``မကွေးမြို့တွင်းရှိ ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တက္ကသိုလ်ကျောင်းသားများကို အုပ်စုဖွဲ့ရိုက်ပွဲ ၂ မှု ဖြစ်ပွား´´



စက်တင်ဘာ ၆၊ မကွေး၊
မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ခွာညိုလမ်းထိပ်ရှိ ဦးအောင်ကျော်ကျော်(မြစ်ကွေ့ဧရာလူမှုကွန်ယက်)၏ နေအိမ်တွင် စက်တင်ဘာ ၂ ရက်၊ ညနေ ၅ နာရီခန့်အချိန်တွင် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ နှင့်ကော်မတီအဖွဲ့တို့က သြဂုတ်လထဲတွင် ဆေးကျောင်းသား ခြောက်ဦးအား အမည်မသိလူငယ်(၇)ဦးက ၀င်ရောက်ပြီး ဓားနှင့်ထိုး၊ တုတ်နှင့်ရိုက်မှုအား အမှုဖွင့်ခဲ့ရာ တရားခံများကို စက်တင်ဘာ ၂ ရက်နေ့အထိ ဖမ်းဆီးရ မိခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြေင်း စက်တင်ဘာ ၆ ရက်နေ့တွင်  မကွေး ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုစည်သူငြိမ်း က မြေလတ်မီဒီယာ ကိုပြောသည်။

          ၎င်းနေ့ စက်တင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကိုစိုးသူရအောင်(၂၀)နှစ် တတိယနှစ် ဆေးကျောင်းသားသည် ၎င်းနေထိုင်သော မကွေးမြို့၊ ဆားစေ့ရပ်ကွက်၊ကမ်းနားလမ်း၊ မြတမာ ဘော်ဒါဆောင် မှ သူငယ်ချင်းများဖြစ်သော ကိုအောင်ကောင်းမြတ် တတိယနှစ်ဆေးကျောင်းသား၊ ဆေးရုံဝန်းနေထိုင်သူ နှင့် ကိုသက်ထက်အောင် တတိယနှစ်ဆေးကျောင်းသား၊ ကန်သာရပ်ကွက်၊ ၁၄ လမ်းနေထိုင်သူ တို့ကို ဟွန်ဒါဒရင်း ၁၂၅ အစိမ်းရောင်ဆိုင်ကယ်ဖြင့်၎င်းတို့အားတင်ဆောင်ပြီး ကိုသက်ထက်အောင်နေထိုင်သော အဆောင်သို့ ပြန်လည်လိုက် ပို့ရာ နတ်မောက်လမ်းမှ သစ္စာလမ်းကွေ့၍ စီးနင်းလာခဲ့ကြောင်း၊  ထိုစဉ် အမည်မသိ လူငယ် ခြောက်ဦးတို့သည် ဆိုင်ကယ်သုံးစီးဖြင့်လိုက်ပါလာကြောင်း၊ သစ္စာလမ်းနှင့် မြင်သာ ၂၅ လမ်းထိပ်အရောက်တွင် လူငယ်ခြောက်ဦး၏ဆိုင်ကယ်သုံးစီးက ကိုစိုးသူရအောင် တို့သုံးစီးလာသောဆိုင်ကယ်အား  ကျော်တက်ပြီး ရှေ့မှ ပိတ်ရပ်ကြောင်း၊ မင်းတို့ဘာကောင်တွေလည်း ဟုပြောဆိုကာ အမည်မသိလူငယ် တစ်ဦးမှ သုံးပေအရှည် နှစ်၊တစ်လက်မ သစ်သားတုတ်ဖြင့်ရိုက်၍ ကိုစိုးသူရအောင်၏ ဦးခေါင်းပေါက်ပြဲသွားကြောင်း၊ ၎င်းလူနာအား ည ၁၀း၃၀ နာရီအချိန်တွင်  ရဲဆေးစာဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံ၊ ခွဲစိပ်လူနာဆောင်(၁)တွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသလျှက်ရှိကြောင်း၊ ၎င်းဖြစ်စဉ်ကို အမှုမဖွင့်ကြောင်း၊ အမည်မသိလူငယ် ခြောက်ဦးအား နယ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ် ၀င်းကျော်ဦးနှင့် အဖွဲ့မှ လိုက်လံစုံစမ်းလျက်ရှိသည်ဟု (အမည်မဖော်လိုသူ) ဆေးကျောင်း သား တစ်ဦးက မြေလတ်မီဒီယာ ကို ပြော၍ ရဲမှတ်တမ်းအရ အတည်ပြု သတင်းရရှိသည်။

စက်တင်ဘာ ၃ ရက်၊ နေ့လည် ၃ နာရီအချိန်တွင် ကန်သာရပ်ကွက်၊ ၁၇ လမ်းရှိ ကျူရှင်နှင့် အဆောင်တွဲ လျက် အိမ်အနီးတွင် ဇင်မင်းထွန်း(၂၀)နှစ်၊(ဖ)ဦးမြင့်သိန်း ဒုတိယ ဇိဝဓာတု၊ မကွေးတက္ကသိုလ်ကျောင်းသား၊ သစ္စာလမ်း၊ မြင်သာရပ်နေထိုင်သူ နှင့် ဇိဝဓာတု၊ မကွေးတက္ကသိုလ်ကျောင်းသား မြင်ကင်းရွာနေသူသန်းတိုးအောင် တို့နှစ်ဦးမှ အရက်မူးယစ်ပြီး ကျူရှင်မှ ကျောင်းသားများ ကိုပြေသော်၊ ကိုသိန်းဇော်ဝင်း တို့ကို ညစ်ညမ်းစွာ ဆဲဆိုပြီး ခါးပါတ်၊ အုတ်ခဲတို့ဖြင့်လိုက်လံရန်ပြုကြောင်း၊ ကိုသိန်းဇော်ဝင်းတို့၏ ထိုင်းနိုင်ငံလုပ် ဟွန်းဒါဒရင်း ၁၀၀ ဆိုင်ကယ် ကို ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း၊ ၎င်း အရက်မူးကျောင်းသား နှစ်ဦးသည် အနီးရှိ ကျောင်းသူ  မယမုံဇင်အားလည်း ညစ်ညမ်းစွာဆဲဆိုပြီး ရိုက်နှက်ခံနေရစဉ် အနီးရှိ ကျောင်းသူ မအိဖြူ ကမြင်ရပြီး သတိလှစ် မေ့မြောသွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်အား ညနေ ၄နာရီအချိန်တွင် ကျောင်းသားကိုသိန်းဝင်းဇော် က မကွေးမြို့မရဲစခန်းသို့ တိုင်ကြား၍ အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်လာပြီး သတိလစ်သူ ကျောင်းသူ မအိဖြူအား မကွေးတိုင်း ဆေးရုံ သို့ပို့ဆောင်ကုသထားကြောင်း၊ ၎င်းအမှုအား မယမုံဇင်(၁၈)နှစ် ပထမနှစ်သင်္ချာ ကျောင်းသူမှ တရားလိုပြုလုပ်ပြီး ည(၈း၃၀)အချိန်ခန့်တွင် မကွေးမြို့မရဲစခန်း၌ (ပ)၁၆၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၄/ ၂၉၄/၃၂၃/၄၂၇ ဖြင့် ဆဲဆို ရိုက်နှက်သွားကြသော ဇင်မင်းထွန်း နှင့် သန်းတိုးအောင်တို့ နှစ်ဦးအား  အရေးယူ ဆောင်ရွက်ပေးရန် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ ထိုအမှုကို အမှုစစ် လ-၂၁၉၃၂၁ ဒုရဲအုပ် ကိုကိုဦး မှ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: