မြေလတ်ဂျာနယ် အတွဲ ၂- အမှတ် ၉ ထွက်မည်

http://www.myaylatmedia.com/2016/06/blog-post_27.html?m=1
 

ကွမ်းယာစားသုံးခြင်းထက်စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းကိုအရေးယူသင့်‬

#‎ကွမ်းယာစားသုံးခြင်းထက်စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းကိုအရေးယူသင့်‬
ပြည်သူကရွေးချယ်ပေးခဲ့သော ‪#‎ပြည်သူ့အစိုးရ‬ လက်ထက်ရောက်မှ မြန်မာ့ရိုးရာကွမ်းစားခြင်းဓလေ့နှင့် ကွမ်းယာဆိုင်လေးများကိုဥပဒေကြောင်းအရ ဆိုင်ဖွင့်ခွင့် မပေးတော့ဘူးဆိုသည်မှာ ဖြစ်သင့်ပါရဲ့လား ... ? ညှာတာစဉ်းစားပေးကြပါဦးခင်ဗျား.. ။
‪#‎ကွမ်းစားခြင်းဓလေ့သည်‬ မြန်မာ့ရိုးရာစစ်စစ်ဖြစ်ပြီး ရှေးရှေးဘုရင်များလက်ထက်ကတည်းက သုံးစွဲလာခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုစဉ်ကလည်း ကွမ်းယာတွင်ပါဝင်သော ထုံး နန်းတွင်တိုင်များကို ‪#‎စည်းကမ်းမဲ့သုတ်လိမ်းသူများကြောင့်‬
‪#‎အရေးယူအပြစ်ပေးခဲ့ဘူးကြောင်းမှတ်သားမိပါသည်‬
ကွမ်းယာနှင့်ပါတ်သက်ပြီး ရှေးစာဆိုကြီးများရေးစပ်ခဲ့သော တံတားဦးက ကွမ်းနုဝါ။
ငန်းမျှာက ဆေး။ကွမ်းသီး တောင်ငူနှင့် ကိုင်း ထုံးဖြူ
ပြည် ရှား ။သာဝါးလို့ ထွေး ။ဆိုတဲ့ကဗျာအရ တံတားဦးကထွက်သည့်ကွမ်းနုဝါ။ ငန်းမျှာနယ်ကထွက်သည့် ဆေးရွက်ကြီး။တောင်ငူကထွက်သည့်ကွမ်းသီး။စစ်ကိုင်းက
ထွက်သည့်ထုံး။ပြည်မြို့နယ်ကထွက်သည့်ရှားစေး။သည်အမယ်တွေစုံတဲ့ ကွမ်းတစ်ယာတန်ဖိုး အသာဝါးလို့ ထွေး ရမယ်ဆိုတဲ့ စာဆိုအရ ကွမ်းတစ်ယာ ဖြစ်လာဖို့ မြန်မာပြည်အထက်အောက် ‪#‎ပြည်ထောင်စုအသွင်စုပေါင်းပါဝင်နေသည်ကို‬ သိမြင်နိုင်ပါသည်။
ထို့အတူ ကွမ်းတစ်ယာ၏နောက်ကွယ်တွင် အမှီအခို
ပြုနေကြရသော ကွမ်းစိုက်တောင်သူ ယာသမားများမိသားစု ဆေးရွက်ကြီးစိုက်တောင်သူယာသမားများမိသားစု။ကွမ်းသီးပင်စိုက်ခြံသမားများမိသားစု။ထုံး ဖေါက်အလုပ်သမားမိသားစု။ရှားချက်ရသောအလုပ်သမားမိသားစု။ကွမ်းသီးစိပ်လှီးရ ညှပ်ရသော အလုပ်သမားမိသားစု။
အရင်းအနှီးအနည်းငယ်ဖြင့်ကွမ်းယာဆိုင်ဖွင့် သမာအာဇီဝစီးပွားရှာနေရသောလုပ်ငန်းလေးကို အမှီပြုနေရသောမိသားစုတို့၏ဘဝ အထိုထိုကို ပြည်သူ့အစိုးရ လက်ထက်ကျမှ
အရေးယူ ... ရောင်းချခွင့်မပေး ... လိုင်စင်ထုတ်မပေး ... တစ်ခြားစီးပွားပြောင်းကြပါလို့ ... ပြောလာခြင်းသည် ပြည်သူ့အကျိုးကိုကြည့်၍ပြောသင့် မပြောသင့် ... လုပ်သင့်မလုပ်သင့် ... စဉ်းစားပေးကြပါဦးခင်များ။
ကွမ်းစားခြင်းဖြင့် ‪#‎စည်းကမ်းမဲ့စွာ‬ ကွမ်းတံတွေးထွေးခြင်းကို အရေးယူသင့်ပါသည်။စည်းကမ်းသတ်မှတ်ပေးသင့်ပါသည်။
ကွမ်းယာဆိုင်များမှ ‪#‎ကျန်းမာရေးကိုထိခိုက်စေသည့်‬
နှပ်ဆေး။ချက်ဆေး။မူးယစ်ဆေးများ ထည့်သွင်းရောင်းချသည်များကို ဥပဒေကြောင်းအရ သတိပေး အရေးယူရမည် ဖြစ်ပါသည်။
မြန်မာ့ရိုးရာ ကွမ်း ဆေး ထုံး ရှား စမုံစပါး နွယ်ချို အစရှိသဖြင့် ယာ၍ရောင်းသော ကွမ်းယာကိုမူ အရေးယူခြင်း
တားမြစ်ခြင်း ဆိုင်ဖွင့်ခွင့် မပြုခြင်းများကို ပြည်နယ် / တိုင်းဒေသကြီးများရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှစာများထွက်နေခြင်းသည် လုံးဝ ‪#‎လုံးဝမဖြစ်သင့်ပါ‬
‪#‎ကွမ်းတစ်ယာ‬၏နောက်ကွယ်တွင် သူ့ကိုမှီခိုပြီး ဘဝရပ်တည်ပြီး သားဝတ်နေရေးဖြေရှင်းနေကြရသော ကွမ်းယာဆိုင်ရောင်းသူ မှီခိုမိသားစုများ။ကွမ်းစိုက်တောင်သူများ။ဆေးရွက်ကြီးစိုက်တောင်သူများ။ကွမ်းသီးစိုက်ခြံသမားများ။ကွမ်းသီးစိပ်ညှပ် အလုပ်သမားမိသားစုများ အစရှိသည့် ‪#‎ပြည်သူပြည်သားမိသားစုများ‬၏ထမင်းအိုးကို ‪#‎အမိန့်တစ်ချက်ထုတ်ပြီးအရေးယူမည်‬ ဆိုပါက ထိုထို အစိုးရများသည် ပြည်သူ့အကျိုးဆောင်သည့် ပြည်သူကရွေးချယ်ပေးခဲ့သည့်
‪#‎ပြည်သူ့အစိုးရမည်ပါဦးမည်လား‬..။‪#‎ပြည်သူ့အကျိုးဖျက်စီးရာရောက်သွားမည်လား‬ ... ဆိုသည်ကို အရှည် စဉ်းစားပြီးစည်းကမ်းလိုက်နာစေလျှင်လည်းစည်းကမ်း လိုက်နာအောင်ထိန်းကြောင်းကြရမည့်တာဝန်ကိုသာ ကိုင်စွဲရမည် ဖြစ်ပြီး ... ‪#‎နိုင်ငံတော်‬၏အတိုင်ပင်ခံပုဂ္ဂိုလ် ‪#‎ဒေါ်အောင်ဆန်းစုကြည်‬ ပြောသည့် ... ‪#‎ဗြမ္ဘစိုရ်တရားဖြင့်အုပ်ချုပ်ပါမည်ဆိုတဲ့‬ ပြည်သူ ပြည်သားတွေ သမာအာဇီဝကျကျ လုပ်ကိုင်ရှာဖွေ စားသောက်ရှာဖွေနေသည့်လုပ်ငန်းငယ်လေးကို သနားဂရုဏာ မေတ္တာစေတနာ ထားပေးကြရမည့် တာဝန်
ပျက်ယွင်းနေမည် ဖြစ်ပါသဖြင့် ‪#‎ပြည်သူ့အမုန်းခံ‬ မဖြစ်ရလေအောင် စဉ်းစားဝေဖန် နိုင်ပါစေကြောင်းပါ ... ခင်ဗျား ... ။
Credit . U Tin Tun ( Taungdwingyi - Magway Regional Division ) မှ ကူးယူဖော်ပြပါသည်။
https://m.facebook.com/story.php…

 

ဦးသိန်းစိန်က အရမ်းရိုးသားပါတယ် 👺 မရိုးသားတာက သူ့ရဲ့ကိုယ်ကျင့်တရားနဲ့စိတ်ဓါတ်ပါ...🙈🙉🙊 အညတရ ကော်ဖီဆိုင်လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ ...

Thargyi Winner added 4 new photos. မှ ကူးယူဖော်ပြပါသည်။
ဦးသိန်းစိန်က အရမ်းရိုးသားပါတယ်
👺 မရိုးသားတာက သူ့ရဲ့ကိုယ်ကျင့်တရားနဲ့စိတ်ဓါတ်ပါ...🙈🙉🙊
အညတရ ကော်ဖီဆိုင်လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ ...
ဦးသိန်းစိန်အစိုးရတက်ခါစ
လယ်ယာမြေဥပဒေမထုတ်ခင်..
ဦးမြင့်လှိုင် (ဝန်ကြီး)
ဆည်မြောင်းညွှန်ချုပ် ဦးကျော်မြင့်လှိုင်ဦးဆောင်ပြီး
မြေယာဥပဒေအသစ်အရ ဈေးတက်လာမှာမို့
နေပြည်တော်တဝိုက် လယ်တွေလိုက်ဝယ်ကြတယ်..
နေပြည်တော်အစိုးရအသိုင်းအဝိုင်းနဲ့
ညွှန်မှူးတွေ ဗိုလ်ချုပ်တွေဝယ်ကြတယ်..
သမ္မနလယ်တောလို့ နာမည်ကြီးတဲ့
အဲ့ဒီနေရာမှာ ဈေးချောင်ချောင်နဲ့ ရတာတွေရော
အလကားသိမ်းတာတွေရောကို
ဧက၅၀၀ ပြည့်အောင်
ဦးသိန်းစိန်အတွက် ဆည်မြောင်းက
ပြည်တည်ပေးခဲ့တယ်။
ပြည်သူ့ဘဏ္ဍာငွေနဲ့
စက်မှုလယ်ယာကမြေညှိ
ဆည်မြောင်းကရေပေး မြောင်းဖောက် လမ်းတွေဖောက်လုပ်ပေးခဲ့တယ်။
ပြီးတော့ စိုက်ပျိုးရေးက လာစိုက်ပေးပေါ့။
စိုက်တာက တရုတ်စပ်မျိုးစပါး
စပါးထွက်လာတော့ကုန်ကျစရိတ်နဲ့တွက်ရင်
ရွှေဈေးအလားကျတယ်လို့ပြောကြတယ်..
တစ်ပြည်လုံးက စိုက်ပျိုးရေးကလူတွေ
စံပြလယ်ယာတောကြီးကိုသွားလေ့လာကြရတယ်။
နောက်ကွယ်က ကုန်ကျစရိတ်ကတော့
ဋ္ဌာနဆိုင်ရာတွေ ခံကြရတာပေါ့။
တကယ်တော့..
For showလုပ် ..
နိုင်ငံခြားသားတွေခေါ်ပြ
လယ်သမားတွေခေါ်ပြ
ကျွေးမွေးစရိတ်တွေကိုက သိန်းထောင်ကျော်...။
ဒါတွေကို
ပြည်သူ့ငွေတွေကို အလွဲသုံးစားပြုပြီး ဆည်မြောင်းကကုန်ကျခံခဲ့တယ်။
အဲ့ဒီအချိန်မှာ
လယ်အသိမ်းထံရတဲ့လယ်သမားတွေက ဆန္ဒပြမယ်လုပ်တော့
လျော်ကြေးပေး နှစ်သိမ့်လိုက်တယ်..
လျော်ကြေးစိုက်ထုတ်ပေးသူကတော့
ထုံးစံအတိုင်း ဆည်မြောင်းညွှန်ချုပ်ပဲပေါ့။
အဲ့ဒီလယ်တောအကြောင်း ဖေ့ဘုတ်မှာပါလာတော့
ဦးသိန်းစိန် အမည်ကနေ နေ့တွင်းခြင်း အခြားတစ်ယောက်အမည် မြေစာရင်းက ပြောင်းပေးလိုက်တာကို
အဲဒီက မြေစာရင်းဝန်ထမ်းတွေ သိကြတယ်။
အဲ့ဒီလယ်တောမှာ
အစည်းဝေးတွေ တွေ့ဆုံပွဲတွေလုပ်ခဲ့တယ်။
တိုင်းရင်းသားခေါင်းဆောင် လက်နက်ကိုင်ခေါင်းဆောင် စာနယ်ဇင်း အနုပညာရှင် ၈၈ငြိမ်းပွင့်
စတဲ့အဖွဲ့တွေကို လက်ခံတွေ့ဆုံခဲ့တယ်။
အဲ့ဒီလယ်တောမှာဆောက်ထားတဲ့
အဆောက်အဦမှန်သမျှ ဦးသိန်းစိန်ငွေတပြားမှမပါဘူး။
အုတ်စီရေမြောင်းတွေ စက်တွေ စက်ထားတဲ့တဲတွေ
ဂိုထောင်တွေ ရှိရှိသမျှအားလုံး
ဦးသိန်းစိန်ငွေ တပြားမှမကုန်ပဲ
အလကားရခဲ့တာပေါ့...
ညွှန်ချုပ်တွေက အောက်မှာ
ခွဲတန်းချပြီးလုပ်ပေးတာလား။
နိုင်ငံတော်ဘဏ္ဍာသုံးခဲ့တာလား
သူတို့ပဲ သိမယ်။
ဘာပဲပြောပြော အားလုံး ပြည်သူ့ငွေတွေကို
သုံးခဲ့တာချည်းပဲ။
အဲ့ဒီအထဲမှာမှ အထွက်တိုးစပါး
ရာသီပေါ်သီးနှံများ နှစ်ရှည်ပင်များစိုက်ပျိုးထားပြီး
သီးနှံ သန့်စင်ထုတ်ပိုးစက်တွေလည်း ရှိပါတယ်။
အားလုံးဟာ
ဋ္ဌာနပေါင်းစုံက ဝိုင်းကျွန်ခံလုပ်ပေးခဲ့တာဖြစ်ပြီး
ဦးသိန်းစိန်က ငွေတစ်ကျပ်မှမကုန်ခဲ့သလို
မနက်တိုင်း သမ္မတလယ်ထဲလမ်းလျှောက်လာတာအမီ
မနက်၅နာရီ နေ့တိုင်းထ
လယ်ထဲကစောင့် မနက်စာပြင်
အားလုံးအသက်မရှူရဲ ငြိမ်ကုပ်လုပ်ပေးရတဲ့ဘဝက
လွတ်သွားလို့ ဝန်ထမ်းတွေလည်း ပျော်ရွှင်လျက်ရှိကြောင်း သိရပါတယ်။
အခုတော့...
သိန်းစိန်ပြုတ်သွားခြင်းနဲ့အတူ
ဆည်မြောင်းညွှန်ချုပ်ကြိီးရဲ့ ဝန်ကြီးဖြစ်ရေးစီမံကိန်းလည်း ပျက်သွားရပါပြီ။
ဆည်မြောင်းက ရန်ပုံငွေတွေ
သမ္မတပံ့ပိုးခဲ့ရတဲ့ပမာဏ ဘီလျံချီ ရှိခဲ့ပါတယ်။
ဦးသိန်းစိန်ကိုပေးခဲ့တဲ့ ဆန်စက်တင်
၂.၅ ဘီလျံရှိခဲ့တာပဲ။
နွားခြံကြီးကလည်း ထည့်တွက်ရမယ့် ကိစ္စ ။
အခုတော့...
နိုင်ငံတော်ပိုင်လိုလိုလုပ်နေတဲ့
သမ္မတလယ်တော ဧက၅၀၀ခြံဝန်းကြီးဟာ
ဦးသိန်းစိန်အပိုင်ပါတဲ့..။
ဒါကြောင့်လည်း..
ဦးသိန်းစိန်ဂျီးက
ရွှေလယ်တော ကော်ဖီဆိုင်နှင့်ကိတ်မျိုးစုံဆိုပြီး
ခပ်တည်တည် ဖွင့်ထာလေရဲ့။
ဒီကြားထဲ
သမီးနာမည်နဲ့ မတရားသိမ်းထားတဲ့ မြေကွက်တွေ အပါအဝင်
သရက်ခြံကြီးကလည်း ရှိသေး။
အဆိုးဆုံးက
ကျောက်မျက်ကနေ ယူထားတဲ့
ဒေါ်လာ ၇ သန်း။
သြော်...
ဦးသိန်းစိန်ကြီးကို
ရိုးသားလှချည့်ရဲ့ သနားလှချည်ရဲ့ဆိုသူတွေ
ဘယ်လိုတွေများ ပြောကြဦးမလဲ..။
ဆင်းရဲနေတဲ့
ပြည်သူတွေနဲ့ ကိုယ့်ကိုကိုယ် မသနားပဲ
ဦးသိန်းစိန်ကြီးကို သမ္မတတာဝန် ထပ်ပြီး ထမ်းဆောင်စေချင်ရဲ့လို့ ပြောကြပါဦးလား။
ခုတော့..
နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ
နာမည်ပျက် များစွာနဲ့ ဆင်းသွားရတဲ့
လူတစ်ယောက်။
ဇာတ်ခုံပေါ်မှာ မင်းသားကြီး ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ သူတစ်ယောက်။
ဒါ့ကြောင့်..
မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်ပစ်နိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တဲ့အတွက်
အားလုံးပဲ သတိထားပြီး စောင့်ကြည့်ကြပါလို့
ရေးသားရင်း...
Credit: Naywin Thr
Via: ဘုန်းထက်ကြယ်
ZN.H
 

သစ်ခိုးထုတ်သူတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်း

Aung Kyawkyaw shared RFA Burmese's photo — with Myat Lay Oo and Yamin Hlaing. မှ ကူးယူဖော်ပြသည်။
18 hrs ·
☆ဒေါ်ယမင်းလှိုင်အဆိုတင်
ကိုမြတ်လေးဦးထောက်ခံ☆
■■■■■■■
သစ်ခိုးထုတ်သူတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်း
မကွေးတိုင်း အနောက်ခြမ်း ဂန့််ဂေါနဲ့ တ၀ိုက်မှာ သစ်ခိုးထုတ်တာတွေနဲ့ သစ်အလွန်အကျံ ခုတ်ယူနေတာတွေကြောင့် တောင်ကတုံးတွေဖြစ်နေတဲ့အတွက် သစ်တောထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ အလွယ်တကူရရှိနိုင်တဲ့ Chain-Saw ခေါ် လျှပ်စစ်လွှတွေနဲ့ သစ်တွေခုတ်ယူနေတာကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။
ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရဲ့ စာရင်းအရ ဂန့်ဂေါမြို့နယ်မှာ ကြိုးဝိုင်း၊ ကြိုပြင်သစ်တောဧရိယာ သုံးသိန်းခြောက်သောင်းကျော်ရှိပြီး လက်ရှိ ကားလမ်းလူမြင်ကွင်းမှာသာ သစ်တောတွေ ကျန်ရှိနေပြီး အတွင်းပိုင်းမှာ သစ်အလွန်အကျွံခုတ်ယူမှုတွေကြောင့် တောပြုန်းနေပြီဖြစ်ကြောင်းလည်း ဒေါ်ယဉ်မင်းလှိုင်က တင်ပြခဲ့ပါတယ်။
အမြစ်ကနေ တူးယူပြီး ပြည်ပကိုတင်ပို့နေကြသလို ကုမ္ပဏီတွေကလည်း ခွင့်ပြုတဲ့တန်ချိန်ထက် ပိုခုတ်ယူတာတွေ ရှိနေကြောင်းလည်း ပြောခဲ့ပါတယ်။
အဆိုကို ထီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦးက ထောက်ခံခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ ကိုင်ဆောင်အသုံးပြုနေတဲ့ Chain- Saw ခေါ် လျှပ်စစ်လွှတွေကို ဥပဒေနဲ့အညီ စီစစ်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး အဲဒီအဆိုကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
Photo: Win Naung Toe/ RFA ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် ဇွန်လ ၁ ရက်နေ့က အဆိုတင်သွင်းနေစဉ် )