``မကွေးတိုင်းအတွင်းရှိ လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများအဆင့်မြှင့်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ADF) Francaise Development Agency ပြင်သစ်နိုင်ငံမှ ကူညီမည်´´



သတင်းဓာတ်ပုံများကို https://www.facebook.com/photo.php?fbid=627910593994327&set=pcb.627952507323469&type=1&theater မှကူးယူအသုံးပြပါသည်။

စက်တင်ဘာ ၁၁၊ မကွေး ။
          မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ ကမ်းနားလမ်း၊ နန်းထိုက်သူ ဟော်တယ်၌ စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်း ၇း၃၀ နာရီမှ ၈း၃၀နာရီခန့်တွင် မကွေးတိုင်းအတွင်းရှိ လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများကို လုပ်ဆောင်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ADF) Francaise Development Agency  ပြင်သစ်နိုင်ငံမှ မြန်မာနှင့် ထိုင်းနိုင်ငံ အုပ်ချုပ်ရေး တာဝန်ခံ ပြင်သစ်နိုင်ငံသူ Mrs. Ariane Rabienna နှင့် ပြင်သစ်နိုင်ငံသူ Mrs. Julia Emllte Anne တို့နှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး HE Mr. Thierry Mathou  တို့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦအောင်နိုင် နှင့် တာဝန်ရှိသူ များ တွေ့ဆုံကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။


          အဆိုပါဆွေးနွေးပွဲသို့ ပြင်သစ်သံအမတ်ကြီး HE Mr. Thierry Mathou နှင့် ပြင်သစ်နိုင်ငံသူများ သုံးဦး တို့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆည်မြောင်းဝန်ကြီး၊ နေပြည်တော် ရေအရင်းအမြစ်အသုံးချရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ ရေစုပ်စက်(၁)ညွှန်ကြားရေးမှူး ဦးတင့်လွင်၊ စီမံကိန်း(၁)ညွှန်ကြားရေးမှူး ဦးဌေးလွင်၊ မကွေတိုင်းဒေသကြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း၊ မကွေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းကြင် နှင့် မင်းဘူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောလှ တို့နှင့် စုစုပေါင်း(၃၀)ဦး၊ သတင်းမီဒီယာ (၁၀)ဦးတို့ဖြင့် တွေ့ဆုံကြောင်း၊ မကွေးမြိုနယ် မြင်ကွန်း လျှပ်စစ်မြစ်ရေတင်စီမံကိန်း နှင့် မင်းဘူးမြို့နယ် ကန်နီ လျှပ်စစ်မြစ်ရေတင်စီမံကိန်း နှစ်ခုကို (FAD)အဖွဲ့မှ ယူရို(၃)သန်းအထောက်အပံ့ကို အသုံးပြု၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းတိုးမြှင့်ရန် ကွင်းဆင်းလေ့လာ ခြင်းဖြစ်ကြောင်း သိရသည်။

          မကွေးမြိုနယ် မြင်ကွန်း လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ အကျိုးပြုဧက(၅၀၀)ဧက နှင့် မင်းဘူးမြို့နယ် ကန်နီ လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ အကျိုးပြုဧက(၅၉၀)ဧကတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ ယူရိုငွေ(၃)သန်းကို အထောက်အကူပေးရန် (AFD) မှ ပြင်သစ်နိုင်ငံသူ Mrs. Ariane Rabienna နှင့် ဦးကျော်မင်းဦး(ညွှန်ကြားရေးမှူး၊ နေပြည်တော် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန) တို့မှ သဘောတူစာချွန်လွှာ လက်မှတ်ထိုးပြီး ၎င်းအဖွဲ့သည် မကွေးမြို့မှ မင်းဘူးမြို့နယ် ကန်းနီကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ကြည့်ရှုလေ့လာကြရန် ထွက်ခွာသွား ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။ 
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: