``မကွေးမီဒီယာဆန္ဒပြပွဲတွင် ရှေ့ဆုံးမှ ကိုင်ဆောင်ခဲ့သော ပန်းချီကားကို ပန်းချီဆရာကြီး ဦးမျိုးညွန့်(မကွေး) မှ ထောင်မှလွှတ်မြောက်လာသူ DVB သတင်းထောက် ဇော်ဖေ ထံသို့ ဂုဏ်ပြုချီးမြှင့်ပေးအပ်´´



စက်တင်ဘာ ၆၊ မကွေး ။
အဆိုပါ ပန်းချီကားကို ပန်းချီဆရာကြီး ဦးမျိုးညွန့် (မကွေး) မှ မကွေးမြို့တွင် သတင်းလွတ်လပ်ခွင့် နှင့် ထောင်ချထားသော သတင်းသမားများ၊ ဖမ်းဆီးထားသောသတင်းသမားများ အားလုံး လွတ်မြောက်ရေးအတွက် သတင်းထောက် တင်ရွှေ(မင်းဘူး)ဦးဆောင်ပြီး မီဒီယာတစ်ရာကျော်ခန့်ဖြင့် ၂၀၁၄ ခုနှစ်တွင်မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြပွဲတွင် ရှေ့ဆုံးမှ အသုံးပြုကိုင်ဆောင်ရန် ရည်ရွယ်ရေးဆွဲခဲ့သော မီဒီယာလွတ်လပ်ခွင့်ပေး သမိုင်းဝင် ပန်းချီကားဖြစ် ကြောင်း  စက်တင်ဘာ ၆ ရက်၊ နံနက် ၁၀း၃၀နာရီအချိန်တွင်ကျင်းပခဲ့သော ၈၈ မျိုးဆက်၊ငြိမ်း/ပွင့် (မကွေး)ရုံး၌ ကိုဌေးဝင်း ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ပန်းချီကားကြီးကို ရေးဆွဲခဲ့သော မူလပိုင်ရှင် ပန်းချီဆရာကြီး ဦးမျိုးညွန့် (မကွေး) မှ ထောင်ဒဏ်တစ်နှစ်မှ ထောင်ဒဏ် သုံးလသို့ လျော့ချပြီး လွတ်မြောက်လာခဲ့သူ DVB သတင်းထောက် ဇော်ဖေ(ခ)ကိုသူရသက်တင်ထံသို့ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း ပန်ချီဆရာကြီး ဦးမျိုးညွန့် (မကွေး) က ၎င်းပွဲ တွင် ပြောကြားသည်။

          မကွေးမြို့မှ DVB သတင်းထောက် ဇော်ဖေ(ခ)ကိုသူရသက်တင်ကလည်း ယခုလို သမိုင်းဝင်ပန်းချီ ကားကြီးအား အမှတ်တရ ဂုဏ်ပြုချီးမြှင့်ပေးသော ပန်ချီဆရာ ဦးမျိုးညွန့်(မကွေး) နှင့် ၎င်း ထောင်ကျစဉ်အခါ က ၀ိုင်းဝန်းကူညီတောင်းဆို ဆန္ဒပြသူများအားလုံးနှင့် အဖွဲ့အစည်းအသီးသီးမှ ပံ့ပိုးကူညီဆောင်ရွက် ပေးကြသူ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း DVB သတင်းထောက် ဇော်ဖေ က  ပြောကြား၍ ပန်းချီ ကားကြီးနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: