``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေး မှ လုပ်ငန်းညှိနှိုင်းဆွေးနွေး၍ အကောင်အထည်ဖော်ဆောင်ရွက်မည်´´



စက်တင်ဘာ ၁၁ ရက်၊ မကွေး ။
          မကွေးမြို့၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခမ်းမတွင်  ၂၀၁၄၊ စက်တင်ဘာ ၁၀ ရက် နေ့လည် ၁း၃၀ မှ၎း၃၀ နာရီအချိန်ခန့်အထိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေး မှ လုပ်ငန်းညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းအကောင် အထည် ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊တိုင်းဒေသကြီးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဖေ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာဉ်စည်းကမ်း လမ်းစည်း ကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးကြီးလူလူသန်းနှင့် ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော တိုင်းဒေသကြီး ယာဉ်ထိမ်းရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်  တရားသူကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင် နှင့် ဂန့်ဂေါခရိုင်များမှ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ နှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ အင်ဂျင်နီယာမှူးကြီးများ၊ တိုင်းဒေသကြီးပုဂ္ဂိုလိက မော်တော်ယာဉ် လိုင်းပေါင်းစုံကြီးကြပ်ရေးကော်တီအဖွဲ့၊ တိုင်းဒေသကြီးပို့ဆောင်ဆက်သွယ်ရေး ညွန်ကြား ရေးမှူး၊ တိုင်းဒေသကြီး (ကညန) ညွှန်ကြားရေးမှူး၊ တိုင်း/ခရိုင်/မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုကော်မတီနှင့်  မကွေးမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဉာဏ်မျိုး တို့နှင့် စုစုပေါင်း(၄၀)ဦးခန့်တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။ 


          အဓိကစုပေါင်းဆွေးနွေးချက်များမှာ မကွေးမြို့တွင်း၌ လမ်းမကြီးများပေါ်တွင် စတိုးဆိုင်ကြီးများရှေ့တွင် အဖြူ/အနီမျဉ်းများသတ်မှတ်ထားသော်လည်း မော်တော်ယာဉ်များ ရပ်နားနေသောကိစ္စ၊ လမ်းပလက်ဖောင်းထိပ် အထိဈေးဆိုင်းခန်းများ၊ လက်ဖက်ရည်ဆိုင်များခင်းကျင်းနေသောကိစ္စ၊ တက္ကသိုလ်ကျောင်းနယ်မြေအနီး လမ်း ပလက်ဖောင်းပေါ်၌ ကွမ်းယာဆိုင်များမှ အရက်များရောင်းချသည့်ကိစ္စ၊ နိုင်ငံဝန်ထမ်းများသည် အများပြည်သူ တွေထက် စည်းကမ်းလိုက်နာရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးအတွက် ဤကော်မတီမှ အဖွဲ့စည်းပေါင်းစုံဖြင့် မိုဘိုင်းရွေ့လျား စစ်ဆေးဖမ်းဆီး ဆောင်ရွက်ရေးကိစ္စ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မှာကဲ့သို့ ဒဏ်ငွေများကို တိုးမြှင့် သပ်မှတ်ရန်ကိစ္စ၊ ဌာနတစ်ခု တစ်ဖွဲ့တည်းဖြင့် စစ်ဆေးဖမ်း ဆီးခြင်းကိစ္စများကို  ဆွေးနွေးကြကြောင်း သိရသည်။


ဆက်လက်၍ ဖမ်းဆီးရမိသော ဒဏ်ရိုက်ငွေများမှ ရံပုံငွေစာရင်းကိစ္စ၊ ဒဏ်ငွေထက် ထောင်ချသည့်အထိ ပြင်းထန်သော ပြစ်ဒဏ်များပေးသင့်၊မပေးသင့်ကိစ္စ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိရောက်စွာ လိုက်နာရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သီးခြားဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရေးကိစ္စ၊ တက္ကသိုလ်ကျောင်းများတွင် ဟောပြောပွဲများ မထိရောက်၍ ပညာပေး လက်ကမ်းကြော်ညာများ ဖြန့်ဝေရန်ကိစ္စ၊ အစိုးရ၀န်ထမ်းများ နှင့် အများပြည်သူများ ဥပဒေအရ နည်းဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ကြောသား ရင်သားမခွဲခြားဘဲ ထိရောက်စွာအရေးယူ ဆောင်ရွက်ရေးကိစ္စ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များ လိုင်စင် များကိစ္စ၊ အဝေးပြေးမော်တော်ယာဉ် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၌ မီးဘေးအန္တရာယ် တားဆီး နိုင်ရန် မီးသတ်ဆေးဘူးနှင့် အခြားအရေး ပေါ်ထွက်ပေါက်များ၊ မော်တော်ယာဉ်ကြံခိုင်ရေး နှင့် အရေးပေါ် ကားတိုက်မှုဖြစ်ပေါ်လာလျှင် ကယ်ဆယ်ရေးကိစ္စ၊ ယာဉ်မောင်းလိုင်စင် နှင့် စပယ်ယာ လိုင်စင်များ မှန်ကန်ရေးကိစ္စ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် မော်တော်ဆိုင်ကယ်များထိရောက်စွာ ဖမ်းဆီးရေးကိစ္စ၊ မြို့တွင်းမှ အနှေးယာဉ်ထီကား၊ ထီလှည်းများ၊ ဈေးရောင်းလှည်းများ လမ်းဗြောင်းပြန် ၀င်ထွက် နေသော ကိစ္စတို့ကို တက်ရောက် သူများမှ အသေးစိတ်ဆွေးနွေး အဖြေရှာကြကြောင်း သတင်းရရှိသည်။

``ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက တစ်နိုင်ငံလုံးရဲ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် မူခင်း ဖြစ်ပွားနှုန်းအဆင့် ဆဌမ နေရာမှာ ရှိပါတယ်၊ ၂၀၁၁ ခုနှစ်မှာ မှုခင်း ၅၄၅ မှု၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄၅ ဦး၊ လူသတ်မှုကြောင့်သေဆုံးသူ ၁၅၂ ဦး။ ၂၀၁၂ ခုနှစ်မှာ မှုခင်း ၈၃၄ မှု၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၀၁ ဦး၊ လူသတ်မှုကြောင့်သေဆုံးသူ ၁၅၀ ဦး။ ၂၀၁၃ ခုနှစ်မှာ မှုခင်း ၁၀၈၆ မှု၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၈၈ ဦး၊ လူသတ်မှုကြောင့်သေဆုံးသူ ၁၅၀ ဦး။ ၂၀၁၄ ခုနှစ် သြဂုတ်လအထိ မူခင်း ၇၉၅ မှု၊ ယာဉ်တိုက် မှုကြောင့်သေဆုံးသူ ၁၉၇ ဦးထိ ရှိပါတယ်။ ယခုလို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး ကိစ္စများကို တိုင်းဒေသကြီးမှာကဲ့သို့ ခရိုင်/မြိုနယ်အဆင့်များအထိ ယာဉ်ထိန်းဌာနတစ်ခုတည်းမလုပ်ဆောင်ဘဲ အခြားဌာနများနဲ့ စုပေါင်းဝိုင်းဝန်းပြီး ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။´´ ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးကြီးလူလူသန်း က ၎င်း အခမ်းအနားတွင် ပြောကြား၍ မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: