``မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားကို အကြိုဂုဏ်ပြုသော မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များမှ မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သန့်ရှင်းရေး လုပ်အားဒါနဖြင့် ကြိုဆို´´



စက်တင်ဘာ ၁၃၊ မကွေး ။

၂၀၁၄၊ အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနား ကျင်းပမည်ဖြစ်သည်။ ၎င်းအခမ်းနားအား အကြိုဂုဏ်ပြုပွဲများကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြုလုပ်လျှက်ရှိရာ၊

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲမှူးကြီး လူလူသန်း နှင့် ဒုတိယရဲမှူးကြီး မောင်မောင်အေး တို့ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အင်အား (၁၃၅)ဦးတို့သည် ၂၀၁၄၊ စက်တင်ဘာ ၁၃၊ နံနက်(၆း၃၀ မှ ၉း၀၀)နာရီအချိန်အထိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားကို အကြိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များမှ မကွေးတိုင်းကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၌ သန့်ရှင်းရေး လုပ်အားဒါနဖြင့် ကြိုဆိုပွဲ ပြုလုပ်ကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။

``ကျွန်တော်တို့ဒီကနေ့လုပ်အားပေးပွဲကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားကို အကြိုဂုဏ်ပြုတဲ့ အနေနဲ့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအတွင်းမှာ သန့်ရှင်းရေးလုပ်အားပေးကြတာပါ၊ စက်တင် ဘာ ၂၀ ရက်၊ စနေနေ့၊ နံနက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတု အခမ်း အနားကို အကြိုဂုဏ်ပြုတဲ့အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေစုပေါင်းပြီး သွေးလှူဒါန်းပွဲပြုလုပ်သွားအုံးမှာပါ၊´´ ဟု ဒုတိယရဲမှူးကြီး မောင်မောင်အေး မှ မြေလတ်မီဒီယာကိုပြောသည်။


         
အဆိုပါလုပ်အားဒါနပြုလုပ်ရာတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူရဲတပ်ဖွဲ့၊ မကွေးခရိုင် ရဲတပ်ဖွဲ့ရုံး၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ SB ၊ CID ၊ မူးရစ်နှိမ်နှင်း၊ လူကုန်ကူးတားဆီး(တိုင်း)၊ ယာဉ်ထိမ်း၊ မကွေးမြို့ မရဲစခန်း နှင့် မကွေးနယ်မြေရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်ပေါင်း(၁၃၅)ဦးလုပ်အားပေးကြောင်းမြေလတ်မီဒီယာ က သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: