အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း(၇၁.နှစ်) ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း(၇၁.နှစ်)သည်
၅. ၉ .၂၀၁၄ ရက် သောကြာနေ့
ညနေ ၅ နာရီခန့်တွင်
နှလုံးရောဂါဖြင့် နေပြည်တော် ကုတင် ၁၀၀၀
ဆေးရုံကြီးတွင် ကွယ်လွန်သွားပါသည်။
ကြွင်းကျန်ရစ်သော ရုပ်ကလာတ်ကို
ဇာတိမြို့ဖြစ်သော ချောက်မြို့သို့ ပြန်လည်
သယ်ယူပြီး ၇.၉.၂၀၁၄ ရက် တနင်္ဂနွေနေ့တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ဦးမြင့်သိန်းကို မကွေးတိုင်း ချောက်မြို့တွင်
အဖ ဦးရဲ အမိ ဒေါ်အေးသန်းတို့မှ မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ်
တော်သလင်းလပြည့်ကျော် ၁၀ ရက်နေ့တွင်
မွေးဖွားခဲ့ပြီး မွေးချင်း ၅ ယောက်အနက် ဒုတိယ
မြောက်ဖြစ်ပါသည်။
ဇနီး ဒေါ်မြချစ်ဖြစ်ပြီး သားနှစ်ယောက် သမီး
တယောက်ထွန်းကားခဲ့ပါသည်။
၁၉၇၄ ခုနှစ်တွင် ချောက်ရေနံမြေ ဝန်ထမ်းများ
လစဉ် ဆန်ခွဲတမ်း တိုးမြှင့်ရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့သဖြင့် အလုပ်ဖြုတ်ခံရပြီး ညောင်ဦး
အကျဉ်းထောင်တွင် နှစ်နှစ် အကျဉ်းချခံခဲ့ရသည်။
သို့သော် ဆန္ဒပြ တောင်းဆိုခဲ့သည့် အတိုင်း ရေနံမြေ ဝန်းထမ်းများ လစဉ်ဆန်ရှစ်ပြည်အထိ တိုးမြှင့်ရရှိခဲ့သည်။
ဦးမြင့်သိန်းသည် ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု ပြီး ဇာတိ ချောက်မြို့မှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။
၁၉၉၈ မှ၂၀၀၁ ခုနှစ် ၃ နှစ်ကြာအောင် ချောက်မြို့ ခလရ ၁၃ ၌ ထိမ်းသိမ်းခံခဲ့ရသော်လည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်
ခဲ့ခြင်း မရှိပေ။
၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်
အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် မကွေးမဲဆန္ဒနယ်မှ
ရွေးချယ် တင်မြှောက်ခံခဲ့ရပါသည်။
ဒီမိုကရေစီအရေး အတွက် အဖွဲ့ချုပ်နှင့် ပြည်သူများ အတွက် သစ္စာရှိရှိဖြင့် ဆောင်ရွက်
လုပ်ကိုင်ရင်း ကွယ်လွန်သွားခြင်းဖြစ်ပါသည်။

Ko Min Thu added 2 new photos. ကူးယူဖော်ပြပါသည်။
 

0 comments: