DHAMMA DIGEST ဓမ္မဒိုင်ဂျက် အမှတ်(၂)ထွက်ပြီ








DHAMMA DIGEST ဓမ္မဒိုင်ဂျက် အမှတ်(၂)ထွက်ပြီ

မန္တလေးမြို့၊ စာပေလောကမှ စာတည်းချုပ် တက္ကသိုလ်တေဇာလင်း ၏ DHAMMA DIGEST ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း အတွဲ(၁) အမှတ်(၂) ကို ၁၃၇၂ ခု၊ သီတင်းကျွတ်လ၊ ၂၀၁၀ ခု၊ အောက်တိုဘာလ မှာ ထွက်လာကြောင်း သတင်းရရှိခဲ့ပါတယ်။ မဂ္ဂဇင်းနှင့် ပါတ်သက်သော ကဏ္ဍများကို စာဖတ်သူများ၊ စာရေးသူများမှ ဝေဖန်အကြံဥာဏ်ပြုပေးစေလိုကြောင်း ဖိတ်ခေါ်ထားပါတယ်..။

လစဉ်လတိုင်း ဆက်လက်ထုတ်ဝေ ဖြန့်ချိသွားမှာဖြစ်၍ ကြိုတင်အမှာစာများနှင့် စာမူများကိုလည်း အောက်ပါလိပ်စာသို့ ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။

အယ်ဒီတာချုပ် တက္ကသိုလ်တေဇာလင်း
စီမံအုပ်ချုပ်ရေးမှူး ဦးစိန်မြင့် (ရွက်လှ)

ဓမ္မဒိုင်ဂျက် မဂ္ဂဇင်း
အမှတ်(၁၀၁)၊ ၂၇လမ်း နှင့် ၇၇ လမ်းထောင့်
ဟေမာဇလရပ်၊ ချမ်းအေးသာဇံမြို့နယ်
မန္တလေးမြို့ ။ ဖုန်း ၀၂-၇၄၁၄၅

E-mail : dhammadigest.mdy@gmail.com
Dhammadigest@gmail.com
ဖြန့်ချိရေး

(ရန်ကုန်) မျိုးဆက်သစ်စာပေ ဖြန့်ချိရေး
အမှတ်(၂၄၂)၊ (၃ လွှာ) မဟာဗန္ဒုလပန်းခြံလမ်း(အထက်ဘလောက်)
ရန်ကုန်မြို့ ။ဖုန်း ၀၁-၂၄၅၁၇၄

(မန္တလေး) ရာပြည့်စာအုပ်ဆိုင်
(1-D) ၃၅ လမ်း၊ ၇၂x၇၃ လမ်းကြား
မန္တလေးမြို့ ။ ဖုန်း ၀၂-၇၄၁၄၅


www.mandalaygazette.com မှ တဆင့်ကူးယူပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၁၄)ရက်။
 

အေးရွှေ (ကေတုမတီ)၏ စာအုပ်မိတ်ဆက်ပွဲ








အေးရွှေ (ကေတုမတီ)၏ စာအုပ်မိတ်ဆက်ပွဲ

http://shwelanngwelan.blogspot.com/2009/11/blog-post.html (အဖေအားမကိုးပေမယ့် သားဆိုးတော့မဟုတ်ပါ )ကို ဤလင့်မှာ ပြန်ဖတ်နိုင်ပါသည်။


ဒီစာရေးဆရာ အေးရွှေ(ကေတုမတီ) ကို စာပေလောကမှာ သားကောင်းတစ်ယောက် ကျောက်ကောင်းရတနာ လို့ဆိုရပါမည်..။ စာပေလောကအတွင်းက ရေမဆေးကျောက် တစ်လုံးကို မကွေးစာနယ်ဇင်းအဖွဲ့ နှင့် တောင်ငူစာနယ်ဇင်းအဖွဲ့တို့က ရေဆေးပြီး ကျောက်ကောင်းဖြစ် မဖြစ်သိရအောင် ကျောက်ဖြတ်စက် တင်၍ ခွဲပြလိုက်ပါပြီ….။

ဟော…

အဖေအားမကိုးပေမယ့် သားဆိုတော့မဟုတ်ပါ

ဆိုတဲ့အေးရွှေ(ကေတုမတီ)ရဲ့ ဤစာအုပ်ကို (ပထမအကြိမ်) ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်..။ ရေမဆေးကျောက် ကို ရေဆေးပြီး အရဲစွန့် ဖြတ်ခွဲလိုက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းရတနာကြီးအဖြစ် အောင်သွားသလို ဤစာအုပ်သည်လည်း…တန်ဖိုးမဖြတ်နိုင်ကြောင်း စာဖတ်သူများအား သတင်းပေးလိုက်ပါရစေခင်ဗျား..။

၂၀၁၀ ခု၊ စက်တင်ဘာလ (ပထမ အကြိမ်) ထွက်ပါပြီ ။

(ကြိုတင်အမှာစာများ ပေးပို့နိုင်ပါသည်။)

ဖြန့်ချိရေး

( ရန်ကုန်) မျိုးဆက်သစ်စာပေ
မဟာဗန္ဒုလပန်းခြံလမ်း(အထက်ဘလောက်)
ရန်ကုန်မြို့ ။ ဖုန်း ၀၁-၂၄၅၁၇၄


www.mandalaygazette.com မှ တဆင့်ကူးယူပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၁၄)ရက်
 

မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး)


မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်များ၏ (ကွင်းဆက်ဝထ္ထုလေး)


ဇနပဒရောဂါ

စာရေးဆရာ သာလွန်ကျော်



“ဆရာ ဆန်းထွန်း ပိုးထိလို့”

“ဟေ အခု ဘယ်မှာလဲ” နံနက်စောစော ကျွန်တော် မျက်နှာ သစ်နေစဉ် သတင်းဆိုးကို သယ်ဆောင်လာ သူမှာ ဆန်းထွန်း၏ ဦးရီးတော်သူ ကိုသောင်းအေး။
“အခြေအနေ ဘယ်လို နေသလဲ။ တော်နေကြာ ကျွန်တော် ရွာထဲ ဆင်းခဲ့မယ်”

“အခုဆေးသမား သန်းမြင့်နဲ့ တွင်ခုတ်တာ သုံးလေးတွင်တော့ ရပြီ။ ကောင်းသွားမှာပါ”

သူက ခပ်ပေါ့ပေါ့ဖြေပြီး ကျောင်းပေါ်မှ ဆင်းကာ ရွာအတွင်း ပြန်သွားလေသည်။ ဆန်းထွန်းသည် ကျောင်းဆက်နေ ဖြစ်ခဲ့လျှင် ယခုအခါဆို ခုနှစ်တန်း ရောက်နေမည်။ သို့သော် ရွာကလေးထုံးစံ အရ ဤကျောင်းမှ လေးတန်း အောင်ပြီးလျှင် တစ်ယောက်မှ ကျောင်းဆက်မတက်နိုင်ကြ။ လေးတန်းအောင်လျှင် ဘွဲ့ရပြီ။

မိဘလက် ငုတ်လုပ်ငန်းခွင် ၀င်ကူရပြီ။ ထန်းသမား သားသမီးသည် မြူအိုးကောက်၊ ထန်းလှီး။ယာသမား သားသမီးသည် ပြောင်းရိတ်၊ပဲနှုတ်၊ ယာထွန်၊ အလုပ်မရှိသူ လယ်ကူလီ၊ ကျဘန်းတို့၏ သားသမီးတို့ကား ထင်းခွေ၊ မျစ်ရှာ၊ မှိုနှုတ်၊ဟင်းရွက်ခူးကြ၍ ၀မ်းစာ ရှာကြရ၏။ အမှန်တော့ ရွာကလေးသည် မြို့နှင့် မိုင်သုံးဆယ်ကျော်သာ ဝေးသော်လည်း ကားလမ်းနှင့် အလှမ်းဝေးခြင်း၊ လမ်းခရီး မသာယာခြင်း၊ ချောင်ကျခြင်းတို့ကြောင့် သီးခြား ဖြစ်နေရလေ၏။ ဆန်း ထွန်းသည် လေးတန်းအောင်လျှင် ကျောင်းဆက်မတက်။ မိဘများ၏ ယာခင်းမှ ထွက်သော ခရမ်းချဉ်သီး၊ ငရုတ်သီး စသည်တို့ကို စက်ဘီး ပေါ်တင်ကာ ၇ မိုင်ကျော်ဝေးသော ကမ္မရွာ ဈေးသို့ ဝေလီ ဝေလင်းကပင် သွားရောင်း ရလေ့ရှိသည်။ ယခု ပိုးထိသည် ဆိုတော့ တပည့်ဟောင်း သံယောဇဉ်ဖြင့် အခြေ အနေ မေးသွားရမည်။ မျက်နှာကို ကပျာကရာသစ်သည်။ ထမင်းကျန်ကို ရေနွေး ဖြင့်သောက်ကာ နံနက်ကျောင်း မတက်မီ ကျောင်းရှိရာ တောင် ကုန်းလေးပေါ်မှ ဆင်း၍ ရွာဆီသို့ ဆင်းခဲ့လေသည်။

သူတို့အိမ်ရောက်လျှင် လူမမာ မေးသူများလည်း ရောက် နေကြ၏။ ရောက်မဆိုက်ပင် ဆန်းထွန်း၏ ဖခင်ကိုသောင်းဘိုက ဖြစ်စဉ်ကို ပြောပြ၏။“ဗျာ ဆရာတပည့်ကလည်း ကံဆိုးပါတယ်။ သဲချောင်းအဆင်းမှာ သူ့စက်ဘီးပေါ်က ဆင်းတွန်းတုန်း မြွေပွေး တက်နင်းမိသာပဲ”

“မစိုးရိမ်ရပါဘူး ဆရာရဲ့အခုတွင် သုံးတွင် ရပြီးပြီ” အပ်ပုန်း ကိုင်သော တွင်းမ ရွာသား သန်းမြင့်က ပြောသည်။ကျွန်တော် ခေါင်းရမ်းမိသည်။ လူမမာက စကားမပြော။ မှေးနေသည်။ မြွေဆိပ် မွှန်နေဟန် ရှိသည်။ အသားများပြာနှမ်း နေသည့်ဘက် လုနေ၏။အမှန်တော့ တွင်ခုတ်သည် ဆိုသည်မှာ ထိရောက်သော ကုသနည်း မဟုတ်။ သမင်ချို၊ သို့မဟုတ် ဆိတ်ချိုဖျားကို အပေါက် ဖောက်ကာ ဒဏ်ရာ အပေါ် လုံအောင်အုပ်၍ ပါးစပ်ဖြင့် သွေးများကို စုပ်ယူခြင်းဖြစ်သည်။အုန်းမှုတ်ခွက်ထဲတွင် ခံထားသော သွေးပုပ် သွေးညစ်များကို ပြသည်။ သုံးတွင်ရသည် ဆိုသည်မှာ မြွေဆိပ်ပါ သော သွေးညစ်သွေးပုပ်များကို သုံးကြိမ်တိုင်တိုင် စုပ်ယူ ထားပြီးပြီ ဟု ဆိုလိုခြင်းပင်။

“ဒီမှာကိုသောင်းဘို ခင်ဗျားသားကို ကိုက်တာ မြွေပွေး သေ ချာသလား”

“သေချာပါတယ် ဆရာရဲ့ သူ့အဖော် ငထွန်း ရိုက်ယူလာသာ။ ဟိုတလင်းမှာ မြွေအိုး မှောက်ထားတယ်”

ငထွန်းက အိုးကို လှန်ပြသည်။ လှည်းတံပိုးကျစ်ခန့် တုတ်သော မြွေပွေး အသေကောင်က အခွေလိုက်ရှိနေသည်။
“ဒါနဲ့များဗျာ။ မြွေပွေးကိုက်မှန်း သိနေပြီပဲ။ လက်စနဲ့ ကမ္မ တိုက်နယ်ဆေးခန်း သွားလိုက်ပါလား။ မြွေဆိပ်ဖြေဆေး ထိုးလိုက်ရင် ခင်ဗျားသား အသက် စိတ်ချရတာပေါ့”

“ဟင်း ဒါပေမယ့် ဆရာရယ်”

သူ သက်ပြင်းရှိုက်ရင်း စကားကို အဆုံးသတ်လိုက်သည်။ သူ့စကား အသွားအလာ၊ ဟန်ပန် အမူအရာကို ကျွန်တော် ခန့်မှန်း မိပါသည်။ သူတို့တွင် ဆေးရုံတက် ကုသရန် ငွေမတတ်နိုင်ဟူသော သဘောပါနေသည်။ ဟုတ်လည်း ဟုတ်ပါသည်။ မြွေဆိပ် ဖြေဆေးသည်တစ်လုံး ငါးသောင်းခန့် ရှိသည်။ အနည်းဆုံး ခြောက် လုံး၊ ရှစ်လုံးခန့် ထိုးမှ စိတ်ချရသည်။ ကဲ ဘယ်မလဲ အဲဒီ မြွေဆိပ် ဖြေဆေးဖိုး လေးငါးသိန်း။

သူတို့မှာ နွားပိန်လေး တစ်ရှဉ်းနှင့် ခရမ်းချဉ်လေး၊ ငရုတ် လေး၊ နှမ်းလေးစိုက်ကာ ၀မ်းကြောင်းနေရတဲ့ တောင်သူ ပိန်လေ။ ကျွန်တော် အပြေးအလွှားစဉ်းစားမိသည်။ ဆန်းထွန်းအတွက် အချိန်သည် အသက် မဟုတ်လား။ ယခုဆိုလျှင်ပင် အချိန် သုံးနာရီခန့် ဆုံးရှုံးခဲ့ရပေပြီ။ “ဒီလို လုပ်ပါလား ခင်ဗျားနှမ မမယ်ခွေးတို့က သောင်သာ သားပဲ။ နည်းနည်းပါးပါး ဆွဲလို့ မရဘူးလား”

“ခက်သားလား ဆရာရယ်။ ဆရာ ပြောသလို မြွေဆိပ် ဖြေဆေးဖိုး လေးငါးသိန်း၊ သူတို့ ဘယ်စိုက်ချင်မလဲ။ စိုက်ရင်ရော ကျုပ်တို့ ဘယ်လိုပြန် ဆပ်မလဲ”
ထုံးစံအတိုင်း သက်ပြင်း ရှိုက်သော လေသံဖြင့် သူပြောသည်။ ကျွန်တော်ပင် စကား မဆက်နိုင်။ သူတို့ ဒုက္ခက မျက်မြင်။ အနာသိပါလျက် ဆေးမရှိ။ အဲဆေးဖိုးမရှိသော အခြေအနေ။ ကိုယ်ချင်းလည်း စာမိပါသည်။ ဆန်းထွန်းသည် ကျောင်းသားဘ၀က စာတော် သည်။အလွန်သွက်လက် ချက် ချာသည်။ ကျွန်တော်၏ ချစ်ခင် ခြင်း၊ တောက်တိုမယ်ရ ခိုင်းခြင်းကို ခံရသော ကျောင်းသားမို့ လက်လွတ်စပယ်ဖြစ် မသွားစေချင်။ အမျိုးမျိုး စဉ်းစား မိသည်။ အနီးအပါးက ဆွေမျိုး တွေထဲမှ ၀ိုင်းစုလျှင်ကော။ ဒါကလည်း တောင်မင်း မြောက်မင်း မကယ်နိုင်သော အခြေ။ ရွာကလေးမှာ လက်လုပ်လက်စားပဲ များသည်။ တစ်ရွာလုံး ပြေးကြည့်မှ လူချမ်းသာ သုံးဦးမပြည့်။ တဘက်က တွေးပြန်တော့လည်း လူ့ အသက်လောက် ဘယ်ဟာမှ အရေးမကြီး။

“ဒီလို လုပ်ပါလား ခင်ဗျားမွေးချင်း တစ်သိုက် ဆီက တစ်ဦးလေးငါးသောင်း ဆီလောက် ဆေးဖိုးစရိတ်စု ကြည့်ပါလား” ကျွန်တော့် အပြောကို ညီဝမ်းကွဲ ကိုသောင်း အေးက သဘောမတူဟန် လေသံဖြင့် ပြောသည်။
“ခက်ပါသယ် ဆရာရယ်။ ဆရာ့ဆေးရုံက စိတ်ချရသာ မဟုတ်ပါဘူး။ အခု ဆေးဆရာ သန်းမြင့် တွင်ခုတ်ထားသာ။ အတော်အတန်တော့ စိတ်ချ ရပြီထင်သာပဲ”
သူ၏ ထမင်းရည်ပူ လျာလွဲ စကားကို ကျွန်တော် အားမရပါ။

“ဒီလိုလုပ်ပါလား။ ခင်ဗျားတို့ နွားမလေး ရှိရဲ့ မဟုတ်လား။ အဲဒါလေး ရောင်းဗျာ။ အခု ဆေးရုံသွားမှ ဖြစ်မယ်။ အချိန် မလွန်ခင် ရောက်မှ ဖြစ်မယ် နော်။ သူ ဝေဒနာခံစားနေရ တာပဲကြည့်”

“ဆရာရယ် သတ္တ၀ါ တစ်ခု၊ ကံတစ်ခုလို့ပဲ သဘော ထားပါဗျာ။ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့။ အရင်တစ်ခါ သန်းပိုင် သမီးမိငယ် ပိုးထိသာ ဆေးရုံမှာ ဆရာပြောသဲ့ မြွေဆိပ် ဖြေဆေးထိုးသာပဲ။ သုံးသိန်းလောက် ကုန်တယ်။ မိငယ် အဖတ် မတင်ဘူးလေ”

“ဒါကတော့ နောက်ကျ တာကိုးဗျ။ ပြီးတော့ မြွေက လက်ကိုပတ်ပြီး ကိုက်ထားတာ ဒဏ်ရာတွေကိုက မြင်ရ မကောင်းဘူး”

မိငယ်သည် မျှစ်ချိုးရင်း မျှစ်နှင့်အတူ မြွေဟောက်ကိုပါ ရော၍ ဆုပ်ကိုင်မိရာ မြွေက လက်မောင်းတစ်လျှောက် သူ့ လက်မလွှတ်မချင်း ကိုက်ထားလေသည်။ ဆေးရုံရောက် လျှင်ပင် အခြေအနေ မကောင်းတော့။
“ပြီးတော့ အနောက်ပိုင်းက အောင်ကြီး ပိုးထိတုန်း က ခုလိုပဲ ဆေးဆရာ သန်းမြင့်ပင့်ပြီးတွင်ခုတ်တာ ကောင်း သွားတာပဲ မဟုတ်လား”
“ဟာ ဒါကတော့ အဲဒီ တုန်းက မြွေက အဆိပ်မရှိတဲ့ မြွေမို့ပါဗျာ”

ဆင်ခြေကန်နေရသော် လည်း ကျွန်တော့်ဘက်က တပ်ကူမပါ။ ကျွန်တော် ဒေါသ ထွက်လာသည်။ လေသံမာ လာသည်။
“ကဲ ကျွန်တော်လဲ အကြံကုန်ပြီ။ ခင်ဗျားတို့ ဒီလို ရမ်းပြီး မဟုတ်ကဟုတ်က ဆေးတွေ လျှောက်ထိုးနေလို့ကတော့ ခင်ဗျားသား အသက် ပစ်ရမှာပဲ။ အမှန်က ဆီးဆေး ထိုးရမှာ လာစစ်ဆိုတဲ့ ဆီးဆေး။ ဒီလို ဘီတွဲတွေ အရောင်ဆိုး ထားတဲ့ ဆေးတွေ လျှောက်ထိုးလည်း ခင်ဗျားသား အသက် စိတ်မချရဘူး။ ခုလို တွင်ခုတ် ရုံနဲ့လည်း မြွေဆိပ်က ကုန် မသွားဘူး။ ကျောက်ကပ်ထဲ အထိ ပျံ့နှံ့နေမှာပဲ။ ခင်ဗျားတို့ ဘာမှ ကျန်းမာရေး အသိမရှိ ကြဘူး”

သူတို့ မျက်နှာငယ်လေး တွေဖြင့် ခေါင်းငုံ့ နားထောင်နေ ကြသည်။ ပြောမယ့်သာ ပြောနေရသည်။ အဲဒီလိုနေတဲ့ ဆေးဖိုးငွေ ကျွန်တော်ကပဲ ဦးဆောင်စုပြီး ခုချက်ချင်း ဆေးရုံ ပို့ပေးရမလား။ကျွန်တော် ၏ ကျောင်းဆရာတစ်လစာ သည်ပင် သူ၏ မြွေဆိပ်ဖြေ ဆေးတစ်လုံးဖိုး မရှိ။ အကြံသာ ပေးနိုင်သည်။ လက်တွေ့က မပါ။

တညည်းညည်း၊ တညူညူ အော်နေသော ဆန်းထွန်းကို ငေးကြည့်နေမိသည်။ “ရေ ရေပေးစမ်းပါ။ ရင်ထဲက ပူလိုက်တာ။ မလေးရယ် အစ်ကို့ကို ရေတစ်ခွက် လောက်တိုက်စမ်းပါ”

အနီးရှိ သူ့နှမငယ်ကို အသနားခံသည်။ မလေးမွှား သည်သူ့အစ်ကိုကို ရေခပ်တိုက် ရနိုးနိုး၊ လူကြီးတွေ မျက်နှာ အကဲကို ခတ်နေလေ၏။
“အေးဗျာ အခု ဆန်း ထွန်းရေတောင်း နေတယ်နော်။ ယောင်လို့များ သွားမတိုက် လေနဲ့။ မြွေဆိပ်ပျံ့နှံ့မှုက မြန်သွားလိမ့်မယ်။ ဒါပဲ ကျုပ် ပြောခဲ့မယ်”
ကျွန်တော့်တပည့်ကို နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်လိုက်သည်။ လူနာကို လက်လျော့လိုက်သော ဆရာဝန်တစ်ဦးနှင့် တူကောင်းတူနေမည် ထင်သည်။
“ဆန်းထွန်း မင်းနေသာ ရဲ့လား”

“ရင်ထဲက ပူတယ်ဆရာ။ရေသောက်ချင်တယ်”

အားလုံးက ကျွန်တော့် မျက်နှာကို ကြည့်နေကြသည်။ ရေပေးရမလား။ မတိုက်ရ ဘူးလားဆိုသည့်သဘော။
ကျွန်တော် ဆရာဝန်တစ်ဦး မဟုတ်ပါ။ ကျန်းမာရေး အသိ မရှိသော ကျေးလက်နေ တောသူတောင်သားများကို အောင်မြင်အောင် နားမျက် စေ့ဖွင့်မပေးနိုင်ခဲ့ပါ။ရေသောက် လျှင်တော့ အဆိပ်က ပို၍ပျံ့နှံ့ လွယ်မည်ထင်သည်။ မတိုက်ပါနဲ့ဟု ပြောလျှင်လည်း ရေငတ်နေသူကို မညှာတာရာ ရောက်ပေမည်။

“မလေးမွှားရယ်၊ အစ်ကို့ကို သနားရင် ရေတစ်ခွက် လောက် ခပ်ပေးစမ်း ပါ”အနား တွင်ရှိသော နှမငယ်လည်း ဟိုကြည့် ဒီကြည့်။ ထိုင်ရာမှ မထရဲ။ကျွန်တော် ဤမြင်ကွင်း ကိုဆက်၍ မမြင်လို၊ မကြည့် လိုတော့ပါ။ ဖြစ်လိုရာ ဖြစ်စေ တော့။ ပေယျာလကံ ပြုရပေ တော့မည်။နှုတ်ဆက်၍ကျောင်း ပေါ်ပြန်တက်ခဲ့သည်။ ကျောင်း ပေါ်မရောက်မီ သဲချောင်း အတွင်း ယက်ကန်ယက်ကန် ဖြတ်ကျော်ရင်း အတွေးများ လည်း နောက်ကိုသာ တစ်ရစ် ၀ဲဝဲနှင့်။

ကျောင်းပေါ် ရောက်လျှင် လက်ထောက်ဆရာ၊ ဆရာမ များသည်ပင် ကျောင်းတက်၍ စာသင်ခန်း အသီးသီး ၀င်နေကြလေပြီ။ ကျွန်တော်လည်း စာသင်ခန်းထဲဝင် စာသင်နေ သော်လည်း စိတ်ထဲ ဆန်းထွန်း ထံ၌သာ ရောက်နေသည်။ ရင် ထဲမှာလည်း အခံရခက်နေ၏။ စိတ်ထဲ၌ မကျေမနပ်ဖြစ်နေ လေသည်။ မည်သူ့ကိုလည်း အမည်ဖော် မရ။ ဆန်းထွန်းမိဘ ကိုသောင်းဘိုကိုလား။ သူ၏ ဆွေမျိုးသားချင်း တစ်သိုက်ကိုလာ။ ကျန်းမာရေးအသိ မရှိ သော တစ်ရွာလုံးကိုလား။ ဆေးရုံ ဆေးခန်းနှင့် အလှမ်းဝေး သော ဇနပုဒ်၌ လူလာဖြစ် နေကြရခြင်းကိုလား။ မဝေခွဲ တတ်။ကျွန်တော့်စကား မအောင်မြင်၍ဆေးကုသစရာ ငွေရှာမရသောကြောင့် လူ့ အသက်တစ်ချောင်း မျက်စေ့ အောက်မှာပင် ပစ်လိုက်ရ မည့်အရေး သိမြင်နေပါသည်။ဆန်းထွန်း အလွန်ခံလျှင် နောက်ထပ် သုံးလေးနာရီထက် မပို။ အသားတွေ မဲပြာ လာပြီ။ မြွေဆိပ်မွှန်နေပြီ။ သူ၏ ရေတောင်းသံ တစာစာသည် နားထဲဝင်လာသည်။ ဆူညံစွာ စာအံနေသော ကျောင်းသားထု၏ အသံကို ဖောက်ထွင်း၍ နား ထဲတွင် ကြားယောင်လာသည်။

“ညီမလေးရယ်၊ မလေးမွှားရယ် အစ်ကို့ကို ရေခပ်ပေး စမ်းပါ”ဟူသောအသံ။ အစ်ကို၏ ဆန္ဒကို လိုက်လျော လိုသော်လည်း လူကြီးများ၏ မျက်နှာ ရိပ်၊ မျက်နှာကဲကို ကြည့်နေ သော မလေးမွှား။ အသက် ထွက်မည်ကို သိသော်လည်း လက်ပိုက်ကြည့်နေကြသော မိဘဆွေမျိုးများ။ လူ့ဘ၀သည် ရခဲလှ၏ ဆိုသော်လည်း ဤလို ဇနပုဒ်ကလေး၌ ဘာမှ မဟုတ်သော ဘေးတို့ဖြင့် လူ့လောကမှ စွန့်ခွာခဲ့ရသူတွေ မနည်းတော့ပြီ။

ထမင်းစားကျောင်း မဆင်းမီအချိန်အတွင်းမှာပင် ကျောင်းပေါ်သို့ ကိုသောင်း အေးတက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ကျွန်တော် သိလိုက်ပါပြီ။ အကြောင်းကြား လာသည်ပဲ ဖြစ်ရမည်ဟု။ “ဆရာဆန်းထွန်း စောစောကပဲ ဆုံးရှာပြီ” ကျွန်တော်က မထူး ဆန်းသလိုဟန်ဖြင့် ခပ်အေး အေးပင် ခေါင်းညိတ်ပြသည်။ စိတ်အချဉ် ပေါက်ပေါက်နှင့် အငေါ်တူးတူး စကားလုံး ထွက်သွား၏။

“ဟုတ်လား အင်း သေတော့ အေးတာပေါ့ဗျာ”

“ဗျာ”

သူ ကျွန်တော့်စကားသံ ကြောင့် အာမေဋိတ်သံ ပြုသည်။ ကျွန်တော် မှားသွားသည်။ လေသံမာသွားသည်။ စကားလုံး လေသံ၏ အနက်ကို အဖြေရှာဖို့ အပြေး အလွှားစဉ်းစား၍
“အော် ဒီလိုပါ။ ဝေဒနာ ခံစားနေရ တာထက် စာရင် ခုလို အသက်ထွက်သွား တာကမှ သူ့အတွက် ဒုက္ခငြိမ်း သွားတာပေါ့။ မဟုတ်ဘူးလား”

ဟု စကားလေသံပြောင်း လိုက်သည်။ သူကလည်း လက်ခံလိုက်ပုံရသည်။
“အဲ အဲ ဟုတ်တယ်။ သေတာ သူ့အတွက် ခပ် ကောင်းကောင်းပဲ” ဟု ဆို ကာ နှုတ်ဆက်ပြန်သွားသည်။
သူ့ကျောပြင်ကို ငေးရင်း ကျွန်တော့် အတွေးလက်စ မသတ်။ဆီးဘန်နီဆရာတော်၏ လေအတိုင်းပြောရလျှင် “ဤလို ဇနပုဒ်၌ လူဖြစ်လာရ သော သူတို့တစ်တွေသည် . . . . . . . . . ။

မဟုတ်ဘူးလား။ ရောဂါလည်း သိတယ်။ ရောဂါ ပျောက်မယ့်ဆေးလည်း သိနေတယ်။ ဒါပေမယ့် ဆေးဝယ် ကုသဖို့ စရိတ်မရှိဘူး ဆိုမှတော့ . . . . . . . . . ။
ပရိတ်ကြီး ၁၁ သုတ်မှာ ပါသော ဘေးဥပါဒ်တွေထဲ မှာ“ဇနပဒရောဂတောဝါ” ကို ဇနပုဒ်၌ တွေ့ရသော၊ ဖြစ်ရသော ရောဂါဟု အနက်ဖွင့် သည်။ ကျွန်တော်ကတော့ ဇနပုဒ်၌ လူလာဖြစ်ရသဖြင့် ဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျန်းမာရေး ဗဟုသုတ ခေါင်းပါးခြင်း၊ ခေတ်မီဆေးရုံ ဆေးခန်းနှင့် လက်လှမ်း မမီခြင်း၊ အနာသိသော်လည်း ကုသစရာ ငွေမရှိခြင်း စသည် တို့မှာ “ဇနပဒရောဂါ” ပင် လောဟု အတွေးနယ်ကျယ်နေ မိလေတော့၏။


သာလွန်ကျော်

ဝန်ခံချက်။ ။ ၂၀၁၀ ခု၊ ဇူလိုင်လထုတ် ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြပေးပါသည်။ (ကူးခွင့်ပြုပေးပါရန်လည်း စာရေးသူနှင့် အယ်ဒီတာအား လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။)

မှတ်ချက်။ ။မြွေထက်အဆိပ်ပြင်းသူ တိတ်တဆိတ် လူသတ်ကောင်းများ သည် မြန်မာတစ်ပြည်လုံးသို့ မြွေဆိပ်ဖြေဆေး အတုများကို ရောင်းချထားပါသည်။ တစ်နှစ်ခွဲအတွင်း သိန်းတစ်ထောင်ကျော်တန် တိုက်ကြီးဆောက်နိုင်လာပြီး ချမ်းသာခဲ့ကြောင်း သိရပါ၏။ ယခုအခါ ယင်းတိုက်ကြီးအား သိန်း(၇၀၀)ဖြင့် ရောင်း၍ အမူကို ဖြေရှင်းလိုက်ရကြောင်း ကြားသိရပါသည်။ မြွေဆိပ်ဖြေဆေး အတုကြောင့် သေဆုံးခဲ့ရသော အသက်များနှင့်တရာခံများ၏ ပြစ်ဒါဏ်အား နှိုင်းစာ၍သာ ကြည့်တော်မူကြပါကုန်လော့………….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၉)ရက်။
 

မြွေထက် အဆိပ်ပြင်းသူ တိတ်တဆိတ်လူသတ်ကောင်များ

၃၀/၁၀/၂၀၀၉ မြွေထက်အဆိပ်ပြင်းသော တိတ်တဆိတ် လူသတ်ဂိုဏ်း သတင်း ဤလင့်မှာတင်ထားပြီး(ပထမ သတင်းပါ)

http://shwelanngwelan.blogspot.com/2009/12/blog-post_19.html







၂၀၀၉ ခ၊ု စက်တင်ဘာလမှာ ဖမိးဆီးခဲ့သော မကွေးမြို့က မြွေဆိပ်ဖြေဆေး အတု တရားခံများအား ၏ သတင်းအဆက်ဖြစ်ပါသည်။(ပထမ သတင်းဖတ်ရန်)
http://shwelanngwelan.blogspot.com/2009/12/blog-post_19.html


ယခုသတင်းမှာ (ဒုတိယ သတင်းဖြစ်ပါသည်။)

အင်း ကျွန်တော် ရေးလိုက်တဲ့ ဒီမြွေဆေးတု သတင်းကို လူတွေကတော့ တော်တော်ကို စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ သတင်းရေးပြီးပြစ်ထားလို့ မဖြစ်ပြန်ပါဘူး။ ဒီအမှုစစ်ဆေးတိုင်း တရားရုံးကိုသွား သွားနေရတာ.. အင်း တရားရုံးမှာစစ်ဆေးနေတာ တစ်နှစ်ပြည့်တော့မယ်..။ ဂျာနယ်၊ မဂ္ဂဇင်းသတင်းထောက်ဆိုတာ ကိုယ့်စားရိတ်ကိုယ်စားပြီး သတင်းလိုက်နေရတာပါ။ စာမူခ နဲ့သာ တွက်ကြည့်ရင် ရှုံးပါသေးတယ်။ ကိုယ့်စာမူလေး ပါလာတော့ ၀မ်းသာ အားရနဲ့ ဟိုလူကိုပြ၊ ဒီလူကိုပြနဲ့ မှုခင်းသတင်းထောက်ဆိုတဲ့ ဂုဏ်ကိုယူပြီး ပီတိကိုသာ စားနေကြရတာပါ..။ ဒီအမှုက တရားခံတွေကို စီရင်ချက်ချပြီးသွားပြီဆိုတော့ စိတ်ဝင်စားကြတဲ့ အများပြည်သူတွေသိရအောင် ဆက်ပြီးရေးလိုက်ရပါအုံးမည်…။

မကွေးမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၄၄၀၄/ ၂၀၀၉ နံပါတ်နဲ့စီရင်ချက်များကို အသီးသီးချ မှတ်ပြီးကြောင်း သတင်းရရှိခဲ့ပါတယ်။
(၂၉/၃/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်း အသက်(၄၅)နှစ် အား ပြစ်မှုပုဒ်မ၊ ပပက ၆ (၁)အရ အလုပ်နှင့် ထောင်ဒါဏ်(၅) နှစ်ကျခံစေကြောင်းသတင်းရရှိခဲ့ပါတယ်။ တရားစွဲဆိုခံထားရသော မနီနီသန်း(ခ)ချိုတီမာ နှင့် မလဲ့ယဉ်ဝင်း တို့အား ပြစ်မှုပုဒ်မ၂၅၃(၁) အရ တရားသေလွတ်စေကြောင်း သတင်းရရှိခဲ့ပါတယ်။
(၁၀/၈/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်းအသက်(၄၅)နှစ် ၊ တရားခံ ချစ်ဦး အသက်(၃၁)နှစ်၊ တရားခံ အူစမန် အသက်(၃၂)နှစ် တို့ သုံးဦးကို အမျိုးသားစီးပွားပုဒ်မ ၁၈ အရ အလုပ်နှင့်ထောင်ဒါဏ် (၇)နှစ် စီကျခံစေရန် ချမှတ် ကြောင်း သတင်းရရှိခဲ့ပါတယ်။
(၂၃/၉/၂၀၁၀) နေ့က တရားခံ စိုင်လေး (ခ)တင်ဝင်းအသက်(၄၅)နှစ် နှင့် တရားခံ ချစ်ဦး အသက်(၃၁)နှစ် တို့နှစ်ဦးအား ပြစ်မှုပုဒ်မ ၄၆၈ အရ အလုပ်နှင့်ထောင်ဒါဏ် (၃)နှစ် စီ အသီးသီးချမှတ်သွားကြောင်း မကွေးမြို့နယ်တရားရုံးမှ သတင်း ရရှိခဲ့ပါတယ်။
(၁)တရားခံ စိုင်လေး (ခ) တင်ဝင်း အသက်(၄၅)နှစ်က စုစုပေါင်း(၃)မှုနဲ့ ပြစ်ဒါဏ်ကတော့ အလုပ်နှင့် ထောင်ဒါဏ်(၁၅)နှစ်စီရင်ချက်ချမှတ်လိုက်ပါတယ်။
(၂) တရားခံ ချစ်ဦး အသက်(၃၁)နှစ်က စုစုပေါင်း(၂)မှုနဲ့ ပြစ်ဒါဏ်ကတော့ အလုပ်နှင့်ထောင်ဒါဏ် (၁၀)နှစ်စီရင်ချက်ချမှတ်လိုက်ပါတယ်။
(၃) တရားခံ အူစမန် အသက်(၃၂)နှစ်က (၁)မှုနဲ့ ပြစ်ဒါဏ်ကတော့ အလုပ်နှင့်ထောင်ဒါဏ်(၇)နှစ် စီရင်ချက်ချမှတ်လိုက်ကြောင်းတို့ကို သတင်းရရှိခဲ့ပါတယ်။



ဒီတရားခံများကြောင့် မြွေကိုက်ခံခဲ့ကြရတဲ့ မသိနာမလည်ကြသောအပြစ်မဲ့ တောင်သူလယ်သမား အချို့မှာ
အသက်များစွာဆုံးရှုံးခဲ့ရကြောင်းတို့အား တောရွာမှ ကျန်ရစ်သူမိသားစုများက ယနေ့အထိ တသသဖြင့် ပြောကြားနေကြကြောင်းကိုလည်း သတင်းရခဲ့ပါတယ်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ အောက်တိုဘာလ(၉)ရက်။
 

နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ

Free Image Hosting by FreeImageHosting.net
နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ

(၂၂-၆-၂၀၁၀)နေ့နံနက်ပိုင်း(၉)နာရီတွင် အမှတ်(စီ-၄၂၀)၊ ၁၆လမ်း၊
ကံသာရပ်ကွက်၊ မကွေးမြို့၊ ပန်းချီဆရာ မကွေးကံညွန့်ရဲ့
သမီးမွေးနေ့ပွဲဖိတ်လို့သွားခဲ့ပါတယ်။ ပန်းချီဆရာ မကွေးကံညွန့်ဆိုတာ
ယခင်တစ်ခေတ်တခါက ဇာတ်သဘင်လောကမှာ ဂိတ်ရှိုးကြီးတွေကို ရေးဆွဲပြီး
နာမည်ကြီးခဲ့သူတစ်ဦပါ။အဲဒီအခါက အထက်မြန်မာပြည် မန္တလေးမြို့ ဇာတ်ရာသီမှာ
တရုပ်တန်းဇာတ်ရုံမှာ ပန်းချီခန်းဖွင့်ထားပါခဲ့ပါတယ်။ အောက်မြန်မာပြည်
ရန်ကုန်ဇာတ်ရာသီချိန်မှာ မြေးနီကုန်း ပဒုမ္မာဇာတ်ရုံမှာ
ပန်ချီခန်းဖွင့်ပြီးလုပ်ကိုင်နာမည်ကြီးခဲ့သူတစ်ဦဖြစ်ကြောင်း
သတင်းရရှိခဲ့ရပါတယ်။
ယနေ့တော့ သူရဲ့ အလုပ်ခန်းမှာ ထူးထူးခြားခြား အမြင့်(၄)ပေ၊
အနံ(၃)ပေ ရှိတဲ့ ရွှေရောင်တစ်ဝင်းဝင်းနဲ့ ကြာပန်း ပလ္လင်ပေါ်က
နှီးဖြင့်ပြုလုပ်ထားသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို
ဖူးမျှော်ခဲ့ရပါတယ်။ သတင်းသမား ပီပီ စပ်စုမေးမြန်းခဲ့ရပါ တော့တယ်..။
ပန်းချီဆရာ မကွေးကံညွန့်ရဲ့ ပြောကြားချက်များကတော့….

မြန်မာပြည်မှာ နှီးဘုရားများကို စတင်ပြုလုပ်သူမှာ
ရှမ်းဆရာကြီးတစ်ဦးလို့သိခဲ့ရပါတယ်။ ရှမ်းဆရာကြီးကို တစ်ခါမှ
မမြင်၊မတွေ့မိပါ။ စစ်ကိုင်းတောင်မှာ ရှိတဲ့ သူပြုလုပ်တည်ထားတဲ့
နှီးဘုရားကြီးကစလို့ ကျွန်တော်အလွန်သဘောကျပြီး စတင်စိတ်ဝင်းစားခဲ့ရပါတယ်။
ရှမ်းဆရာကြီးဟာ ကျွန်တော့ရဲ့ ပထမ မြင်ဆရာကြီးပါ။ အခြားမြို့တွေမှာ
ပူဇော်ထားတဲ့ နှီးဘုရားတွေကိုလဲ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။
အများအားဖြင့် ကိုယ်လုံးတော် များက အချိုးအစားမကျတာတွေကိုသာ
တွေ့မြင်ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သာမန်လူများရဲ့
ကိုယ်ခန္ဓာအချိုးအစားအတိုင်းကျစေအောင် ဆောင်ရွက်ခဲ့ပါတယ်။ များသောအားဖြင့်
ပန်းပုဆရာများထက် ကျွန်တော်တို့ ပန်းချီဆရာများက ပုံဖော်ရာမှာ
သာမန်သဘာဝအတိုင်းမြင်တတ်ကြပါတယ်။(ဥပမာ။ ။ လူရဲ့ခေါင်းအရွယ်အစားဟာ
ဘယ်ပခုံးမှ ညာပခုံးအတွင်း ခေါင်းသုံးလုံးစာသာရှိနေရပါ့မယ်။)
ဒီနှီးတွေကတော့ စလင်းမြို့ကထွက်တဲ့ ကြသောင်းဝါး ဆယ်လုံးကိုသာ
သုံးခဲ့ရပါတယ်။ အဲ တွဲဖက်သုံးရတာက လွှစာမှုန့်များများရယ်..၊ ATM
ကော်ရယ်..၊ ရွှေမင်ရောင်ဆေးဗူးတွေရယ်၊ ဘုန်းကြီးကျောင်းမှ
သက္ကန်းစုတ်တွေရယ်ကို စနစ်တကျ အသေးစိတ်အချိန်ယူပြီး လုပ်ခဲ့ပါတယ်။
စတင်လုပ်တဲ့ရက်ကစပြီး ယနေ့အထိဆိုရင်(၂)လခွဲကြာပါပြီ..။ နောက်(၃)ရက်
ဆိုရင်တော့ အချောသတ်လို့ အားလုံးပြီးပါတယ်။ အရွယ်အစားကတော့ ကြိုက်သလို
အကြီးကြီးတွေရော အသေးတွေပါ အမျိုးမျိုးပြုလုပ်ပူဇော်နိုင်ပါတယ်။
ပိုးလုံးဝမစားအောင် ကတော့ အသုံးပြုမဲ့ နှီးတွေကို
ဆေးရွက်ကြီးရေစိမ်ပေးထားပါတယ်။ အတွင်းက ဘောက်ခလောင်းကြီထဲမှာလဲ
ဆေးရွက်ကြီးအရည်တွေရော၊ တခြားပိုးမကိုက်စေတဲ့ ပိုးသတ်ဆေးတွေကိုပန်းပြီး
အောက် ခြေမှာ ထပ်သားနဲ့အလုံပိတ်ထားပေးပါတယ်။ အချိုးအစားပုံစံကျအောင်ကတော့
အောက်က နှီးဘုရားအသေးလေးကို ပဏာမ အစမ်းပုံစံပြုလုပ်ပါတယ်။ အဲဒီ ဆင်တု
အသေးလေးရဲ့ အချိုးအစားအတိုင်း ဆင်တုတော် အကြီးကြီးကို ထပ်တူ
ပြုလုပ်ခဲ့တာပါ။ ဈေးနှုန်းတန်ဘိုးကိုတော့ ကျွန်တော် မသတ်မှတ်ရသေးပါဘူး။
အလှူအတန်းကိစ္စဆိုတော့ အတတ်နိုင်ဆုံးအဆင် ပြေအောင် လက်ခံဆောင်ရွက်
ပေးသွားမှာပါ။ ကျွန်တော်ယခင်က ပန်းချီပညာနဲ့ စီးပွားရှာခဲ့စဉ်ကလဲ ငွေရေး
ကြေးရေကိုအဓိကမထားခဲ့ပါဘူးဗျာ။ ယခုလည်း ဘုရားအလုပ်နဲ့ ကျွန်တော့်ပညာကို
ကုသိုလ်ယူချင်တဲ့ သဘောပါ။

ယခုပြုလုပ်ပြီးတဲ့ ဘုရားဆင်းတုကိုယ်တော်ကြီးကိုလဲ မကွေးမြို့၊
မဲထီးလမ်း၊ ဈေးရပ်မှာရှိတဲ့ ပုည၀တီကျောင်း၊ မိုးကုတ်ဓမ္မရိပ်သာ
ဘုရားခန်းမှာ လှူဒါန်းပူဇော်ထားမှာပါ။ ပန်းချီ မကွေးကံညွန့်+ဒေါ်လှလေး
နှင့် သား၊သမီး၊ မြေး၊မိသားတစ်စုကောင်းမူ လို့ကဗ္ဗည်းထိုးလှူဒါန်း ထားပါတယ်။

မန္တလေးမြို့ကိုနှီးဘုရားအတွက် ကျွန်တော့်ကို ဆက်သွယ်မယ်ဆိုရင်

ပန်းချီ မင်းဟန် နှင့် အောင်အောင်
၂၆ ဘီလမ်း၊ ရွှေလောင်းညွှန့်ရပ်၊
မန္တလေးမြို့ ကိုဆက်သွယ်နိုင်ကြောင်း ပန်ချီဆရာ မကွေး ကန်ညွှန်ထံက သတင်းရရှိခဲ့ပါတယ်။

မန်းတောင်ရိပ် ဂျာနယ်မှ တဆင့်ပြန်လည်တင်ပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ စက်တင်ဘာလ(၅)ရက်။
 

မြန်မာပြည်မှာ အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင်ရဲ့ စေတနာ….


မြန်မာပြည်မှာ အဖိုးတန်တဲ့ မိုးယံရွှေလမင်းထီဆိုင်ရဲ့ စေတနာ….

နေရာတိုင်းမှာ ဗလာမပါကံစမ်းမဲများပေး၍ ထီများနှင့် အခြားကုန်ပစ္စည်းများကို ပူးတွဲ မက်လုံးပေးပြီးရောင်းချနေကြောင်း အများမြင်တွေ့နေရပါသည်။ ယနေ့အခါ ကံစမ်းမဲကို အမှန်တစ်ကယ်ထိုက်ထိုက်တန်တန် တစ်ဘ၀အတွက်သာမက ရှေးဘ၀အတွက်ထိ ကုသိုလ်ပြုပေးသူများပေါ်ပေါက်လာကြောင်းသတင်းရရှိခဲ့ပါသည်။ ယင်းလုပ်ငန်းရှင်မှာ ထီလောကတွင် နောက်မှ ပေါ်လာပြီး ယနေ့ သိန်းတစ်ထောင်ထီဆုကြီးများ ပေါက်အား(၉)ကြိမ်မြောက်၊ဆွတ်ခူးခဲ့ပြီး ထီလောက၏ အကောင်းဆုံး ထိပ်သို့ တက်နေသော အဖိုးတန်တဲ့ မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေထီဆိုင် ပိုင်ရှင် သူဌေးစုံတွဲ ဦးမျိုးညွှန့်+ ဒေါ်တင်တင်မြင့် တို့ဖြစ်ကြောင်း သတင်းရခဲ့၏။

၂၀၀၉/၂၀၁၀ ခုနှစ်အတွင်း မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ ထီထိုးသူများ နှင့် တဆင့်ဝယ်ယူ ရောင်းချပေးကြသော ထီကိုယ်စားလှယ်များအား ဗုဒ္ဓဂယာ ဘူရားဖူးကံစမ်းမဲလက်မှတ်များဖြင့် ထီလက်မှတ်များကို ပူးတွဲ၍ ရောင်းချပေးခဲ့ကြောင်းသိရ၏။ ၎င်းကံစမ်းမဲ လက်မှတ်များထဲမှ ကံထူးရှင်များအား ၂၀၁၀ ခုနှစ်အတွင်း (၃)သုတ်ခွဲပြီး ဘုရားဖူး(၁၂)ရက်ခရီးစဉ်များကို ပို့ပေးခဲ့ကြောင်း မိုးယံထီဆိုင်တောင်ကြီးပင်ရင်းမှ ဦးအောင်ခိုင်ဝင်း နှင့် မိုးယံထီဆိုင် မုံရွာပင်ရင်းမှ ဦးကျော်ဌေးတို့ထံမှ သတင်းရရှိခဲ့ပါသည်။

၂၀၁၀ ခု၊ဇန္န၀ါရီလ(၁) ရက်နေ့တွင် ပထမအသုတ်အဖြစ်(၅)ဦးကို ဗုဒ္ဓဂယာဘုရားဖူးရန်(၁၂)ရက် ခရီးစဉ်ပို့နိုင်ခဲ့သည်။ မိုးယံရွှေလမင်း ထီဆိုင်၏ ကံထူးရှင်များမှာ (၁) မမိုးသီတာ (၈/စလန(နိုင်) ၁၃၅၁၅၁) စလင်းမြို့၊ မင်းဘူးခရိုင်။ (၂) ဦးခင်မောင်ဇင် (၅/မကန(နိုင်) ၀၀၈၄၇၁)၊ ပြည်လမ်း၊ ထောက်ကြံ့မြို့နယ်၊ ရန်ကုန်။ (၃) ဦးတင်မြင့် (၇/မလန(နိုင်) ၀၄၂၆၃၉) အောက်မင်းလှမြို့။ (၄) ဒေါ်ချိုတီ (KTA 058909) ၊ (၆)ရပ်ကွက်၊ ကသာမြို့။ (၅) ဦးကျော်ကျော် (၁၂/ဥကမ(နိုင်) ၀၂၈၉၇၄ )၊ မြရတနာ(၅)လမ်း၊(ခ)ရပ်ကွက်၊ မြောက်ဥက္ကလာမြို့။တို့ဖြစ်ကြောင်းသိရသည်။

၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါလ(၅)ရက်နေ့တွင် ဒုတိယအသုတ်အဖြစ်(၅)ဦးကို ဗုဒ္ဓဂယာဘုရားဖူးရန်(၁၂)ရက် ခရီးစဉ်ပို့နိုင်ခဲ့သည်။ ကံထူးရှင်များမှာ(၁) ဦးစံထွန်းဖြူ (၁၁/မတန(နိုင်) ၀၀၆၆၅၀)၊ ကျောက်တော်မြို့၊ရခိုင်ပြည်နယ်။ (၂) ဦးသန်းစိန် (၇/ဇကန(နိုင်)၀၀၂၇၂၉) ဇီးကုန်းမြို့။ (၃) ဦးဝင်းသက် ((၁၄/၀ခမ(နိုင်) ၁၀၇၁၃၉)၊ ကြုံမငေးမြို့။ (၄) မခိုင်ခိုင် (၉/ပမန(နိုင်)၁၂၅၈၀၀)၊ ပျဉ်းမနား၊ နေပြည်တော်။ (၅) မသီတာဝင်း (၇/ပခန(နိုင်) ၀၀၂၅၆၅)၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့။ ဖြစ်ကြောင်းသိရပါသည်။

၂၀၁၀ ခု၊ဧပြီလ(၁၀)ရက်နေ့တွင် တတိယအသုတ်အဖြစ်(၆)ဦးကို ဗုဒ္ဓဂယာဘုရားဖူးရန်(၁၅)ရက် ခရီးစဉ်ပို့နိုင်ခဲ့သည်။ ကံထူးရှင်များမှာ(၁) ဦးဝင်းကြည် (၈/ခမန(နိုင်)၀၆၀၁၉၇)၊ ရွာသစ်ရပ်၊ မကွေးမြို့။ (၂) ဦးသန်းဝင်း (၁၂/ဗတထ(နိုင်)၀၃၁၇၃၃)၊ မိုးယံပင်ရင်း(၅)၊ မန္တလေးမြို့။ (၃) ဦးဝင်းမင်း (၈/တတက(နိုင်)၀၉၃၂၆၃)၊ ပျဉ်းမနားမြို့။ (၄) ဦးကျော်ဌေး (၅/မရန(နိုင်)၀၈၃၅၆၅)၊ မုံရွာမြို့။ (၅) ဦးအောင်ခိုင်ဝင်း (၉/နထက(နိုင်)၀၀၁၀၆၁)၊ တောင်ကြီးမြို့။ (၆)မသန်းဌေးနွဲ့(၁၂/ဥကတ(နိုင်)၁၂၃၉၉၆)၊ တောင်ဥက္ကလာ၊ ရန်ကုန်မြို့ဖြစ်ကြောင်းနှင့် စုစုပေါင်း(၁၆)ယောက်အား ဗုဒ္ဓမြတ်စွာ ဘုရားရှင်ပွင့်တော်မူခဲ့သော နီပေါနိုင်ငံ၊ အန္ဒိယနိုင်ငံများသို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခုနှစ်၊သြဂုတ်လ(၃၀)ရက်နေ့၊ ည(၁၀)နာရီ။
 

မြရတနာရွာအား အလင်းရောင်ပေးလှူကြသူ ကုသိုလ်ရှင်များနှင့် စာရင်းရှင်းတမ်း





ဟိုနေ့က “ သာသနာ အလှူ ၊ အလင်းအလှူ ” ရဲ့ စာရင်းလေးကို တင်ပေးလိုက်ပါတယ်။ စာရင်းတွေကိုတော့ ကျွန်တော့်ဆီကို ဆရာတော် ဦးကောဝိဒ ပို့ပေးပါတယ်။ 





သာသနာအလှူ ၊ အလင်းအလှူ ပို့စ်မှာ တင်ထားတဲ့ လက်ခံ ရရှိစာရင်းမှာ တစ်ခုတော့ ပြောစရာ ရှိနေပါသည်။ ဘဏ်ကို ငွေမလွှဲဖူးတဲ့ ကျွန်တော်က လွှဲသလောက် ရောက်သွားမယ်ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် ကိုယ်လွှဲချင်တဲ့ ငွေအချိုးမှာ ငွေလွှဲတဲ့ဆီက ပြောသလောက်ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လွှဲလိုက်တဲ့ဆီက ဘဏ်ငွေလွှဲခ မကောက်လိုက်တာကို မသိလိုက်ပါဘူး။ ဒါကြောင့် ၇၀,၀၀၀ ကျပ် လွှဲလိုက်တာမှာ ၅၅၀ ကျပ် လျော့ပြီး ၆၉,၄၅၀ ကျပ် ပဲ ရောက်သွားပါတယ်။ ( တချို့ဆိုင်တွေက ကောက်တယ် ဆိုပဲ။ )





ဒါကို ကျွန်တော် နောက်ထပ် အလှူရှင် “ မိုးယံ ” ဆီက အလှူငွေ သွားရောက်လက်ခံယူပြီး ၊ လွှဲပြီးမှ သိရပါတယ်။ မိုးယံ ( လူသားအားလုံးအတွက် ) ဆီမှ အလှူငွေ ၆၃,၀၀၀ ကျပ် လက်ခံရရှိပြီး တစ်ခါတည်း ဦးကောဝိဒ ဆီကို လွှဲလိုက်ပါတယ်။ ဒီမှာလည်း ဘဏ်လွှဲခ ဆိုတာ ကျွန်တော် မသိသေးတဲ့ အတွက် ဒီအတိုင်းပဲ လွှဲလိုက်တာပါ။ အခန်းပြန်ရောက်မှ ဦးကောဝိဒနဲ့ တွေ့ပြီး ဘဏ်လွှဲခ ၅၅၀ ကျပ် လျော့တယ် ဆိုတာ သိရတာပါ။





အခု အကြိမ်တွေမှာ ဘာမှ မလုပ်နိုင်တော့ပေမဲ့ နောင်အကြိမ်တွေမှာ ပြင်ဆင်လို့ ရအောင် အားလုံးကိုလည်း သတိပေးရင်း “ သာသနာအလှူ ၊ အလင်းအလှူ ” မှ စာရင်းများကို ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း အောက်မှာ ဖော်ပြလိုက်ပါသည်။





































A B C D E F
1 စဉ် ပစ္စည်းအမျိုးအမည် အရေအတွက် နှုန်း ကုန်ကျငွေ တစ်ပါးလျှင်ကုန်ကျမှု
2 ပရိက္ခရာအစုံ ၅စုံ 2500 12500 2500
3 သင်္ကန်း ၁ ပါးလျှင် (၃) စုံနှုန်း ၁၅စုံ 5500 82500 16500
4 သပိတ်(တန့်ကြည်တောင်သံသပိတ်) ၅ လုံး 4500 22500 4500
5 နိုင်လွန်ခါးပန်းကြိုး ၅ စုံ 500 2500 500
6 ခေါင်းအုံး+ခေါင်းအုန်းစွပ် ၅ လုံး 2500 12500 2500
7 စောင် ၅ထည် 4000 20000 4000
8 မျက်နှာသစ်ရေခွက် ၅ခွက် 500 2500 500
9 ပန်းကန်ပြား 500 2500 500
10 ဇွန်း ၅ ချောင်း 200 1000 200
11 ၁၀ ဆပ်ပြာခွက် ၅ခွက် 300 1500 300
12 ၁၁ ဆပ်ပြာခဲ ၅ခဲ 220 1100 220
13 ၁၂ သွားတိုက်ဆေး ၅ ဗူး 600 3000 600
14 ၁၃ သွားတိုက်တံ ၅ချောင်း 250 1250 250
15 ၁၄ ဖိနပ် ၅ရံ 1500 7500 1500
16 ၁၅ မျက်နှာသုတ်ပါဝါ ၅ထည် 1500 7500 1500
17 ၁၆ လွယ်အိတ် ၅လုံး 2500 12500 2500
18 ၁၇ လက်သည်းညှပ် ၅ခု 900 4500 900
19 ၁၈ လက်သုတ်ပ၀ါ ၅ထည် 500 2500 500
20 ၁၇ သပိတ်လွယ် ၅စုံ 2000 10000 2000
21 ၁၈ အိပ်ယာခင်း ၅ထည် 3000 15000 3000
22 ၁၉ ဖျာ အကြီးတစ်ခု 12000 12000 44970
23 ၂၀ ခြင်ထောင် အကြီးတစ်ထည် 1800 18000
24  ၂၁ သင်္ကန်းတင်ရန်၊သပိတ်တင်ရန် စင် 20000 20000
25  ၂၁ မုန့်ဟင်းခါးကျွေးကုန်ကျမှု 8500 85000
26  ၂၂ ကိုရင်များနေ့ဆွမ်းကပ် 23-8-2010 10000 10000
27  ၂၃ သီလရှင် တစ်ပါးအတွက် ကုန်ကျမှု 50000
28  စုစုပေါင်းကုန်ကျမှု 419850
29








ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း ကူးယူဖော်ပြပါသည်။




လေးစားစွာဖြင့်


ကိုဇော်


.



--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

ကိုဖော် ပေးပို့ထားသော မေးလ်အား တဆင့်ကူးယူဖော်ပြအပ်ပါသည်။ ကိုဇော်အား အထူးကျေးဇူးတင်ပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁နာရီခွဲ)
 

မြရတနာရွာအတွက် ဘ၀များစွာအား အလင်းရောင်ပေးလိုက်တဲ့အလှူတော်ကြီး




ဟိုတစ်နေ့က ကျွန်တော် “ ဆရာတော် ဦးကောဝိဒ ဆီမှ သြဝါဒ နှင့် အလှူ ”  ဆိုသော ပို့စ် တင်ခဲ့ပြီး ပါဝင်လှူဒါန်းလိုသော အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ပို့စ်တင်ပြီး ချက်ချင်း ဆိုသလို ကိုရီး { ကိုကြီး } က မြရတနာရွာအတွက် လိုအပ်နေသော ဒိုင်နမိုအတွက်ကို လာရောက်လှူဒါန်းကာ ဆရာတော် ဦးကောဝိဒဆီကို တိုက်ရိုက် အလှူငွေ ( ၄ ) သိန်းခွဲ ပေးပို့ လှူဒါန်းခဲ့ပါသည်။





ထို ဒိုင်နမို တပ်ဆင်လှူဒါန်းသော မှတ်တမ်း ဓါတ်ပုံများကို အောက်ပါ အတိုင်း မှတ်တမ်းတင်ထားပါသည်။








ဤသို့ တပ်ဆင်လှူဒါန်းခဲ့သည်။

































ထိုနောက် ကောင်းနိုးရာရာ နေရာများ၌ အလှူအတွက် ဆိုရင် အမြဲတမ်း တတ်ကြွလေ့ရှိသော ညီမ “ နိုးနိုးမောင် ” က ချို့တဲ့သူများကို သင်္ကန်းစည်းပေးသော အလှူလုပ်ချင်ကြောင်း ကျွန်တော့်ကို ပြောခဲ့ဖူးပါသည်။ ဒါကြောင့် ကျွန်တော်ကလည်း တကယ်လို့ ထိုကဲ့သို့ အလှူခံလိုသော ပုဂ္ဂိုလ်များ ရှိလာရင် ကျွန်တော်တို့ကို မြွတ်ကြားပေးပါရန် ဆရာတော် ဦးကောဝိဒကို ကျွန်တော်က လျှောက်ထားဖူးပါသည်။





ဒါကြောင့် မြရတနာမှ ချို့တဲ့သော အလှူခံ ပုဂ္ဂိုလ်များက ကိုရင်ဝတ်ရန် အလှူခံလာသော အခါမှာ မထင်မှတ်ပဲ မြန်မြန်ဆန်ဆန် ဖြစ်မြောက်ခဲ့ပါတော့သည်။ ဒါကြောင့် ကျွန်တော်လည်း သိသိချင်း ပို့စ်လည်း တင်ကာ နိုင်ငံ အရပ်ရပ်မှ အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ထို့အတူ မူလ အစီအစဉ်အတိုင်း ကျွန်တော်တို့ ခင်မင်နေသော မောင်နှမများကလည်း မူလအတိုင်း ဆရာတော် ဦးကောဝိဒ နဲ့ ဆက်သွယ် လှူဒါန် ခဲ့ပါသည်။ ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းလိုသူများကတော့ အောက်ပါ အတိုင်း တခြားသော မည်သည့် အကြောင်းကိစ္စ မဆို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။





ဦးကောဝိဒ


၉/ပဥလ ( သ ) ၀၀၀၅၂၆


Current Account D - 1 (ဦးကောဝိဒ)


မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ စစ်ကိုင်းမြို့။


Ph : 092110202
Email - kovida9@gmail.com





ဟိုအရင် တစ်ခါကတော့ ဘယ်သူ့ကိုမှ မပြောဖြစ်လိုက်ဘဲ မြရတနာသို့ သွားရာလမ်းမကြီး မြေဖို့ရန် ကားအစီး ( ၅၀ ) စာ လိုနေခဲ့ပါသည်။ ဒါကို ဆရာတော်က မာတီမှာ ပို့စ်တင်တော့ ကျွန်တော်လည်း ဘယ်သူနဲ့မှ မတိုင်ပင် ဖြစ်ပဲ ခြေမြန် လက်မြန် ကားအစီး ( ၅၀ ) လုံး လှူလိုက်ပါသည်။ ဒါကို လှူပြီးတော့မှ နောက်ဘာပဲ လှူလှူ သူတို့ကိုလည်း အသိပေးပါ ဆိုပြီး ပြောထားဖူးသော သူငယ်ချင်း ဖြိုးသီရိ ၊ ညီမ နိုးနိုးမောင် တို့ကိုလည်း အခု တစ်ခါတော့ အသိပေး ဖြစ်ခဲ့ပါသည်။ သူတို့ နှစ်ယောက်ကတော့ ဘယ်နေရာက ဘာအလှူပဲ ဖြစ်ဖြစ် အမြဲတမ်း ပါဝင်နေသူများပဲ ဖြစ်ပါသည်။








မြရတနာ လမ်းမ ပုံရိပ် တချို့



















အခု ကျွန်တော်တို့ သူငယ်ချင်း မောင်နှမများ စုပေါင်းပြီး အလှူငွေ ကောက်ခံ လှူဒါန်းရာမှာ ကျွန်တော်ကလည်း ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါသည် ဟု ဆိုကာ ကြော်ငြာခဲ့ပါသည်။ ဒါကြောင့် ကျွန်တော် တင်သော ပို့စ်ကို ဖတ်ပြီး ကျွန်တော် အမည် မသိသော မလေးရှားမှာ အလှူရှင် တစ်ယောက်က အလှူငွေ - ၅၉၅၁၀ ကျပ် ကို ဆရာတော် ဦးကောဝိဒမှ တိုက်ရိုက် အလှူခံ ရရှိပါသည်။ ထို အလှူရှင်ကို ကျွန်တော် မသိပါ။ ထိုအလှူရှင် အပါအဝင် အလှူငွေ ပါဝင်လှူဒါန်း သူများမှာ အောက်ပါ အတိုင်း စာရင်းပြုစုမိပါသည်။


အမည်မသိ မလေးရှားမှ အလှူရှင် -    ၅၉,၅၁၉ ကျပ်
နိုးနိုးမောင်                              -  ၁၅၀,၀၀၀ ကျပ်
နိုင်နိုင် ( နော်ဝေး )                   -  ၁၀၀, ၀၀၀ ကျပ်
နန်းထွေးစန္ဒာလွင် ( စင်ကာပူ )    -    ၅၀,၀၀၀ ကျပ်
ဖြိုးသီရိ                                 -    ၂၀,၀၀၀ ကျပ်
ကိုဇော်                                 -    ၅၀,၀၀၀ ကျပ်
------------------------------------------------------------
စုစုပေါင်း                               -    ၄၂၉၅၁၉  ကျပ်


( ဤ အလှူငွေ နှင့်ပတ်သတ်၍ မှားယွင်း လွဲချော်မှု တစ်စုံ တစ်ရာ ရှိပါက ကျွန်တော်၏ အမှားသာ ဖြစ်ပါသည်။ )



ကို လက်ခံ ရရှိသည်ဟု သိရပါသည်။ ထိုငွေများ ဖြင့် ကိုရင် ( ၅ ) ပါး ၊ သီလရှင်  ( ၁ ) ပါးကို တရားဘောင်သို့ သွတ်သွင်းရန် ဆရာတော်မှ အကြံပေးပါသည်။ ထိုအလှူပွဲသို့ ဆရာတော် ဦးဇဝန  မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော် နှင့် မြစင်္ကြာ ဆရာတော်ကြီး တစ်ပါး ကြွရောက်ကာ တရားတော် ချီးမြင့်မယ် လို့ သိရပါသည်။





ကျွန်တော်တို့ အလှူရှင်တွေနဲ့ အလှူခံ ပုဂ္ဂိုလ်တွေ တိုက်ရိုက် ထိတွေ့ခွင့် ရအောင် ဆရာတော် ဦးကောဝိဒမှ ဖုန်းဖြင့် အောက်ပါ အတိုင်း စီစဉ်ပေးပါသည်။ တကယ်ကို ရင်ထဲမှာ ဖော်မပြ တတ်လောက်အောင် ဝမ်းသာမိသည်။ သူတို့ ဆရာတော်က ဖုန်းပြောရမယ် ဆိုလို့သာ ပြောကြရတယ် ဖုန်းတောင်မှ သေချာ မပြောတတ်။ ဖုန်းထဲမှာ ကျွန်တော် ထင်နေသော ကိုယ်ဟန်မျိုး သူတို့မှာ ရှိနေသည်။ တစ်ခွန်းမေး တစ်ခွန်းဖြေဖြင့် ထစ်ငေါ့နေကြသည်။ မည်သို့ပင် ဖြစ်စေ ပီတိ စစ်စစ်တော့ ဖြစ်ခဲ့ပါသည်။







ဤသို့ ဤနှယ် သူတို့ ပြောကြသည်။
















ကိုရင်  ( ၅ ) ပါး ၊ သီလရှင် ( ၁ ) ပါး ကို စ၍ အောက်ပါ အတိုင်း ဆံချကာ ဆရာတော်ကြီးများက သင်္ကန်းစည်း ပေးကြပါသည်။ ဆံချ ၊ သင်္ကန်းတောင်း ၊ သင်္ကန်းစည်းကာ တရားဟောကြားပါသည်။ ထိုပုံများကတော့ အောက်ပါ အတိုင်း ဖြစ်ပါသည်။







ဤသို့ သင်္ကန်း စည်းခဲ့ကြသည်။




























































ထို့နောက် တစ်ရွာလုံးကို ဆရာတော် ဦးကောဝိဒ၏ အစီအစဉ် အရ မုန့်ဟင်းခါး ကျွေးဖြစ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ ယခုစာဖတ်သူများကိုလည်း မျှဝေ ပီတိ ဖြစ်စေချင်ပါသည်။ လာရောက် အလှူခံကာ စားသုံးသူများရဲ့ ပုံရိပ်တွေကို ကြည့်ကြည့်ပါ။ ပကာသန ဆိုတာ လုံးဝမပါသော အလှူခံ ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။ ဆရာတော် ဦးဇဝန မြွတ်ကြားခဲ့ဖူးသော တရားထဲကလို ပြောရရင် ဒါဟာ  “ ပါရမီထိုက်သော ဒါန ” တစ်ခုကို ပြုခဲ့မိတာပါပဲ။





ထိုတရားတော်ကို ကျွန်တော် အလွန် နှစ်သက်ပါသည်။ လိုချင်သူများ အတွက် ကျွန်တော် ကိုယ်တိုင် MP3 လုပ်ပြီး တင်ပေးထားတာ ရှိပါသည်။ ဤနေရာ တွင် ယူပါ။








ဤသို့ မုန့်ဟင်းခါး ကျွေးကာ ဒါနပြုခဲ့သည်။


































မပြုခင် နဲ့ ပြုပြီး ၊ မဖြစ်ခင် နဲ့ ဖြစ်ပြီး ဆိုသော ထိုအရာ နှစ်ခုကို ကျွန်တော် ယခုကဲ့သို ယှဉ်ကြည့်မိခဲ့ပါသည်။ ထိုအရာမှာ ကိုရင် ၊ သီလရှင် မဝတ်မှီနဲ့ ဝတ်ပြီး ဓါတ်ပုံများပါပဲ။







ဤသို့ ယှဉ်ကြည့်မိပါသည်။



























ရှင်ပြု အလှူလေး အောင်မြင်စွာ ကျင်းပနေတုန်း မထင်မှတ်ပဲ စိတ်မကောင်းစရာ တစ်ခု ကြုံခဲ့ရပါသည်။ သူများတွေ ကိုရင် ဝတ်တာကို ကြည့်ပြီး သူလည်း ကိုရင်ဝတ်ချင်လို့ ဆိုကာ ငိုယိုနေသော ကလေးတစ်ယောက်ပါ။ မိဘတွေက အဝေးမှာ ဖြစ်ပြီး အခုလောလောဆယ်တော့ ဦးလေးနဲ့ နေပါသည်။ ဆရာတော် ဦးကောဝိဒကို မလျှောက်ရဲလို့ ဆိုကာ တဆင့်စကားနဲ့ နောက်မှ ဆရာတော့်ဆီကို ရောက်ခဲ့ပါသည်။ ဒီနေ့ အဖို့တော့ ကိုရင်အတွက် အဆင်မပြေတော့ပြီ။ ဒါကြောင့် သူ့ကို မနက်ဖြန် ( ၂၄.၈.၂၀၁၀ ) မှာ ထပ်ပြီးတော့ ကိုရင် ဝတ်ပေးမယ်လို့ ကျွန်တော်တို့ တစ်ခါတည်းပဲ ဆုံးဖြတ် လိုက်ပါသည်။ သူ့ရဲ့ သူများတွေ ကိုရင်ဝတ်တာကို အားကျကာ မျက်ရည်စိုရွဲနေသော မှတ်တမ်းတင် ဓါတ်ပုံလေးပါ။









ယနေ့ ယခု ကျင်းပသော ရှင်ပြု အလှူလေးကတော့ အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ဒီအလှူလေးကို အကျဉ်းချုံးအားဖြင့် ပြန်လည်ကာ ဒီလို မှတ်တမ်းတင် ဖော်ပြပါ့မည်။


ယနေ့ ၁၃၇၂ ခု ၀ါခေါင်လဆန်း (၁၃)ရက် တနင်္လာနေ့ ၂၃.၈.၂၀၁၀ ရက်နေ့ အလှူပွဲ


နံနက်ပိုင်း စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှ အရုံ ဆွမ်းကပ်လှူခြင်း Dr.Nyan + မ၀ါဝါခိုင်မင်း သမီးလေး မေမြတ်နိုးခိုင်မှ အရုဏ်မုန့်ဟင်းခါးဆွမ်း သံဃာတော်များကို ကပ်လှူခဲ့ပါတယ်။ ဆွမ်းလောင်းအသင်းမှ နေ့ဆွမ်း လောင်းလှူခဲ့ပြီး မြရတနာကြွဖို့ စီစဉ်ရပါတယ်။ မေတ္တာရှင် ဆရာတော်က မိတ္တိလာကနေ ကြွလာမှာဆိုတော့ ဆရာတော်ကို စောင့်ရပါတယ်။ နံနက် ၈ နာရီမှာ ကလေးများကို ပြင်ဆင်ပြီး ရွာတွင် စီစဉ်စရာ ရှိတာများကို စီစဉ်ရင်း ၊ မြစင်္ကြာ ဆရာတော်ကိုပင့်ဖို့ စစ်ကိုင်းမြို့မှ ဇာတ်မင်းသား လှိုင်ဘွားအောင် ၏ ဖခင် ပန်တျာဦးမြကြည်မှ မော်တော်ယာဉ် စီစဉ်ပေးခဲ့ပြီး ဆရာတော်များကို နေ့ဆွမ်းကပ်ဖို့ပါ တစ်ခါတည်း စီစဉ် ပေးခဲ့ပါတယ်။ ကလေးများကို ဆံချ ကိုရင်ဝတ်ပေးပြီး ၊ ရေစက်ချ အခမ်းအနား ကျင်းပပါတယ်။ ကိုကြီး လှူဒါန်းသော ဒိုင်နမို နှင့် မလေးရှားနိုင်ငံမှ ဒါယိကာမကြီး မခင်ငြိမ်းချမ်းဦး လှူဒါန်းသော စက်ခန်းတို့အား ရေစက်ချ အမျှဝေကြပါတယ်။ ပြီးနောက် ရွာလုံးကျွတ် မုန့်ဟင်းခါး တိုက်ကျွေးခဲ့ပါတယ်။ အလှူရှင် တစ်ဦးမှ ရွာအတွင်း အိမ်ထောင်စု တစ်စုလျှင် စတီးဇလုံ တစ်လုံး လှူဒါန်းခဲ့ပါတယ်။ ”





*** အထက်ပါ စာမှာ ဆရာတော် ဦးကောဝိဒ ဆီမှ တိုက်ရိုက်ကူးယူကာ စာလုံးပေါင်းများသာ ပြင်ဆင်၍ ဖော်ပြပါသည်။ ***






ကုသိုလ် မျှဝေခြင်း . . . 


အထက်ပါ ရှင်ပြု အလှူနှင့်တကွ ကျွန်ုပ် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ယခု စာဖတ်သူနဲ့ တကွ ၊ ကျွန်တော့်ကို ချစ်သော ၊ ကျွန်တော့်ကို မုန်းသော ၊ ကျွန်တော့်ကို ဘယ်လိုမှ မနေသော လူများ ၊ စာဖတ်သူများ အားလုံးကို အမျှ ပေးဝေပါသည်။

ကျွန်တော့် ဘလော့မှာ သူတို့ စိတ်တိုင်း မကျတိုင်း လာရောက် ဆဲဆိုသူများ ၊ စာဖတ်သူများ အထင်အမြင် လွဲအောင် နည်းမျိုးစုံနဲ့ လာရောက် နှောင့်ယှက်ကာ ရေးသားသူများကိုပါ မချန်ဘဲ ကျွန်ုပ် မေတ္တာ ပို့ပါသည်။ ဒီလောက်နဲ့ ကျွန်တော့် စိတ်ဓါတ်ကို ရိုက်ချိုးလို့ မရသေးပါဘူး။ ထိုသူများကိုပါ ကျွန်ုပ်ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှ ပေးဝေပါသည်။



*** အားလုံး ကြားကြသမျှ . . . အမျှ . . .အမျှ. . . . အမျှ . . ယူတော် မူကြပါကုန်လော့။ ***






နောက်ဆက်တွဲ . . .



ပို့စ်လေးလည်း အဆုံးသတ်ပြီး အမျှတောင်မှ ဝေပြီးတော့မှ ကျွန်တော် စိတ်ကူးလေး တစ်ခု ရမိပြန်ပါသည်။ ထိုအရာကား တခြားတော့ မဟုတ်ပါ။ အခုဆိုရင် ကိုရီး { ကိုကြီး } မှ ဦးဆောင်ကာ လှူဒါန်းထားသော ဒိုင်နမိုကြောင့် မီးတော့ ကောင်းစွာ လင်းပြီး စာဖတ်၍ ရကာ အဆင်ပြေနေပါပြီ။ သို့သော် ကျွန်တော်ရဲ့ မြန်မြန်ဆန်ဆန် အလှူခံကာ လှူလိုက်ရသော အလှူကြောင့် ယခု ရှင်ပြု အလှူပွဲမှာ မလှူလိုက်ရသော အလှူရှင်များက မြရတနာ ဆိုသော ရွာလေး အမြဲတမ်း မီးလင်းနေစေဖို့ လည်ပတ် မောင်းနှင်ရသော မီးစက်အင်ဂျင် အတွက် ဆီသော်လည်းကောင်း ၊ တခြားသော ထောက်ပံ့ပစ္စည်းများကိုသော်လည်းကောင်း စေတနာရှိသလို ဆရာတော် ဦးကောဝိဒ နဲ့ တိုက်ရိုက် ဆက်သွယ်ကာ ဆက်လက် ပါဝင်  လှူဒါန်းနိုင်ကြပါတယ် ခင်ဗျား။






လေးစားစွာဖြင့်


ကိုဇော်
.




--
လေးစားစွာဖြင့်
ကိုဇော်
http://www.zaw357.net/

တဆင့်ကူးယူဖော်ပြပေးပါသည်။ ကိုဇော် အား အထူးကျေးဇူးတင်ပါ၏။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ သြဂုတ်လ(၂၉)ရက်၊ နေ့လည်(၁၁)နာရီ