``မကွေးတိုင်းဒေသကြီးသစ်တောရုံရှေ့ဆန္ဒပြအဖွဲ့ခေါင်းဆောင် တောင်သူကိုတင်ထွန်းအောင် ပုဒ်မ ၁၉ ဖြင့်တရားစွဲ´´
မကွေး၊ စက်တင်ဘာ ၂၆ ။
          မကွေးမြို့တွင်းနှင့် မကွေးတိုင်းဒေသကြီးသစ်တောရုံရှေ့တွင် ဆင်ပေါင်ဝဲမြို့နယ်မှ တောင်သူ သုံးထောင် ကျော်ဖြင့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် တောင်သူ ကိုတင်ထွန်းအောင်အား မကွေးမြို့ နယ်မြေရဲစခန်းတွင် စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄း၁၅နာရီအချိန်၌ တရားလိုအဖြစ် မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ်ရွှေဌေး ပြုလုပ်၍ (ပ)၂၃၇/၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပြစ်မှုပုဒ်မ ၁၉ ဖြင့်အမှုဖွင့် တရားစွဲကြောင်း၊ ဆန္ဒပြခေါင်းဆောင် ကိုတင်ထွန်းအောင်အား ၎င်းစခန်းမှာ တောင်သူနှစ်ဦးဖြင့်အာမခံပေးကြောင်း ရဲမှတ်တမ်းအရ မဇ္ဈိမ က သတင်းရရှိသည်။
``ကျွန်တော်တို့က တောင်သူများရဲ့ဆန္ဒအရ ခွင့်ပြုမိန့်ကို စက်တင်ဘာ ၁၂ ၊ ၁၅ ရက်နေ့တွေက နှစ်ခါ စာတင်ပါတယ်။ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ကို မကွေးထွေအုပ်ရုံးသို့ခေါ်တယ်၊ ကျွန်တော်တို့မလာခင် သူတို့က ၂၅ ရက်နေ့မှာ ခွင့်ပြုတယ်လို့ပြောတယ်၊ နောက် ၂၄ ရက်နေ့မှာ ကျွန်တော်တို့ကိုထပ်ခေါ်ပြီး ၂၈ ရက်နေ့ခွင့်ပြု တယ်ဆိုလုပ်ပြန်တယ်၊ ဒါကြောင့် တောင်သူများရဲ့ဆန္ဒအရ ခွင့်ပြုမိန့်ကို မယူတော့ဘဲ ဆန္ဒပြကြတာပါ။´´ဟု တရားစွဲခံထားရသူ တောင်သူ ကိုတင်ထွန်းအောင် က စက်တင်ဘာ ၂၆ ရက်နေ့တွင် မဇ္ဈိမ ကိုပြောသည်။
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
0 comments: