လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးတို့ ရပ်ကွက်၊ ကျေးရွာများ၏ လိုအပ်ချက်များကွင်းဆင်းကြည့်ရှု

   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်းနှင့် မကွေးမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်တို့သည် မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သိန်းကျော် လိုက်ပါလျက် (၈.၉.၂၀၁၄)နေ့ (ဝ၉း၃၀)နာရီမှ (၁၁း၄၀)နာရီအချိန်ထိ မကွေးမြို့ မြို့မအိုးဘိုရပ်ကွက် မင်္ဂလာလမ်း လမ်းဘေးဝဲယာ၌ မီးတိုင်များစိုက်ထူနိုင်ရေးအားလည်းကောင်း၊ သိင်္ဂါဂီရိရပ်ကွက် စက်ရုံလမ်းနှင့်နတ်မောက်လမ်းအား ဆက်သွယ်သည့်လမ်း ပိတ်ဆို့နေမှုအခြေအနေနှင့် ဥတ္တရလမ်းလမ်းခင်းနေမှု အခြေအနေအားလည်းကောင်း၊ နံကပ်ကျွန်းကျေးရွာအုပ်စု သရက်ပင်ကွက်ကျေးရွာ လမ်းထိပ် လမ်းပိတ်ဆို့နေမှုအခြေအနေအားလည်းကောင်း၊
အောင်မေတ္တာရပ်ကွက်(ဘီ)အုပ်စုနှင့် (စီ)အုပ်စု တို့မှ ရပ်ကွက်နေပြည်သူများ လျှပ်စစ်မီးရရှိရေး အခက်အခဲဖြစ်ပေါ်နေမှု အခြေအနေအားလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများမှ လိုက်လံရှင်းလင်း ပြသပေးခဲ့ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တွေ့ရှိချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ]]ကျွန်တော်တို့ မဲပေးလိုက်တဲ့ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့ပြည်သူတွေကို  အခုလိုပြန်ပြီး ဂရုတစိုက်ကူညီဆောင်ရွက်မှုတွေလုပ်ပေးတဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ်။ကျွန်တော်တို့
ပေးခဲ့တဲ့ ဆနမဲတစ်ပြားက အခုလိုတန်ဖိုးရှိတဲ့အတွက် အရမ်းပဲကျေနပ်မိပါတယ်}} ဟုမကွေးမြို့နယ်၊ သိင်္ဂါရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးဖြစ်တဲ့ ဦးသောင်းအေး ကအခုလိုပြောကြားခဲ့ပါတယ်။
                                                                                 ဝေယံလင်း(မကွေး)
 

0 comments: