``နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်ကာလဖြင့် ဒီမိုကရေစီ နိဗ္ဗာန်ကို မရနိုင် ဟု မင်းဘူးမြို့တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းပြောကြား´´



စက်တင်ဘာ ၁၄၊ မင်းဘူး ။
        
  မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးခမ်းမတွင်  စက်တင်ဘာ ၁၄၊ နံနက် ၈းဝ မှ ၁၁း၁၅ နာရီအချိန်အထိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း နှင့် ဦးတင့်နိုင်သိန်း တို့နှစ်ဦးတို့သည် ပြည်သူလူထုများနှင့် တွေ့ဆုံကြောင်း သတင်းရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်ဝန်ကြီးများ၊ တိုင်း ဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးးမှူးနှင့် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ပွင့်ဖြူ၊ စလင်း၊ ငဖဲ နှင့် စေတုတ္တရာမြိုနယ်များမှ အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးကော်မတီဝင်များ အင်အား ၃၀၀ ဦးခန့်တက်ရောက်ကြောင်း သိရသည်။


``ယနေ့ပြုပြင်ပြောင်းလဲရေးမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေက ပြောင်းရမှာ၊ ယခင်က ဗဟိုအစိုးရကပြောင်း ပေးတယ်၊ ဗဟိုကပြောင်းတော့ မှားတွေလည်းပါတယ်၊ မသိတာတွေလည်းပါတယ်၊ လာဘ်စားတွေလည်းပါတယ်၊ ကျွန်တော်တို့အစိုးရတက်စက ကျန်းမာရေးအတွက် ဘီလျှံ (၄၀)သာရတယ်၊ ယနေ့ ဘီလျှံ(၆၉၀) ဘတ်ဂျက်မှာ ချထားပေးတယ်၊ ဆေးရုံတွေပြင်လို့ရတယ်၊ နောက်ပိုင်းမှာ ဆေးစာအုပ်တွေက ပိုက်ဆံမပေးရတော့ဘူး၊ ဆေးရုံကုသ ရေး အင်မာဂျက်စီလူနာတွေ ငွေမပေးရအောင် လျှော့လျှော့ချလာပါပြီ၊ ပို၍သိသာထင်ရှားလာတဲ့ ကျန်းမာရေး စရိတ်တွေကို ပွင့်လင်းမြင်သာအောင် ချပြရမယ်၊ ခင်ဗျားတို့ ရပ်မိ ရပ်ဖတွေက ဒီဆေးရုံအုပ်ကြီးကို ဘာတွေ သုံးထားသလဲ မေးနိုင်တယ်၊ ဆေးရုံတွေ တစ်ထောင်ကျော်လောက်ရှိတယ်၊ ဆေးရုံတွေပြင်ဆင်ဖို့ ဘီလျှံ (၃၃) ချပေးထားတယ်၊ မလုပ်ရင် အဲဒါတွေ ဘယ်ကိုပျောက်သွားသလဲ မေးလို့ရတယ်၊ ခင်ဗျားတို့သိထားရမှာက သုံးနှစ်နဲ့ တော့ ဒီမိုကရေစီ နိဗ္ဗာန်ကိုမရောက် နိုင်ဘူး၊ ဦးသိန်းစိန်လည်း သုံးနှစ်နဲ့တော့ တွန်းပို့လို့မရဘူး၊ ပြည်သူလည်း မတွန်းနိုင်ဘူး၊ သုံးနှစ်ကာလဟာ အလွန်တိုတောင်းပါတယ်၊ အချိန်တိုတယ်ဆိုပြီး အိပ်နေလို့လည်းမရဘူး။ ကျန်းမာ ရေးမှာလည်း ပညာရေးလိုဘဲ ဆရာဝန် ဆရာမ သူနာပြုတွေလိုရင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေက ခန့်နိုင်ပါပြီ၊ အလုပ် အကိုင်ရရိရေးတွေ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်၊ အဓိကသန်းခေါင်စာရင်းက အခြေခံကျပါတယ်၊
ကျွန်တော် လည်း ယခင်က အစိုးရအဖွဲ့တွေထဲမှာ လုပ်လာတာပါ၊ အချို့ကိန်းဂဏန်းတွေဆိုရင် တင်ပြလာတာ ရာခိုင်နှုန်းပြည့်ယုံကြည်မှု မရှိခဲ့ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တိုင်းမှာ စပါးတွေ ဘယ်လောက် ထွက်တယ်၊ ဖူးလုံပါပြီ၊ စသည်ဖြင့်ပေါ့ဗျာ အဲဒါတွေကိုကျွန်တော် တစ်ရာရာခိုင်နှုန်းကို မယုံခဲ့ပါဘူး၊ လူဦးရေစာရင်း မမှန်လို့ပါ၊ လူဦးရေ စာရင်းတွေလည်းမှားတယ်၊ လယ်ကွက်တွေလည်းမှားတယ်၊ မဖြစ်တာတွေကိုလည်း လူကြီးကြိက် အောင် အောက်ခြေကညာပြောနေကြတယ်ဗျာ၊ ယုံကိုမယုံဘူး။ အဲဒါနဲ့ ကျွန်တော်တို့အစိုးသစ်တက်လာပြီး သုံးလအကြာမှာ နိုင်ငံတော် သမ္မတကြီးခင်ဗျာ ကျွန်တော်တို့ သန်းခေါင်စာရင်းကောက်ရပါ့မယ်လို့ တင်ပြခဲ့ပါတယ်၊ ဒါတောင် နှစ်နှစ်ကျော်ကြာ မှ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ယခုတော့ (၅၁.၄)သန်းဖြစ်သွားပါပြီ၊ နောက် နှစ်လ၊သုံးလ လောက်ကြာရင် အလုပ်လက်မဲ့ဘယ်လောက်ရှိတယ်၊ မော်တော်ကားပိုင်ဘယ်လောက်ရှိတယ်၊ စသည်ဖြင့် ဒေတာတွေရရင် တီဗွီမှာ ကြေညာပေးသွားမယ်။ အလုပ်အကိုင်ရရှိရေးအတွက် နံပါတ် တစ် ဆောင်ရွက် နေပါတယ်၊ အုပ်ချုပ်ရေးစနစ်ကိုလည်း ပြောင်းလိုက်ပါပြီ၊ အနာဂတ်မှာ အစိုးရလုပ်ငန်းက ပိန်သွားပြီး ပုဂ္ဂလိက လုပ်ငန်းတွေက ကျယ်လာရမှာပါ၊ ယခင် တုန်းကလို သူဌေး ဆယ့်လေးငါးယောက်လောက်နဲ့ တိုင်းပြည်ရင်းနှီး မြုပ်နှံလို့မရတော့ပါဘူး၊ လူလတ်တန်းစား လုပ်ငန်းရှင်အဖွဲ့အစည်းတွေနဲ့ တိုင်းပြည်တိုးတက်အောင်လုပ်ရမှာပါ။ ပြည်ထောင်စုဝန်ကြီး ဦစိုးသိမ်းက ၎င်း ပွဲတွင်ပြောသည်။

          ဆက်လက်၍ပြည်ထောင်စုဝန်ကြီးမှ ``ပြည်သူဗဟိုပြုအုပ်ချုပ်ရေးကို ဆောင်ရွက်နေပါတယ်၊ အစိုးရအဖွဲ့ အသီးသီးကို ကျွန်တော်ပါ အပါအ၀င်ပြောပါတယ်၊ လူထုနဲ့အမြဲတွေ့ဆုံပါလို့၊ စင်ကာပူနိုင်ငံမှာဆိုရင် အပါတ်စဉ် သူတို့ရဲ့ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပါတယ်၊ မြန်မာနိုင်ငံက အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တစ်လ တစ်ခါတော့ မဲဆန္ဒရှင်တွေနဲ့တွေ့ဖို့ကောင်းပါတယ်။ ပြည်သူတွေနဲ့ တစ်ခါမှ မတွေ့ရင်တော့ သေချာပါတယ် နောက် ဒီလူကို ဘယ်တော့မှ မဲမပေးတော့မှာ သေခြာပါတယ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ်ကို ဒီမကွေး တိုင်းပြည်သူတွေကရွေးချယ်လိုက်တာလေ၊ အဲဒီမဲပေးခဲ့တဲ့ လူတွေကို မတွေ့ကြတော့ဘူးလား၊ မေ့သွားကြပြီးလား၊ တွေ့ပြီး သူတို့ရဲ့ အခက်ခဲတွေကို ဖြေရှင်းပေးနေရမှာ၊ ဖြစ်နိုင်ရင်တစ်ဦးချင်းစီရဲ့ အခက်အခဲတွေကို ဖြေရှင်းပေး နေရမှာ၊ ဖြေရှင်းပေးဖို့ တစ်ရက်ကို အချိန်သပ်သပ်ပေးထားရမှာပါ။ စင်ကာပူမှာဆိုရင် လွှတ်တော်ကိုယ်စား လှယ်နဲ့တွေ့ဆုံဖို့ သတ်မှတ်ထားတဲ့ရက်မှာ တန်းစီပြီးစောင့်နေကြရတယ်။´´ ဟု ပြည်ထောင်စုဝန်ကြီး ဦစိုးသိမ်းက ၎င်း ပွဲတွင်ပြောသည်။

          မြန်မာပြည်၏ ဒီမိုကရေစီသည် ပြည်သူတွေက ဒီမိုကရေစီဟေ့ဆိုတာနဲ့ အမေရိကန်နိုင်ငံကိုမြင်ပြီး များများမျှော်လင့်တောင်းဆိုနေသည်၊ လက်ရှိအစိုးရမှ လူထု၏ တောင်းဆိုချက်များကို နည်းနည်းကလေးသာ ပေးနိုင်၊ လုပ်နိုင်ကြသည်ဟု ၀န်ကြီးးက ဆက်လက်ပြောဆိုသွားကြောင်း သတင်းရရှိသည်။


          ပြည်ထောင်စုဝန်ကြီးဦးတင့်နိုင်သိန်း မှ ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ်ကို ယနေ့ရှင်းပြထားသည့် ပါဝါပွိုင့် ဖိုင်တွေသည် မြို့နယ်(၃၃၀)များထံသို့ လွန်ခဲ့သော (၂)နှစ်ကျော်ခန့်က ပေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံခြားသို့ အိမ်ဖော် အဖြစ်နှင့် သွားရောက်လုပ်ကိုင်ကြမည့်အစား၊ သူနာပြုအဖြစ်နှင့် နိုင်ငံခြားသို့သွားရောက်လုပ်ကိုင်နိုင်သော သင်တန်းတွေ ဖွင့်လှစ်ပေးသွားသင့်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ်အရ မြို့နယ် များမှ အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ၊ စည်ပင်သာယာ ကြီးကြပ်ရေးကော်မတီအဖွဲ့များနှင့်အတူ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်။ ဟု ၎င်းတွေ့ဆုံပွဲ၌ပြောကြားသည်။

မင်းဘူးမြို့နယ်အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းဟန် ၏ ပြောကြားချက်တွင် လက်ရှိအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများသည် မြို့နယ်အထောက်အကူပြုအဖွဲ့များကို ရာခိုင်နှုန်းပြည့်အသိအမှတ်မပြုကြောင်း၊ ပူးပေါင်းဆာင် ရွက်ခြင်းအားနည်းနေကြောင်း၊ မင်းဘူးမြို့သည် ရေပေးဝေမှုခက်ခဲကြောင်း၊ မြို့ပြတိုးချဲ့နိုင်ရန်စီမံကိန်းပလ္လင်များ ရေးဆွဲထား သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်မှု မရှိသေးကြောင်း စသည်တို့ကို တင်ပြတောင်းဆို ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ



 

0 comments: