ ၂၃.၈.၂၀၁၀ ရက်နေ့ အလှူပွဲ


နံနက်ပိုင်း စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှ အရုံ ဆွမ်းကပ်လှူခြင်း Dr.Nyan + မ၀ါဝါခိုင်မင်း သမီးလေး မေမြတ်နိုးခိုင်မှ အရုဏ်မုန့်ဟင်းခါးဆွမ်း သံဃာတော်များကို ကပ်လှူခဲ့ပါတယ်။ ဆွမ်းလောင်းအသင်းမှ နေ့ဆွမ်း လောင်းလှူခဲ့ပြီး မြရတနာကြွဖို့ စီစဉ်ရပါတယ်။ မေတ္တာရှင် ဆရာတော်က မိတ္တိလာကနေ ကြွလာမှာဆိုတော့ ဆရာတော်ကို စောင့်ရပါတယ်။ နံနက် ၈ နာရီမှာ ကလေးများကို ပြင်ဆင်ပြီး ရွာတွင် စီစဉ်စရာ ရှိတာများကို စီစဉ်ရင်း ၊ မြစင်္ကြာ ဆရာတော်ကိုပင့်ဖို့ စစ်ကိုင်းမြို့မှ ဇာတ်မင်းသား လှိုင်ဘွားအောင် ၏ ဖခင် ပန်တျာဦးမြကြည်မှ မော်တော်ယာဉ် စီစဉ်ပေးခဲ့ပြီး ဆရာတော်များကို နေ့ဆွမ်းကပ်ဖို့ပါ တစ်ခါတည်း စီစဉ် ပေးခဲ့ပါတယ်။ ကလေးများကို ဆံချ ကိုရင်ဝတ်ပေးပြီး ၊ ရေစက်ချ အခမ်းအနား ကျင်းပပါတယ်။ ကိုကြီး လှူဒါန်းသော ဒိုင်နမို နှင့် မလေးရှားနိုင်ငံမှ ဒါယိကာမကြီး မခင်ငြိမ်းချမ်းဦး လှူဒါန်းသော စက်ခန်းတို့အား ရေစက်ချ အမျှဝေကြပါတယ်။ ပြီးနောက် ရွာလုံးကျွတ် မုန့်ဟင်းခါး တိုက်ကျွေးခဲ့ပါတယ်။ အလှူရှင် တစ်ဦးမှ ရွာအတွင်း အိမ်ထောင်စု တစ်စုလျှင် စတီးဇလုံ တစ်လုံး လှူဒါန်းခဲ့ပါတယ်။ ”





*** အထက်ပါ စာမှာ ဆရာတော် ဦးကောဝိဒ ဆီမှ တိုက်ရိုက်ကူးယူကာ စာလုံးပေါင်းများသာ ပြင်ဆင်၍ ဖော်ပြပါသည်။ ***






ကုသိုလ် မျှဝေခြင်း . . . 


အထက်ပါ ရှင်ပြု အလှူနှင့်တကွ ကျွန်ုပ် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ယခု စာဖတ်သူနဲ့ တကွ ၊ ကျွန်တော့်ကို ချစ်သော ၊ ကျွန်တော့်ကို မုန်းသော ၊ ကျွန်တော့်ကို ဘယ်လိုမှ မနေသော လူများ ၊ စာဖတ်သူများ အားလုံးကို အမျှ ပေးဝေပါသည်။

ကျွန်တော့် ဘလော့မှာ သူတို့ စိတ်တိုင်း မကျတိုင်း လာရောက် ဆဲဆိုသူများ ၊ စာဖတ်သူများ အထင်အမြင် လွဲအောင် နည်းမျိုးစုံနဲ့ လာရောက် နှောင့်ယှက်ကာ ရေးသားသူများကိုပါ မချန်ဘဲ ကျွန်ုပ် မေတ္တာ ပို့ပါသည်။ ဒီလောက်နဲ့ ကျွန်တော့် စိတ်ဓါတ်ကို ရိုက်ချိုးလို့ မရသေးပါဘူး။ ထိုသူများကိုပါ ကျွန်ုပ်ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှ ပေးဝေပါသည်။



*** အားလုံး ကြားကြသမျှ . . . အမျှ . . .အမျှ. . . . အမျှ . . ယူတော် မူကြပါကုန်လော့။ ***






နောက်ဆက်တွဲ . . .



ပို့စ်လေးလည်း အဆုံးသတ်ပြီး အမျှတောင်မှ ဝေပြီးတော့မှ ကျွန်တော် စိတ်ကူးလေး တစ်ခု ရမိပြန်ပါသည်။ ထိုအရာကား တခြားတော့ မဟုတ်ပါ။ အခုဆိုရင် ကိုရီး { ကိုကြီး } မှ ဦးဆောင်ကာ လှူဒါန်းထားသော ဒိုင်နမိုကြောင့် မီးတော့ ကောင်းစွာ လင်းပြီး စာဖတ်၍ ရကာ အဆင်ပြေနေပါပြီ။ သို့သော် ကျွန်တော်ရဲ့ မြန်မြန်ဆန်ဆန် အလှူခံကာ လှူလိုက်ရသော အလှူကြောင့် ယခု ရှင်ပြု အလှူပွဲမှာ မလှူလိုက်ရသော အလှူရှင်များက မြရတနာ ဆိုသော ရွာလေး အမြဲတမ်း မီးလင်းနေစေဖို့ လည်ပတ် မောင်းနှင်ရသော မီးစက်အင်ဂျင် အတွက် ဆီသော်လည်းကောင်း ၊ တခြားသော ထောက်ပံ့ပစ္စည်းများကိုသော်လည်းကောင်း စေတနာရှိသလို ဆရာတော် ဦးကောဝိဒ နဲ့ တိုက်ရိုက် ဆက်သွယ်ကာ ဆက်လက် ပါဝင်  လှူဒါန်းနိုင်ကြပါတယ် ခင်ဗျား။






လေးစားစွာဖြင့်


ကိုဇော်
.




--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

တဆင့်ကူးယူဖော်ပြပေးပါသည်။ ကိုဇော် အား အထူးကျေးဇူးတင်ပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁)နာရီ
READMORE