``မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ မကွေးမြို့တွင်ဆေးကျောင်းသားများအား အမည်မသိအဖွဲ့ က မကြာခဏ ရိုက်နှက်နေမှုအပေါ် တရားဥပဒေစိုးမိုးရေးအတွက် အမြန်ဖော်ထုတ်ပေးရန် တောင်းဆို´´



မကွေး၊ စက်တင်ဘာ ၃။
         
မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ခွာညိုလမ်းထိပ်ရှိ ဦးအောင်ကျော်ကျော်(မြစ်ကွေ့ဧရာလူမှုကွန်ယက်)၏ နေအိမ်တွင် စက်တင်ဘာ ၂ ရက်၊ ညနေ ၅ နာရီခန့်အချိန်တွင် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသီတာအေးမင်း နှင့် ကော်မတီအဖွဲ့တို့မှ သြဂုတ်လ ၂၄ ရက်နေ့ညတွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ သစ္စာလမ်း၊ရွှေမြိုင်အမျိုးသမီးဘော်ဒါဆောင်ရှေ့၌ ဆေးကျောင်းသား ခြောက်ဦးတို့ ဂီတာတီးနေစဉ် အမည်မသိ လူငယ်(၇)ဦးတို့ က လာရောက်ပြီး ဆေးကျောင်းသားခြောက်ဦးကို ဓားနှင့်ထိုး၊ တုတ်နှင့်ရိုက်၍ ဆိုင်ကယ်များကို ဖျက်ဆီးပြီး လက်ကိုင်ဖုန်းနှစ်လုံးအား လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း၊ သြဂုတ် ၂၅ ရက်နေ့တွင် ဓားဖြင့် အထိုး ခံရသော ဆေးကျောင်းသား ကိုဝေယံစိုးမှတရားလိုပြုလုပ်၍ မကွေးမြို့မရဲစခန်း၌ (ပ)၁၅၉/၂၀၁၄ ပြစ်မူပုဒ်မ ၃၂၅/၃၂၆/ ၄၂၇/၃၇၉/၁၁၄ အမှုဖွင့်ထားခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သွားသူ အမည်မသိ တရားခံ(၇)ဦးတို့ကို အမှုဖြစ်ပွားပြီး ယနေ့စက်တင်ဘာ(၂)ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိ၍ မကွေးမြို့တွင်းနေသော ဆေးကျောင်း သားများ၏ လုံခြုံရေး အတွက် စိုးရိမ် နေကြရသောကြောင့် တရားဥပဒေစိုးမိုးရေးအတွက် အမြန်ဖော်ထုတ်ပေးရန် မီဒီယာများအား ဖိတ်ကြား၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ရကြောင်း ကိုသီတာအေးမင်း ဥက္ကဋ္ဌနှင့် ကိုစည်သူငြိမ်း အတွင်းရေးမှူး၊ ဆေးကျောင်း သားသမဂ္ဂအဖွဲ့ မှ ရှင်းလင်း ပြောကြားသည်။


``ယခင်နှစ်၂၀၁၃ နှစ်ကလည်း ကျွန်တော်တို့ဆေးကျောင်းသားတွေကို အုပ်စုဖွဲ့ပြီးရိုက်နှက်မှုတွေ အမှု (၇)မှု လောက်ဖြစ်ခဲ့ကြပါတယ်။ ရဲစခန်းက အမှုမဖွင့်နဲ့ ဖွင့်ရင် မင်းတို့ဆရာဝန်ကျောင်းသားတွေဘ၀ အမည်းစက်ပါမယ် ဆိုကာ အမှုမဖွင့်ခိုင်းခဲ့ပါ၊ ယခုအမှုဖွင့်ခဲ့သော်လည်း ယနေ့အထိ တရားခံ(၇)ဦးကို ဖမ်းဆီးရရှိခြင်းမရှိခဲ့ပါ၊ မကွေးမြို့တွင်း အဆောင်နေကြရသော ဆေးကျောင်းသားတွေအတွက် လုံခြုံမှုမရှိဖြစ်နေကြလို့ တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးဖော်ထုတ်ပေးရန်၊ ယခုလို ထပ်မံဖြစ်ပေါ်လာမယ်၊ ဒီအမှုကိုဖော်ထုတ်မပေးနိုင်ခဲ့ရင် ကျွန်တော်တို့ ဆေးကျောင်းသားတွေ တီရှပ်အင်္ကျီများ ၀တ်ဆင်ပြီး ကန်ပိန်းလုပ် တောင်းဆိုသွားကြပါ့မယ်၊ ယခုကိစ္စအတွက် ဒီနေ့မှာဘဲ နိုင်ငံတော်သမ္မတထံသို့ စုပေါင်းလက်မှတ်ထိုးပြီး စာတင် တိုင်ကြားလိုက်ပါတယ်။ ´´ဟု ကိုစည်သူငြိမ်း အတွင်းရေးမှူး က ၎င်းပွဲတွင်ပြော၍ တိုင်ကြားစာကို ဖတ်ကြားပြ ကြောင်း သတင်းရရှိသည်။


         
၎င်းတိုင်ကြားစာမိတ္တူကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်။ ညွှန်ကြားရေးမှူး၊ ဆေးသိပ္ပံဝန်ကြီးဌာန၊ နေပြည်တော်။ ၀န်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့။ ပါမောက္ခချုပ်၊ မကွေးဆေး တက္ကသိုလ်။ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး၊ မကွေးတိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးမြို့ သို့ အသီးသီး ပေးပို့ထားကြောင်း  မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: