စက်တင်ဘာ ၇၊ မကွေး ။
မကွေးမြို့၊
ဆုံရပ်ကွက်၊ ၆ လမ်းရှိ မကွေးတိုင်းNLD ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး
ကွန်ရက်မှ တိုင်းအတွင်းရှိ (၁၃)မြို့နယ်မှ ပညာရေးဒါနကျောင်းများသို့ စက်တင်ဘာ ၇ ရက်နေ့
နံနက် ၁၀းမှ နေ့၁၂ နာရီအထိလာရောက်လှူဒါန်းကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။
မြို့နယ်(၁၃)ကျောင်းမှ ကျောင်းသားပေါင်း (၇၉၁)ယောက်အတွက် ဗလာစာအုပ်ပေါင်း
၂၆၇ ဒါဇင် နှင့် ငွေ ၄၃ သိန်း ၅ သောင်းကျပ်လှူဒါန်းကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်မှ
ခေါင်းဆောင် ဒေါက်တာသိန်းလွင်၊ ဗဟိုအဖွဲ့ဝင် ဦးလှသိန်း၊ ညှိနှိုင်းရေးမှူး ဦးဖြိုးမင်းသိန်း၊
ပညာရေးဒါနကျောင်းတွေနှင့် ဆက်ဆံရေးမှူး ဒေါ်ဥမ္မာစော၊ အဖွဲ့ဝင်ဒေါ်မြင့်မြင့်စိန်၊ ဦးအောင်လှိုင်ဝင်း
တို့နှင့် မကွေးတိုင်းအတွင်းမှ ၁၃ မြို့နယ်ပညာရေးဒါနကျောင်းကော်မတီ နှင့် ဆရာ၊ဆရာမများ
အင်အား ၁၀၀ ဦးခန့်တက်ရောက်ကြောင်း သိရသည်။ NLDပညာရေးကွန်ရက်နှင့်ပတ်သက်၍ ဒေါက်တာ သိန်းလွင်အား မြေလတ်မီဒီယာ က မေးမြန်းရာ
``အမျိုးသားဒီမိုကရေစီပညာရေးကွန်ရက်အနေနဲ့
မြန်မာတစ်ပြည်လုံးဆက်သွယ်ထားသော ကျောင်းပေါင်း နှစ်ရာကျော်ရှိပါတယ်၊ အဲဒီကျောင်းတွေကို
တတ်နိုင်သမျှထောက်ပံ့ကူညီပါတယ်၊ ဆရာ၊ဆရာမတွေကိုလည်း သင်တန်းတွေပေးပါတယ်၊ ပညာရေးပြုပြင်ပြောင်းလဲဖို့
ဆရာတွေရဲ့အကြံဥာဏ်တွေကိုလည်း ယူပါတယ်၊ လက်ရှိ ပညာရေးစနစ်မှာ ကလေးတွေ ကောင်းတဲ့နည်းလမ်းရရှိသွားဖို့ဆောင်ရွက်နေပါတယ်၊
ရှေ့လုပ်ငန်းစဉ်တွေက တော့ ပညာရေးကွန်ရက်တွေကို ဥပဒေအရ ကျောင်းများထူထောင်နိုင်ခွင့်ပြုမယ်ဆိုရင်
ကျောင်းသားတွေ ကိုလက်ခံပြီး ကျွန်တော်တို့ကိုယ်တိုင်သင်မယ်၊ စာမေးပွဲတွေစစ်မယ်၊ တက္ကသိုလ်တက်နိုင်တဲ့
အဆင့်ရှိရင် ပညာ ရေးကွန်ရက်က ဆက်ဆောင်ရွက်သွားမယ်၊ အကယ်၍ ဥပဒေက ခွင့်မပြုခဲ့ဘူးဆိုရင်
ရပ်ရွာက ပညာရေးကျောင်း လေးတွေကို ယခုလို ကူညီဆောင်ရွက်သွားရမှာပေါ့။ ပညာရေးစနစ်ကောင်းသွားရင်
ယခုလို ကျူရှင်တွေ မလို တော့ပါဘူး၊ ကျောင်းပြင်ပရောက်သွားတဲ့ ကလေးတွေအတွက်လည်း အသက်မွေးဝမ်းကြောင်း
ပညာတွေ သင်ကြားပေးသွားဖို့ရည်ရွယ်ပါတယ်။ ယခုအစိုးရဘက်က ပညာရေးပြုပြင်ပြောင်းလဲရေးဥပဒေရေးဆွဲထားတာကို
ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေတာ မအောင်မြင်သေးပါဘူး၊ ပညာရေးပြုပြင်ပြောင်းလဲရေး ဥပဒေရေးဆွဲတဲ့
နေရာမှာ ပြည်သူလူထု အများနဲ့ ပူးပေါင်းပါဝင်တဲ့ အကြံဥာဏ်တွေ လိုအပ်ကြောင်း အစိုးရကို
တင်ပြထားပါ တယ်။´´ ဟု ဒေါက်တာ သိန်းလွင်က မြေလတ်မီဒီယာ ကိုပြောသည်။
``လက်ရှိ ပညာရေးစနစ်မှာ ဆယ်တန်းဖြေဆိုတဲ့ဖောင်ကိုတောင်
မှောင်ခိုဈေးနဲ့ဝယ်နေရတယ်ဆိုတာ မဖြစ်သင့် ပါဘူး၊ အထောက်အထား အတိအကျနဲ့တင်ပေးပါ၊ ဒီကိစ္စလွှတ်တော်ကို
တင်ပေးပါ့မယ်၊ လွှတ်တော်ထဲမှာ ပညာရေးဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးဆွဲပေးဖို့ တင်ပြခဲ့တာ
ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဆုံး စပြီးတင်ခဲ့တာပါ။ ကျွန်တော်တို့ပါတီ
လွှတ်တော်ထဲမရောက်ခင်ကထဲက ပညာရေးဥပဒေ တစ်ဝက် လောက်ကို ရေးဆွဲပြီးနေခဲ့ပါပြီ၊ လွှတ်တော်ထဲမှာ
တော်တော်များများက ဥပဒေဆိုရင် လူတွေကို ထိမ်းချုပ်ဖို့လို့ လွှတ်တော်ထဲမှာ ရှိနေတဲ့လူခြောက်ရာမှာ
ကိုးဆယ်ရာခိုင်းနှုန်းက အဲသလိုဘဲ တွေးထင်နေကြတာ၊ ကျွန်တော်တို့ ပါတီနဲ့ အခြားပါတီက လူ၆၀/၇၀ လောက်က ဆယ်ရာခိုင်နှုန်းကတော့ ဥပဒေဆိုတာ
ဥပဒေနဲ့အညီ လူတွေပိုမိုတိုး တက်လာအောင် ဆောင်ရွက်နိုင်ဖို့ လူတွေကိုအကာ အကွယ်ပေးဖို့
လို့ထင်တဲ့အုပ်စုဆိုပြီး အုပ်စုနှစ်ခု ရှိနေပါ တယ်။ လွှတ်တော်ထဲမှာ ယခင်အချိန်တုန်းက
လွှတ်တော်ကြီးက တံဆိပ်တုန်းရိုက်တဲ့အဆင့်သာရှိပါတယ်၊ လုံးခြုံရေးကို တော်တော်တင်းကြပ်ပါတယ်၊
ဒီကိစ္စတွေကို လွှတ်တော်ပြင်ပရောက်ရင် ကျွန်တော်ကတော့
မီဒီယာ တွေနဲ့ တွေ့ရင်ပြောပါတယ်၊ ၀န်ကြီးတွေတောင် လွှတ်တော်ထဲဝင်ရင် တယ်လီဖုန်းယူခွင့်မပေးပါဘူး၊
တချို့ ၀န်ကြီး တွေဆိုရင် အပေါက်ဝမှာ တယ်လီဖုန်းကို ကိုင်ပေါက်တဲ့အဆင့်အထိ ဖြစ်ခဲ့ရပါတယ်၊
ကင်မရာ မယူရဘူး၊ အသံဖမ်းစက်မယူရပါဘူး၊ လွှတ်တော်ထဲမှာ အစိုးရက ပေးထားတဲ့ မီဒီယာကလွဲလို့
မည်သူမျှ မရှိစေရဘူး၊ လွှတ်တော်ထဲဝင်တာနဲ့ ထောင်တံခါးဝင်ရင် အစစ်ဆေးခံရသလိုစစ်ဆေးခံပြီးမှ
ဝင်ခဲ့ရတာပါ၊ ကျွန်တော်တို့ လွှတ်တော်ထဲရောက်တော့ အတိုက်အခံနဲ့ ပြုပြင်ရေးတွေ တော်တော်ဆွေးနွေးခဲ့ကြရတယ်၊
နိုင်ငံတစ်ကာက စိတ်ဝင်စားလား တော့ အတော်အတန် ပြောင်းလဲသွားပါပြီ၊ ဥပဒေဆိုရင် ထောင်ချတဲ့ပြစ်ဒါဏ်
ပါမှဆိုတဲ့သဘောဖြစ်နေပါတယ်၊ လွှတ်တော်ထဲမှာ အတွေးအခေါ်တိုက်ပွဲကတော့ မပြောင်းလဲသေးပါဘူး၊
ဒါကြောင့်၂၀၁၅ အလွန်မှာ ကျွန်တော်တို့ပါတီကို လူထုက လုပ်ပိုင်ခွင့်ပေးဖို့မျှော်လင့်ပါတယ်။´´
ဟုဦးဖြိုးမင်းသိန်း (ညှိနှိုင်းရေးမှူး၊ ဗဟိုပညာရေးကွန် ရက်)က ၎င်းပွဲ တွင် ပြောသည်။
မကွေးတိုင်းဒေသကြီးNLDပါတီမှ ဗဟိုပညာရေးကွန်ရက်သို့ အချက်နှစ်ချက်တောင်းဆိုကြောင်း၊
ပညာရေး ကွန်ရက် ပညာဒါနကျောင်းများသည် တစ်ချိန်တုန်းက ယခင်ခေတ်အမျိးသားကျောင်းများကဲ့သို့
အမေစုရဲ့အရိပ် အောက်မှာ ဒီမိုကရေစီစံနှုန်းမီ ပညာရေးဒါနကျောင်းတွေဖြစ်အောင် ဆောင်ရွက်ပေးဖို့
၊ မကွေးတိုင်း အတွင်းမှာ ပညာရေးနှီးနှောဖလှယ်ပွဲကြီးတစ်ခုကို မကွေးတိုင်းNLD ပါတီနှင့်
ပညာရေးကွန်ရက်တို့ ပေါင်းစည်းပြီး ပညာရေး နှီးနှောဖလှယ်ပွဲကြီးကျင်းပသွားနိုင်ရေးအတွက် အချက်နှစ်ချက်ကိုတောင်းဆိုကြောင်း အတွင်းရေးမှူး ဦးနေမျိုး ကျော် က မြေလတ်မီဒီယာ
ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
0 comments:
Post a Comment