``မကွေးမြို့နယ် ကံပြား- နေပြည်တော်လမ်းမှ ကားလမ်းဖောက်ခံရသော မကွေးမြို့နယ်ယာမြေ လျော်ကြေးငွေများကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးလျှင် ပေးလျော်မည်ဟုအကြောင်းပြန်´´



မကွေး၊ စက်တင်ဘာ ၄ ။

ပြီးခဲ့သော ၂၀၁၄၊ ဇူလိုင်လထဲတွင် ကျင်းပခဲ့သော အမျိုးသားလွှတ်တော်တွင် မကွေတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်း မှ ကြယ်ပွင့် မပြမေးခွန်းမေးမြန်းမှုအား အမျိုးသားလွှတ်တော်မှ မကွေးမြို့နယ် ကံပြား- နေပြည်တော်လမ်းမှ ကားလမ်းဖောက်ခံရသော ကျန်ရှိယာမြေ လျော်ကြေး ငွေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန မှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ပေးလျော်မည်ဟု အမျိုးသား လွှတ်တော်မှ စာဖြင့်၎င်းထံသို့ အကြောင်းပြန်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်း က စက်တင်ဘာ ၄ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

          ကံပြား - နေပြည်တော်ကားလမ်ဖောက်လုပ်စဉ်က ယာမြေလျော်ကြေးပေးရန်ကျန်ခဲ့သော ကျေးရွာများမှာ ကံပြားရွာ၊ ဘုရားပြိုရွာ၊ ခွေးတောက်စမ်းရွာ၊ ကျစ်စုံပွေးရွာ၊ ကျောင်းဆောင်ရွာ၊ ဖိုးလေးလုံးရွာ၊ ဘိုကုန်းကျေးရွာ နှင့် သံဘိုလေးကျေးရွာများဖြစ်ကြောင်း၊ ၎င်းရွာများမှ တောင်သူများ၏ အမှန်တကယ်ဆုံးရှုံးခဲ့သော ယာမြေဧက စာရင်းများကို မကွေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် အတူ မြေပြင် ကွင်းဆင်း စိစစ်တိုင်းတာရမည်ဖြစ်ကြောင်း၊ တိုင်းတာ၍ အမှန်တကယ်ဆုံးရှုံးခဲ့သော မြေယာဧကများကို လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သင့်လျော်သော ယာမြေ (၁)ဧက လျော်ကြေးငွေ ပမာဏအား သတ်မှတ်ပေး ရမည်ဖြစ်ကြောင်း၊ သတ်မှတ်လျော်ကြေးပမာဏကို နစ်နာသူတောင်သူများမှ သဘောတူညှိနှိုင်းပြီး ဆောက်လုပ် ရေးဝန်ကြီးဌာန မှ ကျသင့်သော လျော်ကြေးငွေများကို ၂၀၁၄/၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း၌လည်း ကောင်း၊ ၎င်းဘဏ္ဍာရေးနှစ်မမီပါက ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး ရန်ပုံငွေတွင် တင်ပြတောင်း ခံ၍ တောင်သူများထံသို့ ပေးလျော်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ရုံး၏ ပြန်ကြား စာတွင် ဖော်ပြ ထားသည်။

``ဒီကားလမ်းဖောက်တုန်းက ကျွန်တော်တို့ယာမြေတွေ ယခုအထိ လျော်ကြေးငွေမရသေးဘူး။ ဒါကြောင့် မနှစ်က မကွေးမြို့နယ် ညောင်ကန်ကျေးရွာတောင်သူတွေ(၁၀၀)ဦးနဲ့ မကွေ-နတ်မောက် မီးရထားလမ်း၊ ရေနံချောင်း- ရန်ကုန် ဓာတ်ငွေ့ပိုက်လိုင်း၊ ကံပြား - နေပြည်တော် ကားလမ်းအတွက် သိမ်းဆည်းယာမြေများ လျော်ကြေး ငွေများရရှိရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပါတယ်။´´ဟု သံဘိုလေး ကျေးရွာမှ တောင်သူ ဦးပြားက မဇ္ဈိမ ကိုစက်တင်ဘာ ၄ ရက်နေ့တွင် ပြောသည်။

          အလားတူ ကံပြား - မြိုသစ်- တောင်ညို- နေပြည်တော် ကားလမ်းဖောက်လုပ်ရာတွင် လမ်း(၁၃)မိုင်ရှိ၍  မြို့သစ်မြို့နယ် လမ်းပိုင်းအား ကွင်းဆင်းစိစစ်ပြီး လယ်ယာမြေဧကပေါင်း(၂၆၃.၆၁)ဧကအတွက် လယ်ယာမြေ လျော်ကြေးငွေပေါင်းကျပ် (၂၂၂.၂၃၄)သန်းကို မြို့သစ်မြို့နယ်မှ တောင်သူများထံ ပေးလျော်ပြီးဖြစ်ကြောင်း  အမျိုးသားလွှတ်တော်ရုံး၏ ပြန်ကြားစာတွင် ဖော်ပြထား၍ မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: