``မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မကွေးမြို့နယ်ရုံးတွင် မေထုန်မဲ့သားစပ်သင်တန်းဖွင့်၍ (၅)ရက်သင်တန်းပို့ချ´´



မကွေး၊ စက်တင်ဘာ ၁ ။
         
 ထုတ်လုပ်မှုစွမ်းရည်မြင့်မားသော နို့စားနွား၊ ခိုင်းနွား၊ အသားစားနွား၊ မျိုးကောင်း မျိုးသန့်များရရှိရေး အတွက်၊ မေထုန်မဲ့သားစပ်သင်တန်းကို မကွေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေကြီးအစည်း အဝေးခန်းမတွင် စက်တင်ဘာ ၁ ရက်၊ နံနက် ၉ နာရီအချိန်၌ ကျင်းပကြောင်း မြေလတ်မီဒီယာမှ သတင်း ရရှိသည်။


          အဆိုပါအခမ်းအနားတွင် ပထမဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါက်တာကျော်လွင် မှအဖွင့်အမှာ စကားပြောကြားကြောင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားရှင်းလင်းပြောကြားကြောင်း သတင်းရရှိသည်။

          အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အငြိမ်းစာ ဆရာကြီးများက သင်တန်းပို့ချ၍ ၀န်ထမ်းများနှင့် မြို့အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၄၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို ၂၀၁၄၊ စက်တင်ဘာ(၁)ရက်နေ့မှ စက်တင်ဘာ(၅)ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅ နာရီအထိ စာတွေ့၊ လက်တွေ့ ငါးရက်တိတိသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: