ရွှေလမ်းငွေလမ်းဝင်းကြည်
ဂျပန်ခေတ်ကာလပါ။ ကျွန်တော်တို့ရွာက ပခန်းငယ်ရွာ ဧရာဝတီမြစ်ဘေး အရှေ့ဘက်ကမ်းမှာတည်ထားပါတယ်။ လှေခေတ် ကောင်းချိန်ပေါ့။ အောက်ပြည် အောက်ရွာသို့ဆန်၊ဆား သွားဝယ်ရပါတယ်။ အသွားရေအစုန်မှာ အညာ ပဲစေ့ ပဲဆန် နဲ့ ဓားသွေးကျောက်တွေကိုတင်ပြီးသွားရပါတယ်။ အပြန် အဆန်ခရီးမှာ ဆန်နဲ့ ဆားကို တင်လာရပါတယ်။ မြစ်ကြောင်းတစ်လျှောက် ကျွဲညီနောင် လေယာဉ်ပျံနှစ်စီးက ဗုံးကြဲနေတဲ့အချိန်အခါပေါ့..။ ဂျပန်အတက် အင်္ဂလိပ်စစ်ပြေးနေရတဲ့ ကာလပျက်ကြီးပါ..။
ကျွန်တော့ အဖေက ကျောင်းဆရာပါ။ အဘက လှေသူကြီးဦးမှတ်ကြီး။ အမေကြီးက ဇာတ်မင်းသမီးဒေါ်မုံစီတဲ့ ။ အဖေ့ မှတ်စု စာအုပ်ထဲက ကဗျာမဟုတ်၊နဘေထပ်နဲ့ ကျွန်တော့် အမေကြီးရဲအ မှာစကား တွေကိုရေးထားတဲ့စာလေးပါဗျာ..၊ တော်တော်ရယ်စရာကောင်းပြီး မှတ်သားလောက်တဲ့အကြောင်းပါ..( အဘ လှေသူကြီးကို အောက်ပြည်သို့လှေ ထွက်ခါနီးမှာ အမေးကြီးဒေါ်မုံစီက သူ့လင်တော်မောင်အား ပြောလိုက်တဲ့ အမှာစကား..။)
အမေကြီး ဒေါ်မုံစီ၏ မှာတမ်းတော်..။
မုံစီ..မုံစီ..ယုံကြည်မှ ထား
ဂျပန်တက် သူတက် ငါတက်
ငွေရရင်လည်း ယူခဲ့ကွယ်
လင်ရရင်လည်း ယူနှင့်မယ်
ကြာကြာနေရင် နင့်ကလေး
ပထွေး ပိုက်လိမ့်မယ်....။( ၃- ခါပြန်သီဆိုမှာကြားနေပါ၏)
ထမိန်ကို မကာ မကာနှင့်သူ့ယောင်္ကျားကို မှာကြားနေသော အမေကြီး ဒေါ်မုံစီအား လှေထိုးသားများက ၀ိုင်းလို့ ရယ်နေကြမှာပါဗျာ...။
(မယ်တစ်ရွာ မောင်တစ်မြို့ ခွဲခွါနေရသော မိသားစုများအတွက် စကားလက်ဆောင်ကောင်း ဖြစ်ပါသည်။)
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၇)ရက်၊နံနက်(၁း၃၀)နာရီ ရေး၏။
0 comments:
Post a Comment