``မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး နှင့်အဖွဲ့၊ မကွေးမြို့အဝေးပြေးကားကွင်း၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေးဟောပြောပွဲနှင့် မီးဘေးကာကွယ်ရေး မီးသတ်စွမ်းရည်သရုပ်ပြ´´



စက်တင်ဘာ ၁၁၊ မကွေး ။

မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်း ၊ အဝေးပြေးကားကွင်းရှိ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း ပေါင်းစုံ ကြီးကြပ်ကွတ်ကဲရေးရုံးတွင် စက်တင်ဘာ ၁၁ ရက်၊ နံနက် ၁၀း၃၀ နာရီနှင့် ညနေ ၅ နာရီအချိန် တို့တွင် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး  ဦးအောင်ဝင်းစိန် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်ကော်မတီအဖွဲ့ဝင်များသည် မကွေး မြို့ အဝေးပြေးကားကွင်း၌ မော်တော်ယာဉ်များ ဘေးအန္တရာယ်ကျရောက်လျှင် မီးဘေးကာကွယ်ရေး အတွက် လက်တွေ့ မီးသတ်စွမ်းရည် သရုပ်ပြပွဲ နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး ဟောပြောပွဲများကို နံနက်ပိုင်း၊ ညနေပိုင်း (၂)ကြိမ်ကျင်းပကြောင်း သတင်းရရှိသည်။

          ၎င်းမီးသတ်စွမ်းရည်ပြပွဲနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန် ဟောပြောပွဲသို့ မကွေးတိုင်း ဒေသကြီးမီးသတ်ဦးစီးမှူး ဦအောင်ဝင်းစိန်၊ မကွေးတိုင်းဒေသကြီးယာဉ်ထိမ်းတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်ဦး၊ မကွေးနယ်မြေစခန်းမှူး ရဲမှူး ရွှေဌေး နှင့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး မကွေးတိုင်း ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က ဟောပြောကြကြောင်း၊ နံနက်ပိုင်းတွင် အဝေးပြေးကားကွင်းရှိ ဂိတ်မှူး၊ ယာဉ်မောင်း၊ ကားစပယ်ယာ များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အင်အား ၈၅ ဦးတက်ရောက်ကြ၍ ညနေပိုင်းတွင် အင်အား ၁၀၀ဦး ခန့်တက်ရောက်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: