ကွမ်းယာစားသုံးခြင်းထက်စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းကိုအရေးယူသင့်‬

#‎ကွမ်းယာစားသုံးခြင်းထက်စည်းကမ်းမဲ့ကွမ်းတံတွေးထွေးခြင်းကိုအရေးယူသင့်‬
ပြည်သူကရွေးချယ်ပေးခဲ့သော ‪#‎ပြည်သူ့အစိုးရ‬ လက်ထက်ရောက်မှ မြန်မာ့ရိုးရာကွမ်းစားခြင်းဓလေ့နှင့် ကွမ်းယာဆိုင်လေးများကိုဥပဒေကြောင်းအရ ဆိုင်ဖွင့်ခွင့် မပေးတော့ဘူးဆိုသည်မှာ ဖြစ်သင့်ပါရဲ့လား ... ? ညှာတာစဉ်းစားပေးကြပါဦးခင်ဗျား.. ။
‪#‎ကွမ်းစားခြင်းဓလေ့သည်‬ မြန်မာ့ရိုးရာစစ်စစ်ဖြစ်ပြီး ရှေးရှေးဘုရင်များလက်ထက်ကတည်းက သုံးစွဲလာခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုစဉ်ကလည်း ကွမ်းယာတွင်ပါဝင်သော ထုံး နန်းတွင်တိုင်များကို ‪#‎စည်းကမ်းမဲ့သုတ်လိမ်းသူများကြောင့်‬
‪#‎အရေးယူအပြစ်ပေးခဲ့ဘူးကြောင်းမှတ်သားမိပါသည်‬
ကွမ်းယာနှင့်ပါတ်သက်ပြီး ရှေးစာဆိုကြီးများရေးစပ်ခဲ့သော တံတားဦးက ကွမ်းနုဝါ။
ငန်းမျှာက ဆေး။ကွမ်းသီး တောင်ငူနှင့် ကိုင်း ထုံးဖြူ
ပြည် ရှား ။သာဝါးလို့ ထွေး ။ဆိုတဲ့ကဗျာအရ တံတားဦးကထွက်သည့်ကွမ်းနုဝါ။ ငန်းမျှာနယ်ကထွက်သည့် ဆေးရွက်ကြီး။တောင်ငူကထွက်သည့်ကွမ်းသီး။စစ်ကိုင်းက
ထွက်သည့်ထုံး။ပြည်မြို့နယ်ကထွက်သည့်ရှားစေး။သည်အမယ်တွေစုံတဲ့ ကွမ်းတစ်ယာတန်ဖိုး အသာဝါးလို့ ထွေး ရမယ်ဆိုတဲ့ စာဆိုအရ ကွမ်းတစ်ယာ ဖြစ်လာဖို့ မြန်မာပြည်အထက်အောက် ‪#‎ပြည်ထောင်စုအသွင်စုပေါင်းပါဝင်နေသည်ကို‬ သိမြင်နိုင်ပါသည်။
ထို့အတူ ကွမ်းတစ်ယာ၏နောက်ကွယ်တွင် အမှီအခို
ပြုနေကြရသော ကွမ်းစိုက်တောင်သူ ယာသမားများမိသားစု ဆေးရွက်ကြီးစိုက်တောင်သူယာသမားများမိသားစု။ကွမ်းသီးပင်စိုက်ခြံသမားများမိသားစု။ထုံး ဖေါက်အလုပ်သမားမိသားစု။ရှားချက်ရသောအလုပ်သမားမိသားစု။ကွမ်းသီးစိပ်လှီးရ ညှပ်ရသော အလုပ်သမားမိသားစု။
အရင်းအနှီးအနည်းငယ်ဖြင့်ကွမ်းယာဆိုင်ဖွင့် သမာအာဇီဝစီးပွားရှာနေရသောလုပ်ငန်းလေးကို အမှီပြုနေရသောမိသားစုတို့၏ဘဝ အထိုထိုကို ပြည်သူ့အစိုးရ လက်ထက်ကျမှ
အရေးယူ ... ရောင်းချခွင့်မပေး ... လိုင်စင်ထုတ်မပေး ... တစ်ခြားစီးပွားပြောင်းကြပါလို့ ... ပြောလာခြင်းသည် ပြည်သူ့အကျိုးကိုကြည့်၍ပြောသင့် မပြောသင့် ... လုပ်သင့်မလုပ်သင့် ... စဉ်းစားပေးကြပါဦးခင်များ။
ကွမ်းစားခြင်းဖြင့် ‪#‎စည်းကမ်းမဲ့စွာ‬ ကွမ်းတံတွေးထွေးခြင်းကို အရေးယူသင့်ပါသည်။စည်းကမ်းသတ်မှတ်ပေးသင့်ပါသည်။
ကွမ်းယာဆိုင်များမှ ‪#‎ကျန်းမာရေးကိုထိခိုက်စေသည့်‬
နှပ်ဆေး။ချက်ဆေး။မူးယစ်ဆေးများ ထည့်သွင်းရောင်းချသည်များကို ဥပဒေကြောင်းအရ သတိပေး အရေးယူရမည် ဖြစ်ပါသည်။
မြန်မာ့ရိုးရာ ကွမ်း ဆေး ထုံး ရှား စမုံစပါး နွယ်ချို အစရှိသဖြင့် ယာ၍ရောင်းသော ကွမ်းယာကိုမူ အရေးယူခြင်း
တားမြစ်ခြင်း ဆိုင်ဖွင့်ခွင့် မပြုခြင်းများကို ပြည်နယ် / တိုင်းဒေသကြီးများရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများမှစာများထွက်နေခြင်းသည် လုံးဝ ‪#‎လုံးဝမဖြစ်သင့်ပါ‬
‪#‎ကွမ်းတစ်ယာ‬၏နောက်ကွယ်တွင် သူ့ကိုမှီခိုပြီး ဘဝရပ်တည်ပြီး သားဝတ်နေရေးဖြေရှင်းနေကြရသော ကွမ်းယာဆိုင်ရောင်းသူ မှီခိုမိသားစုများ။ကွမ်းစိုက်တောင်သူများ။ဆေးရွက်ကြီးစိုက်တောင်သူများ။ကွမ်းသီးစိုက်ခြံသမားများ။ကွမ်းသီးစိပ်ညှပ် အလုပ်သမားမိသားစုများ အစရှိသည့် ‪#‎ပြည်သူပြည်သားမိသားစုများ‬၏ထမင်းအိုးကို ‪#‎အမိန့်တစ်ချက်ထုတ်ပြီးအရေးယူမည်‬ ဆိုပါက ထိုထို အစိုးရများသည် ပြည်သူ့အကျိုးဆောင်သည့် ပြည်သူကရွေးချယ်ပေးခဲ့သည့်
‪#‎ပြည်သူ့အစိုးရမည်ပါဦးမည်လား‬..။‪#‎ပြည်သူ့အကျိုးဖျက်စီးရာရောက်သွားမည်လား‬ ... ဆိုသည်ကို အရှည် စဉ်းစားပြီးစည်းကမ်းလိုက်နာစေလျှင်လည်းစည်းကမ်း လိုက်နာအောင်ထိန်းကြောင်းကြရမည့်တာဝန်ကိုသာ ကိုင်စွဲရမည် ဖြစ်ပြီး ... ‪#‎နိုင်ငံတော်‬၏အတိုင်ပင်ခံပုဂ္ဂိုလ် ‪#‎ဒေါ်အောင်ဆန်းစုကြည်‬ ပြောသည့် ... ‪#‎ဗြမ္ဘစိုရ်တရားဖြင့်အုပ်ချုပ်ပါမည်ဆိုတဲ့‬ ပြည်သူ ပြည်သားတွေ သမာအာဇီဝကျကျ လုပ်ကိုင်ရှာဖွေ စားသောက်ရှာဖွေနေသည့်လုပ်ငန်းငယ်လေးကို သနားဂရုဏာ မေတ္တာစေတနာ ထားပေးကြရမည့် တာဝန်
ပျက်ယွင်းနေမည် ဖြစ်ပါသဖြင့် ‪#‎ပြည်သူ့အမုန်းခံ‬ မဖြစ်ရလေအောင် စဉ်းစားဝေဖန် နိုင်ပါစေကြောင်းပါ ... ခင်ဗျား ... ။
Credit . U Tin Tun ( Taungdwingyi - Magway Regional Division ) မှ ကူးယူဖော်ပြပါသည်။
https://m.facebook.com/story.php…

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: