ကြီးအုံ-ကြီးဝ တမံအတွင်း ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးဆောင်ရွက်



ပွင့်ဖြူ        စက်တင်ဘာ      ၂၄
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံ-ကြီးဝ ဘက်စုံရေလှောင်တမံအတွင်းရှိ ကျေးလက်နေဒေသခံပြည်သူများ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တမံအတွင်းရှိ ငါးသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက မွေးမြူးရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးနှင့် အဖွဲ့သည် တမံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေး၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။


          ရှေးဦးစွာ မွေးမြူးရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးနှင့် အဖွဲ့သည် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထေက်အကူပြုကော်မတီ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ နှင့် မြို့မိ/မြို့ဖများ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား ညှိနှိုင်း ပေါင်းစပ် ဆွေးနွေးကြရာ ဒုတိယ၀န်ကြီးမှ ဒေသခံများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။


          ထို့နောက် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ကြီးအုံ-ကြီးဝ တမံအတွင်းရှိ ကြီးအုံကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တမံဧရိယာအတွင်းရှိ ကျေးရွာ(၁၈)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စရပ်များနှင့် တမံအတွင်းရှိ ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတက်စေရေးအတွက် ငါးမွေးမြူရေး ပညာပေးရေးလုပ်ငန်းရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တင်ပြမှုအပေါ် ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ကြီးအုံကျေးရွာ အစုအဖွဲ့ပိုင် ငါးမွေးမြူထားရှိမှုများနှင့် ဧရာမင်း ငါးကုန်ထုတ်သမအဖွဲ့မှ ရေလုပ်သား(၂၀၀)ဦးခန့်ဖြင့် အစုအဖွဲ့များ ဖွဲ့စည်းကာ  ငါးကုန်ထုတ်လုပ်နေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

          အဆိုပါ ကြီးအုံ-ကြီးဝတမံအတွင်းမှ နေ့စဉ် ငါးပိဿာ(၃၀၀)ခန့် ထွက်ရှိပြီး တမံအနီးကျေးရွာများ၊ မကွေး၊မင်းဘူးနှင့် ရန်ကုန်မြို့အထိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ထို့အပြင် တမံအတွင်းမှထွက်ရှိသော ငါးလင်ဗန်း(ခ)ငါးဟောက်၊ငါးဂျောင်း၊ငါးဘတ် စသည့် ပြည်ပပို့ကုန်ရောင်းတန်ဝင်ငါးများကို တစ်ပတ်လျင် (၂) ကြိမ်၊ပိဿာ(၁၆၀)ခန့်ကို ရန်ကုန်မြို့သို့ တင်ပို့ပေးလျက်ရှိသည်။တမံရေပြင်အတွင်း မွေးမြူရေးငါးများကို ပိုက်လှောင်အိမ်များဖြင့်မွေးမြူခြင်း၊လျှိုလက်တံများအား ပိတ်ဆို့၍ မွေးမြူရေးငါးများ မွေးမြူခြင်းဖြင့် ငါးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရန် အစုအဖွဲ့များ ဖွဲ့၍ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကြီးအုံ-ကြီးဝ တမံအတွင်းရှိ ဒေသခံပြည်သူများသည် ငါးထုတ်လုပ်မှုပိုမိုတိုးတက်စေရန် မွေးမြူရေးငါးများ တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြင့် ဒေသအတွင်း ငါးရိက္ခာဖူလုံကာ မိသာစုဝင်ငွေ တိုးတက်ရရှိစေပြီ စဉ်ဆက်မပြတ် ငါးထုတ်လုပ်မှု တိုးတက်လာစေရန် ငါးမွေးမြူနိုင်မည့်နေရာများတွင် ငါးသားဖောက်စခန်းများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသောကြောင့်  တမံအတွင်း ကျေးလက်ဒေသများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင့်သိရှိရသည်။
သူရထွန်း(မကွေး)


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: