မကွေး မေ
၁၅
မကွေးတိုင်းဒေသကြီး အခြခံစာတတ်မြောက်ရေးလှုပ်ရှားမှု
ပြည်သူ့အောင်ပွဲ အခမ်းအနားအား မေလ(၁၅)ရက်နေ့ နံနက်(၉)နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင်
ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ
အဖွင့်အမှာစကားပြောကြားပြီး မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်မှ လုပ်အားပေးကျောင်းသား/ကျောင်းသူများအား
ဂုဏ်ပြုစကားပြောကြားပါသည်။
ဆက်လက်၍ ၂၀၁၄-ခုနှစ်၊အခြေခံစာတတ်မြောက်ရေးတွင်
လုပ်အားပေးသွားရောက်ခဲ့သည့် ကျောင်းသူတစ်ဦးက လုပ်အားပေးအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး
အခြေခံစာတတ်မြောက်ရေးတွင် သင်ယူခဲ့သည့် နတ်မောက်မြို့နယ်မှ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
ထို့နောက် ၂၀၁၄-ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်အားပေးသွားရောက်ခဲ့သည့်
ကျောင်းသား/ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ
ဂုဏ်ပြုလက်မှတ်များပေးအပ်ချီး မြှင့်ပြီး အခြေခံစာတတ်မြောက်ရေးတွင် စာတတ်မြောက်သွားသည့်
သင်ယူသူများကိုယ်စား မင်းဘူးမြို့နယ်နှင့် နတ်မောက်မြို့နယ်များမှ သင်တန်းသူတစ်ဦးစီအား
သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ
ဝန်ထမ်းများ ၊မကွေးတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် လုပ်အားပေး သွားရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူ(၃၇၁)ဦးနှင့်
၊ အခြေခံစာတတ်မြောက်ရေးတွင် စာတတ်မြောက်သွားသည့် မင်းဘူးမြို့နယ်နှင့် နတ်မောက်မြို့နယ်များမှ
ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
0 comments:
Post a Comment