Showing posts with label ရယ်စရာ. Show all posts
Showing posts with label ရယ်စရာ. Show all posts

ကောလိပ်ကျောင်းသားနှင့် ရွာမှ အမေတို့ရဲ့ စာ

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်
ဒေါက်တာခိုင်မျိုး၏ ဘလော့မှတဆင့်ဖေါ်ပြပေးပါသည်။
http://drkhaingmyo.myanmarbloggers.org


အပြန်အလှန်-ပေးစာ(သားနဲ့မိဘ)

ဖတ်ပြီးသူတွေအတွက် မရည်ရွယ်ပါဘူး။ အီမေးက တစ်ဆင့်ရလာတဲ့ ဟာသလေးတွေဗျာ..။

သဘောကျလွန်းလို့တင်ဖြစ်ပါတယ်။

(ဒေါက်တာခိုင်မျိုး)


၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ

အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။

စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။

ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။

ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။

ချစ်သား
စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။


၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသောသား....
အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ်။
မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။
မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။
အခု အမေတို့အိမ်အသစ်မှာ အ၀တ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။
ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။
အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထအောင် လုပ်လိုက်မယ်တဲ့။
ချစ်တဲ့ အမေ
P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။
ပြုံးပျော်နိုင်ပါစေ..။

ဒေါက်တာခိုင်မျိုး၏ ဘလော့မှတဆင့်ဖေါ်ပြပေးပါသည်။
http://drkhaingmyo.myanmarbloggers.org


ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၃)ရက်၊ည(၉း၄၅)နာရီ ကူးယူ၏။
READMORE
 

ကြာကြာနေရင် နင့်ကလေး ပထွေးပိုက်လိမ့်မယ်....

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်


ဂျပန်ခေတ်ကာလပါ။ ကျွန်တော်တို့ရွာက ပခန်းငယ်ရွာ ဧရာဝတီမြစ်ဘေး အရှေ့ဘက်ကမ်းမှာတည်ထားပါတယ်။ လှေခေတ် ကောင်းချိန်ပေါ့။ အောက်ပြည် အောက်ရွာသို့ဆန်၊ဆား သွားဝယ်ရပါတယ်။ အသွားရေအစုန်မှာ အညာ ပဲစေ့ ပဲဆန် နဲ့ ဓားသွေးကျောက်တွေကိုတင်ပြီးသွားရပါတယ်။ အပြန် အဆန်ခရီးမှာ ဆန်နဲ့ ဆားကို တင်လာရပါတယ်။ မြစ်ကြောင်းတစ်လျှောက် ကျွဲညီနောင် လေယာဉ်ပျံနှစ်စီးက ဗုံးကြဲနေတဲ့အချိန်အခါပေါ့..။ ဂျပန်အတက် အင်္ဂလိပ်စစ်ပြေးနေရတဲ့ ကာလပျက်ကြီးပါ..။

ကျွန်တော့ အဖေက ကျောင်းဆရာပါ။ အဘက လှေသူကြီးဦးမှတ်ကြီး။ အမေကြီးက ဇာတ်မင်းသမီးဒေါ်မုံစီတဲ့ ။ အဖေ့ မှတ်စု စာအုပ်ထဲက ကဗျာမဟုတ်၊နဘေထပ်နဲ့ ကျွန်တော့် အမေကြီးရဲအ မှာစကား တွေကိုရေးထားတဲ့စာလေးပါဗျာ..၊ တော်တော်ရယ်စရာကောင်းပြီး မှတ်သားလောက်တဲ့အကြောင်းပါ..( အဘ လှေသူကြီးကို အောက်ပြည်သို့လှေ ထွက်ခါနီးမှာ အမေးကြီးဒေါ်မုံစီက သူ့လင်တော်မောင်အား ပြောလိုက်တဲ့ အမှာစကား..။)


အမေကြီး ဒေါ်မုံစီ၏ မှာတမ်းတော်..။


မုံစီ..မုံစီ..ယုံကြည်မှ ထား

ဂျပန်တက် သူတက် ငါတက်

ငွေရရင်လည်း ယူခဲ့ကွယ်

လင်ရရင်လည်း ယူနှင့်မယ်

ကြာကြာနေရင် နင့်ကလေး

ပထွေး ပိုက်လိမ့်မယ်....။( ၃- ခါပြန်သီဆိုမှာကြားနေပါ၏)


ထမိန်ကို မကာ မကာနှင့်သူ့ယောင်္ကျားကို မှာကြားနေသော အမေကြီး ဒေါ်မုံစီအား လှေထိုးသားများက ၀ိုင်းလို့ ရယ်နေကြမှာပါဗျာ...။

(မယ်တစ်ရွာ မောင်တစ်မြို့ ခွဲခွါနေရသော မိသားစုများအတွက် စကားလက်ဆောင်ကောင်း ဖြစ်ပါသည်။)


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၇)ရက်၊နံနက်(၁း၃၀)နာရီ ရေး၏။
READMORE
 

ဘီလူးဆိုလည်း ပြီးတာပါပဲ.....

ဘီလူးဆိုလည်း ပြီးတာပါပဲ….

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်

လွန်ခဲ့သော..အနှစ်(၂၀)ကျော်ကာလက ဖြစ်ပါတယ်..။သစ်ရောင်း၊၀ယ်ကိစ္စအတွက် ထီးချိုင့်မြို့နယ်လား၊ကသာမြို့နယ်လားမသိ..၊ရွာတစ်ရွာကို ရောက်ခဲ့ပါတယ်။အဲဒီရွာက သစ်ခွဲစက်တွေပေါပါတယ်။ သစ်ခုတ်သမားတွေကလည်းများပါတယ်။သစ်ခုတ်သမား အတော်များများက ဘိန်းစားသူတွေများပါတယ်..။
တစ်နေ့မှာ အဲဒီရွာကို ဘုရားပွဲကျင်းပပါတယ်။ ဇာတ်ပွဲလည်းပါတယ်..။ပွဲကမယ့် ညနေမှာလူတွေက သိပ့်ကိုစည်ကားနေပါတယ်..။ ထူးထူးခြားခြား မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်..။ လူနှစ်ယောက်ပါ။ လူတစ်ယောက်ရဲ့အပေါ်မှာ တခြားလူတစ်ယောက်က ဂုတ်ပေါ်မှာခွစီးလာပါတယ်..။ အပေါ်က လူကခြေနှစ်ဖက်လုံးကျိုးနေသူပါ။အောက်က လူကတော့ မျက်လုံးနှစ်ဖက် ကွယ်နေသူပါ။အပေါ်က ကိုအကျိုးခိုင်းတဲ့အတိုင်း အောက်ကလူ ကိုအကန်းက လုပ်ပေးရပါတယ်..။ သူတို့က အမွှာညီအကိုများဖြစ်တာ သိလိုက်ရပါတယ်..။
အဲ..ကိုအကျိုးက အကိုအကြီးပါ..။ သူ့စိတ်ကြိုက် ညီငယ် အကန်းက အလိုကြ လိုက်လုပ်ပေးနေရပါတယ်။
ဟော..ဒီည ငါပွဲကြည့်မယ်လို့..အကိုကြီး အကျိုးက..သူ့ညီငယ် အကန်းကို ပြောပါတယ်။ ညီငယ်အကန်းက ဘယ်ပွဲကြည့်ချင်ပါ့မလဲ..။ ဒါပေမဲ့ အကိုကြီးသဘောပါတဲ့..။ သူ့အကိုကြီးရဲ့နားနာကို အသာကပ်ပြီးပြောနေပါတယ်..။ အမှန်ကတော့ သူ့ကို ဘိန်းကျွေးခိုင်းတာပါ။ အဲ..ပြီးတော့ ပွဲပြီးရင် လက်တို့ပြီး နိုးရန်ပြောထားတာပါ။

ည ပွဲကြည့်ကြပြီ..။
အကျိုးကတော့ မျက်စီမြင်သူဆိုတော့ သဘောကျနေတာပေါ့။တ၀ါးဝါး တဟားဟားရယ်လိုက်နဲ့ပေါ့..။ ညီငယ်အကန်း ဘိန်းစားကတော့ သူ့စည်းစိမ်ကို ဘာနဲ့မှ မလဲနိုင်အောင်..ဘိန်းမှိန်းမှိန်းနေပြီး ဇိမ်ခတ်နေတာပေါ့လေ..။ ပွဲက နောက်ပိုင်းဇာတ်တော်ကြီးကို ထွက်နေပေပြီ..။ ဇာတ်တော်က မယ်သီတာကို ဒသဂီရိဘီလူးက ခိုးမဲ့ ဇာတ်ဝင်ခန်းကို စတင်နေလေပြီ….။ဆိုင်းတီးခတ်သံတွေ ခဏရပ်လိုက်ပြီး…. မီးမှောင်ချလိုက်ပါတယ်…..။ဒသဂီရိဘီလူး ထွက်ခန်း……


“““““သဲ….သဲ…သဲ….ငါ့ဟဲ့ ဘီလူးမင်း…ဒသဂီရိ ဖြစ်တော့သည်……””””””
အသံနက်ကြီးနှင့်လည်း အာဂလောင်ချစ်လို့အော်၏။ ခြေဖနောင့်နှင့်လည်း (၃)ချက် ဇာတ်ခုံအခင်းကို ဆောင့်နင်း၏။…ဆိုင်းက ပတ်မကြီးကလည်း တထီးထီးထုနေ၏။ ယခွင်းသံတွေကလည်း တစ်ရွမ်းရွမ်းနားမခံနိုင်အောင်တီးနေကြ၏။ ဇာတ်ပွဲခင်းတခုလုံးမှာ သိပ့်သိပ့်တုံဟီးသွားပေပြီ………..။

ဘိန်းစားခဗျာ..ဘိန်းမှိန်း မှေးနေရာက တော်တော်ကြီးကို ထိပ်လန့်သွားပါပြီ..ဒေါသ လည်းထွက်လာပြီ..အိပ်နေရာက ဇာတ်ခနဲ ထလို့ ပရိပ်သတ်ဘက် မျက်နှာမူလျှက်သား မှတ်တတ်ရပ်ပြီး……ထအော်ပါတော့သည်………

( ငါ…ငါ………..မသားတွေ…….သဲ….တွေဘာတွေလုပ်နေကြတယ်…..ဘီဘူးဆိုလည်း ပြီးတာပါပဲ………….)။


လွန်တာရှိ ၀န္ဒာမိပါ…….။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၂၁)ရက်၊ ညနေ(၅း၁၄)နာရီ ရေး၏။
READMORE
 

ပထမလူပြောတဲ့ စကားကို အတည်ပြုပေးကြပါဗျာ.....

ပထမလူပြောတဲ့စကားကို အတည်ပြုပေးကြပါဗျာ….။

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်

အညာမိုးကသစ္စာဖေါက်သွားပြီ..အရင်လိုအေးနေအောင်ကိုမရွာတော့တာ။ အိုက်စပ်စပ်ဖြစ်နေကြတယ်..။ မိုးရွာရွာထဲမှာ
ဆရာကိုငြိမ်း(မန္တလေး)ကခေါ်ထားလို့ ဆိုက်ကယ်နဲ့ထွက်လာခဲ့ရပါတယ်။ အဆင့်သင့်ပါပဲ ဆရာကိုငြိမ်းက ဇဗ္ဘူရစ်ရွှေ လဘက်ရည်ဆိုင်မှာစောင့်နေပါတယ်..။အချိန်က ညနေစောင်းပေါ့..။
““ဆရာ ကျနော် နည်းနည်းနောက်ကျသွားပါတယ်နော်..””
ရောက်နေကြသူ စာရေးဆရာများနဲ့ ဆရာငြိမ်းတို့က ကျနော့်ကို ၀ိုင်းကြည့်ပြီး ရယ်မောနေကြပါတယ်..။ဆရာငြိမ်းက
“နောက်ကျမှရောက်လာတဲ့ရွှေလမ်းငွေလမ်းဝင်းကြည်က ယခုအချိန်မှစလို့..၊ ပထမလူပြောတဲ့စကားအတိုင်း အတည်ပြုပေးရပါလိမ့်မယ်…”။

ဝါး..ဟား..ဟား…အသံများနဲ့အော်ဟစ်ရယ်မောနေကြပါတယ်…။ကျွန်တော်ဘာကိုမှ နားမလည်ပါ..
အူကြောင်ကြောင်ဖြစ်နေပါတယ်..။သူတို့က ရယ်စရာမပါပဲ ၀ိုင်းပြီးရယ်နေကြပါတယ်။

“ ဒီလို..ဒီလို..ရွှေလမ်းငွေလမ်းဝင်းကြည်ရေ..ခင်ဗျားကနောက်ကြနေတာကိုး..ကျွန်တော်ကိုငြိမ်း ပြန်ပြောပေးပါ့မယ်…….

အရက်သမားတစ်ယောက်ဗျာ..ရေချိန်လွန်လာပြီး လမ်းမအလယ်မှာ..ထိုးလဲသွားတယ်..။
လူတွေဝိုင်းလာကြတယ်..။ဟာ လုပ်ကြပါအုံးပေါ့..၀ိုင်းကြည့်နေသူတွေထဲက ပထမဆုံးလူတစ်ယောက်က စပြောလိုက်ပါတယ်…
“““အရက်သမားမူးလဲတာများ ဘာမှမဖြစ်ပါဘူးဗျာ..နောက် အရက်တစ်ပက် လောက် ထပ်ဝင်အောင်ပါးစပ်ထဲထိုးထည့်လိုက်ရင်..မကြာခင်ထသွားပါတယ်..””””။
သူပြောတဲ့စကားကိုဘယ်သူကမှအရေးမလုပ်ကြပါဘူး။
နောက်လူနှစ်ယောက်က အတင်းတိုးဝင်လာပြီး….မဖြစ်ဘူး..မဖြစ်ဘူး..။ဘယ်..ဒီလိုထားလို့ဖြစ်ပါ့မလဲဗျာ..
သုံးဘီးခေါ်ပါ..သူ့ကို တိုင်းဆေးရုံကို အမြန်ပို့ကြမယ်။ဆေးရုံကိုပို့ကြမယ်..။

အဲဒီအချိန်မှာ မူးလဲနေတဲ့အရက်သမားက ဘေးကလူတွေပြောနေသံကို ကြားနေရပါတယ်..။
အရက်သမားကစဉ်းစားနေတယ်…ငါ့ကိုသာဆေးရုံကို အပို့ခံလိုက်ရရင်တော့ ဒုက္ခပါပဲ..ဆေးရုံပေါ်ကိုရောက်ရင် အရက်လဲသောက်ရတော့မှာမဟုတ်တော့ဘူး။အရက်ဖြတ်ခိုင်းကြမယ်..။မဖြစ်ဘူး၊ငါ အသာငြိမ်နေရင်တော့ သူတို့က ငါ့ကိုဆေးရုံပို့ကြတော့မှာ.သေချာနေပြီ…..ငါဝင်ပြောမှဖြစ်တော့မယ်……။
ဟိုး..ဟိုး.ဆရာတို့..ခဏလေးနေကြပါဦး…ဟို..ဟို..ပထမစပြောတဲ့လူရဲ့ စကားအတိုင်း ၀ိုင်းပြီးအတည်ပြုပေးကြပါဗျာ.လို့.အော်ပြောဆိုပြီး..
မြေကြီးပေါ်ကို ဘိုင်းကနဲ..အရက်သမားပြန်လဲသွားပါတော့တယ်……။”””””

ဟဲ..ဟဲ..ဟဲ...ကျွန်တော်..သဘောပေါက်သွားပါပြီ……ဆရာငြိမ်းခင်ဗျား..
ယခု အချိန်မှ စလို့ ပထမလူပြောသွားတဲ့စကားကို အတည်ပြုလိုက်ပါတယ်…
ဆရာငြိမ်းတို့ တစ်ဖွဲ့လုံး..အေ၀မ်းစာတော်ဆက်ကို..ဆက်လက်အတည်ပြုထောက်ခံဖို့ ကြွကြပါဗျို့..ကြွကြပါဗျို့………။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၂၀)ရက်၊ ည(၁၁)နာရီ၊မှာ အဲ..အတည်ပြုအပ်ပါသည်။
READMORE
 

သည်းမခံနိုင်သူ

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်


သည်းမခံနိုင်သူ

ဘလော့ဂါ ဆရာသော်ဇင်ထံမှ ကူးယူဖေါ်ပြပေးပါသည်။


တစ်ခါက တရားရုံကို အမှုတစ်မှု ရောက်လာသတဲ့၊ အဲဒီအမှုကတော့ ကားစပယ်ယာက ခရီးသည် အမျိုးသမီးကြီးတစ်ဦးကို ကားမောင်းနေတုန်း တွန်းချတဲ့ အမှုဖြစ်တယ်။ တရားသူကြီးက တရားခံကို မေးသတဲ့။
“ မောင်မင်းကို ဒီတရားလို အမျိုးသမီးကြီးက ပြောနေတယ် ၊ သူ့ကို ကားမောင်းနေတုန်း ရပ်မပေးဘဲ တွန်းချတယ်လို့ ၊ ဟုတ်သလား ”
“ ဟုတ်ပါတယ် ”
“ ဘာလို့ တွန်းးချရတာလဲ ”
“ ကျွန်တော်မျိုး ဖြစ်ပျက်ပုံ အစအဆုံး ပြောပြပါရစေ၊ ဒီအမျိုးသမီးကြီးဟာ ကားပေါ်ကို တတ်လာပါတယ်။ သူတတ်လာတော့ လက်ပွေ့အိတ်ကြီး တစ်လုံး ကိုင်တတ်လာပါတယ်။ ကျွန်တော်မျိုး ကာားစီးခ တောင်းမလို့ သူ့အနားကို သွားတော့ လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲသလိုလုပ်နေတုန်း ရှေ့ခုံက ခရီးသည်က ကားခပေးလို့ သွားယူပါတယ်၊ ကျွန်တော် သွားယူနေတုန်း လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကျွန်တော်က ပိုက်ဆံထုတ်ပြီးပြီ မှတ်လို့ သူ့အနားကို လာတော့ မင်းမယူသေးဘူး မှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကြီးကို ဖွင့်ပါတယ်၊ လက်ပွေ့အိတ်ကြီး ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ ပြီးတော့ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ လက်ကိုင်အိတ်ထဲက ကတ္တီပါ အိတ်ကလေးကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ကို ပိတ်လိုက်ပါတယ်။ ပြီးတော့ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ်။ ကတ္တီပါအိတ်ကို ဖွင့်ပါတယ်။ အဲဒီအချိန်မှာ နောက်တတ်လာတဲ့ ခရီးသည်တစ်ဦးက ကားခအော်ပေးလို့ သွားယူပါတယ်။ အဲဒီအချိန်မှာ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကြီးကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်လေးကို ဖွင်ပါတယ်။ ကတ္တီပါအိတ်ကို ထည့်ပါတယ်။လက်ကိုင်အိတ်လေးကို ပိတ်ပါတယ်။ လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်လေးကို ထည့်ပါတယ်။ လက်ပွေ့အိတ်ကို ပိတ်ပါတယ် ၊ ကျွန်တော်မျိုး သူ့အနားရောက်တော့ မင်းမယူသေးဘူးမှတ်လို့ ဆိုပြီး လက်ပွေ့အိတ်ကို ဖွင့်ပါတယ်၊ လက်ကိုင်အိတ်ကို ထုတ်ပါတယ်၊ လက်ပွေ့အိတ်ကို ပိတ်ပါတယ်၊ လက်ကိုင်အိတ်ကို ဖွင့်ပါတယ် ”
“ တော် တော် တော် တော်လောက်ပြီး ”
တရားသူကြီးက လက်ကာ တားလိုက်ပြီး-
“ အဲသလို ဘယ်နှစ်ခါ လုပ်သလဲ ”
“ လေးခါ လုပ်ပါတယ် ”
“ မင်းမို့ လေးခါထိ သည်းခံနေတာ ငါသာဆို နှစ်ခါလောက် လုပ်ကတည်းက ကန်ချတယ် ”
ဟု ပြောလိုက်သတည်း ။


Posted by thawzin at 3:32 PM 3 comments
Labels: joke

တဆင့်ကူးယူဖော်ပြပေးသူ

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၁၈)ရက်၊ည(၁၁)နာရီ။
READMORE
 

ကိုင်ချင်အုံးဟဲ့ “ဟန်းဖုန်း“

ကိုင်ချင်အုံးဟဲ့ -ဟန်းဖုန်း ။
ရွှေလမ်းငွေလမ်းဝင်းကြည်

ကိုသာဦးဟာ တောသားတစ်ဦးပါ။ မြို့နဲ့(၂)မိုင်ကွာရွာမှာနေပါတယ်။လုပ်ငန်းကတော့ နွားကျောင်းသား။ခေတ်သစ်နွားမွေးမြူရေးသမားပေါ့။ သူ့နွားခြံမှာ နို့စားနွားမ(၁၀)ကောင်၊ အသားစားနွားအကောင်(၂၀)ရှိပါတယ်။ သူ့ရဲ့ ပညာအရည်အချင်းက (၁၀)တန်း ငါးနှစ်ကျပါ။ တောသားဆိုပေမယ့် အထင်မသေးလိုက်ပါနဲ့။ ယခုခေတ်ဂျာနယ်စုံတွေကို နွားကျောင်းရင်း အမြဲဖတ်တယ်။ ဇနီးမြို့ကိုသွားတိုင်း ဂျာနယ်တွေ အ၀ယ်ခိုင်းတယ်။ ဂျာနယ် သတင်းတစ်ပုဒ်မှာ နိုင်ငံခြားက တောင်သူ လယ်သမား၊ နွားကျောင်းသား၊ သူတောင်းစားတွေတောင် ဟန်းဖုန်းတွေ ကိုင်နိုင်တဲ့ သတင်းကို ကိုသာဦး သိပ့်သဘောကျနေတယ်။ ဟန်းဖုန်းက မြို့နဲ့ (၃)မိုင် ပတ်လည်အတွင်းမှာ စကားပြောလို့ရတယ် ဆိုတော့ သူလိုချင်နေပြီ။ ရွာထဲက ရွာသူကြီးသား ဆေးကျောင်းသားကလည်း ရွာပြန်လာတိုင်း (ဟန်းဖုန်း) တကိုင်ကိုင်နဲ့၊ မြို့ပေါ်က ပဲဝယ်၊ နှမ်းဝယ်လာကြတဲ့ ပွဲစားတွေကလည်း (ဟဲလို--ဟဲလို)နဲ့ လူထူထူရှိတိုင်း (ဟန်းဖုန်း) တကိုင်ကိုင် ဖြစ်နေကြတာကိုလည်း သူအားကျနေမိပါတယ်။ (အုန်းခင်ရယ် မလေးရှားက ငါ့ညီ သာထူးက နင့်ဆီ ငွေမှန်မှန်ပို့အောင် ဆက်သွယ်ဖို့ ဟန်းဖုန်းလေး ၀ယ်ပေးစမ်းပါ မိန်းမရယ်--နော်-နော်)။ သူ့ရဲ့ ဇနီး နာမည်က မအုန်းခင်။ ဂေါင်းရွက်ဗျက်ထိုးဈေးသည်၊ နေ့ပြန်တိုးပေးပြီး ငွေချေးပါတယ်။ သားသမီး မထွန်းကားတာ အိမ်ထောင်သက်(၆)နှစ်တောင် ကြာခဲ့ပါပြီ။ နံနက်ပိုင်းမှာ မယားက မြို့တက် နွားနို့ပို့၊ အပြန် ဈေးဗန်းခံတောင်း အပြည့်နဲ့ဈေးဝယ်လာပါတယ်။ နေ့လည်ခင်းမှာ ရွာထဲ ဈေးလည်ရောင်းတယ်။ တောရွာမှာ သီးနှံပေါ်ပေး၊ ပဲပေး၊ နှမ်းပေးနဲ့ ကြိုတင်ဝယ်ပြီး ငွေချေးတယ်။ မြို့ပေါ်မှာ လက်လုပ်လက်စားဈေးသည်တွေကို နေ့ပြန်တိုးနဲ့ ငွေချေးတယ်။ မအုံးခင်က အာကြမ်း၊ လျှာကြမ်း ဆိုတော့ ချေးထားတဲ့ ငွေတွေ မပေးဘဲ နေရဲတဲ့သူ တစ်ယောက်မှ မရှိကြပါဘူး။ ရုပ်ကလည်း မင်းသမီး ခိုင်သင်းကြည် ဆိုဒ်၊ အပြောအဆိုကလည်း ကြမ်းတဲ့နေရာမှာ အမေဂျမ်းကတောင် အရှုံးပေးရတယ်။ သူ့အတွက် စီးပွားရေး အဆင်ပြေမယ် ဆိုရင်တော့ ချွဲတဲ့ နေရာမှာ တယောက ဆရာ ခေါ်လောက်ပါတယ်။ ဒါကြောင့် သူတို့ လင်မယား တောသူဌေး လူချမ်းသာ စာရင်းဝင် ဖြစ်နေတာပေါ့။
ကိုသာဦးမှာ သူကိုင်ချင်တဲ့ (ဟန်းဖုန်း)ရောဂါကို သူ့ဇနီး မအုန်းခင်ထံ ရင်ဖွင့်ပူဆာနေတာ ခဏခဏပါ။ မအုန်းခင်က အမျိုးမျိုးကန့်ကွက်ခဲ့သော်လည်း ကိုသာဦးက ဟန်းဖုန်း ကိုင်ရဖို့ နေ့စဉ် နားပူ နားဆာ လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာ မအုန်းခင် နွားနို့ပို့နေကြ မြို့က လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးဘိုင်ကလေး လျှောက်ထားတဲ့ (ဂျီအက်စ်အမ်)ဖုန်းရတယ်။ မထုတ်နိုင်လို့ မအုန်းခင်ထံ ဈေးပေါပေါနဲ့ ပေးချင်သလောက်ပေးပါ ဆိုပြီး ရောင်းတယ်။ မအုန်းခင်ကလည်း သူ့ယောက်ျား ဟန်းဖုန်းရောဂါ ထနေတော့ ၀ယ်ခဲ့တယ်။ သူ ဒီလောက်တောင် ဟန်းဖုန်းကို ကိုင်ချင်နေတာ မသာနဲ့ နားဒေါင်း မလိုက်မှန်းသိပေမယ့် မျက်စိမှိတ် ၀ယ်ပေးလိုက်တယ်။
ကိုသာဦးမှာ သူများတွေလို ကားစီးပြီး လူထူထူရှိတိုင်း ဟန်းဖုန်းတကိုင်ကိုင် မလုပ်နိုင်ပါ။ နွားကျောင်းသားဆိုတော့ နွားစီးပြီး ဟန်းဖုန်းကိုင်လို့ ဟဲလို--ဟဲလို ဟဲ့ နွားမ ဘယ်သွားနေတာလဲ ဒီဘက်ကို ပြန်လာခဲ့စမ်း။ ငါ တယ်--ဒီနွားမတော့ အမဲသား ဖြစ်သွားတော့မှာပဲ---။ ရွာထဲက ကိုသာဦးကို ကြည့်ပြီး လူထူးလူဆန်းဖြစ်နေကြပါတယ်။ နွားစီးပြီး လက်တစ်ဖက်က ဟန်းဖုန်းကိုကိုင် နားမှာကပ်၊ လက်တစ်ဘက်က ဒုတ်တစ်ချောင်း(နကန်)ကို ပါးခုံးပေါ်မှာ စမတ်ကျကျ တင်ပြီး နွားအုပ်ရဲ့ အလယ်မှာ တင့်တယ် ထယ်ဝါ ခမ်းနားစွာနဲ့ ရွာထဲကို ၀င်လာနေပါတယ်။ သူ့ရင်ထဲမှာတော့ စိတ်ကြီးဝင်နေတာ အမှန်ပါ။ ဒီရွာမှာ ငါလိုလူ ဇမ္မူရှိသေးလားကွ။ အားလုံးက ၀ိုင်းအကြည့်ခံနေရပြီ။ ရွာထဲ ၀င်လာတာနဲ့ ဟန်းဖုန်း တကိုင်ကိုင်လုပ်ပြီး တစ်ရွာလုံးကြားအောင် ဖုန်းအော်ဆက်တော့တာပဲ။
(ဟဲလို---ဟဲလို--မလေးရှားက သာထူးလား--မင်းအစ်မ အုန်းခင် စိုက်ထုတ်ပေးထားတဲ့ ငွေ(၆)သိန်းက (၂)သိန်းပဲ ရောက်သေးတယ်။…………….) ဟဲလို---ဘာရယ် မနက်ဖြန် (ရိုးမဘဏ်)ကို ငွေ(၂)သိန်း ထပ်ပြီး ပို့လိုက်မယ်။--ဟုတ်လား--ကျေးဇူးပါပဲ ငါ့ညီရယ်--ဟဲဟဲ အရေးတကြီးအကြောင်းထူးထူး မထူးထူး ငါ့ဆီကို အမြဲဖုန်းဆက်ကွာ..အေးအေး..ဒါပဲ..ဒါပဲ။
ကိုသာဦး(ဟန်းဖုန်း)ကိုင်လို့ (၆)လအကြာမှာနွားကြောင်းရင်း ကျပျောက်သွားခဲ့ပါတယ်။ သူ နွားကြောင်းခဲ့တဲ့ စားကျက်တွေ အနှံ့ လိုက်ရှာသော်လည်း မတွေ့ခဲ့ရပါ။ သူ့ဇနီး မအုန်းခင်မှာ သက်ဆိုင်ရာက ရွာလူကြီးနဲ့ ရဲစခန်းတွေဆီကို အပြေးသတင်းပို့ အကြောင်းကြားထားရတာ ပေါ့။ ဗေဒင်မေး၊ နတ်မေး၊ ဓါတ်ဆင်၊ ဓါတ်ရိုက် စုံအောင် လုပ်နေရပါတယ်။ တစ်ပါတ်လောက်ကြာတော့မှ သူတို့ နွားခြံထဲက နွားချေးရွှံ့ဗွက်အောက် ဒီဖုန်းရောက်နေတာကို ပြန်တွေ့ ခဲ့ရပါတယ်။မအုန်းခင်မှာ ရင်ဘတ်စည်တီးလို့ ငိုကြီးချက်မ ဖြစ်ရပါပေပြီ၊ ဒီ(ဂျီအက်စ်အမ်)ဟန်းဖုန်း တန်ဖိုးက ပေါ့သေးသေးမှ မဟုတ်တာ၊ အစိုးရ သွင်ဈေးက (၁၅)သိန်း၊ ဟန်းဆက်က တစ်သိန်း၊ ဖုန်းရတဲ့ ဖုန်းရှင်၊ ကံရှင် ကိုယ်ဘိုင်လေးကို ပေးရတာက (၅)သိန်းအမြတ်ပေး ၀ယ်ရတာ။ အောင်မလေး--စုစုပေါင်း (၂၁)သိန်း ကြီးများတောင် ကျခံထားရတာ။(မှတ်ချက် ။ အဲဒီအချိန်က ဂျီအက်စ်အမ်ဟန်းဖုန်း၏ ကာလ ပေါက်ဈေး ဖြစ်ပါသည်။) ထုတ်တဲ့ နေရာတုန်းက ကုန်သည် ပွဲစားတွေက (၂၅)သိန်းပေးနေတာကို မရောင်းခဲ့မိတာ မှားပါပြီတော်။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီဖုန်းစုတ်ကြီးကို စတင် ထုတ်ပေးတဲ့ ဆက်သွယ်ရေးရုံးကို ပြေးမှ ဖြစ်မယ်။ မအုံးခင်တစ်ယောက် ဗျစ်တောက်ဗျစ်တောက် ပြောဆိုပြီး မြို့သို့ အမြန်ပြေးတက်လာခဲ့ပါတယ်။
ရုံးကို ရောက်တော့ ကဒ်အသစ် တန်ဘိုးက တစ်သိန်းကျပ်၊ အမြန်ကြေးက(---)ကျပ်တဲ့။ ဟန်းဆက်ကလည်း လုံးဝ သုံးမရတော့ဘူးတဲ့။ ဟန်းစက်က(၁)သိန်းကျပ်ကနေ(၁၀)သိန်းကျော်အထိရှိသတဲ့။မအုန်းခင်မှာ ရုံးက ဂျီအက်စ်အမ်ကဒ်ကိုင်တဲ့ စာရေးကိုချိုထံ အလုပ်အပ်နှံထားခဲ့ရပါတယ်။ မြို့ကို နွားနို့ပို့၊ဈေးဝယ်လာတိုင်း ကိုချိုဆီကို ဟန်းဖုန်းကိစ္စ ရပြီလား၊ရပြီလား ၀င်ဝင်မေးရတာအမောပါပဲ။ ကိုချိုကလည်းနာမည်လိုက်ပါပေတယ် မျက်နှာကိုက ထာဝရအမြဲချိုနေတာကို မအုံးခင်သတိပြုနေမိပါတယ်။

(၄)လခန့်ကြာသောအခါ…ဟန်းစက်အသစ်ကလေးတစ်လုံးကိုသာဦးထံရောက်ရှိလာပါတယ်။
မြို့မှာရောက်နေတဲ့ သူရဲ့ဇနီးမအုန်းခင်ကနေ လူကြုံနဲ့ပို့ပေးလိုက်တာပါ။
““ကိုသာဦး ရော့ခင်ဗျားဟန်းဖုန်း..၊ မအုန်းခင်ကမကြာခင် ဖုန်းဆက်ပါ့မယ်တဲ့။ ””
ထိုလူပြောသွားသည့်အတိုင်း..ကိုသာဦးရဲ့လက်ထဲက ဟန်းဖုန်းမှ အသံမည်လာပါတယ်။ ဖုန်းခေါ်သံက ထူးထူးခြားခြား ကလေးငယ်လေးတစ်ဦးရဲ့ ဟက်ဟက်ပက်ပက် ခွက်ထိုးခွက်လန်ရယ်နေတဲ့အသံများကိုကြားနေရပါသည်။ကိုသာဦးမှာ အိမ်ထောင်သက်(၆)နှစ်လုံးလုံး ကလေးလိုချင်နေခဲ့တာကြာပါပြီ။ ဒီဖုန်းခေါ်သံက ကလေးရယ်သံဆိုတော့ကိုသာဦးရဲ့ရင်ထဲမှကလေးလိုချင်နေတဲ့ဝေဒနာဟာတစ်ရေးနိုးလာပြန်ပါပေပြီ…။ ကလေးရယ်သံလေးကို သိပ့်သဘောကျနေမိလို့ ဖုန်းကိုတော်တော်နှင့်နားမထောင်ဖြစ်ပါ။
ကလေးရအောင် မွေးမပေးနိုင်တဲ့မအုံးခင်ကိုလည်း သူစိတ်တိုနေပါသည်။ငါဖိုတာမဟုတ်ဘူး၊အုန်းခင်ဖိုနေတာပဲဖြစ်ရမည်..။မဖြစ်ဘူး၊ မဖြစ်ဘူး ဒီကိစ္စကို သူနဲ့ငါ ဘယ်သူက ဖိုနေတာ၊မြုံနေတာလဲ သိရအောင် ဆေးစစ်မှဖြစ်တော့မယ်။ ဒီမိန်းမ ဖိုနေတာဆိုရင်တော့လား…ငါ..ငါနောက်မိန်းမယူမှဖြစ်မယ်။ ဒါလဲသဘာဝမကျသေးပါဘူးလေ။ ငါတို့ဘိုးစဉ်ဘောင်ဆက်မှာ တစ်လင်တစ်မယားစနစ်နဲ့နေလာခဲ့ကြတာကို၊ ငါတစ်ယောက်ထဲနဲ့ အမျိုးဖျက်ဖြစ်သွားရင်ဘယ်ကောင်းပါ့မလဲ..။ ကိုသာဦးစိတ်ကူးယဉ်ပြီးစဉ်းစားနေလိုက်တာ..ကလေးရယ်သံနဲ့ဖုန်းခေါ်သံဟာ အကြိမ်ပေါင်းများစွာဆက်မည်နေပါတယ်။ နောက်ဆုံးမနေသာတော့၍ ကိုသာဦးသူ့ရဲ့ ဟန်းဖုန်းကို ဖွင့်လို့နားထောင်လိုက်ပါတော့တယ်..။
တစ်ဘက်မှ ဖုန်းခေါ်ဆိုနေသူသည် သူ၏ဇနီးမအုံးခင်ဖြစ်ပါတော့သည်။
““ဟလို..ဟလို ငယ်ငယ်တုံးကလိုပဲ ကိုကိုသာ..လို့ခေါ်လိုက်ပါရစေနော်…။ဘာမဆို ကိုကိုသာ လိုချင်တာ မှန်သမျှ ကျမဖြစ်အောင် လုပ်ပေးခဲ့တာပါ။ ယခုပဲ ကြည့်လေ ကိုကိုသာ ကိုင်ချင်တယ်ဆိုတဲ့ (ဂျီအက်စ်အမ်) ဟန်းဖုန်းကို ရအောင် ဈေးရောင်းပြီး ၀ယ်ပေးခဲ့တယ်လေ။ ပျက်တယ်ဆိုတော့လည်း အသစ်ရအောင် (၄)လအတွင်း ရအောင် ကြိုးစားပေးခဲ့တာပါ။ ကိုကိုသာ ကိုင်ချင်တဲ့ (ဟန်းဖုန်း)ကို ကိုကိုရဲ့ နားက တစ်ဖ၀ါးမှ မခွာဖြစ်အောင်သာ ကိုင်ပြီး နေရစ်ခဲ့ပါတော့၊ အစစအရာရာ ကိုကိုသာ အတွက်ဆိုရင် ကျမက ဘာမဆို တာဝန်ကျေခဲ့ရသူပါ။ ကျမအတွက် လိုချင်နေတာကိုတော့ တာဝန်မကျေတဲ့သူဟာ ကိုကိုသာ ဖြစ်နေပါပြီ။ ကျမ ဘာလိုချင်နေတယ်ဆိုတာ ကိုကိုသာ အသိဆုံးပါ။ ဒါပေမယ့် ကိုကိုသာ ကျမလိုချင်တာကို ရအောင် လုပ်မပေးခဲ့နိုင်ပါဘူး။ ယခုတော့ ယခုတော့ ကျမလိုချင်နေတာကို ရနေပါပြီ။ အဲဒါ ဘာလဲဆိုတော့ ကန်တော့ပါရဲ့--ကန်တော့ပါရဲ့ နားနဲ့ မနာ၊ ဖ၀ါးနဲ့သာ နာတော်မူလိုက်ပါ ကျမမှာ ကျမမှာ ဆက်သွယ်ရေးရုံးက ကိုချိုနဲ့ --ကိုချိုနဲ့ ကိုယ်ဝန်(၃)လ --(၃)လ----) ဖုန်းလိုင်းကျသွားပါတယ်။ ကိုသာဦး ဒေါသနဲ့ မအုန်းခင် ဖုန်းကို အကြိမ်ကြိမ် ပြန်ခေါ်နေပါတယ်။ အခြားတစ်ဖက်မှ---
( “ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်---) ။

ရွှေလမ်းငွေလမ်း ၀င်းကြည်
(16-5-2009) ည 93း0 ရေးသည်။
READMORE
 

အဖေတရား ပေါက်သွားပြီ..

အဖေ တရားပေါက်သွားပြီ
ရွှေလမ်းငွေလမ်းဝင်းကြည်

ကျွန်တော်သည် အတ္တစိတ်ကြီးသူ တစ်ဦးပါ။ မိသားစုအရေးနှင့် ရပ်ရေးရွာရေ:ကိစ္စများတွင် ငါမပါလျှင် ဘယ်အရာမျှ မပြီးဟု စိတ်ဘ၀င်မြင့်သူပါ။ ငါသိ၊ ငါတတ်၊ ငါဆရာမြတ်ဟု ဘယ်နေရာမှာ မဆို တစ်ငါတည်း “ငါ“ ဖြင့် “ငါ“ စွဲ စွဲနေသူတစ်ဦးပါ။စီးပွားရေးကလည်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၊ ဒီမြို့မှာတော့ မြို့ မျက်နှာဖုံး စာရင်းဝင် တစ်ဦးပါ၊ အလှူအတန်းဆိုလည်း ထိပ်ဆုံးကငါ့ဘုရား၊ ငါ့ကျောင်း၊ ငါ့တန်ဆောင်းတွေ နေရာတိုင်းမှာ လက်ညှိုးထိုး၍မလွဲပါ။
ဒါပေမဲ့ဗျာ ဘ၀မှာအစစအရာရာ ပြည့်စုံနေရာက မမျှော်လင့်ဘဲ ကျွန်တော့်ဇနီး ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ကျွန်တော်နဲ့ သမီးနှစ်ယောက်တည်းသာ ကျန်ခဲ့တာပေါ့။ အတိတ်က ကံကြောင့်ပေလား မပြောတတ်တော့ပါ။ တော်တော်ကြီးကို စိတ်သောကဖြစ်ပြီး ဘ၀မှာယောင်ချာချာနဲ့ အမှောင်ကျခဲ့ပြီ။ ကြောင်တောင်တောင်ဖြစ်နေတဲ့ အရှင်လတ်လတ် မုဆိုးဖိုး ကျွန်တော့ကို “ အဖေ တရားရိပ်သာတွေမှာ တရာစခန်းဝင်ပါ။ အိမ်အတွက် ဘာမှမပူပါနဲ့။ အားလုံးသမီးတာဝန်ယူပါတယ်။ အဖေ တရားတွေရပြီး စိတ်ချမ်းသာမယ်ဆိုရင် သမီး ကျေနပ်ပါပြီ“ သမီးရဲ့ အားပေးမှုကြောင့် တရားရိပ်သာကို ၀င်ဖြစ်ခဲ့ပါ၏။
တရားစခန်းက ဓမ္မကထိက ဆရာကလည်း ဘုန်းကြီး လူထွက် မုဆိုးဖိုတဲ့။ ဆရာနဲ့ တပည့် အပေးအယူကို တည့်နေကြတာပဲ၊ လောကီရော၊ လောကုတ္တရာရော ကျင်လည်ဖြတ်သန်းခဲ့ရလို့လား မသိပါဘူး။ တရားစခန်းဓမ္မကထိက ဆရာရဲ့ တရားတွေက ဟုတ်လိုက်တာ၊ မှန်လိုက်တာ၊ ရှင်းကနဲ ကွင်းကနဲ နားထဲမှာ စွဲပြီး မှတ်မိနေပါတယ်။(ဘယ်နေရာ…ဘာကိစ္စမဆို “ငါ” စွဲပြုတ်ရမယ်။ “ငါ” ဆိုတဲ့ ငါစွဲမပြုတ်သမျှ မဖြုတ်သမျှ၊ ဘာတရားကိုမှ ရမှာ မဟုတ်တာ သေသေချာချာမှတ်သားထားကြပါ ရောဂီအပေါင်းတို့)ကဲ…လိုက်၍ ဆိုပေးကြစမ်းပါ။ (ငါမဟုတ်၊ သူမဟုတ်၊ အဲဒါ နာမ်နဲ့ရုပ်၊ စားချင်တာကနာမ်၊ သွားနေတာက ရုပ်။ အရာရာမှ ငါစွဲတွေ အားလုံးကို အမြစ်ပါမကျန်အောင် ဆွဲ၍ နှုတ် အဲဒါ တရားအလုပ်၊ အစဉ်မကွာ ဆက်လက် အားထုတ်ကြပါစို့။) ကောင်းလိုက်တဲ့ တရားဗျာ။ ဒါနဲ့ပဲ (၇)ရက်တရားစခန်း ပြီးခဲ့ပါသည်။
တရားမှတ်၍ တစ်လှမ်းချင်းဖြင့် အိမ်ကို ပြန်အလာ၊ ကလေးငယ်တစ်သိုက်က လှောင်ပြောင်သံကို ကြားလိုက်ရပါ၏။ “ဟာ ဟိုမှာ ကြည့်စမ်း၊ ငါတို့ဘကြီး နိဗာန်ခရီးက ကိုးခြောက် ကိုးသုံးကားကြီးကို စီးပြီး တစ်လှမ်းချင်း တစ်လှမ်းချင်း မောင်းလာနေပြီ။ ဘာကိုမှ ဂရုမစိုက်ဘူး။ ၀င်တိုက်လိမ့်မယ်။ လမ်းဖယ်ပေးကြစို့“၊ ကလေးများအသံတွေ ကြားလိုက်ရတာနဲ့ “ငါ”၊ “ငါ”၊ တယ်.တယ်..ဟု အသံမထွက်အောင် မနည်းအားတင်းပြီး အောင့်ထားလိုက်ရပါသည်။ ဆရာက သေချာမှာလိုက်တာ။ ငါစွဲပြုတ်ရမယ် ဆိုလို့နော် ဟင်း။ ဒီလိုနဲ့ ကျွန်တော့်အိမ် ကျွန်တော့်သမီး ထမင်းစားနေခိုက် ရောက်လာခဲ့ပါပြီ။ ကျွန်တော် တရားမှတ်၍ ၀င်လာတာကို ကြည့်ပြီး သမီးက ပြာပြာသလဲ မေးနေပါသည်။ တရားပြဆရာ၏ စကားကို မြေ၀ယ်မကျ နားထောင်ပြီး ကျွန်တော် ဖြေလိုက်သော စကားသံကြောင့် သမီး မျက်လုံးပြူး၍ အံ့သြသွားပါသည်။ (ကျွန်တော်…ကျွန်တော် ထမင်းဆာလှပါပြီ..သမီးရယ်….) ။

ရွှေလမ်းငွေလမ်း ၀င်းကြည်
သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
အမှတ်(၁၆၁) 2009/1
READMORE