``မကွေးမြို့နယ် ကြာကန်ကျေးရွာတွင် သိမ်းဆည်းခံယာမြေပိုင် တောင်သူများက မေ(၂၁)ရက်နေ့ ဆန္ဒပြမည်ဆို´´



၂၀၁၄၊ မေ(၉)ရက်နေ့တွင် မကွေးမြို့နယ် ကြာကန်ကျေးရွာ၌ သိမ်းဆည်းခံယာမြေပိုင်ရှင် တောင်သူ များက မေ(၂၁)ရက်နေ့မှာ ဆန္ဒပြခွင့်ရရှိရန် လျှောက်ထားခဲ့ကြောင်း လျှောက်ထားသူ ကြာကန်ကျေးရွာသား ကဗျာဆရာ ကိုဇော်မင်းထိုက်ထံမှ သတင်းရရှိသည်။

``ဒီနေ့ မေ(၉)ရက်နေ့က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို သိမ်းဆည်းထားတဲ့ လယ်ယာမြေများ လျော်ကြေးအမြန် ပေးရေး ဆန္ဒထုတ်ဖော်ခွင့် တင်ခဲ့ပါတယ်။ မေ(၂၁)ရက်နေ့ နံနက်(၉)နာရီကနေ နေ့(၁၁)နာရီအထိ အင်အား (၂၀၀)ဦးနဲ့ တင်ထား တယ်။ အဲဒီနေ့ ခွင့်ပြုမိန့် ရရ မရရ ဆန္ဒပြကြမှာပါ။´´ဟု ကိုဇော်မင်းထိုက် က ပြောသည်။

          အဆိုပါ ကြာကန်ကျေးရွာအုပ်စုရှိ သိမ်းဆည်းခံယာမြေတောင်သူများ၏ ယာမြေများကို မကွေး-နတ်မောက် မြန်မာ့မီးရထားလမ်းဖောက်လုပ်ခြင်း၊ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများမှ အသုံးပြုရန် သိမ်းဆည်းခဲ့သော ယာမြေများအတွက် ယနေ့အထိ လျော်ကြေးငွေများမရကြောင်း၊ ထို့ကြောင့် မေ(၂၁)ရက် နေ့မှာ သက်ဆိုင်ရာမှ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တောင်သူအင်အား နှစ်ရာဦးခန့်ဖြင့် ဆန္ဒထုတ်ဖော်ကြ မည်ဖြစ်ကြောင်း ကိုဇော်မင်းထိုက်က ထပ်မံရှင်းပြသည်။

ဝိုင်းကြည်အောင်
မကွေးမြို့၊ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)



 

0 comments: