``မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ၎င်းတို့ဌာနမှ မြန်မာတစ်နိုင်ငံလုံးအတွက် ၀န်ထမ်းပေါင်း သုံးထောင်ကျော်ခန့်ထားရန် လျှောက်လွှာများခေါ်ယူကြောင်း သတင်းထုတ်ပြန်´´



စက်တင်ဘာ ၈၊ မင်းဘူး ။
                   မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနရုံးတွင် စက်တင်ဘာ ၈ ရက်နေ့က ၎င်းတို့ဌာနမှ မြန်မာတစ်နိုင်ငံလုံးအတွက် ၀န်ထမ်းပေါင်း သုံးထောင်ကျော်ခန့်ထားရန် လျှောက်လွှာများခေါ်ယူကြောင်း ဒုဦးစီးမှူး ဦးမြင့်သိန်း က စက်တင်ဘာ ၈ ရက်နေ့ တွင် မဇ္ဈိမ က ပြောသည်။

                   ခန့်ထားမည့်ဝန်ထမ်းများမှာ ဒုတိယဦးစီးမှူးရာထူး ၂၄၂ ဦး၊ အငယ်တန်းအင်ဂျင်နီယာ(၂) ရာထူး ၄၂၁ ဦး၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး ၆ ဦး၊ အကြီးတန်းစာရေးရာထူး ၆၃၄ ဦး၊ လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူးရာထူး ၁၉၄ ဦး၊ အငယ်တန်းအင်ဂျင်နီယာ(၃)ရာထူး ၃၆၃ဦး၊ အငယ်တန်းအင်ဂျင်နီယာ (၄)ရာထူး ၂၈၄ ဦး၊ အငယ်တန်းစာရေးရာထူး ၂၃၀ ဦး၊ စာရင်းကိုင်(၄)ရာထူး ၁၆၃ ဦးနှင့်  ဒုလက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူးရာထူး ၃၈၈ ဦးတို့လိုအပ်ကြောင်း သတင်းထုတ်ပြန်သည်။

`` လျှောက်ထားလိုသူများ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ ၂၀၁၄၊ စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီးလျှောက်ရပါ့မယ်၊ လျှောက်လွှာများကို ပြည်နယ်/တိုင်းဒေသကြီး/ ခရိုင်ရုံးများမှာ ရယူနိုင်ပါတယ်။´´ ဟု ဒုဦးစီးမှူး ဦးမြင့်သိန်း က စက်တင်ဘာ ၈ ရက်နေ့တွင် မဇ္ဈိမ ကို ပြောသည်။

          အသေးစိတ်အချက်အလက်များကို သိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်  ဖုန်း ၀၆၇-၄၀၉၀၃၀ / ၀၆၇-၄၀၉၃၅၉ / ၀၆၇-၄၀၉၂၄၃ ဖုန်းများနှင့် ပြည်နယ်/တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ရုံးများသို့လည်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း မဇ္ဈိမ ကို သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: