``မကွေးမြို့တွင် ရွှေဝါရောင်(၇)နှစ်မြောက်အထိမ်းအမှတ် ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး) မှ အမှုတွေတစ်သီကြီးဖြင့် မြို့လုံးကျွတ်သံဃာအပါး (၁၈၀၀)ကို အာရုံဆွမ်းလောင်းလှူဖြစ်´´



စက်တင်ဘာ ၁၉၊ မကွေး ။
          မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ ၁၅ လမ်း၊ ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး)ရုံး၌ ရွှေဝါရောင်(၇)နှစ်မြောက် အထိမ်းအမှတ် မြို့လုံးကျွတ်သံဃာအပါး (၁၈၀၀)ကို အာရုံဆွမ်းလောင်းလှူကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

``ကျွန်တော် မောင်မောင်စိုး(ရွှေမြန်မာ)ပါ၊ မကွေးမြို့မှာ အစိုးရ အာဏာပိုင်များက အနှိပ်အကွတ်အခံရဆုံးသူ ဖြစ်ပါတယ်၊ မနေ့က ပုဒ်မ ၄၃၆ ဟောပြောပွဲကို တရားစွဲခံရသူ ၁၁ ဦးထဲမှာလည်းပါပါတယ်၊ အဲဒီဟောပြော ပွဲအတွက် အမှုပေါင်း ၄ မှုနဲ့ တရားရင်ဆိုင်နေရသူပါ။ ဧရာဝတီရေဘေးအတွက် အလှူခံတဲ့ ပန်းရဲ့လမ်းအဖွဲ့ကို ကူညီလို့လည်း အမှုတွေ တစ်သီကြီးနဲ့ ရင်ဆိုင်ပြီး ဒဏ်ငွေတွေ ဆောင်လိုက်ရပါတယ်၊ ဘယ်လောက်ပဲ ဒုက္ခ ရောက်ရောက် ရွှေဝါရောင်(၇)နှစ် အထိမ်းအမှတ်ပွဲကို မကွေးမှာ သုံးကြိမ်ဆက်တိုက် ကျင်းပ ပြီး ကုသိုလ်ပြုနိုင်ကြ ပါတယ်။´´ ဟု ဦးမောင်မောင်စိုး ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ကပြောသည်။

          ၎င်းပွဲမှ နိုင်ငံရေးပါတီများ၊ မကွေးမြို့တွင်းမှ လူမှုရေး NGO အဖွဲ့အားလုံးကိုလည်း ဖိတ်ကြား၍ ဧည့်ခံ ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: