Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

''သမိုင်းထဲက--ဒီနေ့ အမျိုးသားအောင်ပွဲနေ့ ''

''သမိုင်းထဲက--ဒီနေ့
အမျိုးသားအောင်ပွဲနေ့ ''
အင်္ဂလိပ် နယ်ချဲ့တို့၏ ကိုလိုနီ ပညာရေးသည် ဗမာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်အထိ ယင်းတို့အတွက် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစား မြန်မာလူငယ်များကို ကျွန်ပညာသင်ပေးရန်သာ အဓိက ဖြစ်သည်။ ခေတ်အလိုက် အမြင့်ဆုံး ပညာသင်ကြားရာ ယူနီဗာစီတီ ခေါ် တက္ကသိုလ်ကျောင်း မရှိသေးပေ။
ရန်ကုန်မြို့၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန် ကောလိပ်) ကောလိပ်သာရှိ၍ ယင်း တို့မှာ ကလကတ္တား ယူနီဗာစီတီ၏ လက်အောက်ခံ ကောလိပ် ကျောင်းခွဲမျှသာ ဖြစ်သည်။
သင်ရိုးညွှန်းတန်းများမှာ ကလကတ္တား ယူနီဗာစီတီမှ ချမှတ်ပေးသည့် အတိုင်း သင်ကြားရသဖြင့် ဗမာ တက်လူငယ်များနှင့် အံမဝင် ခွင်မကျဘဲ ဖြစ်နေသည်။ စာမေးပွဲများ ကိုလည်း ကလကတ္တား ယူနီဗာစီတီမှ ဦးစီး စီမံကျင်းပ ပြုလုပ်ပေး သည်။ မက်ထရစ်ကျူလေရှင်း ခေါ် တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကလကတ္တားတွင် မေးခွန်းထုတ်၍ ရန်ကုန်တွင် ဖြေဆို ကြရသည်။
ဝိုင်အမ်ဘီအေ Y.M.B.A က ဗမာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြား ရှိရမည်ဟု လှုံဆော်ကြွေးကြော် တိုက်တွန်းပေါင်းများလတ်သော် ဗမာပြည် အစိုးရသည် ပညာမင်းကြီး မစ္စတာ မက်သယူး ဟန်တား (Mr. Mathew Hunter) ဦးစီးသည့် ယူနီဘာစီတီ အက်ဥပဒေ ရေး ဆွဲရေး ကျွမ်းကျင်သည့် ကော်မတီ တရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းလိုက်၏။
ဝိုင်အမ်ဘီအေ ကိုယ်စားလှယ်များက ဝိဇ္ဇာသိပ္ပံ ပညာရပ်များ အားပေးသည့် ကောလိပ်ပေါင်းများစွာ ဆက်သွယ်နိုင်သည့် ယူနီဘာစီတီ(တက္ကသိုလ်) ကို ထောက်ခံသော်လည်း မစ္စတာ မက်သယူးဟန်တား ဦးဆောင်သော ကော်မတီ အများစုက လက်တွေ့မပါ စာပေပညာဆန်သည့် ဘာသာရပ်များကို အဓိက ထားသည့် တခုတည်းသော ကောလိပ် ပါဝင်သည့် သိပ္ပံယူနီဘာစီတီ တည်ဆောက်ရန် တက္ကသိုလ် ဥပဒေ တရပ်ကိုသာ ရေးဆွဲပြီး၊ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်း ဥပဒေ ပြုစေခဲ့၏။
ယူနီဘာစီတီ ဟူ၍ ဗမာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟူ ၍လည်းကောင်း၊ ယင်းယူနီဘာစီတီ၏ အောက်တွင်လည်း ကောလိပ် တကျောင်းသာ ရှိရမည် ဟူ၍လည်းကောင်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်ရာ သည်လည်း ရန်ကုန်တွင်သာ ဖြစ်ရမည် ဟုလည်းကောင်း၊ စသည့် ကန့်သတ်ချက်များအပြင်၊ ယူနီဘာစီတီနှင့် ကောလိပ်သို့ ဝင်ရောက် သင်ကြားရမည့် သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ်ကျောင်း စားများသာ ဖြစ်စေရမည်ဟုလည်းကောင်း၊ စသော မလိုလားအပ်သည့် ကန့်သတ် ချုပ်ချယ်ချက်ပေါင်းများစွာ ပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။
သို့ဖြစ်လေရာ ယင်း ၁၉၂၀ ယူနီဘာစီတီ အက်ဥပဒေသည် ငွေကုန်ကြေးကျ ခံနိုင်သော မြေရှင် ဓနရှင် လူတန်းစားနှင့် ဗြူရိုကရက် အရာရှိကြီးတို့ ၏ သားသမီး များ အဆက်အနွယ်များ အကျိုးမှ တပါး ဆင်းရဲသား လုပ်စား ကိုင်စား တို့နှင့် မအပ်စပ်သော ဥပဒေ ဖြစ်သည်။
တနှစ်လျှင် အနည်းဆုံးငွေ( ၆၀ဝ) ကျော် သို့မဟုတ် တလလျှင် ပျမ်းမျှငွေ (၅၀) ကျပ်ကျော် မတတ် နိုင်လျှင် တက္ကသိုလ်သို့ မည်သည့်နည်းနှင့်မျှ ချဉ်းကပ် နိုင်မည် မဟုတ်ပေ။ ထိုခေတ် ရွှေတစ်ကျပ်သားကို မြန်မာကျပ်( ၁၀) ကျပ်ကျော်သာရှိသောကြောင့် ထိုအခါ ငွေကြေးစံနှုန်း အရ ငွေ( ၆၀ဝ) ကျပ်ဟူ သည် နည်းလှသော အသပြာထုထည် မဟုတ်၊ တလလျှင် (၅၀) ကျပ် မျှ ရှိနေပေသည်။ ထိုအချိန်က စာရေးကြီး တစ်ယောက် ၏ လခ သည် (၃၀) ကျပ် ပတ်ဝန်းကျင်မျှသာ ဖြစ်၏။
အစိုးရစာရင်းများအရ ဆိုလျှင် ထိုခေတ်က အလုပ်သမားတဦး၏ အနိမ့်ဆုံး လစာမှာ(၁၂) ကျပ် ဖြစ်၍ အမြင့်ဆုံး လစာမှာ (၇၅) ကျပ်ဖြစ်ပြီး ပျမ်းမျှ ဆိုလျှင် (၂၀ )ကျပ် ခန့် ဖြစ်ပေသည်။ လက်လုပ်လက်စား နေ့လုပ်နေ့စား အလုပ်ကြမ်းသမားတို့မှာ တနေ့ တမတ်၊ ငါးပဲနှုန်းပင် မှန်မှန် မဝင်ကြသော အချိန် ဖြစ်သည်။
ထို့ကြောင့်လည်း ဥပဒေကြမ်းထွက်လာသည်နှင့် တပြိုင်နက် သတင်းစာတို့က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ကြသည်။ ဆောင်းပါးရှင် များစွာတို့ကလည်း ကန့်ကွက် ရေးသားကြသည်။ ကျောင်းသားမိဖများကလည်း မကျေမနပ် ဖြစ်လာကြသည်။
ဤကဲ့သို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသော်လည်း ၁၉၂၀ ပြည့် နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) သည် ထိုယူနီဘာ စီတီ အက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ ဗမာကျောင်းသား ကြီးများနှင့် ဗမာပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြဋ္ဌဌာန်းအတည် ပြု လိုက်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လုပ်ပုံကို ရန်ကုန်တွင်သာမက မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသေမြို့ကြီးများ၌ လူထု အစည်းအဝေးများခေါ်ကာ ကန့်ကွက် ကြလေသည်။
ဘုရင်ခံ ကရက်ဒေါက် သည် ဗမာလူထု၏ လှုပ်ရှားကန့်ကွက်မှုကို အလေးမမူ ဂရုမစိုက်ပဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဘာစီတီ အက်ဥပဒေ နှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီ ဘာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာလိုက်လေသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျောင်းသားကျောင်းသူများ ထပ်မံစုဝေး၍ ယူနီဘာစီတီအက်ဥပဒေကို လုံးဝ ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် သပိတ်မှောက်ကြောင်း ဆုံးဖြတ် ကြေညာလိုက်လေသည်။ ၁၉၂ဝ ပြည့်နှစ် သပိတ်ကြောင့် ယင်းသို့ ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ လေသည်။ ယင်းသည်ပင် မြန်မာတို့၏စိတ်ဓာတ်တော်လှန်ရေး အောင်ပွဲကြီးဟု ခေါ်ရမည် ဖြစ်လေသည်။
တစ်မျိုးသားလုံး၏ စိတ်နှလုံးသား ထဲ၌ အမျိုးသားရေး စိတ်ဓာတ် နှင့် ဇာတိသွေး ဇာတိမာန် စိတ်ဓာတ် တို့ ရှင်သန်နိုးကြား စေပြီး ဝံသာနု ရက္ခိတ တရားများ ကိန်းအောင်းစေသည် က တော့ အမျိုးသားအောင်ပွဲနေ့ ပင်ဖြစ်သည်။
မြန်မာလူထု သည် ရန်ကုန်တက္ကသိုလ် ဟူ၍ သီးခြားတက္ကသိုလ်တစ်ရပ်ကို လိုလားတောင့်တ တောင်းဆိုခဲ့ကြသော်လည်း တက္ကသိုလ် အက်ဥပဒေကြမ်း ပေါ်ထွက်လာသော အခါတွင်မူ ပြဋ္ဌဌာန်းချက် အချို့ကို မကျေနပ်ကြချေ။ အထူးသဖြင့် တက္ကသိုလ် ပညာရေးကို ပြန့်ပွားအောင် ပြုလုပ်ရမည့်အစား ပိုမိုပါးရှားအောင် အဟန့်အတားများပင် ပြုလုပ်ထားသည်ဟု ယူဆကြ၍ တက္ကသိုလ် ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုကြလေသည်။
ထိုတောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့) တွင် မြန်မာပြည်၏ပထမဆုံးတက္ကသိုလ်ကျောင်းသားသပိတ်
ပေါ်ပေါက်လာလေသည်။
ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ ဗဟန်း ရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မ ကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။
အမျိုးသား ကောလိပ်သည် သက်ဆိုး မရှည်ရှာသော်လည်း မြို့မ ကျောင်း အစရှိသော အမျိုးသားကျောင်းများကား မျိုးချစ်စိတ် သွင်းပေးရာ၊ ဌာနကြီးများ ဖြစ်ခဲ့ပေသည်။ ယင်း အမျိုးသားကျောင်းများကို အမျိုးသား ပညာရေးကောင်စီက အုပ်ချုပ်လေသည်။ ပထမ ကျောင်းသားသပိတ်သည် ပညာရေးကိစ္စကြောင့် စတင်မှောက်ခဲ့ရသော ကျောင်းသားသပိတ် ဖြစ်သော်လည်း၊ ပညာရေးထက် နိုင်ငံရေး အနှစ်သာရ ပို၍ရှိ၏။
ခေတ်ပညာတတ်များက မိမိတို့အတွက် လက်တစ်လှမ်းတွင် သာရှိသော ရာထူးရာခံများကို မမက်မော၊ ကိုယ်ကျိုးစီးပွားကို လုံးဝစွန့်လွှတ်ကာ သပိတ်မှောက်လိုက်ခြင်းဖြင့် အုပ်ချုပ်သူ ဗြိတိသျှ အစိုးရ အား တော်လှန်ခြင်းဖြစ်ရာ တိုင်းပြည်အား နိုင်ငံရေးမျက်စိ ဖွင့်ပေးလိုက်သကဲ့သို့ ရှိလေသည်။ ထိုကြောင့်ပင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်၏ နဝမ ကွန်ဖရင့်တွင် တန်တောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်လေသည်။
Ref:ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် ) သမိုင်းပညာရှင်ရေးသားချက်မှကောက်နှုတ်ထားပါသည်။
D.မင်း
READMORE
 

မြန်မာ့ခေတ်သစ်ရာဇ၀င်ထဲက နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု

Sein Winမှ ကူးယူဖော်ပြသည်။
23 hrs ·
မြန်မာ့ခေတ်သစ်ရာဇ၀င်ထဲက နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု
တကယ်ဆိုရင် မြန်မာနိုင်ငံနဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဆိုတာ မစိမ်းလှပါဘူး။ ကျွန်တော်အမှတ်ရသလောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတာကစလို့ ပြန်ကောက်ရင်ပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကက်ဘိနက်အဖွဲ့ဝင်တွေ၊ ICS ဦးတင်ထွဋ်၊ စောဘဦးကြီး၊ စပ်ရွှေသိုက်၊ သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ အယ်လ်ကွန်ဖန်၊ ဖဒိုမန်းရှာ၊ ဦးကိုနီရယ် လို့ အောင်မြင်တဲ့ လုပ်ကြံမှုတွေမှာထဲ့သွင်း ပြောလို့ရပါတယ်။ မအောင်မြင်ဖြစ်တဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုမှာ ဂဠုန် ဦးစော၊ ဦးနေ၀င်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပါတယ်။ ကျူးလွန်ခဲ့သူတွေဟာ နိုင်ငံရေးလိုင်းခွဲပြောရင် လက်ဝဲဘက်လည်းပါတယ်၊ လက်ယာဘက်ကလည်းပါပါတယ်။
အဲဒီလို လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် နိုင်ငံလမ်းကြောင်းကိုပါ ရိုက်ခတ်တဲ့သက်ရောက်မှုတွေလည်း ရှိပါတယ်။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းတို့တတွေ သေဆုံးပြီးနောက်ပိုင်း တိုင်းပြည်လမ်းကြောင်း။ ဦးတင်ထွဋ်ဆိုရင် အဲဒီခေတ်ကာလမှာ မြန်မာပြည်မယ် ဘဏ္ဍာရေးနဲ့ အခြေခံဥပဒေကို ကျွမ်းကျင်နားလည်တဲ့သူဖြစ်ပြီး သူတို့မျိုးဆက်တွေထဲ အတော်ဆုံးသောဗမာရယ်လို့ ဒေါက်တာသန်းမြင့်ဦးက ရေးခဲ့ဖူးပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလုပ်ကြံသတ်ဖြတ်ခံရမှုတွေလည်း သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတွေ ရိုက်ခတ်မှုတွေရှိနေကြတာပဲ မဟုတ်လား။
လုပ်ကြံသတ်ဖြတ်သူတွေဟာ နိုင်ငံတော် သို့မဟုတ် အစိုးရအနေနဲ့လုပ်ကြတာရှိသလို individual သို့မဟုတ် ပုဂ္ဂလဆိုင်ရာ လုပ်ကြတာလည်းရှိပါတယ်။ နိုင်ငံတော်အနေနဲ့လုပ်တယ်ဆိုတာ လတ်တလောအဖြစ်အပျက်မှာဆို ကင်ဂျုံနမ်ကို သူ့မိခင်နိုင်ငံ မြောက်ကိုရီးယားက မလေးရှားမှာလုပ်ကြံတဲ့ဟာ။ စီအိုင်အေက ကျူးဘားခေါင်းဆောင် ကက်စထရိုကိုလုပ်ကြံဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားတာတွေအပါအ၀င်ပေါ့။
မြန်မာပြည်ရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေမှာ လုပ်ကြံမှုကိုဖန်တီးသူနဲ့ပတ်သက်ရင် အငြင်းပွားစရာတွေကလည်းများပါတယ်။ တစ်ချို့ကိစ္စတွေဆို ဘယ်သူသတ်တယ်ဆိုတာတောင် မပေါ်ပါဘူး။ နိုင်ငံရေးလုပ်ကြံမှုတွေဟာ တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့အချိန်တွေ၊ နိုင်ငံရေးအင်အားစုတွေ
တိုင်းပြည်မှာ ကွဲပြားမှုအလွန်ကြီးထွားတဲ့အချိန်၊ နိုင်ငံရေးအရပြိုင်ဆိုင်မှုအပေါ် တားမြစ်ချက်တွေရှိရင်၊ နယ်မြေစိုးမိုးမှုတွေ တလူတမင်းဖြစ်တာတွေနဲ့ ဆက်စပ်နေပြီး အဖြစ်တိုးလာတတ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ Political concensus မရှိတဲ့အခါ လုပ်ကြံသတ်ဖြတ်မှုကိုလက်နက်တစ်ခုအနေနဲ့အသုံးပြုတာကို သီရိလင်္ကာက ကျားသူပုန်တွေနဲ့ ဥပမာပေးကြပါတယ်။
ဘာကြောင့်လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ motive ကို ခန့်မှန်းရတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုသတ်တဲ့ ဦးစောဟာ ဗိုလ်ချုပ်သေသွားရင် သူ အာဏာရမယ်ထင်ခဲ့တယ်။ မစ်ဇူရီအုပ်ချုပ်ရေးမှူး သောမတ်စ် ခရစ်တန်ဒန်းက ဂျက်စီဂျိမ်းကို သတ်ရင် သူ့နိုင်ငံရေး ကြီးပွားလာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လုပ်ကြံသတ်ဖြတ်မှုတိုင်းဟာ နိုင်ငံရေးရည်မှန်းချက်ရှိတယ်လို့တော့ ပြောလို့မရပါဘူး။ စိတ်နာမကျန်းဖြစ်နေသူ၊ ဒီလိုပြောလို့ ရူးသွတ်နေမှစိတ်မကျန်းမာ တာမဟုတ်ပါဘူး။ သူတို့စိတ်ဟာ ကျိုးကြောင်းဆင်ခြင်စဉ်းစားနိုင်မှုမဲ့သွားပြီး အစွန်းရောက်တဲ့အခါ သူတို့ရဲ့ပုဂ္ဂလမကျေနပ်မှုကနေ လုပ်ကြံမှုဖြစ်လာတတ်ပါတယ်။ ဥပမာ- မာတင်လူသာကင်းတို့၊ ဂျွန်လန်နွန်တို့ကို သတ်သူတွေလိုမျိုးပေါ့။ ထူးခြားချက်အနေနဲ့ နိုင်ငံရေး လမ်းကြောင်းထဲမှာ anarchists တွေကနေ လုပ်ကြံသတ်ဖြတ်မှုမဖြစ်တာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီလို့လည်း ဆိုတယ်။
READMORE
 

ခရီးသွားခြင်း

ခရီးသွားခြင်း
ကျွန်တော်တည်းတဲ့ဟိုတည်ပိုင်ရှင်နဲ့ စကားပြောဖြစ်တော့ သူဟာ ပိုက်ဆံအရှာကောင်းတဲ့သူ ဖြစ်မှန်းပေါ်လွင်ပါတယ်။ သူစဉ်းစားပုံစဉ်းစားနည်း၊ ငွေအတွက်ချဉ်းကပ်ပုံချဉ်းကပ်နည်း၊ ကြိုးစားအားထုတ်မှုနဲ့ အလျော့အတင်းလုပ်တဲ့နည်းတွေဟာ လူချမ်းသာဖြစ်နိုင်တဲ့အရည်အချင်းတွေမို့ပါပဲ။ လက်ရှိမှာလည်း သူ့မှာ ဒီဟိုတယ်အပြင် ရှစ်ထပ်ဟိုတယ်တစ်လုံးနဲ့ ကွန်ဒိုလူနေတိုက်တလုံးလည်းပိုင်ထားသူပါ။ လူကတော့ ဟိုတယ်မှာပဲ ဖြစ်သလို အိပ်စားပြီးနေတယ်။ အောင်မြင်တဲ့စီးပွားရေးသမားပါ။ ကျွန်တော့်အတွက်တော့ သူ့ဘ၀ကို အားကိုမကျနိုင်တာ။ ဘ၀ရဲ့ ဖြစ်တည်မှုနဲ့ ဘ၀အဓိပ္ပါယ်ကို ဆန်းစစ်ကြည့်မိလေ့ရှိတော့ မတူများပြားတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေဟာ ဘ၀ရဲ့ အရသာလို့တွက်တယ်။ ဒီလိုတွေရအောင် ခရီးသွားရတယ်။ စာတွေဖတ်ရတယ်။ လူတွေနဲ့စကားပြောရတယ်။ ခရီးသွားတာ ငွေကြေးတတ်နိုင်စွမ်းနဲ့ ပတ်သက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ငွေကြေးတတ်နိုင်တိုင်းလည်း ခရီးသွားကြတာမဟုတ်ပါဘူး။ ကမ္ဘာမှာ ခရီးသွားတာကို ယဉ်ကျေးမှုလိုဖြစ်နေတဲ့ မြတ်နိုးတာက အနောက်တိုင်းသားတွေဖြစ်တယ်။ နေရာစုံကိုသွားကြတယ်။ အထူးသဖြင့် မြောက်ဥရောပသားတွေ၊ အမေရိကန်တွေက ပိုလည်းသုံးစွဲနိုင်ပြီး အပန်းဖြေခရီးကို လေ့လာမှု၊ အပန်းဖြေစိတ်နဲ့သွားကြတယ်။ ပျှမ်းမျှအားဖြင့် ဥရောပသားတွေက သူတို့အိမ်မှာပုံမှန်သုံးတဲ့နှုန်းထက် နှစ်ဆသုံးလေ့ရှိတယ်လို့ စစ်တမ်းတစ်ခုမှာဆိုတယ်။ Lonely Planet အပါအ၀င် စာအုပ်လေးတစ်ကိုင်ကိုင်နဲ့ ဥရောပခရီးသွားတွေကို အတွေ့ရများတယ်။ အမေရိကန်တွေကတော့သူတို့ကျောင်းသားတွေကို ခရီးသွားအောင် တွန်းအားပေးလေ့ရှိတယ်။ ဥရောပမှာ ဆယ်ကျော်သက် လူငယ်တွေခရီးသွားနိုင်အောင် ရည်ရွယ်ပြီး ရထားကွန်ယက်လုပ်ထားတာရှိတယ်။ ငွေကုန်ကြေးကျမများတဲ့ ဘူတာရုံမှာအိပ်ပြီးခရီးသွားတဲ့လူငယ်တွေကို တွေ့ရများတယ်။
တရုတ်တို့၊ ရုရှားတို့ ကြွယ်ဝချမ်းသာမှုတိုးလာတော့ ခရီးသွားကြပါတယ်။ ဒါပေမယ့် တရုတ်ခရီးသွားတွေက ဈေးဝယ်ထွက်ဖို့ပဲ အားသန်ကြတယ်။ ထိုင်းကိုအလည်သွားဖို့ တရုတ်တွေကို zero dollar (တပြားမှမပေးရဘူး) ဆိုပြီး စီမံပေးတဲ့ ခရီးသွားအေးဂျင့်တွေရှိတယ်။ အခုတော့ ထိုင်းအစိုးရက တရားမ၀င်ဘူးဆိုပြီး ဖမ်းပစ်ရတယ်။ အဲဒီအေးဂျင့်တွေက တရုတ်ခရီးသွားတွေကိုအလားကားခေါ်ပေးတယ်။ ပြီးတော့ သူတို့ချိတ်ဆက်ထားတဲ့ ဆူပါမားကက်တွေ၊ ရှော့ပင်းမောတွေ၊ အရောင်းဆိုင်တွေမှာ ဈေးဝယ်အောင်ပဲလုပ်ထားတယ်။ ကုန်ပစ္စည်းတွေရဲ့ ဈေးကို ပေါက်ဈေးထက်တင်ပြီးရောင်းလိုက်တယ်။ အေးဂျင့်တွေက တရုတ်တွေရဲ့ ဈေးဝယ်အကြိုက်ကိုသိတော့ အဲဒါကိုအခွင့်ကောင်းယူအသုံးချလိုက်တာပဲ။ နိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းမူဝါဒချမှတ်သူတွေ စဉ်းစားလာရတာက ဒီလိုခရီးသွားမျိုးကိုဦးတည်ပြီး ဈေးကွက်ဖွင့်သင့်လားပေါ့။ နောက်မေးခွန်းက ခရီးသွားလုပ်ငန်းတိုးတက်အောင် ရင်းနှီးမြုပ်နှံထားရတဲ့အခြေအနေနဲ့ တိုင်းပြည်ထဲ ငွေပြန်ဝင်မှုကော ကာမိရဲ့လား။ ရုရှားတွေကတော့ ခရီးသွားရင် စားမယ်၊ သောက်မယ်၊ ပင်လယ်ကမ်းခြေသွားပြီး နေပူစာလှုံတာပဲစိတ်ဝင်စားကြတာများတယ်။ အရက်သောက်တဲ့အခါ အလွန်အကျွံသောက်ကြလေ့ရှိပြီး မူးပြီးရန်ရှာတာ နာမည်ကြီးကြတယ်။ အဲဒီတော့ တစ်ခြားဧည့်သည်တွေကို အနှောက်အယှက်ဖြစ်စေတော့ နဂိုကခရီးသည်အလာများတဲ့ အဖော်အချွတ်ကပွဲတွေတောင် အဲဒီနေရာကိုရှောင်ဖယ်လာတော့ ၀င်ငွေထိခိုက်ကုန်လာတယ်။
တောင်အမေရိကတိုက်သားတွေကတော့ တစ်မျိုး။ သူတို့က အနောက်တိုင်းသားတွေလောက် မကြွယ်ဝတာလည်းပါမယ်။ သူတို့ထဲကတတ်နိုင်တဲ့သူတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုသွားတယ်။ ဒါပေမယ့် ဈေးဝယ်ထွက်ဖို့ထက် အနုပညာပြတိုက်၊ ယဉ်ကျေးမှုဆိုင်ရာတွေသွားကြတယ်။ တစ်ချို့ကြတော့ ပြည်ပခရီးသွားဖို့ထက် ပြည်တွင်းမှာပဲ အိမ်ကြီးအိမ်ကောင်းဆောက်နေကြတယ်။ မြန်မာလူချမ်းသာတွေနဲ့တူမယ်ထင်တယ်။
အာဖရိကတို့ အာရှတို့မှာ အကန့်အသတ်နောက်တစ်ခုက ဗီဇာဖြစ်ပါလိမ့်မယ်။ ပထမကမ္ဘာစစ်နောက်ပိုင်းမှာ သွားလာမှုဆိုင်ရာ အကန့်အသတ်တွေကမ္ဘာတစ်ဝှမ်းပေါ်ထွက်ခဲ့တာလည်းဖြစ်တာ နှောင်းလူတွေကံမကောင်းအကြောင်းမလှစရာဖြစ်ပါတယ်။ တကယ်တော့လူသမိုင်းတစ်လျှောက် လူသားဟာ တစ်ခြားသော သတ္တ၀ါတွေလိုပဲ ရေကြည်ရာမြက်နုရာကိုလှည့်လည်နေထိုင်နေခဲ့ကြတာပါ။ ဂျစ်ပစီတွေလိုဗီဇပါတဲ့ ကျွန်တော်လိုလူအတွက်တော့ ခရီးသွားတာဟာ စိတ်ပျော်ရွှင်ချမ်းမြေ့မှုလည်းဖြစ်ပါတယ်။ ခရီးသွားလို့ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ (၁) အတွေ့အကြုံသစ်တွေရတာ (၂) အသိအမြင်သစ်တွေရနိုင်တာ (၃) မတူတဲ့ယဉ်ကျေးမှုတွေသိရမယ်။ (၄) ကိုယ့်အကြောင်းကိုပိုသိလာနိုင်တယ်။ (၄) ဘ၀ဓမ္မကိုပိုတွေးနိုင်တယ် (၅) မိမိကိုယ်ကိုအားကိုးခြင်းပိုပြုနိုင်တယ် (၆) သဘာဝကိုနှစ်သက်မြတ်နိုးခြင်းဖြစ်နိုင်တယ်။
READMORE
 

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု

Zaw Myint OoFollow သူငယ်ချင်း
---------------
ဒီလောက်ကောင်းတဲ့စာကိုမှ မဖတ်ပဲ ကျော်သွားရင် မင်းဘယ်လိုစာမျိုးကို ဖတ်ချင်တာလဲ?
ဖတ်ကြည့်လိုက်ပါ မင်းဘ၀အတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။
ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု
သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။
ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။
ဟောဒီမှာ နည်းလမ်း(၁၀)ခု-
၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?
၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။
ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။
ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကိုသင့်ကိုယ်ပိုင်အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။
ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။
၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။
၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။
၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။
၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။
၈။ TV သိပ်မကြည့်ပါနဲ့
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။
၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ
ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။
၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။
Credit-စိုင်း
READMORE
 

ဆွမ်းစားပင့်သော သမ္မတ နှင့် ဆရာတော်၏ သမီးလေး - ဒလဘန်း (နိုင်ငံတော် သမ္မတ ဦးထင်ကျော်)

Soelynn Khaing shared Zarni Tike's post.
 
 
 
20 hrs ·
ဆွမ်းစားပင့်သော သမ္မတ နှင့်
ဆရာတော်၏ သမီးလေး
Zarni Tike added 2 new photos — with Tike ZN.
21 hrs ·
သမ္မတကြီးက အမေဒေါ်အောင်ဆန်းစုကြည်ကို
သုံးသွားတာ "မမ" တဲ့
ရွှေတောင်ကုန်း ဆရာတော်ကြီးက အမေစုကို သုံးသွားတာ "သမီးလေး" တဲ့ ....
လူထုခေါင်းဆောင်အပေါ် ထားတဲ့ သူတို့ရဲ့ မေတ္တာတွေပေါ့ ...
ဘာဝနာတရား လွန်လေသော်
===================
|| ဒလဘန်း (နိုင်ငံတော် သမ္မတ ဦးထင်ကျော်) ||
ရွှေတောင်ကုန်းဆရာတော်ဘုရားကြီးကို စတင် တွေ့မြင်ဖူးမြော်ခွင့်ရပြီး ဆရာတော်ကြီး၏ သြ၀ါဒတရား စကားများကို ကြားနာခဲ့ရသည်မှာ ဆယ်စုနှစ် နှစ်ခုပင် ပြည့်လုနီးပါးပြီ။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာသို့ ရောက်ခဲ့ရသည့် အကြောင်းရင်းခံမှာလည်း အမှတ်တရရှိလှပါသည်။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မမ ဒ်ါအောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ပါသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ရက်များမကြာခင်မှာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် အာဇာနည်နေ့ နှစ်လည်ဖြစ်ပါသည်။ အန်ကယ်ဦးအုန်းမြင့် (သခင်အုန်းမြင့်)နှင့်အတူ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းသို့ သွားရောက်ကာ ၁၉ ဇူလိုင် အာဇာနည်နေ့တွင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ မမ၏နေအိမ်သို့ ဆွမ်းစားကြွရောက်ပါရန် ကြိုတင်သွားရောက် လျှောက်ထားကြသည်။ အလားတူပင် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီးကိုလည်း သွားရောက် လျှောက်ထားကြပါသည်။
ဆွမ်းကပ်သည့်နေ့တွင် စာရေးသူက ရွှေတောင်ကုန်း ဆရာတော်ကြီးကိုပင့်ရန် တာဝန်ကျပါသည်။ ဆရာတော်ကြီး အပါအ၀င် ကျောင်းတိုက် သံဃာတော် စုစုပေါင်း ၅ ပါးကို ပင့်ရမည်မို့၊ မော်တော်ယာဉ်နှစ်စီးဖြင့် သွားကြပါသည်။ ဆရာတော်ကြီးက နံနက် ၁၀း၃၀ နာရီတွင် တရားဟော၊ ရေစက်ချပြီးမှ ဆွမ်းကပ်ရန်၊ ကြိုတင်မိန့်ကြားထား၍ ကျောင်းသို့ ၁၀း၀၀ နာရီ အရောက် သွားကြပါသည်။ ဆရာတော်ကြီးရော၊ ကျန် သံဃာတော်တွေပါ အသင့်ဖြစ်နေကြ၍ နံနက် ၁၀း၃၀ မတိုင်ခင် တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ပြန်ရောက်ကြသည်။ ၀ါစဉ်အရမို့ အခြား သံဃာတော်များက ဆရာတော်ကြီးကို ဦးစားပေး နေရာယူကြပါသည်။
နံနက် ၁၀း၃၀ နာရီတိတိတွင် ဆရာတော်ကြီး တရားစဟောကာ တစ်နာရီလည်း ပြည့် ချိန်ကိုက်ထားသည့်အလား ဆရာတော်ကြီး တရားဟောလည်း အဆုံးသတ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်များကို ရည်စူး၍ လှူဖွယ်များ ဆက်ကပ်လှူဒါန်း အမျှဝေပြီး ဆွမ်းဘုဉ်းပေးကြပါသည်။
ရက်သတ္တတစ်ပတ်ခန့်အကြာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် အမေကြီးကို ရည်စူးကာ ဇူလိုင် ၂၇ ရက်နေ့တွင် ကမ္ဘာအေး ချမ်းမြေ့ရိပ်သာကျောင်းတိုက်သို့ ဆွမ်းချိုင့်ပို့ပါသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ရောက်သည့် အခါ၌ကား ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်နှင့် ကမ္ဘာအေး ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်တို့မှ ဆရာတော်ကြီးများ အပါအ၀င် သံဃာတော် ၅ ပါး ကျစီ အခြားကျောင်းတချို့မှ သံဃာ ၅ ပါး၊ ပေါင်း သံဃာ ၁၅ ပါးကို ဆွမ်းပင့်ပါသည်။ မွန်းလွဲပိုင်း၌ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဗဟာအီ၊ ဂျူး စသည့် ဘာသာစုံမှ ပုဂ္ဂိုလ်များဖြင့် ဆုတောင်းပွဲတစ်ခု ပြုလုပ်လေ့ရှိပါသည်။ အချိန်မရသည့်အခါများ၌ကား ကျောင်းကြီး နှစ်ကျောင်းသို့ ဆွမ်းပို့ပါသည်။
ဇွန်လ ၁၉ ရက် မမ၏ မွေးနေ့ ကျရောက်သည့်အခါများ၌ ကျောင်းတိုက်နှစ်တိုက်စလုံးသို့ ဆွမ်းပို့ပါသည်။ ဤသို့ လစဉ် ၁၉ ရက်နှင့် ၂၇ ရက်နေ့ ကျရောက်တိုင်း ဆွမ်းပင့်၊ ဆွမ်းပို့အလုပ်များ လုပ်နေချိန်၊ ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မမ၏ခင်ပွန်း ဒေါက်တာ မိုက်ကယ်အဲရစ်၊ လန်ဒန်မြို့၌ ကွယ်လွန်အနိစ္စရောက်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့သာမက မတ်လ ၂၇ ရက်နေ့တွင်လည်း ဒေါက်တာအဲရစ်ကို ရည်စူးလျက်၊ ကျောင်းနှစ်ကျောင်းစလုံးသို့ ဆွမ်းပို့ပါသည်။
သက္ကရာဇ် ၂၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မမ၏ မန္တလေးခရီးစဉ်အတွက် ရန်ကုန်ဘူတာကြီးသို့ လိုက်လံပို့ဆောင်ပါသည်။ ရထားမထွက်ဖြစ်အောင် အာဏာပိုင်တို့က ဟန့်တားထား၍ ဘူတာတွင် ဆက်လက် စောင့်ဆိုင်းနေကြစဉ်၊ ည ၁၀ နာရီခန့်တွင် ထိုစဉ်က ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး၏ နှုတ်မိန့်ဖြင့် ဘူတာစင်္ကြံ သံပန်းတံခါးအနီး စောင့်ဆိုင်းနေသော မိမိတစ်ဦးတည်းကို လုံထိန်းရဲများက ချုပ်နှောင်ဖမ်းဆီးကာ အင်းစိန်တွဲဖက်ထောင်သို့ ပို့လိုက်ပါသည်။ လေးလကျော်ကြာ ဆွမ်းပို့ရက်များ ရောက်တိုင်း မိမိကုသိုလ်ယူရသည့် တာဝန်ကို သတိရရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပါ။ ထောင်ကထွက်ပြီး အိမ်ပြန်ရောက်မှ ဇနီး စုစုလွင်က မိမိတာဝန်ကို သူ၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေနှင့်အတူ ၀တ်မပျက် အလံမလှဲ ဆက်လက် လုပ်ကိုင်ခဲ့ကြကြောင်း သိရ၍ အတိုင်းမသိ ၀မ်းသာရပါသည်။ မမ ကိုယ်တိုင်လည်း မိမိနှင့် တစ်ညတည်း နေအိမ်အကျယ်ချုပ် ထပ်မံချထားကြောင်းကို အိမ်ရောက်မှ သိရပါသည်။ ဆွမ်းမပင့်နိုင်သော်လည်း ဆရာတော်များထံ ဆွမ်းပို့သည့်အလုပ်ကို မပျက်မကွက် ဆက်လက် လုပ်ဆောင်ပါသည်။
၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် အကျယ်ချုပ်က မမလွတ်သည့်အခါ ဆွမ်းပင့်သောအလုပ်များ ပြန်လည်လုပ်ပါသည်။ အကျယ်ချုပ်က လွတ်သည်ဟု ဆိုသော်ငြားလည်း၊ ခြံဝ၊ ခြံရှေ့၊ ဘေးခြံတို့မှ မြင်မြင်ထင်ထင် တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုး တစ်ဖုံဖြင့် စောင့်ကြည့်နေသော ရဲထောက်လှမ်းရေးများက မနည်းပါ။ သို့တိုင်အောင်လည်း ဆရာတော်ကြီးမှာ အဆိုပါ ပုဂ္ဂိုလ်တို့ကို ရှိသည်ဟုပင် အသိအမှတ် မပြုသလို အလွန်ပင် တည်ငြိမ်အေးချမ်းစွာ ရှိသည်ကို ဂရုပြုမိပါသည်။ ပုထုဇဉ်တို့သဘာဝအရ အနည်းငယ် စိုးရွံ့ဟန်ရှိသော သံဃာတော်အချို့ကို တွေ့ရသော်လည်း ဆရာတော်ကြီးကား မတုန်မလှုပ် ပင်တိုင်ကြွမြဲတိုင်း ကြွသည်။ ဆွမ်းပင့်လေ့ရှိသည့် နေ့ရက်များ၌ ခရီးထွက်စရာရှိလျှင် ဆွမ်းစားပြီးမှ လေဆိပ်တန်းဆင်းသည် ရှိသလို ခရီးထွက်နေလျှင်လည်း ထိုနေ့များအမီ အရောက်ပြန်ကြွတတ်သည်။
ဆွမ်းစားကြွတိုင်း ၀ိပသ၁နာအကြောင်း စိတ်အင်အားဖြစ်စရာအကြောင်းတို့ကိုသာ ဟောပြောလေ့ရှိသည်။ ဒါနထက် ဘာဝနာကိစ္စများကိုသာ ဦးစားပေး အလေးထား ဟောကြားတော်မူသည်။
ဓမ္မနှင့် အဓ္မ နှစ်မျိုးအဆုံးတွင် ဓမ္မသည်သာ အနိုင်ရ အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ကြောင်း တရား၊ အတွင်းရန်နှင့် အပြန်ရန်တွင် အတွင်းရန်ကို ဦးစွာ နိုင်နင်းအောင် ပြုလုပ်ရေး တရားတို့ကို အမှတ်တရ ဖြစ်မိပါသည်။ အစ ပထမတွင် အတွင်းရန်ဟုဆို၍ လူ့လောကအတွင်း မိမိဝန်းကျင် မိမိအနားရှိသော ရန်သူကို နိုင်အောင်လုပ်ရေးကို ပြောသည်ဟု ထင်ခဲ့မိပြီး နောက်ပိုင်းတွင်မှ မိမိ၏ အတွင်းစိတ်ကို မိမိနိုင်အောင် ကျင့်ကြံရေးကို ဟောပြောဆုံးမခြင်းဖြစ်ပြီး အတွင်းစိတ်ကို တင်စားကာ အတွင်းရန်ဟူ၍ သုံးနှုန်းထားသည်ကို သဘောပေါက်ရပါသည်။
ဗုဒ္ဓဘာသာတရား တဖြည်းဖြည်းခြင်း တိမ်ကောပပျောက်သွားမှာ ဆရာတော်ကြီး အလွန်စိုးရိမ်ကြောင့်ကြ ဖြစ်ရှာသည်။ ဘာသာခြား မိမိဗုဒ္ဓဘာသာကို လွှမ်းမိုးသွားမည့် အရေးကို မျှော်တွေးကာ ယင်း အန္တရာယ်ကို ကာကွယ်နိုင်ရန် မျက်မှောက်ခေတ် လူငယ်များ ငယ်ရွယ်စဉ်ကပင် ဗုဒ္ဓတရားတော်၏ အနှစ်သာရကို သဘောပေါက်ပြီး ယဉ်ကျေးလိမ္မာကြအောင် အစဉ်အားထုတ်တော်မူသည်။ နှစ်စဉ် ကလေးလူငယ်များအတွက် ငွေကုန်ကြေးကျ သိန်းပေါင်းများစွာ အကုန်အကျခံလျက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို မြို့ရောနယ်ပါ ပြုလုပ်သည်။ သင်တန်းတိုင်း လူငယ်ရာပေါင်းများစွာ တက်ရောက်ကြပြီး သင်တန်းများ ပြီးဆုံးသည့်အခါ ဗုဒ္ဓ၏ အမွေအနှစ် အခြေခံတို့ကို သိရှိနားလည်ကာ ယဉ်ကျေးလိမ္မာသော လူငယ် ရာပေါင်းများစွာကို မွေးထုတ်ပေးနိုင်လျက် ရှိပေသည်။ ၀ိပသ၁နာတရားကိုလည်း နားလည်သဘောပေါက် ကျင့်ကြံနေထိုင်တတ်သော လူငယ်များအဖြစ် ရောက်စေခဲ့သည်။
ထူးခြားသော အလှူတစ်ခုကိုသာ ဆရာတော်ကြီး အလေးထား တောင်းခံတတ်သည်ကို သတိပြုမိပါသည်။ ထိုအရာကား ကျောင်းသို့ ရောက်လာကြသော တပည့်သားမြေးများထံက ၀ိပသ၁နာတရား ကျင့်ကြံအားထုတ်ဖို့ ဘာဝနာတရား ပွားများဖို့ အချိန်ပေးရန် အလှူခံခြင်း ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ထံကလည်း အဆိုပါအလှူကိုပင် တောင်းခံခဲ့သည်။ စကားတစ်ခွန်းကို အလွယ်မပြော ကတိတစ်လုံးကို လွယ်လွယ်မပေးတတ်သော မမက “အချိန်ရသည့်အခါ လုပ်ပါမည်ဟု ဘုရား” မုသားမပါ ဟန်ဆောင်မှုကင်းစွာဖြင့် ရိုသေစွာ အဖြေပေးသည်။ သရဏဂုံသုံးပါးကို ဦးထိပ်ထားပြီး ၀ိပသ၁နာ ဆရာတစ်ဦးအနေဖြင့် အထူးကြည်ညို လေးစားအပ်သော ဆရာတော်ကြီး၏ အလှူခံစကားကို ပေါ့ပေါ့မထား အစဉ်အလေးထားပြီး တစ်နေ့တွင် ဆရာတော်ကြီးထံ လျှောက်ထား၍ တရားစခန်းဝင်သည်။ မမအတွက် အဖော်လည်းရစေ၊ ပင်ကိုယ်ကလည်း ဆန္ဒရှိသည့်အလျောက် ဇနီးသည်လည်း မမနှင့်အတူ ပဏ္ဍိတာရာမ တောင်ကုန်းသာသနာ့ရိပ်သာတွင် ၂၀၁၁ ခုနှစ် နှစ်ပတ်လည်တွင် ရက်တို တရားစခန်း ၀င်ဖြစ်ကြသည်။
မိမိကိုယ်နှိုက်လည်း တစ်ချိန်တွင် ၀ိပသ၁နာ တရားအားထုတ်လိုစိတ် ဖြစ်ပေါ်လာသောကြောင့် အရိုးအဆစ် မကောင်း၊ အထိုင်အထ မလွယ်သော ကိုယ့်အကြောင်းနှင့်ကိုယ်မို့ တစ်ရက်နှစ်ရက် ရသလောက်သော တရားစမ်းထိုင်ရန် ကျောင်းသို့ ရောက်ခဲ့သည်။ တစ်ရက်က နှစ်ရက် ၊ နှစ်ရက်က သုံးရက် တိုင်လာတော့ အားတက်လာသည်။ အများလို တရားက မရသော်လည်း ဆက်လက်ကြိုးစားလိုစိတ်ဖြင့် ရက်သတ္တနှစ်ပတ် ၁၄ ရက်ကြာ တရားထိုင်ပြီး တရားစခန်းထွက်ကာနီး ဆရာတော်ကြီးကို သွားလျှောက်သည်။ “ဘုန်းကြီးအတွက် သုံးရက်လောက် ဆက်ထိုင်ပေးပါလား” မမျှော်လင့်သော ဆရာတော်ကြီးထံမှ စကားကြောင့် အလိုအလျောက် “မှန်ပါ့ဘုရား” ဟုသာ လျှောက်ခဲ့ပြီး သုံးရက် ဆက်ထိုင်ဖြစ်သည်။
သုံးရက်အပြီး ဆရာတော်ကြီးထံ သွားရောက်ကန်တော့ရင်း မည်သည့် တရားမျှမရကြောင်း၊ စိတ်ကိုငြိမ်အောင် လုပ်ရသည်မှာ မလွယ်လှကြောင်း လျှောက်တင်ပါသည်။ မိမိစိတ်ကို မိမိမနိုင်၊ စိတ်မည်မျှ ထိန်းရခက်ကြောင်း သိလာခြင်းသည် တရားတစ်မျိုးရခြင်း ဖြစ်သည်ဟု ဆရာတော်ကြီးက မိန့်ကြားအားပေးရှာသည်။ ပြီးတော့မှ “ဒကာကြီး” ဘုရားမုခ်ဦးကို ကျောပေးထိုင်တဲ့ ခြင်္သေ့တော့ မဟုတ်တော့ဘူးပေါ့ဟု ပြုံးရင်းမိန့်တော်မူသည်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲကိစ္စများ ပေါ်လာသည်။ ဇနီးဖြစ်သူက သူ့ဖခင် ရွေးကောက်ပွဲဝင်ခဲ့သော သုံးခွမြို့နယ်ကို ၀င်ရောက်အရွေးခံရန် အကြောင်းဖန်လာသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးများ စတင်ရသည့် အချိန်ကစ၍ ဆရာတော်ကြီးထံ ဆွမ်းပို့သည့်တာဝန်များကို မိတ်ဆွေတစ်ဦးထံ မလွှဲမရှောင်သာ လွှဲပြောင်းပေးရပါသည်။ ရွေးကောက်ပွဲတွင် ဇနီးသည် အရွေးချယ်ခံရပြီး လပိုင်းအကြာ ကျန်းမာရေး မကောင်း၍ ဆေးကုသရန် ခရီးထွက်ရသည်။
ဇနီးသည် ဆေးကုခရီးသို့ လိုက်ပါစောင့်ရှောက်ပြီး နေရပ် ပြန်ရောက်သည့်တိုင် ဆေးကုသခံယူမှုက မပြီးသေး၊ လွှတ်တော်ကလည်း မပြီးသေးမို့ ဆေးကုရင်း လွှတ်တော်တက်ရာသို့ ဆက်လက် လိုက်ပါ စောင့်ရှောက်ရာ ဆရာတော်ကြီးနှင့် တစ်နှစ်ကျော် အဆက်ပြတ်ခဲ့ရပါသည်။ နောက်ပိုင်းတွင်မှ လွှတ်တော် ရက်ရှည် နားသည့်ကာလအတွင်း ဆရာတော်ကြီးကို ကန်တော့ရန် မမ သွားသည့်အခါ ကြိုတင် လျှောက်ထားခြင်း၊ ကန်တော့ချိန် လိုက်သွားခြင်း၊ ရံဖန်ရံခါ ပြန်လည်လုပ်ဖြစ်ပါသည်။ ထို့အပြင် ပြည်ပခရီးစဉ်သွားရာမှ ပြန်အလာ ဆရာတော်ကြီးကို လှူဖွယ်သီးနှံများ ဆက်ကပ်ပူဇော်ရန်ရှိသည့် အခါများ၌ မမနှင့်အတူ လိုက်ပါရင်း ရောက်ရသလို တစ်ခါတစ်ရံ ကိုယ်စားသွားရောက် ဆက်ကပ်ပေးရင်းလည်း ရောက်ရပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လွှတ်တော် ခေတ္တရပ်နားရက် ဇနီးဖြစ်သူ နေပြည်တော်က အပြန် ဆရာတော်ကြီးထံ မမ၏ လူကြုံပါးစာ ပါလာပါသည်။ စာမှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ၂၅ နှစ်မြောက် ငွေရတုစာစောင်အတွက် စာမူဖြစ်ပါသည်။ မိမိထံကလည်း ကျောင်းတိုက်က စာမူတောင်းထားပြီး စာရေးမပြီးသေး၍ ဆရာတော်ကြီးထံ စာသွားပေးရန် စိတ်မ၀ံ့မရဲ ဖြစ်မိပါသည်။ မသွားမဖြစ်၍ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆရာတော်ကြီးထံ မရဲတရဲ ရောက်သွားပါသည်။
ဆရာတော်ကြီး စံကျောင်းရောက်သည့်အခါ သမားတော်ကြီးတစ်ဦးက ဆရာတော်ကို ကျန်းမာရေး စစ်ဆေးပေးနေ၍ ခေတ္တစောင့်ရသည်။ သမားတော် ပြန်ပြီးနောက် အခန်းတွင်းက သင်္ကန်းရုံရင်း ထွက်လာသည့် ဆရာတော်ကြီးက “ဒကာကြီး ဦးထင်ကျော်လား” ဟု မိမိကို မြင်မြင်ချင်း လှမ်းမေးပါသည်။ သက်တော် ၉၀ ကျော်ပြီဖြစ်သော်လည်း ၀ိပသ၁နာတန်ခိုးကြောင့် ဆရာတော်ကြီးမှာ ကျန်းမာသတိကောင်းတုန်း ဖြစ်သည်။ အစားကိုလည်း ဆေးအဖြစ်သာ သတိနှင့်မှီဝဲသုံးဆောင်သည်။ အနားရှိသည့် ဆရာလေးတစ်ပါးကို ဓာတ်စာအညွှန်းစာရွက် သွားယူခိုင်းပြီး မိမိကိုတစ်စောင်၊ မမအတွက် တစ်စောင်ပေးသည်။
“သမီးရော နေကောင်းရဲ့လား”
“နေကောင်းပါတယ် ဘုရား”
“အင်း သမီးလေး နေကောင်းဖို့ အဖွဲ့က လူတွေ နေကောင်း ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေရတယ်” ဟု ဆရာတော်ကြီးက မေးမေးပြောပြော ပြောပါသည်။
“သမီး” ဟု ယခင်သုံးနှုန်းလေ့ရှိရာက“ သမီးလေး” ဟု သုံးလိုက်ပုံက ကရုဏာသံသက်လှသည်ဟု ခံယူမိပြီး ရင်ထဲမှ ပီတိဖြစ်ပြီး ၀မ်းသာဝမ်းနည်း ဖြစ်ရပါသည်။
အကျယ်ချုပ်ကျသည့်ကာလများ ဆွမ်းပို့ရောက်တိုင်း
“သမီး နေကောင်းရဲ့လား သတင်းရရဲ့လား” ဟု အစဉ်ပင် စိုးရိမ်စိတ်ကြီးစွာဖြင့် မမ အကြောင်းကို ဆရာတော်ကြီး မေးလေ့ရှိပါသည်။ “တရားကော အားထုတ်ဖြစ်ရဲ့လား မသိဘူး” “ပုံမှန်အထိုင်တော့ ထိုင်ဖြစ်မယ် ထင်ပါတယ်ဘုရား” ဟုသာ မုသားဖြင့် မယုတ်မလွန် ဖြေလိုက်ရသည်။ ၀ိပသ၁နာတရား အစဉ်တွေးနေသည့် ဆရာတော်ကြီးပါပေ။ “ဦးထင်ကျော်အတွက် လက်ပတ်နာရီတစ်လုံး သွားယူခဲ့ပါ” ဟု အနီးရှိ ဆရာလေးတစ်ပါးကို လှမ်းပြောသည်။
“ဦးထင်ကျော် နာရီမပတ်ဘူးလား”
“တပည့်တော် မပတ်တာကြာပါပြီဘုရား၊ ပြီးတော့ ဆရာတော် တစ်ခါက တပည့်တော်ကို ဆွဲတဲ့ နာရီတစ်လုံး ချီးမြှင့်ဖူးပါတယ်ဘုရား” ဟု မုသားစကားမပါ နာရီလည်း မ၀တ်သည်မို့ မပေးပါတော့နှင့်ဟု မလျှောက်ရဲ၍ နာရီရဖူးကြောင်းသာ ပြန်လျှောက်လိုက်သည်။
“နာရီက ကျောင်းနာမည်ပါလို့လား။ ပြီးတော့ ဒကာကြီး ဦးထင်ကျော်အနေနဲ့ ပေးတာ မဟုတ်ဘူး။ ဒကာကြီးက ဘုန်းကြီးရဲ့ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့သူ ကပ္ပိယတစ်ယောက်အနေနဲ့ ပေးတာ” ဟု မိန့်ပြီး ဆရာလေးယူလာသည့် နာရီကို လှမ်းယူကာ ကိုယ်ကိုယ်တိုင် ချီးမြှင့်တော်မူသည်။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာကျောင်းတိုက်က ၀ိပသ၁နာ ဆရတော်ကြီး သာသနာ့အကျိုး ဆက်ထမ်းပိုး ကြိုးပမ်းနိုင်ပါစေဟုသာ ဆုတောင်းမေတ္တာ ပို့သမိပါတော့သည်။
ဒလဘန်း
The Ladies News
ZN.H
READMORE
 

ဖတ်စေချင်လို့ တင်ပေးတာပါ။ မအားလည်း ဖတ်ဖြစ်အောင် ဖတ်ပါ။

ဖတ်စေချင်လို့ တင်ပေးတာပါ။
မအားလည်း ဖတ်ဖြစ်အောင် ဖတ်ပါ။
Shareပေးဖို့လည်း မမေ့ပါနဲ့။
ပိုက်ဆံအရမ်းချမ်းသာတဲ့သူဌေးကြီးတစ်ယောက်ရှိတယ်။သူဘာလိုချင်လဲ၊ လိုချင်တဲ့အရာမှန်သမျှဘာမှမစဉ်းစားဘဲ ၀ယ်လိုက်နိုင်တယ်။
ဒါပေမယ့် သူ့ကိုယ်သူ ဘာလိုအပ်နေလဲမသိဘူး၊ တစ်ခုခုလိုအပ်နေသလိုခံစားနေရတယ်၊ ဘယ်လိုနေနေ လူ့ဘ၀ကြီးက ပျော်စရာမကောင်းဘူး၊
ဒါနဲ့ပဲ သူ အကြံတစ်ခုရသွားတယ်၊
အိမ်မှာရှိသမျှ အဖိုးတန်ရွှေငွေရတနာတွေအားလုံးကို အထုပ်ကြီးတစ်ထုပ် ထုပ်ပြီး အရပ်လေးမျက်နှာကို စတင်ထွက်ခွာလာတယ်၊
သူဆုံးဖြတ်ထားတာ သူ့ကို ပျော်ရွှင်စေနိုင်တဲ့နည်းလမ်းပြောပြနိုင်တဲ့သူကို ဒီရတနာထုပ်ကြီးပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့၊
ရွာရိုးကိုးပေါက် သူ တွေ့သမျှလူတိုင်းကို လိုက်မေးခဲ့တယ်၊
ဒါပေမယ့် ဘယ်သူမှမဖြေနိုင်ဘူး၊
တစ်နေ့ကျတော့ လမ်းမှာတွေ့တဲ့ ရွာသားတစ်ဦးက သူ့ကိုအကြံပေးလိုက်တယ်၊
“ ရွာစပ်နားက ရသေ့အဘိုးအိုကြီးဆီမှာ သွားမေးကြည့်ကြည့်ပေါ့၊ တကယ်လို့ သူမှ မပြောပြနိုင်ရင် ခင်ဗျား ဒီ့ထက်ခြေတိုအောင်လျှောက်လည်း ဘယ်သူမှဖြေနိုင်မှာမဟုတ်တော့ဘူး” လို့ပြောလိုက်တယ်၊
ဒီလိုနဲ့ ကွပ်ပျစ်အထက်မှာ မျက်လုံးမှိတ်ပြီး တ၇ားကျင့်နေတဲ့ ရသေ့ကြီးရှေ့ကို သူဌေးကြီးတစ်ယောက် ယောင်နနနဲ့ ရောက်လာလေသည်၊ ပြီးနောက် တည်ငြိမ်သောလေသံဖြင့် ရသေ့ကြီးကို တစ်လုံးချင်းဆီမေးလိုက်သည်၊
“ ကျနော် တစ်သက်လုံးရှာဖွေထားတဲ့စည်းစိမ်ဥစ္စာတွေ ဒီအထုပ်ကြီးထဲမှာထည့်ထားပါတယ်၊ တကယ်လို့ ကျနော့်ကို လူ့ဘ၀ရဲ့ ပျော်ရွှင်မှုအဓိပ္ဗါယ်ကို ပြောပြနိုင်ရင် အသင်ရသေ့ကြီးကို ဒီရတနာထုပ်ကြီးလှူဒါန်းပါ့မယ်” လို့ ပြောလိုက်တယ်
အပြင်မှာ မိုးလည်းအတော်ကြီးကို မှောင်နေပြီ။
ရသေ့ကြီးက ထိုင်ရာမှထလာပြီး သူဌေးကြီးအရှေ့မှာချထားတဲ့ ရတနာထုပ်ကြီးကို မ,ကာ အလစ်သုတ်ပြေးလေသည်။
သူဌေးကြီးက စိတ်လည်းလော၊ အော်လည်းအော်၊ ငိုလည်းငိုပြီး ရသေ့ကြီးအနောက်မှ ထပ်ကြပ်မကွာလိုက်လေသည်။ ပါးစပ်မှလည်း
“ သူခိုးဗျို့.. သူခိုး.. ကျနော့်ရတနာထုပ်ကြီးကို ယူပြေးသွားပြီ.. လုပ်ကြပါဦး … ” လို့ တတွတ်တွတ်အော်ကာလိုက်လေသည်။
တခဏအတွင်း နယ်ခံလည်းဖြစ်၊ လမ်းလည်းပိုကျွမ်းသော ရသေ့ကြီးက သူဌေးကြီးကို မျက်ခြေဖြတ်လိုက်နိုင်သည်။
သူဌေးကြီးက အနောက်မှာ အော်ငိုရင်း “ သွားပြီ၊ ငါ အလိမ်ခံသွားရပြီ၊ တစ်သက်လုံးရှာထားသမျှ ဖွေထားသမျှတွေ ဒီလိုနဲ့ အလကားလူယုတ်မာလက်ထဲရောက်သွား၇ပြီ ” လို့ ညဉ်းတွားရင်း ကျန်ခဲ့သည်။
သိပ်မကြာလိုက်ဘူး၊
ရသေ့ကြီးက ပြန်လှည့်လာပြီး ရတနာထုပ်ကြီးကို သူဌေးကြီးအရှေ့ကို ပစ်ချလိုက်သည်။
သူဌေးကြီးက ၀မ်းသာရင်း ရတနာထုပ်ကြီးကို ပွေ့ကာ … “ ဟာ.. ငါ့ရတနာလေးတွေ….တော်သေးလို့ပေါ့… ကွာ. ” ဟုညဉ်းတွားလေသည်
ထိုအခါ ရသေ့ကြီးက သူ့ကိုမေးသည်၊
“မင်းအခု ပျော်ရွှင်မှုကို ခံစားမိလား.. ”
“ အင်း.. ခံစားမိတယ်၊ ကျနော်အခု အရမ်းပဲပျော်နေတယ် .” လို့ သူဌေးကြီးက ပြန်ဖြေသည်၊
ရသေ့ကြီးက တဟားဟားရယ်ပြီးဆက်ပြောတယ်၊
“ ဒါဘာအထူးအဆန်းကြီးမှ မဟုတ်ဘူး၊ လူတွေဟာ သူတို့လက်ဝယ်ပိုင်ဆိုင်နေတဲ့အရာကို စိတ်ထဲမှာ ဘာမှမဟုတ်ဘူးလို့ ထင်မှတ်ထားကြတယ် ၊ ဒါနဲ့ပဲ ပျော်ရွှင်တယ်လို့ မခံစားရဘူး၊ ဒါပေမယ့် တစ်ကြိမ်လေးဆုံးရှုံးမိတာနဲ့တပြိုင်နက် အရင်က ကိုယ်ပိုင်ဆိုင်ဖူးတဲ့အရာဟာ ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ အလိုလို နားလည်သွားကြတယ်၊
တကယ်တော့ မင်းစောနက ငါ့ကိုပေးမယ်လို့ပြောတဲ့အထုပ်နဲ့ မင်းခုနဆုံးရှုံးသွားတဲ့အထုပ်နဲ့ အခုမင်းရင်ထဲမှာပွေ့ထားတဲ့အထုပ်သုံးထုပ်က တစ်ထုပ်ထဲပဲလေ… မင်းငါ့ကို အဲဒီအထုပ်ပေးမယ်လို့ပြောထားတာလေ..
ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ အကြိမ်ကြိမ်တမ်းတလို့ မဆုံးဘူး၊ ကိုယ့်လက်ထဲရောက်သွားတာနဲ့ ဘာမှမဟုတ်ဘူးလို့ ပြန်မြင်သွားတယ်၊ ရှိတယ်လို့တောင် မထင်ဘူး၊ ပိုင်ဆိုင်နေတာကိုပြန်မေ့သွားတယ်၊
လူတွေဟာ ဆုံးရှုံးသွားတဲ့ပစ္စည်းကိုဂရုစိုက်ပြီး ကိုယ်တကယ်ပိုင်ဆိုင်နေတဲ့အရာကိုတန်ဖိုးမထားဘူး၊ ဒီ့အပြင် မပိုင်ဆိုင်သေးတာကို မျှော်တွေးပြီး မပိုင်ဆိုင်မိမှာစိုးရိမ်ပူပန်နေကြသေးတယ်… အခုလက်ရှိကိုယ်ဟာ ဘယ်လောက်တောင်ကံကောင်းနေသလဲဆိုတာကို ကိုယ့်ကိုယ်ကိုမသိတတ်ကြဘူး၊
ဆုံးရှုံးသွားမှ နောင်တရတာ တန်ဖိုးထားတတ်တယ်မှမခေါ်တာ၊
မရသေးခင်လိုချင်တာ တကယ်လိုအပ်တာမှမဟုတ်တာ” ဟုဆိုကာ အခန်းထဲသို့ လှည့်ဝင်သွားလေသည်။
( Edited from chiese stroy _ )
Credit @ စာပေ
Ashin Sandar Zaw Tee.
READMORE
 

မုန်းတယ် မုန်းတယ် အဲဒီ လော်စပီကာသံတွေကို ငါ မုန်းတယ်...

Ashin Pyinyar Nanda with ဖိုးကျော်အေးသား အကြီးကောင် and 12 others.  ဘယ်နှယ်ဗျာ... အေးအေးလူလူ နေရမလားလို့ ဘုန်းကြီးဝတ်မိပါတယ်... မုဆိုးတွေ သမင်လေးတစ်ကောင်ကို ၀ိုင်းလိုက်နေသလိုပဲ... လေးဘက်လေးလံ ဆူညံလို့... လူကို အသံရဲ့ သားကောင်ဖြစ်နေရော့...
ခများတို့ စဉ်းစားကြည့်ဗျာ... ကျုပ်နေတဲ့ ကျောင်းက ဘုန်းကြီးကျောင်းတွေနဲ့ ပတ်လည်ဝိုင်းထားတာ... လော်စပီကာတွေ ကိုယ်စီနဲ့... တစ်နေ့တစ်နေ့ အဲဒီ လော်စပီကာကြီးတွေကို မြောက်ကိုးရီးယားက အနုမြူ ဒုံးကျည်ကြီးတွေလို မြင်နေပြီ... တအုံးအုံး တဒိုင်းဒိုင်းနဲ့... သေချင်စော်ကို နံနေရော့...
အရှေ့ဘက်ကျောင်းက တစ်နေကုန် တရားခွေတွေ ဖွင့်ထားတာ... မနက်မိုးလင်းတာနဲ့ ပရိတ် ပဋ္ဌာန်း စပြီ... ရောင်းသူမဲ့ ဆိုင်တွေလို သူလဲ ဘုရားရှိခိုး ပျင်းတိုင်း ခိုးသူမဲ့ လုပ်နေတာ... စောစောစီးစီး ဘယ်သူ တရားနာနိုင်မှာတုန်း... နာသူမဲ့ပေါ့... ကြာနီကန် MP3 ဒီဗွီဒီချပ်ကြီးကို တစ်နေကုန် ဖွင့်ထားတာ... တစ်ရပ်ကွက်လုံးက သူ့ကို ဘွဲ့နာမည် ဦးကိတ္တိ ဖျောက်ပြီး (ကြာနီကိတ်) ဆိုပြီး ခေါ်ကြတဲ့အထိ...
အနောက်ဘက်ကျောင်းက တောထွက်ကိုယ်တော်ကြီး ဦးကုမာရ က တမျိုး... သူက ရေဒီယိုကနေ ဂျက်ပင်နဲ့တွဲပြီး လော်စပီကာနဲ့ ပတ်ဝန်းကျင်ကို နှိပ်စက်တာ... လေလှိုင်းမမိတဲ့အခါများဆို တဂြီဂြီ တရှဲရှဲနဲ့... သွားတွေကို ကျိန်းနေရော့... သက်သက်မဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာဗျ... ကျုပ်ကျောင်းက ကိုရင်ဒက်ချီးတို့က နာမည်ပေးထားတယ်... (ရေဒီယိုကုမာရွတ်)တဲ့။ ရှာရှာဖွေဖွေ မှည့်တတ်ပ...
တောင်ဘက် ကျောင်းက ဦးဇင်းမဲလုံးက တစ်ဖုံ... ဟုတ်မဟုတ်တော့ မသိဘူး... လူ့ဘ၀တုန်းက သူကြိုက်တဲ့ ကောင်မလေးက နောက်တစ်ယောက်နဲ့ ယူသွားလို့ ဘုန်းကြီးဝတ်လာတာဆိုလား... ဖြစ်တော့ ဖြစ်နိုင်တယ်... တစ်နေကုန် အလွမ်းသီချင်းတွေ သံကုန်ဖွင့်ပြီး အလွမ်းကသိုင်း ရှုမှတ်နေတာ... တွံတေးသိန်းတန်... ဟင်္သာတ ထွန်းရင်... အောင်တင်ဝင်း... ကိုထွန်းရွှေ... ကိုအံ့ကြီး... စုံလို့ပဲ... သူ့ကိုတော့ (တွံတေးမဲလုံး) ဆိုပြီး နာမည်ပြောင် ပေးထားသတဲ့ဗျ...
မြောက်ဘက်ကျောင်းက ဓမ္မာစရိယ ဦးဇင်းလေးကလဲ မခေဘူး... မ.ဘ.သ အဖွဲ့ဝင်ထားတယ်ဆိုလား... တစ်နေကုန် အမျိုးသားရေးတရားခွေတွေ မျိုးစုံဖွင့်တယ်... ၉၆၉ သီချင်းတွေ ဖွင့်တယ်... နားတယ်ကို မရှိတာရယ်... သူ့ဇာတိက မင်းဘူးက ဆိုလား... ကျောင်းက ကိုရင်တွေ ပေါက်ပေါက်ရှာရှာ နာမည်ပေးပုံ ပြောပါတယ်... မင်းဘူးသား မျိုးချစ်ဆရာတော်တဲ့... သူ့ကိုယ်သူ မ.ဘ.သ မျိုးချစ်ဆရာတော်ဆိုပြီး လုပ်နေတာလေ... မှတ်ကရော့...
တခါတခါလဲ သူတို့တွေ လော်စပီကာ ပြိုင်ဖွင့်တာက စိတ်တိုတိုနဲ့ ရယ်ရတာတွေလဲ ရှိသဗျ...
မင်းဘူးသားမျိုးချစ်ဆရာတော်ကျောင်း လော်စပီကာသံက .... (ဒကာ ဒကာမတို့ရေ... လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းလိုကို ခက်တာပါနော်... သူတို့များ အစိုးရဖြစ်လို့ကတော့ ကုလားနိုင်ငံဖြစ်မှာဗျ)... ဆိုရင် အရှေ့ကျောင်း ကြာနီကိတ်ရဲ့ လော်စပီကာက .... (ဒီနေ့ ဟောကြားမယ့်တရားက မေမေနှင်ထုတ် တေးတစ်ပုဒ်တဲ့... ဘာတဲ့ ပရိတ်သတ်)... ဆိုတာမျိုး...
တောင်ဘက်ကျောင်းက .... (ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါး လှတာ... မညှာမတာ ဘယ်သူ့မှ မထောက်ပါ... သူခိုးဓားပြထက် ဆိုးတဲ့ ရန်သူဟာ)... ဆိုရင် ဒီဘက် ရေဒီယို ကုမာရွတ် ရဲ့ လော်စပီကာက .... (အောင်တပ်မတော်ကြီးလဲ ချီတက်လာပါပြီ)... ဆိုပြီး ဖြစ်ကုန်ရော့... ကမောက်ကမတွေပေါ့ဗျာ....
ခများတို့ စဉ်းစားကြည့်ဗျ... ကျုပ်မှာ အရှင်လတ်လတ် ငရဲပြည် ရောက်နေသလိုပဲ... ဒကာ ဒကာမ လာလို့ အေးအေးလူလူ ဧည့်ခံစကားပြောရတယ်ကို မရှိဘူး... အော်ကြီးဟစ်ကျယ်နဲ့... အမြင့်ဆုံး ကီးတွေသုံးပြီး ပြောရတာ... ပြောနေဆိုနေရင်း တိုက်တိုက်ဆိုင်ဆိုင် လော်စပီကာတွေ ရပ်သွားချိန်နဲ့ တိုးလို့ အရူးကြီးလိုဖြစ်သွားတာတွေလဲ ရှိရဲ့...
ကျောင်းမှာ စားစရာ ဆွမ်းမရှိရင်နေ... မှန်ချိုဆေးတော့ အပြတ်ခံလို့ကို မဖြစ်တာ... သောက်ရေအိုးထဲ မှန်ချိုဆေး တစ်ဗူးထည့်ရောပြီး တစ်ကျောင်းလုံး မှီဝဲနေရတဲ့အဖြစ်... ခုဆို တစ်ကျောင်းလုံးလဲ အော်ကြီးဟစ်ကျယ်တွေ ပြောတတ်နေပြီ... လူထွက်ပြီး အဆိုတော်လုပ်ရင် ဟဲဗီးရော့ခ်တွေ တစ်ခေတ်ပြန်ထ.နိုင်တဲ့အထိ... တကယ်ပြောတာ... ကျုပ်ကျောင်းက ခွေးတွေ ဟောင်တာတောင် သူများတကာခွေးတွေထက် အသံ ပိုကျယ်တယ်...
လူပျံတော် မေတ္တာရှင်ကြီးကတော့ အပူရှောင်စခန်းဆိုပြီး လုပ်နေတယ်ဆိုလား... ကျုပ်ကျောင်းမှာတော့ အသံရှောင်ခန်းဆိုပြီး အိမ်သာလိုမျိုး အလုံပိတ် လုပ်ထားရတယ်... ဖုန်းလေးဘာလေး လာတဲ့အခါ အဲဒီထဲမှာ ၀င်ပြော... ကိုရင်တွေကို အရေးကြီးကိစ္စ မှာစရာရှိရင် အဲဒီထဲကို ခေါ်ပြီး ပြောပေါ့... မဟုတ်ရင် အလွဲလွဲအချော်ချော်... ရေစက်ချတဲ့ခွက် ယူခဲ့စမ်းဆိုရင် ရေစစ်တဲ့ဟာကြီး ယူလာလိုလာနဲ့... အရေးထဲ အဲဒီအခန်းကြီးကို အိမ်သာထင်ပြီး ရေးကြီးသုတ်ပြာ ၀င်ပြေးတဲ့ ဒကာမတွေက ရှိသေး...
ကျောင်းမှာ ကိုရင်ဦးဇင်းက မြဲတယ်မရှိဘူး... ကျုပ်ရဲ့ ဒဏ်ကို မခံနိုင်လို့များ မထင်နဲ့... အဲဒီ လော်စပီကာသံတွေကို မခံနိုင်လို့ လူထွက်ကုန်ကြတာ... ဟုတ်မှာပေါ့ဗျာ... လူ့လောကထဲမှာ ပူပူလောင်လောင် မနေချင်လို့ အေးရာအေးကြောင်း လာနေတာ... အိပ်ကောင်းခြင်း မအိပ်ရ... စားကောင်းခြင်း မစားရနဲ့... နားပူဒဏ် လာခံနေရတဲ့အဖြစ်... မထွက် ရှိရိုးလား...
တစ်ခါတစ်ခါလဲ... ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြံကြံဖန်ဖန် စဉ်းစားမိတယ်... ဒကာ(မ) မထက်လို ထိုင်းနိုင်ငံကို သွား.. နားနှစ်ဖက်ကို ခွဲစိပ်... အလုံပိတ်... ကန်း အေးရော့... နောက်တစ်မျိုးလဲ စဉ်းစားမိတာ ရှိသေးတယ်... အမေရိကန်က တာဝေးပစ် ဒုံးကျည် တီထွင်ရင် ရရှားက ဒုံကျည်ခွင်းတဲ့ ဒုံကျည် တီထွင်သလိုမျိုးပေါ့... ကျုပ်လဲ လော်စပီကာ ဖျက်ခွင်းတဲ့ လော်စပီကာတစ်လုံးလောက်တော့ တီထွင်လိုက်ချင်တာ... ဖွင့်လိုက်တာနဲ့ ဘေးကျောင်းက လော်စပီကာတွေ ပစိပမွ ပျက်သွား အေးရော့...
ဟိုနေ့က ကျောင်းအမကြီး ဖုန်းလှမ်းဆက်တယ်... ဦးဇင်းလေး ဘာလိုသေးလဲတဲ့...
" ဒကာမကြီးရေ... အခြားဟာတော့ ဘာမှ မလိုဘူးဗျို့... လော်စပီကာခွင်းတဲ့ လော်စပီကာတစ်လုံးလောက် အမြန်ဝယ်ပေး... မဟုတ်ရင် ပုဆိုးတစ်ထည်နဲ့ အင်္ကျီတစ်ထည်သာ ၀ယ်ထားပေတော့... အေးချမ်းတဲ့ လူ့ဘောင်လူ့လောကကို ထွက်တော့မယ်ဗျို့..."
ပီနန္ဒ [မြိုင်]
11-5-2016
READMORE
 

ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ ကိုကျော်သူမှ ထပ်ဆင့်မျှဝေ

Kyaw Thu with Ye Naung and 13 others. မှ ကူးယူဖော်ပြသည်။
11 hrs ·
ယောဆရာတော်ကြီးရဲ့ ဩဝါဒအရ
"လူတွေဓမ္မအားနည်းလာပြီဆိုရင်လောကကြီးက ပထဝီအာပေါဝါယောတေဇောဆိုတဲ့ မြေရေလေမီးဓာတ်ကြီးလေးပါးနဲ့ လှောင်ပြောင်တယ်၊ ပမာမခန့်လုပ်တယ်၊ ပျက်ရယ်ပြုတယ်။ မြေငလျင်တွေလှုပ်တယ်, ရေတွေကြီးတယ်, လေတွေတိုက်တယ် မိုးသီးတွေကြွေတယ်, မီးတွေလောင်တယ်။ ဒါတွေကလူတွေဓမ္မအားနည်းလို့ဖြစ်တာပါ၊ ဒါကြောင့် ဓမ္မအားကောင်းအောင်လုပ်ကြ၊ နေ့တိုင်းဒါန,သရဏဂုံ,မေတ္တာ,သီလ,သမာဓိ, ပညာစတဲ့ဓမ္မတွေတစ်ခုမဟုတ်တစ်ခုရအောင် လုပ်ကြ၊ ဓမ္မဆိုတာလောကကိုအနိုင်ယူဖို့ ပေါ်လာတာလို့သြ၀ါဒဟောကြားထားတယ်။
အဲဒီလိုလောကကိုအနိုင်ရဖို့လူ့ကျင့်ဝတ် လူ့သီလကိုစောင့်ထိမ်းကြဖို့လိုအပ်တယ်။
ဒီတော့ အရက်မသောက်ကြပါနဲ့။ ဖြတ်ပြီးလို့စိတ်ဓါတ်တွေခြောက်ခြားနေရင်ကျွန်တော်နဲ့တွေ့ပြီးမှန်ကန်မှု လမ်းကြောင်းကိုပြမယ်။ ဘ၀ရဲ့လမ်းကြောင်းမှန်ပေါ်လျှောက်လှမ်းနိုင်ရမယ်။
ရန်ကုန်ပြန်ရောက်ရင်အဲဒီပြန်လည်ပျိုးထောင်ရေးလုပ်ငန်းကိုစတော့မယ်။
အရက်သမားများအရက်ဖြတ်ကြပြီးကျွန်တော်နဲ့တွေ့ဆုံဖို့ပြင်ဆင်ထားကြပါလော့ဟုတိုက်တွန်းလိုက် ရပါတော့သည်။
READMORE
 

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အဓိက ခုနစ်ချက်



ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မဲဆွယ်စည်းရုံးဟောပြောနေစဉ်= ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့်    ရွေး ကောက်ပွဲကြီးက တော့ တရွေ့ရွေ့ နီးကပ်လာပါပြီ။ ဒါဟာ မြန်မာနိုင်ငံအတွက်တော့ ပြီးခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်းမှာ အလွတ်လပ်ဆုံး အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်လာမယ်လို့ အများစုက မျှော်လင့်ထားပါ တယ်။ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)ဟာ ဥပဒေပြု ကိုယ်စားလှယ်လောင်း အမတ် နေရာ ၆၆၄ နေရာမှာ ရာခိုင်နှုန်း အများစုအနိုင်ရဖို့ မျှော်လင့်နေ ပါတယ်။ တစ်ချိန်တုန်းက နိုင်ငံ တကာအသိုက်အဝန်းမှာ အပယ် ခံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် တော့ အားသစ်လောင်းမယ့် ကာလတစ်ခုကို ငံ့လင့်နေပါလိမ့် မယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အရှိန်မြှင့်တင်လာသလို နိုင်ငံရေး နဲ့ စီးပွားရေးမှာလည်း ထင်ရှားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာပါ တယ်။
ဒါပေမဲ့ ထင်ရှားတဲ့ပြဿနာ တွေလည်း ရှိနေဆဲလို့ ဆိုနိုင်ပါ တယ်။ သားနှစ်ယောက်ကဗြိတိန် နိုင်ငံသား ဖြစ်နေတဲ့အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေက ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ခွင့်ကနေ ပိတ်ပင်တားဆီး ထားပါတယ်။ ဒီဥပဒေဟာ အရင် စစ်အစိုးရလက်ထက်မှာ စတင် ရေးဆွဲခဲ့တာဖြစ်ပြီး ဒီမိုကရေစီ သင်္ကေတတစ်ရပ်လိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ ရေးအရှိန်အဝါကို ဖျက်ဆီးဖို့ ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားတာ ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေ တယ်။
အခုသီတင်းပတ် အစော ပိုင်းမှာ ဒီချုပ်ဟာ မဲစာရင်းအမှား အယွင်းတွေ များပြားလွန်းနေတဲ့ ကိစ္စကိုလည်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဆီ အရေးဆို ကန့်ကွက်လိုက်ပါတယ်။ ဒီအနေ အထားဟာ ဒီချုပ်အတွက် နစ်နာ စေပြီး တပ်မတော်ကထောက် ခံတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ဘက်ကို အသာစီးရအောင်ပံ့ပိုးရာ ရောက်နေတယ်လို့ ဝေဖန်မှုတွေ လည်း ထွက်ပေါ်နေတယ်။
ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း မှာ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံကို နှစ် ကြိမ်တိုင် အလည်အပတ် လာ ရောက်ခဲ့သလို နှစ်နိုင်ငံဆက်ဆံ ရေးမှာလည်း နွေးထွေးမှုတွေရှိ လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ မရိုးသားမှုတွေရှိလာ ရင် အခြေအနေတွေ နောက် ကြောင်းပြန်လှည့်ပြီး အမေရိကန် က စီးပွားရေးပိတ်ဆို့ စည်းကြပ်မှု တွေ တစ်ကျော့ပြန် ပြဋ္ဌာန်းလာမှာ ကို အားလုံးက စိုးရိမ်နေကြပါ တယ်။ အခြေအနေတွေက ထင် သလောက်တော့ မရိုးရှင်းပါဘူး။ အာရှတိုက်နဲ့ ဆက်ဆံရေးချိန်ခွင် လျှာကို ပြန်ညှိဖို့ကြိုးစားနေတဲ့ အမေရိကန် အစိုးရအနေနဲ့ မြန် မာနိုင်ငံ ရွေးကောက်ပွဲကို မျက် ခြည်မပြတ် စောင့်ကြည့်နေမှာ သေချာပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ မသမာမှုတိုင်းဟာ အရှက်တကွဲ အခြေအနေနဲ့ လူသိရှင်ကြား ဖြစ် သွားနိုင်တာတော့ အမှန်ပါပဲ။နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး အဆုံး အဖြတ် ဖြစ်လာနိုင်တဲ့ အချက် ခုနစ်ချက်ကို နိုင်ငံတကာလေ့လာ သူတွေက သတိထား စောင့်ကြည့် နေပါတယ်။
၁။ ဝေဝါးမှုတချို့နဲ့ဒီချုပ်
အရေးအခင်းအပြီး ၂ နှစ် အကြာ ၁၉၉၀ ပြည့်နှစ်မေလ ၂၇ ရက်မှာကျင်းပတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး မှာတော့ ဒီချုပ်ဟာ ပြည်သူ့မဲ ၆၀ ရာခိုင်နှုန်းရရှိခဲ့သလို လွှတ်တော် အမတ်နေရာ ၈၀ ရာခိုင်နှုန်း လောက်ကိုလည်း ပိုင်ဆိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ စစ်တပ်ကအာဏာ လွှဲပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် ရဲ့ ပိတ်ဆို့ချုပ်နှောင်မှုအောက်ကို တစ်ကျော့ပြန် ကျရောက်သွားခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ ရတယ်။ မြန်မာ့နိုင်ငံရေးလောက ထဲကို ဒီချုပ်ပြန်ဝင်ရောက်လာတဲ့ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ ဒီချုပ်ဟာ ပြိုင်ဆိုင်ခဲ့တဲ့ ၄၅ နေရာမှာ ၄၃ နေရာအတွက် အောင်ပွဲခံခဲ့ပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လည်း အဲဒီလိုအောင်မြင်မှုမျိုး ရရှိ ဖို့ ပါတီကမျှော်လင့်နေတယ်။ ဒါပေမဲ့ စိတ်အားလျော့စရာ အ ခြေအနေတွေလည်း ရှိနေပြန် တယ်။
ပါတီရဲ့ ကိုယ်စားလှယ် လောင်းစာရင်းမှာ လူသိထင်ရှား နိုင်ငံရေးသမားတချို့ ပါမလာ ဘူး။ ပြီးတော့ ဒီချုပ်ကအမည်စာ ရင်းမှာ မွတ်စလင်တစ်ယောက် မှမပါဘူး။ ဒီအချက်က ဒီချုပ် အနေနဲ့ အစွန်းရောက်ဘာသာရေး အသင်းအဖွဲ့ တချို့ရဲ့ ဖိအားပေး မှုကို ရှောင်လွှဲဖို့ကြိုးစားတာဆိုတဲ့ ဝေဖန်မှုတွေလည်း ခံနေရတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဒီ ချုပ်ရဲ့ခေါင်းဆောင်ပိုင်းက ပါတီ ကိုယ်စားလှယ်လောင်းတွေအနေ နဲ့ မီဒီယာတွေနဲ့ သီတင်းသုံးပတ် ကြာ အဆက်ဖြတ်ထားဖို့ ညွှန် ကြားလိုက်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကတော့ ပြည်သူ တွေဟာလူပုဂ္ဂိုလ် အစွဲနဲ့မဲပေးဖို့ မဟုတ်ဘဲ အပြောင်းအလဲအ တွက် မဲပေးရမှာဖြစ်ကြောင်း ပြောထားပါတယ်။ ဒီချုပ်ရဲ့ ပါတီ မူဝါဒကြေညာစာတမ်းကလည်း ထွက်ပေါ်လာပါပြီ။ ဒီချုပ်က မျှော်လင့်ထားတဲ့ အပြောင်းအလဲ တွေအတွက် ဘယ်အတိုင်းအတာ အထိ လက်တွေ့ဖော်ဆောင်နိုင် မလဲဆိုတာက စိတ်ဝင်စားစရာ ပါ။
၂။ အတွင်းပိုင်း အားပြိုင်မှုတွေနဲ့ ပြည်ခိုင်ဖြိုး
စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ် ညှဉ်းပန်းမှုဒဏ်တွေကို ရာစုနှစ် ဝက်လောက် ခါးစည်းခံခဲ့ရတဲ့ အတွက် တပ်မတော်က ဗိုလ်ချုပ် ဟောင်းတွေ အဓိကနေရာယူထား တဲ့ ပြည်ခိုင်ဖြိုးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကဏ္ဍမှာ အဓိကနိုင်ငံရေးအင် အားစုတစ်ခုအဖြစ် ဆက်တည်မြဲ နေဖို့ လိုလိုလားလားရှိသူ နည်းပါ လိမ့်မယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးဟာ ပါတီရဲ့ပုံရိပ်ကို အစ္စလာမ်ဆန့် ကျင်ရေးအခြေခံဝါဒမျိုး ကျင့်သုံး သယောင် ဖော်ဆောင်လာပြီး လက်ယာယိမ်း ဗုဒ္ဓဘာသာဘုန်း တော်ကြီး အသင်းအဖွဲ့တွေနဲ့ ပို ပြီးပေါင်းစည်းလာပါတယ်။
တစ်ချိန်တည်းမှာပဲ ပါတီ အတွင်းပိုင်းမှာလည်း ပြဿနာ တွေ အကြီးအကျယ် ဖြစ်နေခဲ့ တယ်။ ပြီးခဲ့တဲ့လပိုင်းက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ စစ် အစိုးရလက်ထက်က တတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ် တဲ့ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးက ပြဇာတ်ဆန်ဆန်ဖယ် ထုတ်လိုက်ခြင်းက ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်ပိုင်း အားပြိုင်မှုတွေ ရှိနေတာကို ထင်ရှားလာစေ တယ်။ အများစုကတော့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆက်ဆံ ရေးမြှင့်တင်ဖို့ အားထုတ်လာခြင်း အတွက် သူရဦးရွှေမန်းတစ် ယောက် အခုလိုပေးဆပ်လိုက်ရ တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါ တယ်။ ဒါ့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအဝင် အဓိက ကျတဲ့ ပါတီအရာရှိတွေလည်း ပြည်ခိုင်ဖြိုးနဲ့ လမ်းခွဲခဲ့ရတယ်။ ဦး အောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေး နွေးညှိနှိုင်းရာမှာ အစိုးရရဲ့ ညှိနှိုင်း ရေးအဖွဲ့ခေါင်းဆောင်တာဝန် ယူ ခဲ့သူဖြစ်ပြီး အလယ်အလတ် သဘောထားမျိုး လက်ကိုင်ထား သူအဖြစ် ရှုမြင်ခံရပါတယ်။ ပါတီ တွင်းမှာ ကိုယ်စားလှယ်လောင်း တစ်နေရာစာ အခိုင်အမာ အာမခံ ချက်မရှိတဲ့နောက် ဦးအောင်မင်း ရော  နိုင်ငံရေးမှာ ဩဇာကြီးမား သူ တစ်ဦးဖြစ်တဲ့ စက်မှုဝန်ကြီး ဟောင်း ဦးစိုးသိန်းပါ ပြည်ခိုင်ဖြိုး ကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ အနေနဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ် ပါတယ်။
၃။ မဘသ
မြန်မာ့နိုင်ငံရေးမှာ ခံယူချက် ပြင်းပြတဲ့ ဗုဒ္ဓဘာသာ အမျိုးသား ရေးဝါဒီတွေရဲ့ ဆက်နွှယ် ပတ် သက်မှုကလည်း တစ်စထက် တစ်စ မြင့်တက်လာပါတယ်။ မွတ်စလင်ပိုင် လုပ်ငန်းတွေ၊ ဆိုင်တွေကို အားမပေးဖို့ ဆော်ဩ တဲ့ ၉၆၉ လှုပ်ရှားမှုနဲ့အတူ အမျိုး ဘာသာသာသနာ စောင့်ရှောက် ရေးအဖွဲ့လည်း ပေါ်ပေါက်လာ တယ်။ လွန်ကဲတဲ့ ဘာသာရေး အမြင်မျိုးရှိနေတဲ့ ရဟန်းတော်အ ချို့ စုပေါင်းထားတဲ့ အဖွဲ့အစည်း ဟာ မဘသဆိုတဲ့နာမည်နဲ့ လူသိ များပါတယ်။ ‘‘ဒီအဖွဲ့အစည်းမှာ မြန်မာနိုင်ငံရဲ့အထင်ကရအရှိဆုံး ဆရာတော်ကြီးတချို့က ဦး ဆောင်ပါဝင်နေတယ်’’ လို့ လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ မြန်မာ့အရေးလေ့လာသူ အကြီး တန်းသုတေသီ ဒေးဗစ်မာသီယာ ဆန်ကဆိုပါတယ်။
ဒီအတောအတွင်း မဘသ က ဦးဆောင်ကြိုးစားတဲ့ မျိုးစောင့် ဥပဒေရဲ့ အစိတ်အပိုင်းလေးရပ် ကိုလည်း ဇူလိုင်အတွင်းမှာ တရားဝင် သတ်မှတ်ပြဋ္ဌာန်းလိုက် နိုင်ပြီ ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ ဘာသာမတူသူချင်း လက်ထပ်ခွင့် ကိုတားမြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို တခြားဘာသာ သို့ ကူးပြောင်းခွင့် တားမြစ်ခြင်း စတဲ့ အချက်အလက်တွေ ပါဝင် နေပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မဘသရဲ့ ဩဇာသက်ရောက်မှုက လျင်လျင်မြန်မြန် ကြီးထွားပျံ့နှံ့ လာနေပါတယ်။ ဖြစ်နိုင်၊မဖြစ်နိုင် အငြင်းပွားမှုတွေ ရှိနေတဲ့တိုင် အခုဆိုရင် မြန်မာနိုင်ငံမှာ မဘသ ဘုန်းကြီးကျောင်းပေါင်း ၂၅၀ လောက်နဲ့ အဖွဲ့ဝင်အင်အားစု ၁၀ သန်းလောက်ထိ သိမ်းသွင်း ထားနိုင်ပြီလို့ သတင်းတွေလည်း ထွက်နေတယ်။ မဘသဟာ ပြည် ခိုင်ဖြိုးရဲ့ ခိုင်မာတဲ့မဟာမိတ်အဖွဲ့ အစည်းတစ်ခုအနေနဲ့ ရပ်တည် နေပါတယ်။ ပါတီမှ တာဝန်ရှိသူ တွေက မဘသကို ပွင့်ပွင့်လင်းလင်း ထောက်ပံ့လှူဒါန်းဖို့  တွန့်ဆုတ် မနေသလို မဘသကလည်း ပြည် ခိုင်ဖြိုးရဲ့ပြိုင်ဘက် ဒီချုပ်ကို မခံချိ  မခံသာစကားတွေနဲ့ တိုက်ခိုက် လေ့ ရှိပါတယ်။ ဒါပေမဲ့ မဘသရဲ့ ဩဇာကြီးမားမှုကို အသိအမှတ် ပြုရမှာဖြစ်ပြီး အဖွဲ့အစည်းရဲ့ လွန်ကဲတဲ့ လုပ်ဆောင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ကတောင် ဗြောင်ကျကျ ဝေဖန်ရှုတ်ချဖို့ လက်ရှောင်နေ တာက သက်သေပါပဲ။
၎။ ဘင်္ဂါလီ ဒုက္ခသည်အရေး
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ဆောင်မှုတွေက မြန်မာနိုင်ငံ အနောက်ပိုင်းမှာခိုလှုံ အခြေချနေတဲ့ ဘင်္ဂါလီတွေနဲ့ တော့ လုံးဝဥဿုံ ကင်းကွာနေ တယ်လို့ နိုင်ငံတကာအသိုက် အဝန်းက ရှုမြင်ထားပါတယ်။ ဘင်္ဂါလီ ၁၄၀,၀၀၀ လောက်ဟာ လောလောဆယ်မှာ ရခိုင်ပြည် နယ်က ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရတယ်။ စားနပ်ရိက္ခာ၊ နေစရာနဲ့ ဆေးဝါး အထောက်အပံ့ လုံလုံလောက် လောက်မရရှိတဲ့နောက် ထောင်နဲ့ သောင်းနဲ့ချီတဲ့ ဘင်္ဂါလီတွေဟာ ခနော်နီ ခနော်နဲ့ လှေငယ်တွေပေါ် စွန့်စားလိုက်ပါရင်း အက်ဒမန် ပင်လယ်ကိုကျော်ဖြတ်ပြီး အရှေ့ တောင်အာရှ နိုင်ငံတချို့ဆီ ခိုလှုံ ဝင်ရောက်ဖို့ ကြိုးစားကြတာ ကြောင့် လှေစီးဒုက္ခသည်ပြဿနာ တွေ ပေါ်ပေါက်လာပါတယ်။
ဝေဖန်ကဲ့ရဲ့မှုတွေ အမျိုးမျိုး နဲ့ ကြုံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ ဗဟိုအစိုးရဟာ ဘင်္ဂါလီတွေကို မဲပေးဖို့ခွင့်ပြုခဲ့ တယ်။ ဘင်္ဂါလီတွေကလည်း ပြည်ခိုင်ဖြိုးကို ထောက်ခံရပ်တည် မယ့် သဘောထားကို ပြသခဲ့ပါ တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝအောင် အသုံးချမှု သက် သက်သာဖြစ်ပြီး ဘင်္ဂါလီတွေရဲ့ ကာလရှည် ရန်သူတော်သဖွယ် ရပ်တည်ခဲ့တဲ့ ရခိုင်အမျိုးသားတွေ ရဲ့ တိုင်းရင်းသားပါတီတွေကို စိန် ခေါ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့  လွှတ်တော်ထဲမှာ ဘင်္ဂါလီအမတ် တချို့ကိုပါ တွေ့မြင်လာရတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာတော့ အရင်ခွင့်ပြုထားတဲ့ မဲပေးပိုင်ခွင့် အားလုံးကို ရုပ်သိမ်းလိုက်သလို ဘင်္ဂါလီတွေကို လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် မှတ်ပုံ တင်ပိုင်ခွင့်ကိုပါ ပိတ်ပင်လိုက် ပါတယ်။ ‘‘ဒီဖြစ်ရပ်တွေကနေ လှိုင်းဂယက်တွေ ထလာဦးမယ်’’ လို့ ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အ ရေးကဏ္ဍကို စောင့်ကြည့်နေတဲ့ Fortify Rights အဖွဲ့ ထူထောင်သူ မက်သရူးစမစ်သ်က ဆိုပါတယ်။ အမေရိကန်အစိုးရဆီက အ ထောက်အပံ့တွေ အများကြီးရရှိ ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ကလည်း စနစ်တကျစီမံထားတဲ့ အခုလိုမဲပေးပိုင်ခွင့် ရုပ်သိမ်းမှု ခြေလှမ်းကို ဝင်တားဆီးဖို့ ဆန္ဒမရှိ ဘူးဆိုတာ မြင်သာခဲ့ပါတယ်။
၅။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ရေး
မြန်မာနိုင်ငံမှာ တရားဝင် မှီ တင်းနေထိုင်တဲ့ တိုင်းရင်းသားမျိုး နွယ် ၁၃၅ ခုရှိပါတယ်။ နိုင်ငံ တကာက ရိုဟင်ဂျာလို့ခေါ်ဝေါ်တဲ့ ဘင်္ဂါလီတွေကတော့ ၁၉၈၂ ခုနှစ် ကတည်းက မြန်မာတိုင်းရင်းနွယ် ဖွားစာရင်းကနေ ဖယ်ထုတ်ထား ပြီးသားပါ။ မြန်မာနိုင်ငံရဲ့ အဓိက တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ် ခုကတော့ သီးခြားပြည်နယ်တွေ သတ်မှတ်ရယူထားနိုင်ပြီး ပထဝီ ဝင်အနေအထားအရ အဲဒီပြည် နယ်တွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း တို့နဲ့ နယ်နိမိတ်ထိစပ်မှုတွေ ရှိ နေပါတယ်။ မြန်မာ့လူဦးရေ ၅၁ သန်းအနက် သုံးပုံတစ်ပုံလောက် ရှိမယ့် အဲဒီတိုင်းရင်းသားတွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရလာ ပြီးကတည်းက ဗဟိုအစိုးရရဲ့ဖိနှိပ် အုပ်ချုပ်မှုတွေနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိခဲ့ပါ တယ်။ အကျိုးဆက်အနေနဲ့ တိုင်း ရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေက ပိုပြီးကောင်းမွန်တဲ့ ကိုယ် ပိုင်အုပ်ချုပ်ခွင့် ရယူနိုင်ရေးအ တွက် အစိုးရကို တော်လှန်တိုက် ခိုက်ရင်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဓွန့်ရှည်နေ စေခဲ့တယ်။
စစ်အစိုးရအနေနဲ့ လက်နက် ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ ကို အကျိုးရှိရှိအသုံးချပြီး တိုင်း ရင်းသားလူမျိုးစုတွေအပေါ်သက် ရောက်နေတဲ့ ဩဇာအာဏာကို ထိန်းသိမ်းထားခဲ့တယ်။ အခုဆို ရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပေ မယ့် တရုတ်နဲ့နယ်စပ်တစ်လျှောက် ကချင်နဲ့ ရှမ်းပြည်နယ်က တိုင်း ရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေ ဆဲပါ။ အကျိုးဆက်ကတော့ ဦးသိန်းစိန်သမ္မတဖြစ်လာပြီး ပြု ပြင်ပြောင်းလဲရေးတွေ စတင်လုပ် ဆောင်တဲ့အချိန်ကစလို့ ဒေသခံ သုံးသိန်းလောက်နေရပ်ကို စွန့်ခွာ ထွက်ပြေးပြီး စစ်ရဲ့အနိဋ္ဌာရုံတွေ ကို မျက်မြင် ထိတွေ့ခံစားခဲ့ရ တယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် တစ်လျှောက်က အဓိကဒုက္ခသည် စခန်းကိုးခုမှာလည်း ခိုလှုံနေသူ တစ်သိန်းလေးသောင်းလောက် ရှိ နေတယ်။ အဲဒီမှာ ၁၉၈၀ ပြည့် လွန်နှစ်တွေကတည်းက စတင် ရောက်ရှိနေသူတွေ အများအပြား လည်းပါဝင်ကြပါတယ်။
လုံခြုံရေးအာမခံချက် မပေး နိုင်တဲ့ တိုင်းရင်းသားနယ်မြေတွေ မှာ ရွေးကောက်ပွဲမဲပေးခွင့်နဲ့ပတ် သက်ပြီး မရေမရာအခြေအနေ တွေလည်း ကြုံနေရပြန်တယ်။ တစ်နည်းအားဖြင့် အဲဒီဒေသတွေ ဟာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးလမ်းစဉ်မှာ ဖယ်ထုတ် ခံရတဲ့သဘောမျိုး ဖြစ်နေပါ တယ်။ ‘‘ဒေသခံ တိုင်းရင်းသား တွေက တပ်မတော်အပေါ် မနှစ် မြို့မှုဟာ ဟိုးအရင် အချိန်တွေက ထက် အခုအခါမှာ အများကြီးပိုပြီး ခါးခါးသီးသီးဖြစ်လာပါပြီ’’ လို့ Fortify Rights ကို ထူထောင်သူ စမစ်သ်ကဆိုပါတယ်။ အဲဒီဒေသ တွေမှာတော့ ရွေးကောက်ပွဲ သတင်းဟာ တင်းမာမှုတွေကို ပို ပြီးမြင့်တက်စေမယ့်အနေအထား ရှိနိုင်တယ်လို့လည်း သူကသုံး သပ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တိုင်း ရင်းသားပါတီတွေကတော့ ကိုယ် ပိုင်ပြည်နယ်တွေမှာ အကြီးအ ကျယ် ထောက်ခံအားပေးမှုတွေ ရနေပါပြီ။ ဒါကြောင့် နိုင်ငံရေး အင်အားစုတစ်ခုအဖြစ် လွှတ် တော်ထဲမှာ ရပ်တည်လိုတဲ့ ပါတီ ကြီးတွေဟာ တိုင်းရင်းသားပါတီ တွေနဲ့လက်တွဲဖို့ ပိုပြီးလိုအပ်လာ တဲ့ သဘောပါပဲ။ တိုင်းရင်းသား ပါတီတချို့ဟာ ဒီချုပ်နဲ့ သဘော တူညီမှုရယူထားပြီး ပြည်နယ် အသီးသီးမှာ တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့် ပိုမိုတိုးတက်ရေး ရည် မှန်းချက်ကို အကောင်အထည် ဖော်ဖို့ ဆန္ဒပြင်းပြနေပါပြီ။ ဒီအ ချက်က တပ်မတော်က ကျော ထောက်နောက်ခံပြုထားတဲ့ အစိုးရအတွက်တော့ ခြောက်လှန့် မှုတစ်ခုပါ။ အစိုးရဟာ တိုင်းရင်း သားဒေသတွေကနေ ကျောက် စိမ်း၊ ကျွန်းသစ်နဲ့ တခြားအဖိုးတန် သဘာဝသယံဇာတွေကို ရယူပြီး အမြတ်ထွက်နေတာဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ မဲ ပေးမှုကို ရှေ့ဆက်အကောင်အ ထည်ဖော်ဖို့ကတော့ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးသဘောတူ ညီမှုတွေကို ရေရှည် ဘယ် လောက်ထိန်းသိမ်းထားနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နိုင် ပါတယ်။
၆။ စီးပွားရေး တုံ့ဆိုင်းမှုတွေ
နိုင်ငံတကာ အသိုက်အဝန်း ထဲ မြန်မာနိုင်ငံ ပြန်လည်ဝင် ရောက်လာမှုဟာ အနောက်နိုင်ငံ တွေက စီးပွားရေးလုပ်ငန်းကြီး တွေအတွက် တပ်လှန့်မှုတစ်ခု ဖြစ်လာပါတယ်။ ဈေးပေါတဲ့ လုပ်အားရင်းမြစ်၊ သဘာဝ သယံ ဇာတတွေ ပေါများကြွယ်ဝမှုတွေ အပြင် ပထဝီဝင်အနေအထားအရ ဒေသတွင်း စူပါပါဝါနိုင်ငံကြီးတွေ ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်တို့ကြားမှာ တည်ရှိနေခြင်းတွေဟာ အ နောက်အုပ်စု စီးပွားရေးလုပ်ငန်း ရှင်တွေအတွက် မျက်စိကျစရာ ပါပဲ။ မြန်မာနိုင်ငံက လမ်းမတွေ ပေါ်မှာ တောက်တောက်ပပ မော် တော်ကားတွေ အများကြီးရောက် လာတာဟာ အပြောင်းအလဲတွေ ထဲက အစိတ်အပိုင်းတစ်ရပ်ပါ။ စီးပွားရေး ပိတ်ဆို့မှုတွေဆီ တစ် ကျော့ပြန်ရောက်ရှိသွားနိုင်တဲ့ နိမိတ်လက္ခဏာမျိုးလည်း လော လောဆယ်မှာ လုံးဝမရှိသေးပါ ဘူး။
ဒါပေမဲ့မြန်မာနိုင်ငံရဲ့ စီးပွား ရေးကဏ္ဍမှာ တိုးတက်မှုနှောင့် နှေးတဲ့ အပိုင်းတွေရှိနေဆဲပါ။ ဩစတြေးလျနိုင်ငံ မက္ကိုင်ရာ တက္ကသိုလ်က မြန်မာ့စီးပွားရေး ပါရဂူတစ်ဦးဖြစ်တဲ့ ပရော်ဖက် ဆာ ရှောင်တာနဲလ်ကတော့ ဒီလို ကျဆင်းမှုတွေဟာ ရွေးကောက်ပွဲ အကြို နိုင်ငံရေးအလှည့်အပြောင်း တွေနဲ့ အစိုးရအပေါ် ဩဇာ ညောင်းတဲ့ခရိုနီ လုပ်ငန်းရှင်ကြီး တွေ ကိုယ်တိုင်ကယှဉ်ပြိုင်မှုတွေ တိုးပွားလာမှာကို မလိုလားတဲ့ ဖိအားပေးမှုတွေကြောင့် ဖြစ် တယ်လို့ သုံးသပ်ထားပါတယ်။ ‘‘ဩဂုတ်လတုန်းက လွှတ်တော် နားတော့ ထင်ရှားတဲ့စီးပွားရေး ဥပဒေမူကြမ်းတွေ အဆိုတင်မှု မအောင်မြင်ခဲ့တဲ့ အရေအတွက် က အံ့ဩစရာကောင်းလောက် အောင် များပြားခဲ့တာနဲ့တင် ကိစ္စ အားလုံးက မြင်သာနေပါပြီ’’ လို့ လည်း ပရော်ဖက်ဆာ တာနဲလ်က ဆိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေ၊ ကုမ္ပဏီ စည်းမျဉ်းဥပဒေတွေက ၁၉၁၄ ခုနှစ် ကိုလိုနီခေတ်က ပြဋ္ဌာန်း ထားတာဖြစ်ပြီး အရမ်းခေတ် နောက်ကျနေပါပြီ။ နောက်ပြီး အစိုးရကိုယ်တိုင်ကလည်း အရေး တကြီးလိုအပ်တဲ့ စီးပွားရေးဆိုင် ရာ ဥပဒေပြုမှုတွေမှာ ထဲထဲဝင် ဝင် တွန်းအားပေးဖို့ ပျက်ကွက်ခဲ့ တာတွေလည်းရှိတယ်လို့ ပရော် ဖက်ဆာ တာနဲလ်ကမှတ်ချက်ပေး ပါတယ်။
၇။ တပ်မတော်ရဲ့ အခန်းကဏ္ဍ
နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိ မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ လွှတ်တော်ထဲက တပ်မတော် သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ကြောင့် အတိုင်းအတာတစ်ခုထိ အစွန်းအထင်း ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်ကစေလွှတ်တဲ့ ကိုယ်စား လှယ်တွေလက်ထဲမှာ အလိုအ လျောက် ရောက်ရှိပြီးသား ဖြစ်နေ ပါတယ်။ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို ပြောင်းလဲဖို့အတွက် ထောက်ခံမဲ  ၇၅  ရာခိုင်နှုန်း ကျော်လိုအပ်ချိန်မှာ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဘယ်လိုအဆိုမျိုးကိုမဆို ဗီတို အာဏာသုံးပြီး ပယ်ချနိုင်တဲ့ သဘောမျိုးဖြစ်နေပါတယ်။‘‘တစ် ခုခုဆိုရင် သူတို့ဘက်က ၂၅ ရာခိုင်နှုန်းစာ မဲအရေအတွက်က အခိုင်အမာရပြီးသား ဖြစ်နေ တယ်လေ’’လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မာသီယာ ဆန်ကဆိုပါတယ်။
သူရဦးရွှေမန်းဟာ ဒီသတ် မှတ်ချက်ကိုပြောင်းလဲဖို့ ဒီချုပ်ရဲ့ အား ထုတ်မှုမှာ ထောက်ခံခဲ့တာ ကြောင့် ဖယ်ထုတ်ခံလိုက်ရတာ လို့ လေ့လာသူအများစုက တညီ တညွတ်တည်း သုံးသပ်ထားကြ ပါတယ်။ အရင်အစိုးရ အကြီး အကဲဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအနေနဲ့ ရာထူးက အနားယူသွားပြီဖြစ်တဲ့တိုင် မြန်မာ့နိုင်ငံရေးအပေါ်မှာ ဩဇာ ညောင်းနေဆဲဆိုတာကို မြင်သာ စေပါတယ်။ နောက်ပြီး တပ်မ တော်က ဗိုလ်ချုပ်တွေအနေနဲ့ လည်း စစ်တန်းလျားပြန်သွားပြီး ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် နေထိုင် ဖို့ကို သိပ်ပြီးကျေကျေနပ်နပ် လို လားလက်ခံပုံမပေါ်ပါဘူး။ မဲရ လဒ်တွေ ထွက်ပေါ်လာချိန်မှာ တပ်မတော်အတွက် မနှစ်မြို့စရာ ရလဒ်မျိုး ထွက်ပေါ်လာရင် နောက်တစ်ကြိမ် ဝင်ရောက်စွက် ဖက်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး။ ဒီချုပ်အနေနဲ့ ရွေး ကောက်ပွဲမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ရင်တောင် နောက်တစ် ကြိမ် အာဏာသိမ်းမှုမျိုး ကြုံလာ နိုင်တဲ့အခြေအနေကို မေ့မထား သင့်တာအမှန် ပါပဲ။
(TIME မဂ္ဂဇင်း၏ သတင်း ထောက် ချာလီကမ့်ဘဲလ်ရေးသား သည့် 7 Things to Know About Burma’s Upcoming Elections ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။)

READMORE