၂၀၁၄-ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့်စပ်လျဉ်းသည့် အခွန်းဆိုင်ရာ ရှင်းလင်းပွဲကျင်းပ




မကွေး       မေ        ၃၀
          နိုင်ငံတော်က ခေတ်စနစ်နဲ့လိုက်လျောညီထွေပြဌာန်းထားတဲ့ ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း၊အမိန့်ကြော် ငြာစာများနှင့်အညီ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အကောက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံ ရရှိရေးမှာ အခွန်ဝန်ထမ်းများနှင့် အခွန်းထမ်းပြည်သူများအကြား နားလည်မှု လွဲမှားခြင်းမရှိစေဘဲ ပြေလည်စွာ ဆက်ဆံကြပြီး အခွန်ထမ်းပြည်သူများက နိုင်ငံတော်အတွက် အခွန်ငွေများကို လိုလားကြည်ဖြူစွာ ပေးဆောင် လာစေရန်နှင့် ဘဏ္ဍာငွေရရှိရေးအတွက်ဖြစ်သော်လည်း အခွန်ကောက်ခံခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို  ကြီးကြပ်ထိန်းကွပ်ခြင်း၊ဈေးနှုန်းတည်ငြိမ်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထေက်အပံ့ဖြစ်စေခြင်း၊ ဓနအင်အား မျှတစေခြင်း၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေခြင်း စသည် ရည်ရွယ်ချက်များဖြင့် ၂၀၁၄-ခုနှစ် ၊ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာရှင်းလင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ပြည်တွင်းအခွန်းများဦးစီးဌာနမှ ကြီးမှု၍ မေလ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က မကွေးမြို့ အဆင့်မြင့် မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်ရဲထွန်းမှ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။


          ထို့နောက် မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမိုးမှ တံဆိပ်ခေါင်းခွန် ဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားပြီး အခွန်ဆိုင်ရာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ ၊အခွန်ထမ်းပြည်သူများ အင်အား (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                        0933248014
မှတ်ပုံတင်အမှတ်          ၈/ပဖန(နိုင်)၀၆၉၉၇၈

 

အသက်မွေးဝမ်းကျောင်း ၀ါးအခြေခံ လက်မှု အထည်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲကျင်းပ



စေတုတ္တရာ       မေ       ၂၉
          မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် တွင် အသက်မွေးဝမ်းကျောင်း ၀ါးအခြေခံ လက်မှု အထည်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၁၄)ဖွင့်ပွဲအခမ်းအနားကို မေလ(၂၉)ရက်နေ့ နံနက်(၈)နာရီက စေတုတ္တရာမြို့နယ် သမ၀ါယမ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်မှ အဖွင့်အမှာစကားပြောကြားပြီး  တိုင်းဒေသကြီးသမ၀ါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆယ်တင်မှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ စေတုတ္တရာမြို့နယ်၊စလင်းမြို့နယ်၊ပွင့်ဖြူမြို့နယ်၊ငဖဲမြို့နယ်များမှ  အသင်းသား (၃၀)ဦးတက်ရောက်သင်ကြားကြပြီး သင်တန်းကာလမှာ မေလ(၂၉)ရက်နေ့မှ ဇွန်လ(၁၂)ရက်နေ့အထိ (၁၅)ရက်ကြာ ညောင်ဦးယွန်းပညာကောလိပ်မှ လက်ထောက်ကထိက ဦးတင်ဝင်းနှင့် ဒေါ်သန်းသန်းဌေး(နည်းပြ) တို့မှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထွန်း-ပွင့်ဖြူ
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                     0933248014
 

ကန်ရေကျေးရွာ ကျေးလက် မြေသားမိုးရေလှောင်ကန် ပြန်လည်တူးဖော်ရန်စီစဉ်




မင်းဘူး       မေ      ၃၀
        မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် ကန်ရေကျေးရွာအုပ်စု ကျေးလက် မြေသားမိုးရေလှောင်ကန် သည် ရှေ့နှစ်ပေါင်းများစွာက ကျေးလက်နေပြည်သူများ သောက်သုံးရေ အတွက် အားထားမှီခိုနေရသော မြေသားကန်တစ်ခုဖြစ်ခဲ့ပြီး နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကန်ရေလှောင်နိုင်မှုမရှိဘဲ မြေသားကန် ကောလာသဖြင့် မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ပြန်လည်တူးဖော်နိုင်ရန် အတွက် ဒေါ်ရီအေးခိုင်(ဦးစီးအရာရှိ-နည်းပညာ)နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး၍ ကန်မျက်နှာပြင် တူးဖော်ရန်နှင့် မြေသားဘောင်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် တိုင်းတာလျက်ရှိကြောင်းသိရှိရသည်။

သူရထွန်း(မကွေး)
သတင်းပေးပို့သူ    -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                       0933248014
 

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆေက်ရွက်





မင်းဘူး      မေ     ၂၇
          မင်းဘူး(စကု)မြို့နယ် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ဗိုလ်မှူးကြီး မျိုးသန့် ဦးစီးသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓါတ်မှန်ရိုက်ယာဉ်၊အထောက်အကူပြုယာဉ်များဖြင့် ဒေသခံပြည်သူများ အား မေလ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ပါသည်။


          မင်းဘူး(စကု)မြို့နယ် ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်ရန် ဗိုလ်ကြီး ဟန်မိုးဇော်ဦး ဆောင်သော အဖွဲ့(၁)နှင့် ဗိုလ်ကြီး သန်းထိုက်ဦးဆောင်သော အဖွဲ့(၂)ဟူ၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ကျေးရွာများတွင် အခြေတည်၍ ပတ်ဝန်ကျင်ကျေးရွာများမှ ပြည်သူများအားကျန်းမာရေးစစ်ဆေးကုသခဲ့ပါသည်။


          နယ်လှည့် အထူးကုဆေးအဖွဲ့သည် အထွေထွေရောဂါ ၊အရိုးအကြော၊မျက်စိ၊သွား၊သားဖွားမီးယပ်၊ နားနှာခေါင်း၊လည်ချောင်းရောဂါများအား ရှာဖွေခြင်း၊ကုသခြင်း၊ခွဲစိတ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ ဝေဒနာရှင် ကျား(၂၀၅၁)ဦးနှင့် မ(၂၇၅၆)ဦး၊စုစုပေါင်း(၄၈၀၇)ဦးအား ကျန်းမာရေး စောင့်ရှောက် မှုပေးခဲ့ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)
သတင်းပေးပို့သူ    -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)

 
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
 
www.winkyi.net
 
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)



 

မော်တော်ဆိုင်ကယ်လိုင်စင်များနေ့ချင်းအပြီး ဆောင်ရွက်ပေးလျက်ရှိ




မကွေး        မေ         ၂၆
          မကွေးတိုင်းဒေသကြီး၊ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ မကွေးခရိုင်အတွင်းရှိ မြို့နယ် /ကျေးရွာများမှ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ရေးလုပ်ငန်း စီမံချက်ဖြင့် မှတ်ပုံတင် စာအုပ်၊၀ှီးတက်နှင့် ဖောင်းကြွနံပါတ်ပြားများအား နေ့ချင်းအပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

          ၂၀၁၄-ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှစတင်၍ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို မှတ်ပုံတင် ပေးလျက်ရှိရာ မေလ(၂၃)ရက်နေ့အထိ မကွေးခရိုင်တွင် မော်တော်ဆိုင်ကယ်(၄၄၀၈)စီး မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ကျန်နေသေးသော မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ စောစီးလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဇူလိုင်လ(၄) ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။မော်တော်ဆိုင်ကယ်တစ်စီးလျင် (က)မှတ်ပုံတင် အခွန်ငွေ(၁၅၅၀၀)ကျပ်၊(ခ)မှတ်ပုံတင်လိုအပ်ချက်အတွက်(၆၅၀၀)ကျပ်၊စုစုပေါင်း(၂၂၀၀၀)ကျပ်နှင့် တရားမ၀င် တင်သွင်းလာသော မော်တော်ဆိုင်ကယ် အမျိုးအစားအလိုက် အကောက်ခွန်နှုန်းထားများ ပေးသွင်းပြီး နေ့ချင်းဆောင်ရွက်ပေးနေလျက်ရှိသည်။


          ယာဉ်မောင်းလိုင်စင်ပြုလုပ်သူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ရေးဖြေနှင့် လက်တွေ့ မောင်းနှင်းမှုများသာမက အမြင်အာရုံ၊ကိုယ်အင်္ဂါ သန်စွမ်းမှုနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ အောင်မြင်မှသာ ယာဉ်မောင်းလိုင်စင်များကို ထုတ်ပေးလျက်ရှိသည်။

 ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး သင်တန်းကို မေလ (၂၆)ရက်နေ့တွင် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွဋ် မှ ဦးဆောင် ကျင်းပပြုလုပ်ရာ ယာဉ်မောင်းလိုင်စင်ပြုလုပ်သူ (၇၀)ဦး တက်ရောက်ခဲ့ပြီး ယင်းသင်တန်းများကို တစ်လလျင် (၄)ကြိမ် ပုံမှန် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး(မကွေး)

 
 
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
 
https://www.winkyi.net
 
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)