မကွေးမြို့နယ် NLDပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း ကွယ်လွန်

ကျွန်တော်တို့ မကွေးမြိုနယ် NLDပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း  ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း၊ နေပြည်တော်မှ သူ့၏ ဇာတိမြေ ချောက်မြို့သို့ ဦးမြင့်သိန်း၏ ရုပ်ကလပ်ကို ပြန်လည် သယ်ဆောင်သွား၍ ယနေ့ ချောက်မြို့သို့ ရောက်ပြီဖြစ်ကြောင်း၊

မနက်ဖြန် စက်တင်ဘာ ၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးNLD ပါတီ၊ ခရိုင်/မြိုနယ်ပါတီဝင်များ ချောက်မြို့သို့ သွားရောက်ပြီး မကွေးမြိုနယ် NLDပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၏ ဇာပနကို စည်ကားသိုက်မြိုက်စွာဖြင့် သဂြိုလ်ကြမည်ဖြစ်ကြောင်း
 မကွေးမြို့နယ်NLD ပါတီလူငယ် ဥက္ကဋ္ဌ ဦးကျော်ဌေး က မြေလတ်မီဒီယာ ကို ပြောသည်။

ကျွန်တော်တို့ကတော့ စက်တင်ဘာ ၅ရက်နေ့ ယနေ့ ညမှာ ချောက်မြို့သို့ ထွက်သွားပါပြီ ။ ဇာပန ကိစ္စကို ဖုန်းဆက်ပြီး အကြောင်းကြားမည် ဟု သတင်းထောက် နိုင်ယုဝေ က မြေလတ်မီဒိယာ သို့ပြောသည်။

မှတ်ချက် ။  ။ မကွေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ချောက်မြို့မှ ဦးမြင့်သိန်း၏ မိသားစုများနှင့်အတူ မြေလတ်မီဒီယာ မှလည်း ထပ်တူ ထပ်မျှဝမ်းနည်းကြေကွဲရပါသည်။

                                                                                             သတင်းစဉ်
                                                                                         မြေလတ်မီဒီယာ
 

0 comments: