``နေအိမ်၌ လူကြီးမရှိ ကလေးများချည်း ထားခဲ့၍ ဂက်(စ်)မီးခြစ်ဖြင့် ကစားသောကြောင့် မီလောင်မူဖြစ်ပွား´´



စက်တင်ဘာ ၁၂ ၊ မကွေး ။
          မကွေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာ၊ အိမ်ရှင် ဦးစံခင်(၄၅)နှစ်၊(ဘ)ဦးတင်မောင် ၏ နေအိမ်ထန်းရွက်မိုး ထန်းရွက်ကာ၊ ၀ါကြမ်းခင်းနေအိမ်တွင် မောင်ချစ်မျိုးလင်း(၄)နှစ် နှင့်ကလေးများ(၉)ဦးတို့ဆော့ကစားနေစဉ်၊ မောင်ချစ်မျိုးလင်း(၄)နှစ်က ဂက်(စ်)မီးချစ်ဖြင့် ထန်းရွက်အား မီးရှို့တမ်းကစားကြ၍ စက်တင်ဘာ(၁၂)ရက်၊ နံနက်(၁၀း၃၀)နာရီအချိန့်မှာ မီးလောင်မူဖြစ်ပြီး ထန်းရွက်အိမ် သုံးလုံးနှင့် နွားတင်းကုတ် တစ်လုံး တို့ကို မီးလောင် သွားကြောင်း၊ မီးလောင်ရာသို့ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်ဝင်း စိန် နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၁၄ဦး၊ အုပ်ချုပ်ရေးမော်တော်ယာဉ်တစ်စီး၊ မီးသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၁၀း၅၀)နာရီအချိန်မှာ မီးလုံးဝငြိမ်း၍ ရေဂါလန် (၁၂၀၀)ဖြင့် မီးသတ်ဆေးဘူး အသုံးပြုခဲ့ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး မှ သတင်းထုတ်ပြန် သည်။

`` မိုးမရွာတာ သုံးရက်လောက်ရှိသေးတယ်၊ မီးလောင်မှုဖြစ်ပွားတယ်ဗျာ၊ ဒါဘာကြောင့်လည်းဆိုရင် ကျေးလက် ဒေသတွေမှာ လူကြီးတွေက ယာထဲ တောထဲကိုအလုပ်သွားကြတော့ အိမ်မှာ ကလေးတွေချည်းထားခဲ့လို့ ဖြစ်သွား ရတာပါ။ ကလေးမီးရှို့တာကို(အခြားကလေးတွေက အမှန်အတိုင်းပြောပြပါတယ်။) ကလေးကိုအရေး မယူနိုင်ပေမဲ့ အုပ်ထိမ်းသူကို အရေးယူရမှာဘဲဗျာ။´´ ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်ဝင်းစိန် က မြေလတ်မီဒီယာ ကိုပြောသည်။

          မီးလောင်ဆုံးရှုံးမှုတန်ဘိုးငွေ (၂၁၀၀၀၀ိ)နှစ်သိန်းတစ်သောင်းကျပ်။ မီးဘေးသင့်ပြည်သူ ကျား(၇)ဦး၊ မ(၅)ဦး၊ ကလေး(၁၁)ဦး စုစုပေါင်း ၂၃ ဦးတို့ကို နီးစပ်ရာဆွေမျိုးများအိမ်တွင် နေထိုင်လျှက်ရှိ၍ လူ၊ တိရိစ္ဆာန် ထိခိုက် သေဆုံးခြင်းမရှိကြောင်း၊ အိမ်ရှင် ဦးစံခင်(၄၅)နှစ်အား မကွေးမြို့မရဲစခန်းမှ (ပ)၁၇၅/၂၀၁၄၊ ပုဒ်မ-၂၈၅ ဖြင့်အရေးယူလျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး မှ သတင်းထုတ် ပြန်သည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: