``မကွေးမြို့နယ်NLDပါတီရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားပြုလုပ်´´ (အာဏာရှင် စနစ် ပြုပြင်ပြောင်းလဲရေးကိစ္စသည် နိုင်ငံရေးသမားတိုင်း၏ တာဝန်သာ ဖြစ်သည် ဟုပြော)



မကွေး၊ စက်တင်ဘာ ၂၆ ။
        
  မကွေးမြို့၊ မြင်သာရပ်၊ မဲထီးလမ်းရှိ မကွေးမြို့နယ်NLDပါတီရုံးတွင် စက်တင်ဘာ ၂၆၊ နံနက် ၁၀နာရီမှ နေ့ ၁၂ နာရီအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ၂၆ နှစ်ပြည့် အခမ်းအနားပြုလုပ်ကြောင်း၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ ပြည်တော်သာစာသင်ကျောင်းတိုက်တွင်လည်း သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်ကြောင်း၊  မဇ္ဈိမ ကသတင်း ရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးNLDပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့်ကော်မတီဝင်များ၊ နာယက အဖွဲ့ဝင် ဦးတင်စိုးဝင်း၊ မြို့နယ် ဥက္ကဋ္ဌ ဦးစိုးမိုးနှင့်ကော်မတီဝင်များ၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့် မကွေးအဖွဲ့၊ မြေလတ်ဒေသ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် မှ ကျောင်းသားများ အင်အား ၅၀ ဦးခန့်တက်ရောက်ကြသည်၊ တက်ရောက်သူများမှ ပါတီ၂၆ နှစ်အတွင်း၌ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံ များ အားသာချက်များ၊ အားနည်း ချက်များကို ဟောပြောကြကြောင်း သတင်းရရှိသည်။


`` ၂၀၁၅ ခုနှစ်NLDပါတီအောင်နိုင်ရေးအတွက် အောက်ခြေအဆင့်စည်းရုံးရေးမှာ ကျေးရွာပါတီဝင်များအထိ ပါတီဝင်အသိအမှတ်ပြုကဒ်များ ပေးနိုင်ရေးက အဓိက လိုအပ်နေပါတယ်။´´ ဟု မြို့နယ်နာယက အဖွဲ့ဝင် ဦးသော် က ၎င်းပွဲတွင်ပြောသည်။



          ဦးသော်၏ အကြံပြုချက်အား မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် မှ အကောင်အထည် ဖော် ဆောင်ရွက်ပေးရန် ၀န်ခံပြောဆိုသည်။ ထို့နောက် ၈၈ မျိုးဆက်ငြိမ်း/ပွင့် မကွေး မှ ကိုယ်စားလှယ် ဦးမောင် မောင်စိုး မှ(မကွေးတိုင်းဒေသကြီးအစိုးရသည် နိုင်ငံရေးသမားများအပေါ် အနှိပ့်ကွတ်ဆုံး တိုင်းဖြစ်နေပါတယ်၊ အာဏာရှင်တည်ဆောက်တဲ့ ခံတပ်ကိုကျော်နိုင်ဖို့လိုတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာ အပြောင်းလဲလုပ်ခြင်း ဖြစ်တယ်၊ အပြောင်းအလဲဖြစ်အောင် ပြည်သူတွေအားလုံးပါဝင်ပူးပေါင်းဖို့လိုပါတယ်။) ဟုလည်းကောင်း၊ ထို့နောက် မြေလတ်ဒေသ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် မှ ကျောင်းသားခေါင်းဆောင်တစ်ဦး ကလည်း ပါတီ ၂၆ နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုစကား ပြောကြားကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
 
မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်နှင့် မြို့နယ် ဥက္ကဋ္ဌ ဦးစိုးမိုး တို့၏ ၄၃၆ ဟောပြောပွဲမှာ အသံချဲ့စက်ခွင့်ပြုမိန့်မရ၊ ရပ်ကျေးဥပဒေပုဒ်မ ၂၇ နှင့် ရဲအက်-၄၉ တို့ဖြင့် မကွေးမြို့နယ်တရားရုံးတွင် စစ်ဆေးနေသော အမှုများအား ပယ်ဖျက်ပေးရန် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်သို့ လျှောက်ထား အယူခံတင်ပြခဲ့ရာ၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ ၎င်းတို့၏ အယူခံ တင်ပြချက် အမှုနှစ်ခုလုံးကို ပလပ်၍ မြို့နယ်တရားရုံးသို့ ပြန်လည်ချထားပေးကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ချက်အား မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ
 

0 comments: