``မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တတိယအရှိန်မြှင့်တင်မှု(Third Wave) အမှုထမ်း စွမ်းဆောင်ရည်မြှင့်သင်တန်းမှ ပြည်သူများအတွက် မကြားဘူးသော စကားများ´´



မကွေး၊ စက်တင်ဘာ ၂၃ ။
မကွေးမြို့၊ အစိုးရရပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခမ်းမတွင် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တတိယအရှိန်မြှင့်တင်မှု(Third Wave)အမှုထမ်း စွမ်းဆောင်ရည်မြှင့်သင်တန်း ကို စက်တင်ဘာ ၂၂/၂၃ ရက် နံနက် ၉နာရီမှ ညနေ ၄နာရီအချိန်ထိ နှစ်ရက်တိတိ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်ထွေအုပ်ရုံးများမှ သင်တန်းသား(၁၃၈)ဦးတို့ကို သင်တန်းပေးကြောင်း၊ သင်တန်းနည်းပြများမှာ မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားရေးမှူးများ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ် ပြီး  မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးနေမျိုးအောင် မှ အမှာစကားပြော၍ ဖွင့်လှစ် ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

``ရှေးတုန်းကလို တင်းမာတဲ့စိတ်ဓာတ်တွေ မမွေးမြူရဘူး။ ဖြေလျော့မှုတွေပေးရတော့မယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး တစ်ယောက်တည်းနဲ့ အလုပ်တွေကို စုပြုံကိုင်ထားပြီး စားနေလို့မရတော့ဘူး၊ အောက်က အဆင့်ဆင့်ကို တာဝန်ခွဲဝေပေးရမယ်။ ရုံးဝန်ထမ်းတွေကလည်း  ပုဂ္ဂလိက ကုမ္ပဏီနဲ့ ဘဏ်တွေက ၀န်ထမ်းတွေလို မင်္ဂလာပါရှင်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဦးလေးကို ကျွန်မဘာများ အကူညီပေးရပါမည်လဲရှင်၊ ဆရာ ကျွန်တော် ဘာကူညီ ရမလဲ ခင်ဗျာ လို့ ပြောဆိုကြရမယ်၊ ဒီလိုပြောဆိုဖို့ တို့ဝန်ထမ်းတွေက ၀န်လေးနေကြပြီး အစမှာ တော်တော်ခက်ခဲ လိမ့်မယ်။´´ ဟု ဦးအုံးသန်း ဒုတိယမကွေးခရိုင်အုပ်ချုပ်ရေးမှူး က ၎င်း သင်တန်းတွင်ပြောကြားသည်။ 


          အထက်ပါအတိုင်း ကျောက်ဆည်မြို့တွင် ဦးအုံးသန်း တာဝန်ထမ်းဆောင်စဉ်က ကျင့်သုံးခဲ့ကြောင်း၊ တစ်ပတ်ခန့်အထိ အဆင်ပြေနေခဲ့ကြောင်း၊ တစ်ပတ်ကျော်ခန့်မှာ BC ရုံးအုပ်ကြီးဆိုသူမှ စတင်ပြီး ဟောက်စား ငေါက်စား လုပ်ပြီး မူလအတိုင်းပြန် ဖြစ်သွားခဲ့ကြောင်း၊ တစ်သက်လုံးက ဟောက်စား ငေါက်စားလာသော အကျင့်ဆိုး ညင်ဆိုးတွေကို ပြုပြင်ပြောင်းလဲရန် ခေတ်စနစ်အရ လိုအပ်လာပြီဖြစ်ပါကြောင်း ၎င်း သင်တန်းတွင် ပြောကြား၍ မဇ္ဈိမ က သတင်းရရှိသည်။  

          မင်းဘူးမြို့တွင် စက်တင်ဘာလဆန်းမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း နှင့် ဦးတင့်နိုင်သိန်း တို့လာ ရောက်ပြီး ပြည်သူများဖြင့် တွေ့ဆုံပွဲတွင်လည်း  မြို့နယ်ထွေအုပ်ဝန်ထမ်း တိုက်ပုံစိမ်းဝတ်များသည် ပြည်သူ့ အတွက် အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့များကို အသိအမှတ်မပြုသည့် အပြင် ငါတို့အလုပ်အား ၀င်လာပြီး ရှုတ်သော သူများဟု ထင်နေကြောင်း၊ ယခင်က အာဏာရှင်စိတ်ဓာတ်ကို ခ၀ါချပြီး ပြည်သူတွေ၏ လခ ကိုစားနေသော ပြည်သူ့ဝန်ထမ်းဖြစ်ကြ၍ ပြည်သူများကို လေးလေးစားစား ဆက်ဆံကြရတော့မည် ဖြစ်ကြောင်း အစိုးရ၀န်ထမ်းအားလုံးသည် ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့ဝန်ထမ်းကောင်းပီသစွာဖြင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသွား၍ မဇ္ဈိမ က သတင်းရယူထားခဲ့ သည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: