``မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ ရွှေရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းပွဲ´´



မကွေး၊ စက်တင်ဘာ ၂၀ ။
  

      
 ၂၀၁၄၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ ရွှေရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းပွဲကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သွေးလှူ ဘဏ်သို့ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီမှ ၁၁းဝ နာရီအချိန်ထိ ရဲတပ်ဖွဲ့ဝင်သွေးလှူရှင်များ မကွေး ၆၀၊ မင်းဘူး ၃၈၊ မင်းလှ ၆ ဦး စုစုပေါင်း (၁၀၄)ဦးတို့က လှူဒါန်းကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။ 


          အဆိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ ရွှေရတု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် လုံခြုံနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင် တို့တက်ရောက်အားပေးကြပြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း အား သွေးလှူရှင်ရဲတပ်ဖွဲ့ဝင်များအတွက် အလှူငွေများပေးအပ်ကြောင်း သတင်းရရှိသည်။


       
   အလားတူ စက်တင်ဘာ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင်လည်း ၎င်းဆေးရုံကြီး သွေးလှူဘဏ်သို့ ရေနံချောင်း မြို့ အမှတ်(၂၅)၊ လုံခြုံရေးတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်သွေးလှူရှင်(၆၆)ဦးတို့မှ သွေးလှူဒါန်းကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ



 

0 comments: