Showing posts with label ကိုယ်ရေးဖိုင်. Show all posts
Showing posts with label ကိုယ်ရေးဖိုင်. Show all posts

ရွှေလမ်းငွေလမ်းဝင်းကြည်၏ ကိုယ်ရေးအကျဉ်း

စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ - ဦးဝင်းကြည် ဖြစ်သည်။
အဖ- ဦးကျော်ရှိန်(စာရေးဆရာ ပခန်းကျော်ရှိန်)+ အမိ- ဒေါ်ရီတို့မှ ၁၉၅၇ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်နေ့တွင် ချောက်မြို့နယ်၊ မင်းကန်ရွာ၌ မွေးဖွားသည်။ အခြေခံပညာအထက်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၉၄-ခု၊ ကြီးပွားရေးလမ်းညွှန်ဂျာနယ် အတွဲ(၃)(၁၂)၌ “ ထီလောကမှ အ၀စား စူစကာကြီးများ” စာပေ ဆောင်းပါးဖြင့် လည်းကောင်း၊ (၁၉၉၇)ခုနှစ် ရုပ်ရှင် စတားရသစုံမဂ္ဂဇင်းမှ ကဗျာဝတ္ထု ( မုန်းချောင်းရေနဲ့ ဆေးပါ့မယ်ဖြင့်လည်းကောင်း၊ စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။

“ရွှေလမ်းငွေလမ်း”(စက်ဘီးထီသည်ဘ၀) ဖြင့် စာပေနယ်သို့ စတင်ချေချ၍ ကလောင်အမည် “ရွှေလမ်းငွေလမ်းဝင်းကြည် ”နှင့် “၀ိုင်းကြည်အောင်” အမည်များ ပေးခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ၀တ္ထုတို၊ ဆောင်းပါးနှင့် သတင်းများပုဒ်ရေ(၁၀၀)ကျော် ရေးသားခဲ့ပြီး ဖြစ်ပါသည်။

မကွေးမြို့နယ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ( မကွေးပင်ရင်း) ထီကိုယ်စားလှယ် တာဝန်ခံ ဖြစ်ပါသည်။

ယခုအခါ ဇနီး ဒေါ်ခင်စီ၊ သား မောင်ထွန်းဝင်းကျော်၊ သမီး မအိအိချော၊ မြေးချောလေး မောင်ဘုန်းနေခန့် တို့နှင့်အတူ မကွေးမြို့တွင် နေထိုင်ရင်းး စာပေများ ဆက်လက်ရေးသားဆဲ ဖြစ်ပါသည်။



shwelannwelan@gmail.com
uwinkyi0@gmail.com
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၄)ရက်၊ ည(၁၁း၂၀)ရေး၏။
READMORE
 

မပြောသင့်သော်လည်း ပြောလိုက်မိပါသည်....

လူသားအားလုံးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့် ပမာ၊၀ါသနာအရ စာရေးခြင်းပါ။ ဘာအရောင်အသွေးမှ လုံးဝမပါ
READMORE