``မကွေးမြို့တက္ကသိုလ်ပေါင်းစုံမှ ပြင်ပကျောင်းသားဘော်ဒါဆောင်နေ ကျောင်းသားများအတွက် ဘော်ဒါဆောင် အသင်းနှင့် မကွေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မကွေးခရိုင်/မြို့နယ်အုပ်ချုပ်ရေးကော်မတီ ညှိနှိုင်း´´




စက်တင်ဘာ ၆၊ မကွေး ။
          မကွေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တွင် စက်တင်ဘာ ၆ ရက်၊ နံနက် ၁၀း၂၀ မှ ၁၂း၃၀ နာရီအချိန်ခန့်အထိ ဘော်ဒါဆောင်အသင်းနှင့် မကွေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မကွေးခရိုင်/မြို့နယ်အုပ်ချုပ်ရေးကော်မတီ ညှိနှိုင်းကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။


          မကွေးမြို့အတွင်း တက္ကသိုလ်အသီးသီးမှ ပြင်ပနေထိုင်ကြသော ဘော်ဒါဆောင် လိုင်စင်မှတ်ပုံတင်ထား သော ဘော်ဒါဆောင်(၃၀၀)ကျော်ရှိကြောင်း၊ တရားမ၀င်လိုင်စင်မရှိသော ဘော်ဒါဆောင်(၁၀၀)ခန့်ပါ ဘော်ဒါ ဆောင်ပေါင်း လေးရာကျော်ခန့်ရှိကြောင်း၊ ဘော်ဒါဆောင်အသင်းတွင် ကော်မတီ ၁၇ ဦးရှိသော်လည်း တာဝန် ထမ်းဆောင်နိုင်သူ ၆ ဦးခန့်သာရှိနေ၍ ဘော်ဒါဆောင်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းသင့်ကြောင်း ဘော် ဒါဆောင်အသင်း ဒုဥက္ကဋ္ဌ ဦးသန်းတင့် က ၎င်းဆွေးနွေးပွဲတွင်ပြောသည်။


``ဘော်ဒါဆောင်စည်းမျဉ်းစည်းကမ်းနဲ့မညီလို့ အုပ်ထိမ်းသူအဆောင်မှူးမရှိတဲ့ တစ်လောက ဆေးကျောင်းသား တွေ ငါးဦးစုပေါင်းနေတဲ့ အဆောင်က နေ သောက်စားမူးရစ်ပြီး ည သန်းခေါင်းအချိန်ခန့်မှာ အမျိုးသမီးဆောင်ရှေ့ ဂီတာတီးကြလို့ နှစ်ဖွဲ့အုပ်စု ရိုက်ပွဲတွေဖြစ်ကြရပါတယ်။´´ဟု မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ် မျိုး က ၎င်းပွဲတွင်ပြောကြား၍ ယခင်နှစ်က ထုတ်ပြန်ထားခဲ့သော ဘော်ဒါဆောင်ပိုင်ရှင်များလိုက်နာကြရန် စည်း ကမ်း ၂၃ ချက်နှင့် ဘော်ဒါဆောင်တွင် နေထိုင်ကြသော ကျောင်းသူ၊ ကျောင်းသားများ လိုက်နာရန် စည်းမျဉ်း စည်းကမ်းများကို ဖတ်ကြားပြီး ပြန်လည်ပြင်ဆင်ရေးဆွဲရန် ဆွေးနွေးကြသည်။


``ကျွန်တော်တို့ မကွေးတက္ကသိုလ်မှ ကျောင်းအတွင်းဘော်ဒါဆောင်မှာ ကျောင်းသား ကျောင်းသူ တစ်ရာကျော် သာထားနိုင်ပြီး ပြင်ပဘော်ဒါဆောင်တွေမှာ နေထိုင်ရသူကျောင်းသား တစ်ထောင့်သုံးရာကျော် နေကြရပါတယ်၊  စည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသားကို နောက်ဆုံးအဆင့် မိဘထံသို့ နှစ်နှစ်ပြန်အပ်တယ်၊  တစ်နှစ်ပြန်အပ် တယ် ဆိုတဲ့ (ကျောင်းကထုတ်လိုက်တယ် ဆိုတဲ့စကားလုံးကိုမသုံးဘဲ) အရေးယူတဲ့ပုံစံမျိုး ပြုလုပ်ပြီး အရေးယူ ဆုံးမမှုတွေ ပြုလုပ်ဆောင်ရွက်နေပါတယ်။´´ ဟု မကွေးတက္ကလိုလ် ဒုတိယပါမောက္ခတစ်ဦးမှ ၎င်းပွဲတွင် ပြောသည်။

          မကွေးမြို့တွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် စက်တင်ဘာ ၈ ရက်နေ့မှ စတင်၍ စီမံချက်များရေးဆွဲပြီး မြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ မှ ဘော်ဒါဆောင်များကို လိုက်လံ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ၎င်းပွဲတွင်ပြောသည်။

          မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ စက်တင်ဘာ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၃ ခုနှစ်အတွင်းက ဆေးကျောင်းသားများကို အမည်မသိလူငယ်အုပ်စုတွေက ၀င်ရောက်ပြီး ရိုက်နက်မှု ၇ မှု ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်ထဲတွင် သြဂုတ်လ ၂၄ ရက်နေ့က ဆေးကျောင်းသား ၆ ဦးအား အမည်မသိ လူငယ် ၇ ဦးတို့က ဓားနှင့်ထိုး ဒုတ်နှင့်ရိုက်ပြီး ဆိုင်ကယ်များ ဖျက်ဆီး၊ လက်ကိုင်ဖုန်း နှစ်လုံးအား လုယူသွားကြောင်း၊ ဓားထိုးခံရသူ ဆေးကျောင်းသား ကိုဝေယံစိုး က သြဂုတ် ၂၅ ရက်နေ့တွင် မကွေးမြို့မရဲစခန်း၌ (ပ)၁၅၉/၂၀၁၄ ပြစ်မူပုဒ်မ ၃၂၅/၃၂၆/ ၄၂၇/၃၇၉/၁၁၄ အမှုဖွင့်ထားခဲ့ကြောင်း၊ အမှုဖွင့်တိုင်ကြားထားသော်လည်း  ယနေ့ စက်တင်ဘာ၂ ရက်နေ့ အထိ အမည်မသိလူငယ် ၇ ဦးအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ တရားဥပဒေစိုးမိုးမှု မရှိကြောင်း ၎င်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး စက်တင်ဘာ ၂ရက်နေ့ ညနှင့် စက်တင်ဘာ ၃ရက်နေ့ နေ့ခင်း ၃ နာရီအချိန် မှာ အမည်မသိ လူငယ်အုပ်စု က ရိုက်နှက်မှုများ ထပ်မံဆက်လက်ဖြစ်ပေါ်လျှက်ရှိကြောင်း  (အမည်မဖော်လိုသူ) ဆေးကျောင်း သားသမဂ္ဂအဖွဲ့ဝင် တစ်ဦး က သတင်းအချက်အလက် အတိအကျဖြင့် မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: