``မကွေးမြို့ မြင်သာရပ်ကွက်၊ မဲထီးလမ်း၊ ပြည်တော်သာစာသင်တိုက်တွင် ပြည့်ရွှေဝင်း ပရဟိတ အသင်းကို စတင်ဖွဲ့စည်း၍ မတည်ငွေများလှူဒါန်း´´

 မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်း၊ ပြည်တော်သာစာသင်တိုက် တွင် ၂၀၁၄၊ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီမှ ၁၁း၃၀ နာရီအချိန်အထိ ပြည့်ရွှေဝင်း ပရဟိတ အသင်းကို စတင်ဖွဲ့စည်း ညှိနှိုင်း အခမ်းအနားကျင်းပကြောင်း သတင်းရရိသည်။

        
  အဆိုပါ ပြည့်ရွှေဝင်း ပရဟိတ အသင်းကို အသင်းသားတစ်ဦးလျှင် လစဉ်ငွေတစ်ထောင်ကျပ် ထည့်ဝင် လှူဒါန်း၍ အသင်းသားများ၏ သားရှင်ပြုအလှူ၊ မင်္ဂလာဆောင်စသည့် သာရေး နာရေးကိစ္စများ အတွက် ခေတ္တစိုက်ထုတ်အသုံးပြု၍ အကူအညီပေး မည် ဖြစ်ကြောင်း၊အခြားသဘာဝဘေးအန္တရာယ် များကျရောက်သော ဒုက္ခသည်များအားလည်းကောင်း၊ ဆင်းရဲနွမ်းပါး၍ ပညာမသင်နိုင်သော ကျောင်းသား လူငယ်များအား လည်း ကောင်း ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊ အသင်းသားပေါင်း နှစ်ရာ ငါးဆယ်ကျော်ခန့်ရှိကြောင်း၊ အသင်း အတွက် မတည်ငွေကျပ် သိန်းငါးဆယ်ကို ဒေါ်ခင်မျိုးဝင်း မှ စတင်လှူဒါန်းကြောင်း၊ ယနေ့တက် ရောက်လာသော အသင်းဝင်များမှ လှူဒန်း ငွေ တစ်ဆယ့်နှစ်သိန်း တစ်သောင်း လှူဒါန်းကြကြောင်း၊ ထည့်ဝင် လှူဒါန်းငွေများကို ဘဏ်တွင်အပ်နှံထားကြောင်း၊ ပြည့်ရွှေဝင်း ပရဟိတ အသင်းကို ပြည်တော်သာစာသင်တိုက်ကျောင်း၊ ဆရာ တော်ကြီး ဦးပညာဝံသ မှ ပဌာန ဦးစီးနာယက အဖြစ်ဦးဆောင်၍ နာယက ဦးကျော်မြင့်( မြင်သာရပ်ကွက် အုပ်ချုပ် ရေးမှူး)၊ ဥက္ကဋ္ဌ ဒေါ်ခင်မျိုးဝင်း နှင့် အလုပ်အမှုဆောင်(၁၀)ဦးတို့ဖြင့် စတင်ဖွဲ့စည်းထားကြောင်း၊ အသင်း၏ စည်းကမ်းချက်များနှင့် အလုပ်အမှုဆောင်တာဝန်များကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ကြောင်း အမှုဆောင် ဦးဝိုင်း က မဇ္ဈိမ ကိုပြောသည်။

``ကျွန်တော်တို့ မရှိဆင်းရဲသားတွေမှာ သားကအရွယ်ကြီးလာရင် သင်္ကန်းဝတ်ဖို့ သားကြီးရှင်ဖြစ်တောင် အလှူ မလုပ်နိုင်တဲ့ အခါ ဒီပြည့်ရွှေဝင်း ပရဟိတ အသင်းက ခေတ္တအရင်းငွေ စိုက်ထုတ်လှူးပေးမယ်၊ အခါကြီး ရက်ကြီးတွေမှာ အခမဲ့စုပေါင်းရှင်ပြုပေးမယ် ဆိုတော့ ၀မ်းသာပါတယ်ဗျာ..´´ဟု ဆိုက်ကားဆရာ ဦးမြဦး က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 
 
 

0 comments: