``မကွေး-အောင်လံသို့ အခမဲ့ တစ်လပြေးဆွဲခဲ့သော နယူးအောင်လံ ကားလေးလိုင်းမှ သုံးလအတွင်းစီနင်းသော ခရီးသည်များကို မော်တော်ဆိုင်ကယ်တစ်စီး နှင့် အခြားကံစမ်းမဲများဖွင့်လှစ်ပေးအပ်´´



အောင်လံ၊ စက်တင်ဘာ ၃၀ ။
          အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ ပြည်လမ်း၊ You Like ကဖီးဆိုင်တွင် ၂၀၁၄၊ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီမှ ၈နာရီအချိန်ခန့်အထိ မကွေး-အောင်လံ အခမဲ့ တစ်လပြေးဆွဲခဲ့သော နယူးအောင်လံကားလေးလိုင်းမှ သုံးလအတွင်း(၂၀၁၄ ဇူလိုင် ၁ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်)နေ့အထိ စီးနင်းခဲ့သော ခရီးသည်များ၏ ကားလက်မှတ်ဖြတ်ပိုင်း လက်ခံနံပါတ် ဂဏန်းလေးလုံးကို မော်တော်ဆိုင်ကယ်တစ်စီး နှင့် အခြားကံစမ်းမဲများ ငွေကျပ် ၁၃ သိန်းဘိုးခန့် ကံစမ်းမဲဖွင့်လှစ်ပေးကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။


          အဆိုပါအခမ်းအနားသို့ အောင်လံမြို့မှ ခေတ်ပေါ်တီးဝိုင်းဖြင့်ဧည့်ခံဖျော်ဖြေပြီး You Like ကဖီးဆိုင် ပိုင်ရှင် နယူး အောင်လံ ကားလေးလိုင်း ဥက္ကဋ္ဌ ဦးကျော်ဇေယျ နှင့် ကားပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက် တို့က လာရောက်ကြသော ဧည့်ပရိတ်သတ်များကို လက်ဖက်ရည်၊ မှုန့်မျိုးစုံတို့ဖြင့် စတုဒိသာအဖြစ် ကြွေးမွေးဧည့်ခံကြကြောင်း၊ ၎င်း နယူးအောင်လံ (မကွေး-အောင်လံ) ၁၅ ယောက်စီး ကားလေးလိုင်းကို ၂၀၁၄ ၊ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြေးဆွဲ ခဲ့ကြောင်း၊ဤကဲ့သို့ အောင်လံ-မကွေး ကားလေးလိုင်းအပြိုင် သုံးလိုင်းရှိရာ မကွေး-အောင်လံ ကားခ လူတစ်ယောက်လျှင် သုံးထောင်ကျပ်ကို မယူဘဲ အိမ်တိုင်ရာရောက်ခေါ်ဆောင်ပြီး တစ်လတိတိ အခမဲ့ပြေးဆွဲခဲ့သောကြောင့် အောင်မြင်လာခဲ့ ကြောင်း၊ အောင်လံမြို့ရှိ ဆွမ်းလောင်းအသင်း နှင့် အခြားလူမှုရေးအသင်းများကိုလည်း နယူးအောင်လံ ကားအသင်းမှ ကူညီလှူဒါန်းဆောင်ရွက်ခဲ့ပါကြောင်း ဦးကျော်ဇေယျ (ဥက္ကဋ္ဌ) က ၎င်းပွဲတွင်ပြောသည်။


`` ကျွန်တော်က ဦးတင်ဝင်းပါ၊ ဒီကံစမ်းမဲဖောက်တဲ့နေရာမှာတာဝန်ခံပါ၊ သုံးလအတွင်းရောင်းချထားတဲ့ ကားလက်မှတ်နံပတ် ၀၀၀၀ လေးလုံးကနေ ၄၇၉၉ ထိလက်မှတ်များကို ကံစမ်းမဲဖောက်မှာပါ။´´ဟု ဦးတင်ဝင်း(သွင်ထမင်းကျော်ဆိုင်ရှင်) က မဇ္ဈိမ ကိုပြောသည်။


ဦးတင်ဝင်းမှ ဆက်လက်၍ ပထမ လှည့်တဲ့ခုံမှာ ထိပ်စီး ၀ ၊ ၁၊ ၂၊၃၊ ၄ ဂဏန်း ဂေါ်လီငါးလုံးသာထည့်တယ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ လှည့်တဲ့စက်ခုံတွေထဲမှာတော့ ဂဏန်းဆယ်လုံး စီထည့်ထားပါတယ်၊ နောက်ဆုံး လှည့်တဲ့စက်ခုံအကြီးထဲမှာ က မော်တော်ဆိုင်ကယ်တစ်စီးပါ အခြားဆုမဲတွေ ထည့်ပြီး ကလေးငယ်လေးများက စက်ခုံဂေါ်လီလုံးနံပါတ်တွေကို အသီးသီး လှည့်ပြီး ထုတ်ပေးကြပါတယ်၊ ကားလက်မှတ်ဖြတ်ပိုင်းများကိုလည်း ပရိတ်သတ်များ၏ရှေ့မှာ စစ်ဆေးမဲ့အဖွဲ့က စားပွဲပေါ်ကို တင်ပြီး ကံထူးရှင် အမည်၊ ကားလက်မှတ်နံပတ်၊ ပေါက်တဲ့ဆုအမျိုးအစား၊ ဖုန်းနံပါတ် လိပ်စာတို့ကို တစ်ပါတည်းကြေငြာပြီး ဘလက်ဘုတ် မှာ ရေးသားပြထားပါကြောင်း၊ ကံစမ်းမဲဖောက်ရာတွင် မရှင်းလျှင် ပရိတ်သတ်များထဲက မည်သူမဆိုလာ ရောက် စစ်ဆေး မေးမြန်းနိုင်ပါကြောင်း ၎င်းပွဲ၌ ဦးတင်ဝင်း မှ ပရိတ်သတ်ကိုရှင်းပြသည်။

မော်တော်ဆိုင်ကယ်တစ်စီး ကံထူးရှင်မှာ ဦးကျော်၊ ကားလက်မှတ်လက်ခံဖြတ်ပိုင်းအမှတ်(၀၃၀၃)၊ ဖုန်း ၀၆၉-၂၀၁၁၆ စက်ဘီး(၃)စီးကံထူးရှင်များမှာ ကိုသောင်းဌေး၊ ၂၄၅၈ ၊ ဖုန်း ၀၉-၄၀၁၆၄၁၈၂၃ ။ ဒေါ်စန်းတင့်၊ ၁၁၁၆၊ ဖုန်း ၀၉-၃၃၀၇၂၈၇၇ ဦးကျော်အေး၊ ၃၃၈၄၊ ဖုန်း ၀၉-၂၅၆၅၈၄၀၇၀ တို့သုံးဦးဖြစ်ကြောင်း၊ ၂၁ လက်မ တီဗွီတစ်လုံးအား ကိုမင်းမင်း၊ ၂၇၇၈၊ ဖုန်း ၀၉-၄၀၁၅၆၈၈၉၈ နှင့် အောက်စက်တစ်လုံး၊ ပန်ကာတစ်လုံး၊ ထမင်းပေါင်းအိုးတစ်လုံး ၊ မီးဖိုတစ်လုံး၊ မီးပူတစ်လုံး၊ စတီးချိုင့် ငါးလုံးတို့၏  ကံထူးရှင်အသီးသီးကို ဆုနံပါတ်များပူးတွဲ ကြေငြာပြီး ဘလက်ဘုတ်တွင်ရေးသား၍  ဆုပေါက်မဲများကို တစ်ပါ တည်း ထုတ်ပေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

``မကွေးမြို့ ၄၃၆ ဟောပြောပွဲကော်မတီ(၁၁) ဦးတို့၏ ပုဒ်မ ၄၄၇ အမှုကို NLDဗဟို ဥပဒေရေးရာကော်မတီမှ တရားလွှတ်တော်ရှေ့နေ နှစ်ဦးလာရောက်၍ တရားရင်ဆိုင်ဖြေရှင်းမည်´´



မကွေး၊ စက်တင်ဘာ ၂၉ ။
မြန်မာတစ်ပြည်လုံး၌ နေရာအနှံ့ကျင်းပခဲ့သော ၄၃၆ ဟောပြောပွဲများ၌ မကွေးတိုင်းဒေသကြီးက ဥပဒေ ပုဒ်မအမျိုးမျိုးဖြင့် တစ်ဦးချင်းစီ နှင့် NLD ပါတီဝင်များ နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ကော်မတီဝင် ၁၁ ဦးတို့ကို ပြစ်မှု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုနေခြင်းသည် ထူးဆန်း၍ သဘောရိုးမဟုတ်ကြောင်း၊ အကြီးတန် အရုပ်ဆိုးနေကြောင်း မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုးက မဇ္ဈိမကို ၂၀၁၄၊ စက်တင်ဘာ ၂၉ ရက်နေ့ ပထမအကြိမ်ရုံးချိန်းတွင်ပြောသည်။ 

          အဆိုပါ မကွေးမြို့နယ်တရားရုံး၌ ၄၃၆ ဟောပြောပွဲ ၁၁ ဦးကော်မတီ ပထမနေ့ရုံးချိန်းသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ရန်ကုန်မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး နှင့် တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး (စိန်ဂျွန်း) နှစ်ဦးတို့ လာရောက်၍   ၎င်းပြစ်မှု ပုဒ်မ ၄၄၇ ကို ဖြေရှင်းဆောင်ရွက်ကြ မည်ဖြစ်ကြောင်း သိရသည်။ ဦးကျော်ဟိုး မှ တရားခံ ဦးနေမျိုးကျော် ပါ ငါးဦးအတွက် လိုက်ပါဆောင်ရွက်မည်၊ ဦးဌေးဦး(စိန်ဂျွန်း) မှ တရားခံ ဦးသန်းထွန်းအောင်ပါ ခြောက်ဦးတို့ကိုအတွက် လိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း ဦးနေမျိုးကျော်(အတွင်းရေးမှူး၊ မကွေးတိုင်းNLDပါတီ) က မဇ္ဈိမကိုပြောသည်။


``၄၃၆ ဟောပြောပွဲကျင်းပရေးကော်မတီဝင်တွေကို တရားစွဲဆိုတာက အုပ်ချုပ်ရေးပိုင်းနဲ့သာ သက်ဆိုင်ပါတယ်၊ အပြစ်ရှိ/မရှိကတော့ တရားရုံးက စီရင်ပါလိမ့်မယ်၊ ယခု တရားစွဲထားတဲ့ ကော်မတီဝင်တွေမှာ အပြစ်လုံးဝ မရှိပါဘူးလို့ ကျွန်တော်တို့က ပြောဆိုရင်ဆိုင်ရမှာပါဘဲ။´´ ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမ ကိုပြောသည်။


          စက်တင်ဘာ ၂၉ ရက်နေ့ ပြစ်မှုကြီးအမှတ် ၃၃၄၇/၂၀၁၄ မကွေးမြို့နယ်တရားသူကြီး ဒေါ်ယင်းမာ၊ တရားလိုအကျိုးဆောင် မြိုနယ်ဥပဒေအရာရှိ ဦးကျော်လွင်တို့၏ အထူးအာဏာရ မြို့နယ်တရားသူကြီး အဆင့်(၂)၊ ပထမအကြိမ် ရုံးချိန်းသို့ တရားလို ဦးသောင်းရွှေ မကွေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးမှာ ခွင့်ယူပြီး မလာရောက်ကြောင်း နေ့ ၁၂ အချိန်ကြာမှ တရားသူကြီးက ပြောပြီး ဒုတိယ ရုံးချိန်းရက် ကို အောက်တိုဘာ ၁၃ ရက်သို့ ချိန်းဆိုလိုက်သည်။


`` ကျွန်တော်တို့က ကော်မတီ ၁၁ ဦး၊ ဌားရန်းလို့ လာတာမဟုတ်ပါဘူး၊ NLD ဗဟို မှ ဥပဒေရေးရာကော်မတီ၏ တာဝန်ပေးချက်အရ လာရောက်ဆောင်ရွက်တာပါ။ ဒီအမှုကို  ၂ နှစ် ၃ နှစ်အထိ ကြာနေရင်လဲ ရုံးချိန်ရက် တွေတိုင်း ကျွန်တော် တို့လာကြမှာပါ။´´ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး (စိန်ဂျွန်း)က မဇ္ဈိမ ကိုပြောသည်။

          ဤနေ့စက်တင်ဘာ ၂၉ ရက်နေ့သည်ပင် ၄၃၆ဟောပြောပွဲကျင်းပစဉ်က အသံချဲ့စက်ဖွင့်မိန့် မယူသော ရပ်ကျေးဥပဒေပုဒ်မ ၂၇ နှင့် ရဲအက်-၄၉ အမှုများဖြင့် ဦးနေမျိုးကျော်(အတွင်းရေးမှူး၊ မကွေးတိုင်းNLD) နှင့် ဦးမောင်မောင်စိုး(ရွှေမြန်မာ) ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) တို့၏ ရုံးချိန်းများဖြစ်ပြီး ဦးမောင်မောင်စိုးအား အောက်တိုဘာ ၃ ရက်နေ့သို့လည်း ကောင်း၊ ဦးနေမျိုးကျော် ကို အောက်တိုဘာ ၁၄ ရက်နေ့သို့လည်းကောင်း အသီးသီးထပ်မံ၍ ရုံးချိန်းဖြစ်ကြောင်း ဦးမောင်မောင်စိုး(ရွှေမြန်မာ) ကပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

 

``မကွေးမြို့ မြင်သာရပ်ကွက်၊ မဲထီးလမ်း၊ ပြည်တော်သာစာသင်တိုက်တွင် ပြည့်ရွှေဝင်း ပရဟိတ အသင်းကို စတင်ဖွဲ့စည်း၍ မတည်ငွေများလှူဒါန်း´´

 မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်း၊ ပြည်တော်သာစာသင်တိုက် တွင် ၂၀၁၄၊ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီမှ ၁၁း၃၀ နာရီအချိန်အထိ ပြည့်ရွှေဝင်း ပရဟိတ အသင်းကို စတင်ဖွဲ့စည်း ညှိနှိုင်း အခမ်းအနားကျင်းပကြောင်း သတင်းရရိသည်။

        
  အဆိုပါ ပြည့်ရွှေဝင်း ပရဟိတ အသင်းကို အသင်းသားတစ်ဦးလျှင် လစဉ်ငွေတစ်ထောင်ကျပ် ထည့်ဝင် လှူဒါန်း၍ အသင်းသားများ၏ သားရှင်ပြုအလှူ၊ မင်္ဂလာဆောင်စသည့် သာရေး နာရေးကိစ္စများ အတွက် ခေတ္တစိုက်ထုတ်အသုံးပြု၍ အကူအညီပေး မည် ဖြစ်ကြောင်း၊အခြားသဘာဝဘေးအန္တရာယ် များကျရောက်သော ဒုက္ခသည်များအားလည်းကောင်း၊ ဆင်းရဲနွမ်းပါး၍ ပညာမသင်နိုင်သော ကျောင်းသား လူငယ်များအား လည်း ကောင်း ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊ အသင်းသားပေါင်း နှစ်ရာ ငါးဆယ်ကျော်ခန့်ရှိကြောင်း၊ အသင်း အတွက် မတည်ငွေကျပ် သိန်းငါးဆယ်ကို ဒေါ်ခင်မျိုးဝင်း မှ စတင်လှူဒါန်းကြောင်း၊ ယနေ့တက် ရောက်လာသော အသင်းဝင်များမှ လှူဒန်း ငွေ တစ်ဆယ့်နှစ်သိန်း တစ်သောင်း လှူဒါန်းကြကြောင်း၊ ထည့်ဝင် လှူဒါန်းငွေများကို ဘဏ်တွင်အပ်နှံထားကြောင်း၊ ပြည့်ရွှေဝင်း ပရဟိတ အသင်းကို ပြည်တော်သာစာသင်တိုက်ကျောင်း၊ ဆရာ တော်ကြီး ဦးပညာဝံသ မှ ပဌာန ဦးစီးနာယက အဖြစ်ဦးဆောင်၍ နာယက ဦးကျော်မြင့်( မြင်သာရပ်ကွက် အုပ်ချုပ် ရေးမှူး)၊ ဥက္ကဋ္ဌ ဒေါ်ခင်မျိုးဝင်း နှင့် အလုပ်အမှုဆောင်(၁၀)ဦးတို့ဖြင့် စတင်ဖွဲ့စည်းထားကြောင်း၊ အသင်း၏ စည်းကမ်းချက်များနှင့် အလုပ်အမှုဆောင်တာဝန်များကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ကြောင်း အမှုဆောင် ဦးဝိုင်း က မဇ္ဈိမ ကိုပြောသည်။

``ကျွန်တော်တို့ မရှိဆင်းရဲသားတွေမှာ သားကအရွယ်ကြီးလာရင် သင်္ကန်းဝတ်ဖို့ သားကြီးရှင်ဖြစ်တောင် အလှူ မလုပ်နိုင်တဲ့ အခါ ဒီပြည့်ရွှေဝင်း ပရဟိတ အသင်းက ခေတ္တအရင်းငွေ စိုက်ထုတ်လှူးပေးမယ်၊ အခါကြီး ရက်ကြီးတွေမှာ အခမဲ့စုပေါင်းရှင်ပြုပေးမယ် ဆိုတော့ ၀မ်းသာပါတယ်ဗျာ..´´ဟု ဆိုက်ကားဆရာ ဦးမြဦး က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ