``မကွေးမြို့တွင် ကုန်တင်ကားကြီးများအတွက် ကားကွင်းသစ် ထပ်မံတိုးချဲ့ရန်စီစဉ်´´



မကွေး၊ စက်တင်ဘာ ၂၄ ။

မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မြို့တော်ခမ်းမတွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဌာန မကွေးတိုင်းကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်၊ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ အတွင်းရေးမှူး ဦးနေမျိုးနိုင် နှင့် စည်ပင်သာယာမြို့နယ်ဖွံ့ဖြိုးရေး ကြီးကြပ်ကော်မတီ အဖွဲ့ဝင်များ၊ မကွေးမြို့နယ်အုပ်ချုပ်ရေး အထောက်အကူပြုကော်မတီများ ၊ မကွေးမြို့ ၁၅ ရပ်ကွက်မှ အုပ်ချုပ်ရေး မှူးများ နှင့် စည်ပင်သာယာရေးဌာန မှ တာဝန်ရှိသူအရာရှိများ အင်အား ခုနှစ်ဆယ်ဦးခန့်တို့ စက်တင်ဘာ ၂၄ ရက် နံနက် ၉း၃၀ မှ ၁၂း၃၀ နာရီအချိန်အထိ မကွေးမြို့တွင် ကုန်တင်ကားကြီးများအတွက် ကားကွင်းသစ် ထပ်မံ တိုးချဲ့ရန်စီစဉ် ညှိနှိုင်းဆွေးနွေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

          အဆိုပါ ကုန်တင်၊ ကုန်ချ ရပ်နားရန် ကုန်တင်ကားကြီးကွင်း အသစ်ကို မကွေးမြို့၊ သိင်္ဂါဂီရိ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ မြောက်ဖျား ကျန်းမာရေးတက္ကသိုလ်၏ နောက်ကြောဘက်၊ မြို့ရှောင်ကားလမ်း ပေါ် မှ လိုအပ်သောမြေကွက်များကို ၀ယ်ယူနိုင်ရန် မကွေးတိုင်းဒေသကြီး ချေးငွေသိန်း ခြောက်ရာများ စတင်ဝယ်ယူပြီး စီစဉ်မည်ဖြစ်ကြောင်း၊ တောင်တွင်း ကြီးမြို့မှ ၀င်လာသော ကုန်တင်ကားကြီးများသည် မကွေးမြို့ရှောင်လမ်း ဆေးတက္ကသိုလ်လမ်းကြားမှ ၎င်းနေရာ သို့ သွားနိုင်ကြောင်း၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊ နေပြည်တော်မှ ၀င်လာသော ကုန်တင် ကားကြီး များသည် ၀က်သိုက်ရွာအနီး မြို့ရှောင်လမ်းမှ ၎င်းနေရာသို့ သွားနိုင်ကြောင်း၊ ဧရာဝတီမြစ်၏ အနောက်ဘက်မှ မင်းဘူး-အမ်း(ရခိုင်)၊ မင်းလှ၊ စလင်း၊ဆင်ဖြူကျွန်းမှလာသော ကုန်တင်ကား ကြီးများသည် ဧရာဝတီတံတား ဖြတ်၍ မကွေးဘက်တံတားအ၀ိုင်းထိပ် မှ နတ်မောက်လမ်းအတိုင်းတက်လာပြီး ဗိုလ်ချုပ်လမ်းဆုံ မှ မြောက်ဘက်သို့ ချိုးကွေ့ပြီး ၎င်းနေရာသို့ သွားနိုင်ကြောင်း၊ ဖော်ပြထားသော မြေပုံတွင် အပြာရောင်းလမ်းဖြင့် ပြသထားကြောင်း သိရသည်။


`` ကုန်တင်ကုန်ချ ကားကြီးကွင်းအသစ် ဆောင်ရွက်မှာဖြစ်ပါတယ်၊ လက်ရှိ အဝေးပြေးခရီးသည်တင်ကား ဂိတ်တွေကို နေရာရွေ့ပြောင်းတာမဟုတ်ပါဘူး၊ ယခု အစည်းအဝေးက သဘောတူတဲ့ ဆွေးနွေးတင်ပြချက်များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြပြီး ကုန်တင်ယာဉ်ကားကွင်းကြီး တည်ဆောက်သွားဖို့ တင်ဒါတွေ ခေါ် ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။´´ ဟု အမှုဆောင်အရာရှိ အတွင်းရေးမှူး ဦးနေမျိုးနိုင် က ၎င်းပွဲတွင် ပြောသည်။

မကွေးမြို့၏ လက်ရှိအခြေအနေတွင် ၂၂ဘီးကုန်တင်ယာဉ်ကားကြီးများ၊ ဆီဘောက်ဆာကားကြီးများ သည် မကွေးမြို့တွင်း၊ မဲထီးလမ်းမကြီးတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေကြ၍ မဲထီးလမ်းကြီးမှာ စည်ပင် သာယာဌာန က ရှေ့ကပြင်ပြီး နောက်က ပျက်နေကြောင်း၊ ထို့ကြောင့် မကွေးမြို့ရှောင်လမ်းဘေးသို့ ကုန်တင်ကားကြီးကွင်းအသစ်ကို ထပ်မံ တည်ဆောက်ခြင်းဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့် အစည်းအဝေးတက်ရောက်သူများက အတည်ပြုကြကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

 

0 comments: