``မြန်မာနိုင်ငံဂီတအစည်းအရုံး(မင်းဘူး) မှ စာပေဟောပြောပွဲ ပထမအကြိမ်ကျင်းပ´´



မင်းဘူးမြို့၊ ရွှေစက်တော်ဘုရားသို့သွားရာလမ်းရှိ ကြယ်စဉ်သစ် စားတော်ဆက်နှင့် မင်္ဂလာခန်းမ၌ စက်တင်ဘာ ၆ ရက်၊ ညနေ ၇ နာရီမှ ည ၁၁ နာရီအချိန်အထိ မြန်မာနိုင်ငံဂီတအစည်းအရုံး(မင်းဘူး) မှ ပထမအကြိမ် စာပေဟောပြောပွဲကို စာပေ၊ဂီတ၀ါသနာရှင်များစုပေါင်းပြီး စာပေ၀ါသနာရှင်ပရိသပ်ပေါင်း တစ်ရာကျော်ခန့်ဖြင့် ကျင်းပကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါ မြန်မာနိုင်ငံဂီတအစည်းအရုံး(မင်းဘူး) ၏ စာပေဟောပြောပွဲသို့ ဂီတအစည်းအရုံး(မင်းဘူး) ဥက္ကဋ္ဌ ဦးကိုလေး က အဖွင့်မိတ်ဆက်စကားပြောကြားဖွင့်လှစ်ပြီး ဂီတစာရေးဆရာ ဆရာမှော်ဝန်းကြည်မြတ် မှ (သံတူကြောင်းကွဲ မူရင်းမိတ္တူ) ခေါင်းစဉ်ဖြင့် အဆိုအပြောများဖြင့် ပြောကြားကြောင်း၊ စာရေးဆရာ အဏ္ဍ၀ါစိုးမိုး မှ (အာဂျင်တီးနားမှ ကြေးဆည်သံ) ခေါင်းစဉ်ဖြင့်ဟောပြောကြသည်။


          ၎င်းအခမ်းအနား၏ နောက်ဆုံးအစီအစဉ်တွင် စာဆိုတေးရှင် ဂီတာဖေ၀င်း မှ (သီချင်းထဲက ဘ၀၊ ဘ၀ထဲ ကစာပေ) ခေါင်းစဉ်ဖြင့် အားပါးတရ သီဆိုဟောပြော၍ ည ၁၁နာရီအချိန်ခန့်တွင် စာပေဟောပြောပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

သတင်းစဉ်
မြေလတ်မီဒီယာ

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: