``မကွေးတိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပ´´



မကွေး၊ စက်တင်ဘာ ၂၂ ။
မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခမ်းမ၌ ၂၀၁၄၊ စက်တင်ဘာ ၂၂ နေ့၊ နံနက် ၉ နာရီမှ နေ့ ၁၁းနာရီအချိန်ခန့်အထိ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပကြောင်း၊ လွှတ်တော်န၀မ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ (၄)ရက်ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း မဇ္ဈိမ က  သတင်းရရှိသည်။ 

          အဆိုပါ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေး (ပထမနေ့)တွင် လွှတ် တော်ကိုယ်စားလှယ် ၆၈ ဦး မှ ၆၅ ဦး တက်ရောက်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ပေးပို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူးများနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲရေးကိစ္စကို ဖတ်ကြားခြင်း နှင့် မှတ်တမ်းတင် ကြောင်း၊ ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များ မှ ဖြေကြားကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

``ကျွန်တော့်မေးခွန်းကတော့ ဆိပ်ဖြူမြို့နယ်သည်လေးထောင့်ပုံရှိ၍ မြို့၏အရှေ့တောင်ဘက် ယောချောင်းနှင့် ဧရာဝတီမြစ်ဆုံတွင် တည်ရှိပါသည်။ မီးဘေးတစ်စုံတစ်ရာကြုံတွေ့လာပါက ဖြစ်ပွားရာဒေသသို့ ချက်ချင်းရောက် နိုင်ခြင်းမရှိ၍ ဆုံးရှုံးမှုများ မများသင့်ဘဲ များခဲ့ရပါသည်။ သို့ဖြစ်ပါ၍ ဆိပ်ဖြူမြို့မှ မိုင်(၃၀)အကွာ ဆိပ်ဖြူ- ဆောလမ်းမကြီးဘေး (ကန်ဇွန်းမကျေးရွာအနီး)တွင် မြို့နယ်မီးသတ်စခန်းခွဲတစ်ခု တည်ဆောက်ပေးပါရန် နှင့် ဆောက်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိသိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။´´ဟု ဆိပ်ဖြူမြို့နယ်လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်စိုး က မဇ္ဈိမ ကိုပြောသည်။ 

          အလားတူ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင်လည်း ဆင်ပေါင်ဝဲမြို့နှင့်မိုင် (၁၈)မိုင်ခန့်ဝေးကွာသော လမ်းပမ်းဆက်သွယ်ရေး ဇုံဒေသနေရာ ကိုးပင်ကျေးရွာတွင် မီးသတ်စခန်းတစ်ခု ဖွင့်လှစ်ပေးရန်တောင်းဆို၍ အစီအစဉ်ရှိ / မရှိ မေးမြန်းကြောင်း၊ အခြားတောင်းဆိုသော မေးခွန်းများမှာ လမ်းဖောက်ရန်၊ တံတားခင်းရန်၊ နှင့် မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာနှင့် မကျီးကန်ကျေးရွာများတွင် ပရိုင်းမိတ်ရုပ်ကြွင်းများတွေ့ရှိရာဒေသဖြစ်၍ နိုင်ငံခြားသားများလာရောက်လှည့်ပတ်ကြည့်ရှုနိုင်ရေး နှင့် သမိုင်းပြတိုက် အဆောက်အဦးများဆောက်လုပ်ထား ရှိရန်တောင်းဆို မေးမြန်းကြကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ မဇ္ဈိမက သတင်းရရှိသည်။

          အထက်ပါမေးခွန်းအဆိုများကို လွှတ်တော်မှမသင့်ကြောင်း ဆုံးဖြတ်ချက်လျှင် ယင်းအဆိုကို လက်ခံ ဆွေးနွေးရန်မရှိကြောင်း လွှတ်တော် ဥက္ကဋ္ဌ ကကြေညာခြင်း၊ လက်ခံဆွေးနွေးရန် လွှတ်တော်မှအဆိုများကို ဆွေးနွေးလိုသူ လွှတ်တော်ကိုယ်စားလှယ်များ မှ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ကြေညာ ၍ ပထမနေ့ လွှတ်တော်အစည်းအဝေး နံနက်ပိုင်းတွင်ပြီးဆုံးကြောင်း လွှတ်တော်သတင်းပြန်ကြားရေး မှ သတင်း ရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: