``မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနားကို အကြိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များမှ မကွေးမြို့ တိုင်းပြည့်ဆေးရုံကြီး၌ သန့်ရှင်းရေး ပြုလုပ်´´



မကွေး၊ စက်တင်ဘာ ၂၇ ။
၂၀၁၄၊ အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနား ကျင်းပ မည်ဖြစ်သည်။ ၎င်းအခမ်းနားအား အကြိုဂုဏ်ပြုပွဲများကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြုလုပ်လျှက်ရှိရာ၊

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲမှူးကြီး လူလူသန်း နှင့် ဒုတိယရဲမှူးကြီး မောင်မောင်အေး တို့ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အင်အား (၂၀၀)ဦးခန့်တို့သည် ၂၀၁၄၊ စက်တင်ဘာ ၁၃၊ နံနက်(၇း၀၀ မှ ၉း၃၀)နာရီအချိန်အထိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားကို အကြိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များမှ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းရေး လုပ်အားဒါနဖြင့် ကြိုဆိုပွဲ ပြုလုပ်ကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။
သတင်းစဉ်
မြေလတ်မီဒီယာ
 

0 comments: